လွေ့နန်၏ ရန်သူတော်ကြီး
Vol. 51 Ch. 701
ထိုစဥ်တွင် လွေ့နန်၏ အရောင်အဝါ ပြောင်းလဲကာ ဒဏ်ရာများ လျင်မြန်စွာသက်သာလာသည်။
သို့သော်... စက္ကန့်အနည်းငယ်အကြာ ၊ ဒဏ်ရာများ ပြန်တည်ငြိမ်သွားချိန်၌ ... သူ့အသွင်က ယခင်လို မဟုတ်တော့ပါချေ။
ယခင်အသွင် ရှိနေသေးသည့်တိုင် အပြောင်းအလဲ များစွာ ဖြစ်သွားခဲ့လေပြီ ။
ထိုမျှမက ၊ သူ့ဘေးရှိ အရောင်အဝါမှာလည်း ချုပ်နှောင်ခံထားရကာ... သာမာန်လူတစ်ယောက်အသွင်သာ ရှိနေ၏။
သို့သော် လက်ရှိလွေ့နန်သည် ယခင်ထက် များစွာ ပိုအစွမ်းထက်နေကြောင်း စိတ်ဝိဥာဥ်သံတမန် ကောင်းကောင်းကြီး ခံစားမိနေသည်။
ထိုသို့သောအစွမ်းမျိုးမှာ လူများအား ကူကယ်ရာမဲ့
ဖြစ်သွားအောင် လုပ်နိုင်ပေသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အဆင်ပြေရဲ့လား "
သူ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
လွေ့နန်က သူ့ကိုလှည့်ကြည့်ကာ အပြုံးဖြင့်ဆို၏။
" ဒါပေါ့ကွ... အဆင်ပြေတာပေါ့ ။ အဆင်ပြေရုံတင်မကဘူး ... ပုံမှန်ထက် အများကြီးကို ပိုကောင်းတာ "
ဝုန်း..
သူ ထိုသို့ပြောပြီး လက်သီးကို အသာဆုပ်လိုက်ရာ ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ထိုလေလှိုင်းကြောင့် သူတို့ ခေါင်းအပေါ်ဘက်ရှိ ကြမ်းပြင်သာမက... အပေါ်ဘက်မှ ခန်းမကြီးပင် ပြိုကွဲသွား၏။
" ဘယ်လိုကြောင့်... "
၎င်းကို မြင်လိုက်ရသော စိတ်ဝိဥာဥ်သံတမန် မျက်နှာဖြူရော်သွားရှာသည်။
သူတို့ဘေးပတ်လည် နေရာတစ်ခုလုံးမှာ အစီအမံများဖြင့် ပြည့်နေပြီး ... ခန်းမမှာလည်း ထိပ်တန်းအဆင့် မသေမျိုးလက်နက်တစ်ခုဖြစ်ကာ... ကျောက်တုံးတစ်တုံးလို မာကျောလှပါသည်။
သို့သော်.. လွေ့နန်က လက်သီးကို အသာဆုပ်လိုက်ရုံဖြင့် အားလုံး ပြိုကွဲသွားသတဲ့လား ။
မည်မျှ ကြောက်စရာကောင်းလိုက်သည့် အစွမ်းပါနည်း ။
ထိုစဥ်မှာပင်.. လွေ့နန် လေထဲ ပျံတက်လိုက်သည်။
ထို့နောက် ဘေးပတ်လည်သို့ တချက်ဝေ့ဝဲကြည့်ကာ.. နောက်ဆုံး တစ်နေရာသို့ အကြည့်ရောက်သွားသည်။
" လောထျန်း ၊ ဒီကိုလာပြီး သေလိုက်တော့ "
ဒေါသတကြီး အော်သံနှင့်အတူ သူ့ကိုယ်မှ
အရောင်အဝါ ပေါက်ကွဲထွက်လာပြန်၏။
ဝုန်း...
ထိုတခဏ၌ ကြောက်မက်ဖွယ် လေလှိုင်းလုံးများ အရပ်မျက်နှာစုံသို့ ပျံ့လွင့်သွားသည်။
၎င်းမှာ လောထျန်းအား တိုက်ခိုက်ရန် ဖိတ်ခေါ်လိုက်ခြင်းပင် ...
ထိုစဥ် မိုင်ရာချီဝေးသော တစ်နေရာ၌ ...
လောထျန်းတို့လူစု ရုတ်တရက် ရပ်လိုက်ကြသည်။
" ဒီအရောင်အဝါက... အစွမ်းထက်လိုက်တာ ။ ဝူရှန့်ထက်တောင် ပိုအစွမ်းထက်သေးတယ် "
နတ်ဆိုးဧကရာဇ်လီက တုန်လှုပ်စွာ ပြော၏။
" ဝမ်ဟွန်းကွေ့ယီဂိုဏ်းမှာ အဲ့လောက်အစွမ်းထက်တဲ့ သခင်ကြီးတစ်ယောက် ရှိနေတာလား "
ပန်းလင်ကလည်း တအံ့တသြ ဆိုသည်။
လောထျန်း မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြောလိုက်၏။
" ဒီအရောင်အဝါကို ... ရင်းနှီးနေသလိုပဲ "
" အင်... "
ကျန်နှစ်ယောက်လုံး သူ့အား လှည့်ကြည့်လာကြသည်။
လောထျန်း ဆက်ပြော၏။
" ဒီကောင့်ကို ကြည့်ရတာ တော်တော်အစွမ်းထက်တဲ့ပုံပဲ ။ အဲ့တော့ တိုက်ပွဲသာ ဖြစ်လာခဲ့ရင် ကျုပ် ခင်ဗျားတို့ကို ကာကွယ်ပေးနိုင်မယ်မထင်ဘူး ။ ဒီတော့ ကျုပ်ရဲ့ အတွင်းကမ္ဘာထဲမှာ ခဏနေလိုက်ကြပါလား "
ပန်းလင်က တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ခေါင်းညိတ်သည်။
" ကျမလဲ အဲ့အကြံကောင်းတယ်လို့ ထင်တယ် "
နတ်ဆိုးဧကရာဇ်လီကမူ မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။
" ကျုပ်အတွက်က မလိုဘူးဗျ ။ အဲ့ကောင်ကြီးရဲ့
အရောင်အဝါက အစွမ်းထက်တာမှန်ပေမယ့် ကျုပ် ခံနိုင်တယ်ထင်တယ် "
လောထျန်း ခဏတာမျှတွေးကာ ခေါင်းညိတ်လိုက်၏။
နတ်ဆိုးဧကရာဇ်လီက အမှန်တကယ်လည်း အစွမ်းထက်သူတစ်ယောက်ဖြစ်ရာ ဤမျှ စိုးရိမ်နေစရာ မလိုပါချေ။
ထို့ကြောင့် သူ ပန်းလင်အား အတွင်းကမ္ဘာငယ်ထဲ ထည့်လိုက်ပြီးနောက် နတ်ဆိုးဧကရာဇ်လီကို ဖမ်းဆုပ်၍ ပြောလိုက်သည်။
" ကျုပ်နောက်လိုက်ခဲ့ "
စကားဆုံးသည်နှင့် နှစ်ယောက်သား နေရာမှ ပျောက်ကွယ်သွား၏။
ထို့နောက် ကြိမ်ဖန်များစွာ တည်နေရာရွှေ့ပြောင်းပြီးနောက်တွင်မူ ...လောထျန်းတို့နှစ်ယောက် အပျက်အစီးများနှင့် နေရာတစ်ခုဆီ ရောက်လာကြသည်။
နတ်ဆိုးဧကရာဇ်လီ ထိုစဥ်မှ အသိဝင်လာကာ ေလာထျန်းအား တအံ့တသြ ပြောလိုက်သည်။
" ခုနကဟာက.... တည်နေရာရွှေ့ပြောင်းတာလား... အဲ့လောက်များတဲ့ အကွာအဝေးကိုလေ "
လောထျန်းက သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်၏။
" ခင်ဗျားက ခုမှ သိတာလား "
နတ်ဆိုးဧကရာဇ်လီ လန့်သွားရတော့သည်။
ထိုစဥ်မှာပင်...
ဘုန်း...
စွမ်းအင်တစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ကျလာ၏။
လောထျန်း မျက်မှောင်ကြုံ့သွားကာ နတ်ဆိုးဧကရာဇ်လီကိုခေါ်၍ တည်နေရာထပ်ရွှေ့ပြောင်းလိုက်သည်။
တစ်ချိန်တည်းမှာပင်.. သူတို့ ရပ်နေခဲ့သည့် မြေပြင်က တိုက်စားခံရပြီး ပြာအဖြစ် ပြောင်းသွားပါ၏။
နတ်ဆိုးဧကရာဇ်လီ လန့်သွားရပြန်သည်။
" ဒီအစွမ်းက..... "
ထို တိုက်စားအစွမ်းကို သူ ရင်းရင်းနှီးနှီးပင် သိပါသည်။
သူ အသွင်ပြောင်းခံရစဥ်က ထိုအစွမ်းကို သူ့ကိုယ်ထဲ အထည့်ခံခဲ့ရသည် မဟုတ်ပါလား ။
ယခု ... သူ များစွာပိုအစွမ်းထက်လာသည့်တိုင် ... ထို တိုက်စားစွမ်းအင်ထက်မူ အစွမ်းနိမ့်နေသေးသလို ခံစားရဆဲပါပင် ။
သူ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။
လေထဲတွင်ကား လွေ့နန် ရပ်နေ၏။
လွေ့နန်သည် ဘာစကားမှ မဟခဲ့သဖြင့် သူ ရှိနေ
ကြောင်းကို နတ်ဆိုးဧကရာဇ်လီ သိပင်မသိခဲ့ပါ ။
သို့သော် ... တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် နတ်ဆိုးဧကရာဇ်လီ နားလည်လိုက်သည့်အရာ ရှိပါသည်။
၎င်းမှာ ... တဖက်လူ၏အစွမ်းက သူကိုင်တွယ်နိုင်သည့် အကန့်အသတ် ပမာဏထက် ပိုကျော်လွန်ခြင်းပင် ။
ထိုစဥ် လွေ့နန်က လောထျန်းအား လှောင်ပြုံးဖြင့်ကြည့်၍ ပြောလာ၏။
" လောထျန်း ၊ ငါ ဒီလိုနေ့မျိုးကို စောင့်နေတာ ကြာလှပြီကွ ။ မင်းကို လက်တုန့်ပြန်နိုင်ဖို့အတွက် ငါ့ဘက်က ဘယ်လောက်ပေးဆပ်ခဲ့ရလဲ သိရဲ့လား ။ ဒီနေ့တော့... ငါ ကြုံခဲ့ရတဲ့ အရှက်ကွဲမှုနဲ့ နာကျင်မှုတွေအားလုံးကို မင်း ပြန်ခံစားရမယ် "
စကားဆုံးချိန်မှာပင် သူ့ကိုယ်မှ အရောင်အဝါ ပေါက်ကွဲထွက်သွားသည်။
သူ့အသွင်မှာလည်း နတ်ဆိုးနတ်ဘုရားကြီး တစ်ပါးလိုပါပင် ...
နတ်ဆိုးဧကရာဇ်လီ လောထျန်းကိုကြည့်ကာ ပြောလိုက်၏။
" အဲ့လူက သခင်လေးကို တော်တော်မုန်းနေတဲ့ပုံပဲ ။ သူနဲ့ သခင်လေးကြားမှာ ဘယ်လိုရန်ငြိုးတွေ ရှိထားလို့လဲ "
ထိုအမေးကို ကြားသောအခါ လောထျန်းက မေးစေ့ကိုပွတ်ရင်း လေထဲမှ လွေ့နန်အား သေချာစိုက်ကြည့်သည်။
လွေ့နန်မှာကား လောထျန်း၏ မျက်လုံးများကိုကြည့်ရင်း လွန်စွာ ပျော်ရွှင်နေတော့၏။
" ဘာလဲ ... ငါ့အစွမ်းက မင်းခန့်မှန်းထားတာထက် ကျော်နေပြီမဟုတ်လား ။ အဲ့နေ့တုန်းက ငါ့ကို တိုက်ခိုက်ခဲ့တာကိုပါ နောင်တနေပြီနဲ့တူတယ် ။ ဒါပေမယ့်... နောက်ကျသွားပြီကွ "
သူ အော်ပြောလိုက်သည်။
ထိုစဥ်မှာပင် လောထျန်းက လက်ခုပ်ထတီး၍
ပြော၏။
" သိပြီ... "
" ဘာသိတာလဲ သခင်လေး "
နတ်ဆိုးဧကရာဇ်လီ အံ့သြသွားရသည်။
လေထဲမှ လွေ့နန်ကလည်း အထင်သေးသည့် မျက်နှာထားဖြင့် ဆို၏။
" ဟန်ဆောင်မနေနဲ့ကွ ... ငါ့ရဲ့ လက်ရှိအစွမ်းက ကြောက်စရာကောင်းလွန်းလို့ ငါ့ကိုယ်ငါတောင် ဘယ်လိုအနိုင်ယူရမလဲ သိတာမဟုတ်ဘူး ။ မင်းက ဘာကို သိတာလဲ "
တဖက်မှ လောထျန်းက အူကြောင်ကြောင် မျက်နှာလေးဖြင့် ပြောလာသည်။
" ငါက မင်းဘယ်သူဆိုတာ သိပြီလို့ ပြောချင်တာပါကွာ "
" ဘယ်သူလဲ သခင်လေး "
နတ်ဆိုးဧကရာဇ်လီ စိတ်ဝင်တစား ဝင်မေး၏။
လောထျန်းက ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည်။
" အဲ့ကောင်က ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ လက်ထောက်
ဂိုဏ်းချုပ်ကြီး ၊ လောပိုင် ပေါ့ "
သူ့စကားဆုံးချိန်မှာပင် လေထဲရှိ လွေ့နန်တစ်ယောက် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
အစောပိုင်းက လောထျန်း သူ့အား ကြည့်နေစဥ်တွင် ဇဝေဇဝါဖြစ်နေသော မျက်နှာထားမှာ သူ့ကိုယ်ပိုင်အစွမ်းကို စိုးရိမ်၍မဟုတ်ပါချေ ။
လောထျန်းက သူ မည်သူမှန်း မမှတ်မိသောကြောင့်ပင် ။
နောက်ဆုံး မှတ်မိလာသည့် အချိန်တွင်လည်း ..
သူ့နာမည် အမှန်ကိုပင် မမှတ်မိခဲ့ပါ ။
လွေ့နန်ရင်ထဲ တင်းကျပ်လာပြီး သွေးအန်တော့မလို ခံစားလာရ၏။
သူ့ရင်ထဲမှ လောထျန်းအပေါ် ထားသည့် အမုန်းမှာ ကြီးမားလှပြီး... သူ့အစွမ်း တိုးရန်အတွက် အသက်ကိုပင်ဂရုမစိုက်ပဲ စိတ်ဝိဥာဥ်မျိုးစေ့အား ဝါးမြိုခဲ့
ပါသည်။
ထိုသို့ ဝါးမြိုရသည့် ရည်ရွယ်ချက်မှာလည့် သူ့ ရန်သူတော်ကြီး ၊ လောထျန်းအား အနိုင်ယူရန်သာ ...
သို့သော်.... ယခုတွင်မူ... လောထျန်းက သူ့နာမည်ကိုပင် မမှတ်မိဘူးတဲ့လား ။
မည်မျှ ရှက်စရာကောင်းလိုက်ပါသနည်း...
" ငါ့နာမည်က. လွေ့နန်ကွ "
လွေ့နန် ဒေါသတကြီး အော်လိုက်တော့သည်။
လောထျန်း လန့်သွားပုံဖြင့် ပြန်ပြော၏။
" အိုး... စိတ်မရှိပါနဲ့ ၊ ငါ မေ့သွားတာ ။ မင်းနာမည်က လွေ့နန်ကိုး ...
နတ်ဆိုးဧကရာဇ်လီ : " ........... "
တခဏကြာပြီးနောက်တွင်မူ နတ်ဆိုးဧကရာဇ်လီက လေထဲမှ လွေ့နန်ကိုကြည့်၍ အလေးနက်ဆိုသည်။
" သူက လွေ့နန်လား ... ကျုပ် လွေ့နန်ကို အရင်က
တွေ့ဖူးပါတယ် ။ အခု မတူတော့သလိုပဲ "
လောထျန်း ခေါင်းညိတ်လိုက်၏။
" ကြည့်ရတာ သူ လျှို့ဝှက်နည်းတချို့သုံးပြီး အစွမ်းတိုးလာအောင် အတင်းလုပ်ထားတယ်နဲ့တူတယ် ။ သူ့ ရုပ်ရော ၊ အရောင်အဝါရော အားလုံး ပြောင်းသွားပြီ ။ ကျုပ် ခုနတုန်းက သူ့အရောင်ဝါကို ချက်ချင်းမမှတ်မိပဲ ရင်းနှီးတယ်လို့ပဲ ခံစားခဲ့ရတာ မဆန်းတော့ပါဘူး "
နတ်ဆိုးဧကရာဇ်လီ ခေါင်းအသာညိတ်လိုက်သည်။
ထိုစဥ် လေထဲမှ လွေ့နန်က လောထျန်းအား လက်ညိုးထိုး၍ ဒေါသတကြီး အော်ပြောလာ၏။
" လောထျန်း ၊ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ ။ ဒီနေ့တော့ ငါတို့နှစ်ယောက်ထဲက တစ်ယောက် သေကိုသေရမယ် ။ လာတိုက်ခိုက်စမ်း "
သူ ပြောပြောဆိုဆိုပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ချက်ချင်းမှာပင် ကောင်းကင်ကြီး အရောင်ပြောင်း
ကာ ညအမှောင်ထု ကြီးစိုးလာသလိုပင်...
ကြောက်မက်ဖွယ် ဖိနှိပ်အစွမ်းကြီး တစ်ခုလည်း ထွက်လာသည့်အတွက် နတ်ဆိုးဧကရာဇ်လီ တစ်ကိုယ်လုံး တုန်သွားရှာ၏။
" ဒါ... ဘယ်လိုအစွမ်းမျိုးလဲ ... "
သူ တုန်လှုပ်စွာ ဆိုလိုက်သည်။
သို့သော် ဤမျှနှင့် ပြီးမသွားသေးပါ ..
ဝုန်း ...
လွေ့နန်က အစွမ်းများအားလုံး ထပ်ထုတ်လိုက်ရာ သူ့အနောက်ဘက်တွင် ပုံရိပ်ယောင်တစ်ခု စုစည်းလာပြန်၏။