အခန်း (၇၀၃)
Vol. 51 Ch. 703
ဝုန်း ...
အသံကျယ်တစ်သံနှင့်အတူ လွေ့နန်တစ်ယောက် ကြောက်မက်ဖွယ်အစွမ်းကြီးကြောင့် နောက်လွင့်သွားသည်။
ဇွတ် ....
သူ့ကိုယ်တွင်လည်း ဒဏ်ရာများ ဆက်တိုက်ပေါ်လာပြီး သွေးများ ပန်းထွက်လာ၏။ အရိုးများလည်း ကျိုးကုန်ကြသည်။
ဝီ ...
သူ့နောက်မှ အရိပ်ကြီးမှာလည်း ဆက်ပြီး တောင့်ခံနိုင်တော့ဟန် မတူဘဲ တဖြည်းဖြည်းမှိန်ကာ ပျောက်ကွယ်သွားတော့သည်။
" အဟွတ် ... "
လွေ့နန် ချောင်းဆိုးသွား၏။
သို့သော်... သူ ချောင်းဆိုးရာမှ သွေးများ ထွက်မလာဘဲ စိတ်ဝိဥာဥ်အရိပ်များသာ ထွက်လာပါသည်။
နောက်ဆုံးတွင်မူ ...
အွတ်...
သူ ပုလဲလုံးတစ်လုံး အန်လိုက်သည်။
၎င်းကိုမြင်သည်နှင့် လွေ့နန် ချက်ချင်းမျက်လုံးပြူးသွားပြီး လက်ဖြင့် လှမ်းဖမ်းလိုက်၏။
" ငါ့ရဲ့ စိတ်ဝိဥာဥ်မျိုးစေ့ .... "
သို့သော်.. သူလက်က .. မျိုးစေ့အား ထိလိုက်ချိန်မှာပင်.. အမှုန့်ဖြစ်သွားပါသည်။
" ဘယ်လို... ဘာတွေ ဖြစ်နေတာလဲ "
လွေ့နန် တုန်လှုပ်သွားတော့သည်။
စိတ်ဝိဥာဥ်မျိုးစေ့အား ဆုံးရှုံးရသည်ကို သူ နားလည်နိုင်သေးသော်လည်း ... အဘယ့်ကြောင့် သူ့ခန္ဓာကိုယ်ကပါ ...
ထိုစဥ်မှာပင် သူ တစ်ခုကို သဘောပေါက်သွားပြီး တုန်လှုပ်စွာ ပြောလိုက်၏။
" အဲ့ဒီ စိတ်ဝိဥာဥ်မျိုးစေ့က ငါ့ရဲ့ အစွမ်းတွေကို စုပ်ယူသွားတာလား "
သူက စိတ်ဝိဥာဥ်မျိုးစေ့အား သန့်စင်သည်ဟု ထင်ခဲ့ချိန်၌ ...
အမှန်တကယ်တွင် သူသာ သန့်စင်ခံလိုက်ရသူမှန်း မည်သို့ သိခဲ့ပါမည်နည်း ။
" မဟုတ်ဘူး ... လောထျန်း ၊ မျိုးမစစ်ကောင်... ဒါတွေအားလုံး မင်းကြောင့်ပဲ ။ ပြီးတော့.. ဂိုဏ်းချုပ်ကြီး ... ခင်ဗျားကြီးက ကျုပ်ကိုတောင် လှည့်စားအကွက်ချထားသေးတယ်ပေါ့လေ ... မင်းတို့ကောင်တွေ.. "
လွေ့နန်မှာ ထပ်ပြီး ဆဲရေးလိုက်ချင်သေး
သော်လည်း... စကားဆုံးအောင် မပြောနိုင်ခင်မှာပင် ပြာမှုန့်အဖြစ် ပြောင်းသွားရတော့သည်။
ထိုစဥ်မှာပင် လေတစ်ချက် တိုက်ခတ်လာသဖြင့် .. အားလုံး ပျောက်ကွယ်သွားတော့၏။
အားလုံး အထင်ကြီးလေးစားကြရသော ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီး ပြာမှုန့်ဖြစ်သွားခဲ့ရလေပြီ ။
ဘာအစအနလေးမှပင် မကျန်ခဲ့တော့ပါ ။
ထိုစဥ် တဖက်မှ လောထျန်းမှာ တိုက်ခိုက်ရန် အသင့်ပြင်နေဆဲသာ ရှိသေးပြီး ..
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဆွံ့အသွားရှာတော့သည်။
သူ ဘာမှပင် မလုပ်ရသေးဘဲ ... တဖက်လူက သူ့အကာအကွယ်အစွမ်းနှင့် တိုက်မိပြီး အသက်ဆုံးသွားသတဲ့လား ။
နောက်နေပါသလား ...
လောထျန်း လက်ယမ်းလိုက်ရာ .. သူ့အနောက်ဘက်မှ ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက် အရိပ်ကြီးရော.. ကြယ်ပင်လယ်ကြီးပါ ပျောက်ကွယ်သွားကြသည်။
ဘေးပတ်လည်မှ ကြောက်မက်ဖွယ် ဖိအားကြီးလည်း လွင့်ပါးပျောက်ကွယ်သွား၏။
ထိုစဥ် လောထျန်း၏ အကြည့်က စိတ်ဝိဥာဥ်မျိုးစေ့ဆီ ရောက်သွားသည်။
" ဒီဟာကို... အရင်က မြင်ဖူးသလိုပဲ "
လောထျန်း လက်ဆန့်၍ စိတ်ဝိဥာဥ်မျိုးစေ့အား ဆုပ်ကိုင်ရန် ပြင်လိုက်စဥ်မှာပင်..
ဝီ...
စိတ်ဝိဥာဥ်မျိုးစေ့ပေါ်၌ အလင်းတန်းတစ်ခု အရောင်လက်သွားကာ အဝေးသို့ လှစ်ခနဲ ရွေ့လျားသွား
သည်။
လောထျန်း စိတ်လှုပ်ရှားသွားပြီး မျိုးစေ့နောက်သို့ လိုက်ရန် ပြင်လိုက်၏။
သို့သော်.. ထိုစဥ်တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ဝုန်း...
ထိုအရိပ်က လက်ဆန့်၍ စိတ်ဝိဥာဥ်မျိုးစေ့အား ဖမ်းဆုပ်လိုက်၏။
ဝီ...
စိတ်ဝိဥာဥ်မျိုးစေ့မှာလည်း ပိုင်ရှင်ကို မြင်ဖူးထားသည့်အလား မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထုတ်လွှတ်လာသည်။
လောထျန်း အံ့အားသင့်သွားရကာ တဖက်လူအား ကြည့်လိုက်၏။
တခဏအကြာမှာပင် သူ သဘောပေါက်သွား
ပါသည်။
" ခင်ဗျားက ... စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ရဲ့ ဥက္ကဌ ၊ ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ... သခင်ကြီး ယွမ် လား "
တဖက်လူက ခေါင်းအသာညိတ်သည်။
" ဟုတ်ပါတယ် သခင်လေးလောထျန်း ။ ကျုပ်လဲ သခင်လေးအကြောင်းကို အများကြီး ကြားဖူးပါတယ် "
သခင်ကြီးယွမ်က ထိုသို့ပေါ်လာမည် ထင်မထားသဖြင့် လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့မိသွား၏။
ထို့နောက်တွင် ..
ဝုန်း..
လောထျန်းနောက် ခပ်လှမ်းလှမ်းကောင်းကင်ယံ၌ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရောက်လာသည်။
လောထျန်း ချက်ချင်းလှည့်ကြည့်လိုက်ရာ.. နတ်ဆိုးဧကရာဇ်လီက အဆုံးမဲ့လူသတ်အရိပ်အငွေ့များ ထုတ်လွှတ်၍ သူ့ထံ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
" မျိုးမစစ်အဘိုးကြီး ... သေစမ်း "
သူ အရူးတစ်ယောက်လို အော်ကာ သခင်ကြီးယွမ်ဆီသို့ ပြေးဝင်သွား၏။
သခင်ကြီးယွမ်က သူ့ကိုကြည့်ရင်း လက်တစ်ဖက် အသာယမ်းလိုက်သည်။
လွန်ခဲ့သော စက္ကန့်ပိုင်းလေးတွင်ပင် လူသတ်အရိပ်အငွေ့တို့ဖြင့် ပြည့်နေသည့် နတ်ဆိုးဧကရာဇ်လီတစ်ယောက် ... နောက်တစ်စက္ကန့်အကြာ၌ လေထဲမှ ပြုတ်ကျသွားတော့သည်။
" ဟင်... နတ်ဆိုးဧကရာဇ်လီ .. "
၎င်းကိုကြည့်ကာ လောထျန်း လန့်သွားရ၏။
တဖက်လူက ဘာအစွမ်းမှ ထုတ်မသုံးပါဘဲ...
နတ်ဆိုးဧကရာဇ်လီက အဘယ့်ကြောင့် ...
ထိုစဥ် သခင်ကြီးယွမ်က အပြုံးဖြင့် ဆိုသည်။
" စိတ်မပူပါနဲ့ ၊ ဒီတိုင်း အိပ်မွေ့ချလိုက်တာပါ ။ သူ့ကို ပေးအိပ်လိုက်ပါကွာ "
" ဘယ်လို... "
လောထျန်း မျက်လုံးအပြူးသား ...
နတ်ဆိုးဧကရာဇ်လီသည် အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်သော်လည်း... တဖက်လူက လက်တစ်ချက် ယမ်းလိုက်ရုံဖြင့် အိပ်မောကျသွားသတဲ့လား ။
ဘာတွေ ဖြစ်နေပါသလဲ...
အကယ်၍ တဖက်လူသာ သူ့အပေါ် ထိုနည်းမျိုး သုံးလာလျှင် ဒုက္ခရောက်မသွားပေဘူးလား ။
ထိုသို့တွေးရင်း လောထျန်းစိတ်ထဲ အထင်ကြီးစိတ် ဝင်သွားရသလို အံ့လည်းအံ့သြသွားရသည်။
ထိုစဥ် သခင်ကြီးယွမ်က လောထျန်းအတွေးကို ရိပ်မိ
သည့်အလား သက်ပြင်းချ၏။
" သခင်လေးအနေနဲ့က အဲ့လောက်ကြီး စိတ်ပူနေစရာ မရှိပါဘူးဗျာ ။ ကျုပ်မှာ သခင်လေးကို အိပ်မွေ့ချနိုင်တဲ့အစွမ်း မရှိပါဘူး ။ အမှန်ပြောရရင်တော့ ... သခင်လေး ပေါ်လာလာချင်းတည်းက ကျုပ် သခင်လေးကို အိပ်မွေ့ချဖို့ ကြိုးစားနေခဲ့တာ ။ ဒါပေမယ့် သခင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်းက ကျုပ်ထက် အများကြီးပိုသာတော့ .. ကျုပ်အသက်ကို စတေးပြီး ကျုပ်ရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေ အားလုံးကို အကုန်ခံနိုင်မှ သခင်လေးကို တစ်ခုခုလုပ်လို့ရနိုင်မှာ "
ထိုစကားကို ကြားပြီးနောက် လောထျန်း အနည်းငယ်စိတ်အေးသွားသည်။
" အခု ကျုပ်ကိုဘာလို့ ထွက်တွေ့တာလဲ ။ နောက်ဆုံးတိုက်ပွဲအတွက် အသင့်ဖြစ်နေပြီလား "
လောထျန်း မေးလိုက်၏။
သို့သော် သခင်ကြီးယွမ်က လက်ယမ်း၍ ပြန်ပြောသည်။
" မဟုတ်ဘူးဗျ ... တကယ်တော့ ကျုပ် သခင်လေး
ကို ဖိတ်ခေါ်ဖို့အတွက် လာခဲ့တာပါ "
" ဘာကို ဖိတ်ခေါ်မှာလဲ "
လောထျန်း အေးစက်စက် ထပ်မေးလိုက်၏။
" ကျုပ်က သခင်လေးအနေနဲ့ ထျန်းယွမ်ကမ္ဘာကို ကယ်တင်ပေးဖို့ ဖိတ်ခေါ်ချင်တာပါ "
သခင်ကြီးယွမ် ဆိုသည်။
" ခင်ဗျား ဘာပြောလိုက်တယ် "
သူ နားကြားများ လွဲသွားလေသလားဟု လောထျန်း ထင်မိလိုက်သည်။
ထျန်းယွမ်ကမ္ဘာမှ သက်ရှိများအားလုံးကို စတေးပြီး ယဇ်ပူဇော်ချင်ခဲ့သော ထိုအရူးက ယခု သူ့အား ထျန်းယွမ်ကမ္ဘာကို ကယ်တင်ပေးဖို့ ဖိတ်ခေါ်နေသတဲ့လား ။
သခင်ကြီးယွမ်က ခေါင်းညိတ်၍ စကားဆက်၏။
" သခင်လေး လောထျန်း ၊ သခင်လေးရဲ့ မိတ်ဆွေ.. သဘာဝစိတ်ဝိဥာဥ်က အခု သခင်လေးရဲ့ အတွင်းကမ္ဘာထဲမှာ မဟုတ်လား ။ ကျေးဇူးပြုပြီး သူ့ကို ခေါ်
ထုတ်လိုက်ပါဗျာ။ ကျုပ်ပြောမယ့် စကားတွေ အမှန်တရား ဟုတ်မဟုတ်ကို သူ သိပါလိမ့်မယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ "
လက်ရှိတွင် သခင်ကြီးယွမ်ဘက်မှ လှည့်ကွက်များဖြင့် မကောင်းကြံလာမည်ကို သူ သိပ်စိတ်မပူလှပါ ။ အကယ်၍ ထိုလူကြီးသာ သူ့အား သတ်ချင်ပါက ကြိုးစားပြီးနေသည်မှာ ကြာနေလောက်လေပြီ ။
ထို့ကြောင့် လောထျန်း လက်ယမ်း၍ အတွင်းကမ္ဘာငယ်ကိုဖွင့်ပြီး ပန်းလင်အား ခေါ်ထုတ်လိုက်သည်။
ပန်းလင် အပြင်ရောက်ရောက်ချင်းမှာပင် မှင်သက်သွားရပါ၏။
" သခင်လေးလောထျန်း ၊ ရန်သူက ဘယ်မှာလဲ "
သူမ မေးလိုက်သည်။
" အဲ့ကောင် သေသွားပြီ "
လောထျန်း ပြန်ပြော၏။
ပန်းလင် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီးနောက်... စိတ်ဝိဥာဥ်သံတမန်အား ထိန်းချုပ်နေသည့် သခင်ကြီးယွမ်ဘက် အကြည့်ရောက်သွားသည်။
" သူက.....
လောထျန်း သူမကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်၏။
" သူက ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ၊ သခင်ကြီးယွမ် ပဲ "
" ဘယ်လို... "
ပန်းလင်တစ်ယောက် အလွန်တုန်လှုပ်သွားရှာသည်။
ထိုစဥ်မှာပင် အိပ်မွေ့ချခံထားရသည့် နတ်ဆိုးဧကရာဇ်လီကလည်း ရုတ်တရက် မျက်လုံးပြန်ဖွင့်လာ၏။
" ဟင် ... ကျုပ်.. ဘာဖြစ်သွားတာလဲ "
ထိုအချိန်မှာပင် သခင်ကြီးယွမ်အား မြင်သွားကာ သူ ဒေါသူပုန် ထသွားရပြန်သည်။
" မင်းက တရားခံပဲ "
သူ ပြောပြောဆိုဆိုပင် ထပ်တိုက်ခိုက်ရန် ပြင်လိုက်ပြန်သည်။
တဖက်မှ သခင်ကြီးယွမ်က သက်ပြင်းချ၍ လက်ယမ်းလိုက်ပြန်၏။
ဘုတ် ...
နတ်ဆိုးဧကရာဇ်လီ အိပ်မောကျသွားပြန်သည်။
" ဒါ.... "
ပန်းလင်မှာလည်း ၎င်းကိုကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေရှာတော့၏။
" ကြည့်ရတာ ကောလဟလတွေက လွဲနေတဲ့ပုံပဲ ။ ရှင်က... စိတ်ဝိဥာဥ်နဲ့ တာအိုကမ္ဘာကို ဝင်ပြီး ... ကမ္ဘာပေါ်ကမသေမျိုးတစ်ယောက် ဖြစ်လာပြီပဲ "
ပန်းလင် တီးတိုးရေရွတ်လိုက်သည်။
သခင်ကြီးယွမ် ခေါင်းညိတ်၏။
" မိန်းကလေးက အမြင်ရှိသားပဲ ။ မိန်းကလေးပြောတာ မှန်ပါတယ် "
လောထျန်း မျက်မှောင်ကြုံ့ရက်သား ဝင်မေးလိုက်သည်။
" ခင်ဗျားက ဘာဖြစ်လို့ ကိုယ့်ရဲ့ကျင့်ကြံခြင်းကို ဖုံးကွယ်ပြီး ဝမ်ဟွန်းကွေ့ယီဂိုဏ်းကို တည်ထောင်ခဲ့တာလဲ "
ပန်းလင်ကလည်း သူ့အား မျက်နှာတည်ဖြင့် ကြည့်လာ၏။
သခင်ကြီးယွမ် သက်ပြင်းချလိုက်သည်။
" ခုနကပြောခဲ့သလိုပဲ ... ကျုပ်က ထျန်းယွမ်ကမ္ဘာကို ကယ်တင်ဖို့အတွက် ဒီရောက်နေတာပါ "
" အဲ့လိုပြောရုံနဲ့ လုံလောက်မယ် ထင်နေလား "
ပန်းလင် ချက်ချင်းထရပ်ပြီး ဒေါသတကြီး အော်၏။
" ရှင်က အရင်တည်းက လူတွေအများကြီးကို သတ်ခဲ့ပြီးတော့ အခုလဲ ထျန်းယွမ်ကမ္ဘာတစ်ခုလုံးကို ယဇ်ပူဇော်ဖို့ ကြံနေတာလေ ။ ဒါ ထျန်းယွမ်ကမ္ဘာကို ကာကွယ်တယ်လို့ ခေါ်တာလား "
ပန်းလင် ဒေါသတကြီး ဆက်အော်လိုက်သည်။
သခင်ကြီးယွမ် ခေါင်းညိတ်၏။
" ဒါပေါ့... "
" ရှင် .... "
ပန်းလင်မှာ ဒေါသထွက်လွန်း၍ ဘာပြောရမည်မသိဘဲ ခဏတာပင် ဆွံ့အသွားရသည်။
တဖက်မှ သခင်ကြီးယွမ် ပြော၏။
" မိန်းကလေး ... ကျုပ်စကားတွေက အပြောသက်သက်ပဲ မဟုတ်ဘူးနော် ။ ထျန်းယွမ်ကမ္ဘာက တကယ်ကို လမ်းဆုံးရောက်နေပြီ ။ ကြောက်စရာအစွမ်းမျိုးသာ ရှိမထားရင် ထွက်ပေါက်က တစ်ခုပဲ ရှိတော့တာ ။ အဲ့ထွက်ပေါက်က.. သက်ရှိတွေအားလုံး အသတ်ခံရတာပဲ ။ လူသားမျိုးနွယ်ဖြစ်ဖြစ် ၊ နတ်ဆိုးမျိုးနွယ် ၊ သဘာဝစိတ်ဝိဥာဥ်မျိုးနွယ် ၊
နောက်ဆုံး မိစ္ဆာဝိဥာဥ်မျိုးနွယ်ပါ ပါတယ်ကွာ ... နောက်ဆုံးကျရင် အားလုံး အသတ်ခံကြရမှာ "
" ဒါ့ကြောင့်လဲ ငါက ကမ္ဘာပျက်မယ့်အရေးကို တားဖို့အတွက် စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းကို လုပ်ရတာပဲ "