← Chapters

လောထျန်း၏ ကောင်းကင်ဘုံပျက်စီးခြင်း ( အပိုင်း ၁)

Vol. 51 Ch. 705

လောထျန်း၏ ကောင်းကင်ဘုံပျက်စီးခြင်း ( အပိုင်း ၁)

Vol. 51 Ch. 705

ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်သည် ထျန်းယွမ်ကမ္ဘာ၏ တာအိုကမ္ဘာသစ်သီးဖြစ်ပြီး ပထမတန်းစား သဘာဝရတနာတစ်ခု ဖြစ်ပါ၏။

ထို့ထက်ပို အရေးကြီးသည်မှာ ၎င်းက လောထျန်း တူကျဲ့အဆင့် တက်နိုင်ရန်အတွက် အဓိကလိုအပ်သော အရာဖြစ်နေခြင်းပင် ။

အစပိုင်းတွင် လောထျန်းသည် ထျန်းယွမ်ဓား ပြန်ကောင်းသည်အထိ စောင့်ပြီးမှ ထျန်းယွမ်ကမ္ဘာသခင်ကြီး ကိုရှာ၍ ကောင်းကင်ဘုံမသေမျိုးမျက်ရည်ကို ရှာရမည်ဟုသာ တွေးထားခဲ့သည်။

သို့သော်.. သခင်ကြီးယွမ်က ယဇ်ပူဇော်ခြင်းအတွက် ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်ကို ရှာထားသတဲ့လား ။

လောထျန်း စိတ်လှုပ်ရှားသွားကာ ပြောလိုက်သည်။

" အဘိုးကြီး ၊ ခင်ဗျားဆီမှာ ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက် ရှိတယ်လို့ ပြောလိုက်တာမလား ။ ဟုတ်တယ်မလား "

ထိုအသံကို ကြားသောအခါ လောထျန်းကြောက်နေသည်ဟု အထင်မှားပြီး သခင်ကြီးယွမ် ပြုံးသွား၏။

ထို့နောက် သူ အေးဆေးရှင်းပြသည်။

" ဒါပေါ့ကွ ... ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်လို အရာမျိုးကို ငါက လျှောက်ပြောပါ့မလား "

" ခင်ဗျား ဘယ်ကနေ ရခဲ့တာလဲ ။ အဲ့ဟာတွေက မရှိတော့ဘူးဆို "

လောထျန်း စိတ်လှုပ်ရှားစွာ ထပ်မေးလိုက်သည်။

လောထျန်းအသံထဲမှ စိုးရိမ်ဟန်ကို သတိထားမိသော သခင်ကြီးယွမ်က အေးဆေးပင် ဆက်ရှင်းပြ၏။

" ဒီနေ့ခေတ် ကမ္ဘာမှာ ရှာဖို့မလွယ်တာတော့ အမှန်ပဲကွ ။ ဒါပေမယ့် ငါက.. ကံကောင်းပြီးတော့ ရှေး

ခေတ်က အစွမ်းထက်ကျင့်ကြံသူကြီး တစ်ယောက်ရဲ့ ကျောင်းတော်ကိုတူးတဲ့အချိန်မှာ သူ သိမ်းထားတဲ့ ကောင်းကင်ဘုံမသေမျိုးမျက်ရည်စက် တစ်စက်ကို ရှာတွေ့ခဲ့တယ် "

ထိုရှင်းပြချက်ကို ကြားပြီးချိန်တွင်မူ.. သူ့တွင်ရှိသော ကောင်းကင်ဘုံမသေမျိုးမျက်ရည်စက်က အမှန်ဖြစ်ကြောင်း လောထျန်း ယုံသွားသည်။

လွန်ခဲ့သော စက္ကန့်ပိုင်းအလိုတွင် လောထျန်းတစ်ယောက် တည်နေရာရွှေ့ပြောင်းရမည်လား... အိုးကြီးကို ဖျက်ဆီးပစ်ရမည်လားဟု အတွေးများနေခဲ့သော်လည်း .

ယခုတွင်ကား သူ့ခေါင်းထဲ အတွေးတစ်ခုသာ ရှိပါတော့၏။

သူ ယနေ့ ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်ကို ရမှသာ အပြင်ပြန်ထွက်ရပေလိမ့်မည် ။

ထို့နောက်တွင်... သူ ခေါင်းမော့ပြီး အိုးအဝကို မော့ကြည့်ကာ ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်

ကျလာမည်ကို မျှော်နေလိုက်သည်။

ထိုစဥ်မှာပင်..

ဝုန်း ..

သူ့ခေါင်းပေါ်မှနေ၍ များစွာသော သဘာဝရတနာများ ကျလာကြသည်။

လောထျန်း၏ မျက်လုံးများက မသေမျိုးအစွမ်းကို ထုတ်လွှတ်နေသော အရည်တစ်စက်ဆီသို့ ချက်ချင်းရောက်သွား၏။

ကောင်းကင်ဘုံမသေမျိုးမျက်ရည်စက် ....

သူ ၎င်းကို တစ်ခါမှ မတွေ့ဖူးသည့်တိုင် တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်းက သူလိုချင်သော အရာမှန်း ချက်ချင်းသိလိုက်သည်။

ဝှစ်..

လောထျန်း လက်ဆန့်၍ ကောင်းကင်ဘုံမသေမျိုး

မျက်ရည်စက်အား ဖမ်းဆုပ်လိုက်၏။

" အား... "

သူ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

" သခင်လေးလောထျန်း ... "

အပြင်ဘက်မှ ပန်းလင်မှာမူ လောထျန်းတစ်ယောက် မတော်တဆ တစ်ခုခု ဖြစ်သွားပြီဟု ထင်သွားကာ ငိုသံကြီးဖြင့် ချက်ချင်းအော်ခေါ်ရှာ၏။

ထိုစဥ် သခင်ကြီးယွမ်က လှောင်ပြုံးဖြင့် ပြောသည်။

" မကြောက်ပါနဲ့ ကောင်လေးရယ်... အခုမှ အစပဲ ရှိသေးတယ် ။ စိတ်ဝိဥာဥ်တွေပေါင်းစည်းတဲ့ ဖြစ်စဥ်က အင်မတန်ကို နာကျင်ရတယ်ကွ ။ ခဏနေကျရင်တော့ ငါမင်းကို အစွမ်းအထက်ဆုံး စိတ်ဝိဥာဥ်မျိုးစေ့အဖြစ် သန့်စင်လိုက်မှာပါ "

" နောက်.. အချိန်ကျရင်တော့ မင်းကို ထပ်သန့်စင်ပြီး မင်းရဲ့အစွမ်းပြည့်ကို ငါရသွားမှာပေါ့ ။ အဲ့ကျရင် စိတ်ဝိဥာဥ်တွေအားလုံးရဲ့ ပေါင်းစည်းခြင်းကို ငါတကယ်အောင်မြင်သွားလိမ့်မယ် "

" ဒါပေမယ့်.. အဲ့မတိုင်ခင် ​ဘာပြဿနာမှ မဖြစ်အောင်လို့ ငါ ဘယ်သူ့ကိုမှ သနားညှာတာနေမှာ မဟုတ်ဘူး "

သူ ထိုသို့ပြောကာ လက်ထပ်ယမ်းလိုက်သည်။

ဝုန်း...

ချက်ချင်းမှာပင် အဆုံးမဲ့ပြီး ကြောက်မက်ဖွယ်ကောင်းလှသော အစွမ်းများ အသူရာချောက် မြေကြီးထဲမှ ထွက်လာကာ အိုးကြီးဆီသို့ စုသွား၏။

" ဒီ ရှုပ်ထွေးလှတဲ့ စိတ်စွမ်းအင်တွေ ၊ မသေမျိုးအစွမ်းတွေ နဲ့ နတ်ဆိုးစွမ်းအင်တွေ အားလုံးက ပြီးထဲ့တဲ့ နှစ်ပေါင်းသိန်းချီ ကာလအတွင်းမှာ ငါ့ရဲ့ စဥ်ဆက်မပြတ် ယဇ်ပူဇော်မှုတွေကနေ ရခဲ့တဲ့အစွမ်းတွေပဲ ။ ဒီအစွမ်းကို စုပ်ယူဖို့ ရှုပ်ထွေးလွန်းပေမယ့် အိုးကြီးကိုတော့ ဒါနဲ့ ဘာပြဿနာမှ မရှိပဲ ဖိနှိပ်နိုင်တယ် "

သခင်ကြီးယွမ် ပြောလိုက်သည်။

ထို့နောက် သူ လက်ဖြင့် အစီအမံများ ထပ်လုပ်

လိုက်၏။

ဝုန်း...

သူ့အနောက်ဘက်တွင်.. အတွင်းကမ္ဘာငယ်တစ်ခု ပွင့်လာသည်။

ထိုအတွင်းကမ္ဘာငယ်ထဲမှ မရေမတွက်နိုင်သော ထူးဆန်းသားရဲများ ၊ လူသားများ နှင့် လူသားတစ်ဝက် သက်ရှိများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။ ပြီးနောက်တွင်.. ထိုသက်ရှိများအားလုံး ပြိုကွဲပြီး ကြောက်မက်ဖွယ်အစွမ်းအဖြစ် ပြောင်းကာ အိုးကြီးထဲ ဝင်သွားကြပြန်သည်။

" အဲ့ကောင်တွေက ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ ယဇ်ပူဇော်တာတွေကနေတဆင့် ငါ ဖန်တီးထားခဲ့တဲ့ စိတ်ဝိဥာဥ်ဗိုလ်ချုပ်တွေ ၊ စိတ်ဝိဥာဥ် တပ်ချုပ်တွေနဲ့ စိတ်ဝိဥာဥ် ဘုရင်တွေပဲကွ ။ သူတို့တွေက ငါ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးအင်အားစုတွေလဲ ဟုတ်တယ် ။ ဒါပေမယ့် အဲ့ထက်ပိုအရေးကြီးတာက... အဲ့ကောင်တွေကို ငါ့အစွမ်းတိုးဖို့အတွက် အဓိကသွေးကြောအနေနဲ့ သုံးလို့ရတာပဲ "

" ဒါတွေအားလုံးက... ဒီနေ့ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းအတွက် ကြိုပြင်ဆင်ထားတာတွေပေါ့ကွာ "

ဝုန်း..

အသံကျယ် တစ်သံနှင့်အတူ အိုးကြီးထံမှ ကြောက်မက်ဖွယ်အစွမ်း ထွက်လာပြန်သည်။

" ဒါ ... "

ပန်းလင်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ကူကယ်ရာမဲ့ ခံစားလိုက်ရတော့၏။

အိုးကြီးထံမှ ထွက်နေသော ဖိအားမှာလည်း မူလမသေမျိုးလက်နက်ထက် သာနေလေပြီ ။

၎င်းမှာ ကမ္ဘာငယ်တစ်ခု၏ အစွမ်းနှင့်ပင် တူနေပြီး .. ထိုအစွမ်းဖြင့် လောထျန်းအား ဖိနှိပ်ပြီး ယဇ်ပူဇော်ရန် အသုံးချနေခြင်းပင် ။

သူ ၎င်းကို တားနိုင်ပါမည်လား...

သခင်ကြီးယွမ်က အားလုံးကို သေချာစေ့စေ့စပ်စပ် လုပ်ထားပြီး လောထျန်းအတွက် အခွင့်ရေးနည်းနည်းလေးပင် ပေးမထားခဲ့ပါ ။

ထိုစဥ် လောထျန်းတစ်ယောက် ဆိုးရွားစွာ ညှင်းပမ်းနှိပ်စက်ခံရပြီး နာကျင်နေမည်ဟုသာ ပန်းလင် တွေးမိလိုက်သည်။

ထိုအတွေးဖြင့် သူမ ပါးပြင်ပေါ်သို့ မျက်ရည်များကျလာပြီး ... ပိုပို၍လည်း ကူကယ်ရာမဲ့ ဖြစ်သွားတော့၏။

ထိုစဥ် အိုးကြီးထဲရှိ လောထျန်းမှာကား ...

" ဒါက စိတ်စွမ်းအင်ဆေးပင်တွေ... ဒါက သလင်းကျောက်တွေ ..... အားလုံး စုံနေတာပဲကွာ "

လောထျန်း လက်နှစ်ဖက်ကို ပွတ်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

အိုးကြီးထံမှ ဖိအားက သူ့အပေါ် နည်းနည်းလေးပင် အကျိုးသက်ရောက်နိုင်ဟန် မတူပါချေ ။

ထို့နောက် သူ အပေါ်သို့ ရုတ်တရက် မော့ကြည့်လိုက်၏။

" ဟင် ... ဒီမှာ အဲ့လောက်အားကောင်းတဲ့အစွမ်းမျိုး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ "

လောထျန်း ဘေးဘီသို့ ဝေ့ကြည့်ရင်း အနည်းငယ်ပင် အံ့သြသွယးရသည်။

သို့သော် မကြာခင်မှာပင် သူ နားလည်သွားပါ၏။

" သဘောပေါက်ပြီ ... ဒါတွေက ဟိုအဘိုးကြီး ငါ့ကို ယဇ်ပူဇော်ဖို့အတွက် ကြိုပြင်ဆင်ထားတာနဲ့ တူတယ် ။ ဒီဘိုးတော်က အဲ့လောက်အစွမ်းတွေ အများကြီးကို စုထားနိုင်တာလား "

" အစကတော့ ငါက ကျင့်ကြံခြင်း အဆင့်တက်ဖို့အတွက် လုံလောက်တဲ့ စိတ်စွမ်းအင်တွေ ဘယ်မှာရှာရမယ်မှန်း မသိဘူးဖြစ်နေတာ ။ အခုတော့ သူက ငါ့ရှေ့ကို ကိုယ်တိုင်လာပို့ပေးသွားတာ "

" တခြားသူတွေဆို ဒီလောက်ရှုပ်ထွေးတဲ့ အစွမ်းတွေ

ကို စုပ်ယူနိုင်မှာ မဟုတ်ပေမယ့်.. ငါ့ရဲ့ ကောင်းကင်ဘုံအသက်ရှူကျင့်စဥ်ကတော့ ဂရုတောင်စိုက်မယ်မထင်ဘူး "

" ဒီလိုတွေးလိုက်တော့လဲ သခင်ကြီးယွမ်က လူကောင်းပါလား "

လောထျန်း စိတ်ထဲမှ တွေးလိုက်ပြီးနောက် အချိန်ဆွဲမနေဘဲ သူ့ရှေ့တွင် ရှိနေသည့်ပစ္စည်းများအား အမှုန့်ဖြစ်အောင် ထုခွဲလိုက်သည်။

ဝုန်း..

ထို့နောက်တွင်မူ သူ ကောင်းကင်ဘုံအသက်ရှူကျင့်စဥ်ကို သုံး၍ ထိုပစ္စည်းများအား သူ့ကိုယ်ထဲ စုပ်ယူလိုက်တော့၏။

မကြာခင်မှာပင် သူ့ကိုယ်ပေါ်၌ အပြောင်းအလဲများ စဖြစ်လာသည်။

အိုးကြီး၏ အပြင်ဘက်တွင်မူ ...

" ဟင်... အဲ့လောက်အစွမ်းတွေ အများကြီး ထည့်

ထားတာတောင် ဘာမှ ဖြစ်မလာသေးပါလား ။ မှတ်တမ်းတွေထဲကအတိုင်းဆိုရင် ခုချိိန်လောက်ဆို အိုးထဲမှာ အပြောင်းအလဲတွေ ဖြစ်နေသင့်ပြီ မဟုတ်ဘူးလား "

သခင်ကြီးယွမ် မျက်မှောင်ကြုံ့သွား၏။

ထိုစဥ်မှာပင် ..

ဝုန်း ...

အိုးကြီးထံမှ အသံကျယ်တစ်သံ မြည်လာသည်။

ထို့နောက်... အိုးကြီးအား ဖိနှိပ်ထားခဲ့သော .. စိတ်စွမ်းအင် ၊ မသေမျိုးစွမ်းအင် နှင့် နတ်ဆိုးစွမ်းအင်များအားလုံး အိုးကြီးထဲ ဝုန်းခနဲ ဝင်သွားတော့သည်။

" စပြီဟေ့ .. "

သခင်ကြီးယွမ်၏ မျက်လုံးများ အရောင်လက်သွားကြ၏။

" စိတ်ဝိဥာဥ်ပေါင်းစည်းခြင်း စတော့မယ်နဲ့တူတယ် ။

ကောင်းတယ်ကွာ... ကဲ ... ငါလဲ နည်းနည်းကူပေးမယ် "

သူ ပြောပြီး လက်ဖြင့် အစီအမံများစွာ လုပ်လိုက်သည်။

ဝုန်း ... ဝုန်း ... ဝုန်း ... ဝုန်း ..

စိတ်ဝိဥာဥ်မျိုးစေ့ လေးခုလုံး ရုတ်ချည်းကွဲသွားကာ အသန့်စင်ဆုံး စွမ်းအင်အဖြစ်ပြောင်းပြီး အိုးကြီးထဲ ဝင်သွား၏။

" မလုပ်ပါနဲ့ .... "

ပန်းလင်ထံမှ ငိုယိုအော်ဟစ်သံ ထွက်လာသည်။

အိုးကြီးက ဘာဖြစ်နေသည်ကို သူမ နားမလည်နိုင်သည့်တိုင် ၎င်းမှာ ကောင်းသည့်ကိစ္စ မဖြစ်နိုင်ကြောင်းကို သိပါသည်။

သခင်ကြီးယွမ်ကမူ ပြုံးရွှင်လျက် ...

ပန်းလင်၏ အော်သံကိုကြားသောအခါ သူ အပြုံးဖြ

င့် ဆို၏။

" ကောင်မလေး ၊ အဲ့လိုကြီး ဖြစ်မနေစမ်းပါနဲ့ကွာ ။ လောထျန်းက ထျန်းယွမ်ကမ္ဘာကို ကယ်တင်ရင်း သေသွားရတာလေ ။ သူ့အသက်နဲ့ ထျန်းယွမ်ကမ္ဘာရဲ့ အသက်ကို လဲလိုက်တာပဲ... ဒါကောင်းတာ မဟုတ်ဘူးလား "

ပန်းလင် ဒေါသတကြီး ပြန်အော်လိုက်သည်။

" ဒါဆိုရင် ရှင်ကြီးက ဘာလို့မသေလိုက်တာလဲ ။ ရှင်သေသွားရင်လဲ ထျန်းယွမ်ကမ္ဘာကို ကယ်တင်နိုင်မှာလေ "

သခင်ကြီးယွမ် မျက်မှောင်ကြုံ့သွားသည်။

" မဖြစ်ဘူးလေ ... ငါက ရွေးချယ်ခံထားရတဲ့သူကွ ။ ငါတစ်ယောက်တည်းကပဲ ထျန်းယွမ်ကမ္ဘာကို ကယ်တင်နိုင်မှာ ။ လောထျန်းက အဲ့လိုမလုပ်နိုင်သလို တခြားဘယ်သူကမှလဲ မလုပ်နိုင်ဘူး ။ ငါတစ်ယောက်တည်းပဲ လုပ်နိုင်တာ "

" ရှင် ... "

ပန်းလင် လုံးဝ ဆွံ့အသွားရတော့၏။

ထိုအဘိုးကြီးက အမှတ်တကယ် စိတ်လွတ်သွားလေပြီ ။

ထိုစဥ် အိုးကြီးထဲ၌ ...

စိတ်စွမ်းအင်များကို အသည်းအသန် စုပ်ယူနေသော လောထျန်းတစ်ယောက် မျက်လုံးများ ရုတ်တရက်ဖွင့်လိုက်သည်။

" ဟင်... စွမ်းအင်သိပ်သည်းမှုက ဘာလို့ရုတ်တရက်ကြီး တိုးလာတာလဲ ။ ပြီးတော့ ဒီအရောင်အဝါက.... စိတ်ဝိဥာဥ်မျိုးစေ့တွေဆီက လာတာလား ။ ကိစ္စမရှိပါဘူးလေ ... တစ်ခါတည်းစုပ်ယူလိုက်မယ် "

သူ ရေရွတ်ကာ စွမ်းအင်များအား အရှိန်တင်၍ ထပ်စုပ်ယူလိုက်သည်။

All Chapters