← Chapters

လောထျန်း၏ ကောင်းကင်ဘုံပျက်စီးခြင်း

Vol. 51 Ch. 706

လောထျန်း၏ ကောင်းကင်ဘုံပျက်စီးခြင်း

Vol. 51 Ch. 706

ဝုန်း..

တခဏအကြာမှာပင် အိုးကြီးထဲမှ အရောင်အဝါ ပေါက်ကွဲထွက်လာသည်။

ခပ်လှမ်းလှမ်းမှကြည့်နေသော သခင်ကြီးယွမ် စိတ်လှုပ်ရှားသွား၏။

" ဒါ .... စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းရဲ့ အရောင်အဝါလား... ။ စကြဝဠာအသစ်တစ်ခု ဖန်တီးလိုက်သလိုပါပဲလားကွာ ... သိပ်ကောင်းတယ် "

အိုးကြီးထဲမှ အရောင်အဝါက ပိုကြောက်စရာ ကောင်းလေလေ ၊ သူ့ အစီစဥ်ကလည်း ပိုအောင်မြင်လေပင် ။

သူသာ စိတ်ဝိဥာဥ်မျိုးစေ့အသစ်ကို သန့်စင်ပြီးသွားပါက ယခုထက် များစွာပိုကြောက်စရာကောင်းသော အဆင့်သို့ ရောက်သွားပေမည်။

ထိုစဥ်... အိုးကြီးတွင်းရှိနေသော လောထျန်းမှာကား စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပြီး အနည်းငယ်လည်း ထူးဆန်းသလို ခံစားနေရပါ၏။

" ဟုတ်သားပဲ... ပုံမှန်ဆို တုကျဲ့အဆင့်ကို ရောက်တာနဲ့ ကောင်းကင်ဘုံပျက်စီးခြင်းနဲ့ ကြုံရမှာလေ ။ အဆင့်တက်တဲ့သူက ပိုအစွမ်းထက်လေ ၊ ကောင်းကင်ဘုံပျက်စီးခြင်းကလဲ ပိုကြောက်စရာကောင်းလေလို့ ကြားဖူးတယ် "

" ငါ့ရဲ့အစွမ်းနဲ့သာဆို ကောင်းကင်ဘုံပျက်စီးခြင်း မိုးကြိုးတွေကလဲ မခန့်မှန်းနိုင်လောက်အောင် ကြောက်စရာကောင်းမှာပဲ "

" အဲ့ကိစ္စကို ဘယ်လိုလုပ်ရပါ့ ... "

" ထားလိုက်ပါလေ ... တောင်ထိပ်ပေါ် ရောက်သွားရင် လမ်းကတော့ အမြဲရှိတာပဲ ။ ငါ့အစွမ်းနဲ့ဆို.. မိုးကြိုးကြောင့်နဲ့တော့ မသေနိုင်ပါဘူး "

လောထျန်း တွေးကာ မျက်လုံးမှိတ်ပြီး အဆင့်တက်

ရန်ကိုသာ အာရုံအပြည့်စိုက်လိုက်သည်။

ထို့နောက်တွင် ..

ဂျုန်း ...

ကောင်းကင်ယံထက်မှ မိုးထစ်ချုန်းသံများ ထွက်လာတော့သည်။

ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း စတင်စုစည်းလာ၏။

" ဟင် .... "

လေထဲမှ ကောင်းကင်ဘုံပျက်စီးခြင်း တိမ်တိုက်များကို မော့ကြည့်လိုက်သော သခင်ကြီးယွမ် မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းက ကောင်းကင်ဘုံပျက်စီးခြင်းကိုတောင် ဖြစ်စေတာလား ... ထင်ထားသလိုပါပဲလားကွာ ။ ဒါပေမယ့် .... ဒီ ကောင်းကင်ဘုံပျက်စီးခြင်းရဲ့ ပမာဏက သာမာန်လောက်ပဲ... "

သူ ပြောပြီး မေးစေ့ကို လက်ဖြင့်ပွတ်၍ အတွေးများ

နေ၏။

ထိုစဥ်မှာပင်...

ဝုန်း...

ကောင်းကင်ယံထက်မှ ပျက်စီးခြင်းတိမ်တိုက်များက ရုတ်တရက် အဆတစ်သောင်းခန့် ပိုကြီးလာသည်။

တိမ်တိုက်များကြားမှ ဖိအားလည်း အဆတစ်သောင်း ပိုအားကောင်းလာ၏။

ထို ကောင်းကင်ဘုံပျက်စီးခြင်း တိမ်တိုက်များအောက်၌ အသူရာချောက် တစ်ခုလုံး အပိုင်းပိုင်း ပျက်စီးသွားတော့မယောင် ...

အသူရာချောက်တွင် ရှိနေကြသော မိစ္ဆာဝိဥာဥ်များမှာလည်း ဖိအားကြီးကို ကြောက်လွန်း၍ မြေပြင်တွင်ပြားပြားဝပ်ကာ အော်ဟစ်ငြီးတွားကုန်ကြသည်။

ထိုစဥ် မြောက်ပိုင်းဒေသ ၊ ပျောင်ပိုင်မြို့၌ ...

မိုယွိနှင့် နျိုထျဲ့ချူတို့ နှစ်ယောက်သား မြို့ရိုးပေါ်တက်ကာ.. တောင်ဘက်အရပ်ရှိ ကောင်းကင်ယံရှိ ကောင်းကင်ဘုံပျက်စီးခြင်း တိမ်တိုက်များအား မျက်နှာတည်များဖြင့် ကြည့်နေကြ၏။

" အဲ့ဒါ ဘာကြီးလဲ ... နင်တို့ထျန်းယွမ်ကမ္ဘာမှာ အဲ့လိုမျိုးလဲ ရှိတာလား "

မိုယွိ မေးလိုက်သည်။

" ကျွန်မလဲ မသိဘူး.. ဒါမျိုးကို ခုမှ ပထမဆုံးမြင်ဖူးတာ "

နျိုထျဲ့ချူ ပြန်ဖြေသည့်အသံမှာလည်း ကြောက်ရွံ့မှုကြောင့် တုန်နေရှာသည်။

မိုယွိ မျက်နှာကြီးသုန်မှုန်သွားကာ ပြော၏။

" ဒီအရောင်အဝါက... ကြောက်စရာကောင်းလွန်းတယ် ။ အားလုံးကို လျှို့ဝှက်ဒေသထဲမှာ ပုန်းနေကြဖို့ သွားပြောလိုက် ။ အဲ့ဒါကြီးသာ ဒီဘက်ရောက်လာရင် အားလုံး သေကုန်ကြလိမ့်မယ် "

" ဟုတ်ကဲ့ "

နျိုထျဲ့ချူမှာလည်း သတိလက်လွတ် မနေရဲဘဲ ချက်ချင်းလှည့်ထွက်သွားသည်။

အခြားတဖက် ယောင်ချီ၌ ....

တစ်ကိုယ်တည်း ကျင့်ကြံနေသော ယောင်ချီ နတ်ဘုရားသခင်မကြီး၏ မျက်လုံးများ ရုတ်တရက်ပွင့်လာကာ လေထဲသို့ ချက်ချင်းပျံတက်လိုက်သည်။

" ယောင်ချီကို ဘယ်သူ ကျူးကျော်နေတာလဲ "

သူမ လေသံမာမာဖြင့် အော်လိုက်၏။

သို့သော်.. ထိုစဥ်မှာပင် အရောင်အဝါက မြောက်ဘက်ပိုင်းမှ လာနေသည်ကို သူမ သတိထားမိသွားသည်။

" ဒါ ... "

သူမ တုန်လှုပ်သွား၏။

ထိုစဥ် ဝူလျန်နန်းတော်၌လည်း ...

ချင်းဝူချုံ လေထဲသို့ ဝုန်းခနဲ ပျံတက်လိုက်သည်။

သူ့ဘေးတွင်လည်း ဝူလျန်နန်းတော်တွင် ယာယီနေထိုင်နေသော သွမ့်ချန်ချိုး ရှိနေ၏။

ထိုကမ္ဘာပေါ်မှမသေမျိုး နှစ်ယောက်လုံး မြောက်ဘက်ပိုင်းသို့ ကြည့်လိုက်ကြသည်။

" အသူရာချောက် ဘက်ကလား.. "

ချင်းဝူချုံ ပြော၏။

သွမ့်ချန်ချိုးက ဓားကို လက်ထဲခပ်တင်းတင်းဆုပ်၍ ဆိုသည်။

" အဲ့ဘက်က လာတာတော့ အမှန်ပဲ ... မဟုတ်မှလွဲရော.. ဟိုကောင်ကြီး အချုပ်အနှောင်ကနေ လွတ်သွားတာများလား "

ချင်းဝူချုံ ခေါင်းညိတ်လိုက်၏။

" ဖြစ်နိုင်တယ်ကွ ။ ပြဿနာက အလုံးအရင်းနဲ့ကို လာတာပါလားကွာ... ထျန်းမင်ကမ္ဘာ ပြဿနာကိုတောင် မရှင်းရသေးဘူး ၊ အခု အသူရာချောက်က ပြဿနာထဖြစ်ပြန်ပြီ ။ ဒါပေမယ့် သခင်လေးလောထျန်းနဲ့ဆို အဆင်ပြေလောက်မှာပါလေ.. ဟုတ်တယ်မလား "

သူ ပြောကာ သွမ့်ချန်ချိုးအား ကြည့်လိုက်သည်။

သို့သော်.. သွမ့်ချန်ချိုး၏လက် အနည်းငယ် တုန်လာပါ၏။

သွမ့်ချန်ချိုး ခေတ္တမျှ ငြိမ်နေပြီးမှ ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ပြောသည်။

" ကိုယ့်ကိုကိုယ် ဘာလို့လိမ်နေဦးမှာလဲကွာ ။ အဲ့ ကောင်းကင်ဘုံပျက်စီးခြင်း တိမ်တိုက်တွေရဲ့ အလယ်ကဖိအားက သခင်လေးလောထျန်းထက် အများကြီး ပိုကြောက်စရာကောင်းတာကို မင်းလဲ အာရုံခံနိုင်နေမှာပဲ "

ချင်းဝူချုံမှာလည်း မည်သို့မှ ပြန်မပြောနိုင်ဘဲ ကူကယ်ရာမဲ့ မျက်နှာကြီးသာ ဖြစ်သွားတော့၏။

သူသည်လည်း ၎င်းကို အာရုံခံမိသည် မဟုတ်ပါလား ။

အကယ်၍ လောထျန်းသာ ဤနေရာတွင် ရှိနေပါက သူတို့နှစ်ယောက်အား အော်ရယ်မည် မလွဲပေ ။

ထိုစဥ် အသူရာချောက်၌ ...

ရုတ်တရက် တိုးလာသော မိုးကြိုးတိမ်တိုက်များနှင့် ကြောက်မက်ဖွယ် ဖိအားကြီးကိုကြည့်ရင်း သခင်ကြီးယွမ် မှင်သက်မိသွားသည်။

သူ အစောကလေးတင် ပျက်စီးခြင်းတိမ်တိုက်များအား မထူးခြားဟုပြောပြီး ရယ်နေခဲ့ချိန်၌... ယခုလို ချက်ချင်းကြီး ပြောင်းလဲသွားသတဲ့လား ။

သို့သော် တခဏအကြာမှာပင် သူ အသိပြန်ဝင်လာပါသည်။

" ငါ ဆိုတဲ့ အဘိုးကြီးက ထျန်းယွမ်ကမ္ဘာကို ကယ်တင်ဖို့အတွက် စိတ်ဝိဥာဥ်တွေပေါင်းစည်းဖို့ အများကြီး အဆုံးရှုံးခံပြီး ကြိုးစားထားခဲ့တာ ။ ဘယ်လို ရှုံးနိမ့်မှုမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူး ။ ကောင်းကင်ဘုံက ဖျက်ဆီးချင််တယ်ဆိုရင်တောင် ... ငါ ကောင်းကင်ဘုံရဲ့ ဆန္ဒကို အာခံမယ် "

" ဒီနေ့ ... မင်းတို့ ကောင်းကင်ဘုံရဲ့မိုးကြိုးတွေ အိုး

ကြီးကို ထိဖို့တောင် မစဥ်းစားနဲ့ "

သူ ထိုသို့ပြောပြီးသည်နှင့် လေထဲချက်ချင်းပျံတက်ကာ အိုးကြီးရှေ့မှ ကာထားလိုက်သည်။

" ကောင်းကင်ဘုံရဲ့အစွမ်းတွေ ၊ မဟာလမ်းစဥ်တွေ ဘာမှအရေးမကြီးဘူး ။ ဒီနေ့တော့ ငါ ကောင်းကင်ဘုံကို ဆန့်ကျင်မယ် ။ လမ်းစဥ်ကိုလဲ ဖျက်ဆီးပစ်မယ် "

သူ အော်လိုက်သည်။

ထိုစဥ်..

ဘုန်း ..

မိုးကြိုးလျှပ်စီးတစ်ခု သခင်ကြီးယွမ်ပေါ် ကျလာသည်။

အသံကျယ် တစ်သံနှင့်အတူ သခင်ကြီးယွမ်၏ ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွား၏။

သွေးများလည်း ကောင်းကင်ယံတခွင် ပြန့်ကျဲသွား

သည်။

သို့သော်.. သူ တိုက်ခိုက်မှုကိုမူ တားလိုက်နိုင်ပါသည်။

" အဟွတ်... အဟွတ်... "

တခဏအကြာမှာပင် သခင်ကြီးယွမ်၏ ခေါင်းဆိုးသံ ထွက်လာကာ ပြိုကွဲသွားသော အသွေး၊အသားများနှင့် ပြန့်ကျဲသွားသော သွေးများပါ ပြန်စုစည်းသွားကြ၏။

သူ့ခန္ဓာကိုယ်လည်း ယခင်အတိုင်း ပြန်ဖြစ်လာသည်။

" ကောင်းကင်ဘုံပျက်စီးခြင်း ဆိုတဲ့အတိုင်း.. တကယ်ကြောက်စရာကောင်းတာပဲ ။ ဒါပေမယ့် ငါကလဲ ခန္ဓာကိုယ်အသွင်ပြောင်းထားပြီးသားမို့ မသေမျိုးခန္ဓာကိုယ် ဖြစ်နေပြီလေ "

သူ ခေါင်းမော့ရင်ကော့၍ ပြောလိုက်သည်။

ဂျုန်း..

ထိုစဥ်မှာပင် ဒုတိယမြောက်မိုးကြိုး ထပ်ကျလာ

ပြန်၏။

ဤတစ်ကြိမ်မိုးကြိုးက ယခင်ထက်ပင် ပိုအားကောင်းသဖြင့်... သခင်ကြီးယွမ်၏ ခန္ဓာကိုယ် ချက်ချင်း ပြာအဖြစ်ပြောင်းသွားတော့သည်။

သို့သော်.. မသေမျိုးခန္ဓာကိုယ် ဖြစ်နေသဖြင့် သူ ချက်ချင်းပြန်ကောင်းသွားပါ၏။

သို့တိုင်... ဤတစ်ကြိမ်တွင် သူ့မျက်နှာ လွန်စွာဖြူရော်နေတော့သည်။

" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဒုတိယမိုးကြိုးပဲ ရှိသေးတာတောင် အဲ့လောက်အစွမ်းထက်တာလား ။ တတိယမိုးကြိုးသာ ကျလာရင် ငါ့ရဲ့ ဒဏ်ရာပြန်ကုနိုင်တဲ့ ပမာဏကို ကျော်ပြီး သတ်တောင်သတ်ပစ်နိုင်မလား မသိဘူး ။ အဲ့လိုသာဆိုရင်တော့ ... "

သခင်ကြီးယွမ် ရင်ထဲ ကြောက်စိတ်တို့ ကြီးစိုးလာ၏။

" ဒီတစ်နည်းပဲ ရှိတော့တာ... . "

သူ ပြောပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ ကျိုးပဲ့နေသော စိတ်ဝိဥာဥ်မျိုးစေ့ ရာကျော်ကို ထုတ်လိုက်သည်။

" အစကတော့ ဒီ အသုံးမကျတဲ့ဟာတွေကို လွင့်ပစ်မလို့ပဲ ။ ဒါပေမယ့် အခု ဒါတွေအားလုံးကို သန့်စင်ပြီး ငါ့အစွမ်းတိုးအောင် လုပ်ရုံပဲ ရှိတော့တာ ။ အဲ့လိုလုပ်တာ အန္တရာယ်တော့များတယ် ဆိုပေမယ့် ၊ စိတ်ဝိဥာဥ်အားလုံး ပေါင်းစည်းဖို့အတွက်ဆို.. အားလုံးတန်ပါတယ် "

သူ တွေးပြီး စိတ်ဝိဥာဥ်မျိုးစေ့ တစ်ဝက်လောက်ကို ပါးစပ်ထဲထည့်လိုက်၏။

ဝုန်း ...

သူ့ကိုယ်ထဲတွင် ပေါက်ကွဲမှုတစ်ခု ချက်ချင်းဖြစ်သွားသည်။

သူ့ခန္ဓာကိုယ် တစ်ဝက်မှာလည်း ပုံပြောင်းလာပြီး ဧရာမလူထွားကြီး တစ်ယောက်သဖွယ် ဖြစ်လာ၏။

သို့သော်... ထို ဧရာမကိုယ်ပေါ်၌ မရေမတွက်နိုင်သော အော်ဟစ်ငိုကြွေးနေသည့် မျက်နှာများရှိနေကာ သူ့ကိုယ်မှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေကြသည်။

သခင်ကြီးယွမ် ၎င်းကိုကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" အတ္တကြီးတဲ့ကောင်တွေက ငါ့ကို သစ္စာဖောက်ချင်နေကြတယ်ပေါ့လေ ။ ပြန်လာခဲ့စမ်း "

ဝုန်း...

ထိုမျက်နှာများ တမဟုတ်ချင်း ပျောက်ကွယ်သွားကာ ဧရာမဖြစ်နေသော သူ့ခန္ဓာကိုယ်တစ်ခြမ်းလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သခင်ကြီးယွမ်၏ အရောင်အဝါလည်း အဆများစွာပင် တိုးလာ၏။

ဂျုန်း .

ထိုစဥ်မှာပင် တတိယမိုးကြိုး ကျလာသည်။

အွတ်...

ဤတစ်ကြိမ်တွင်မူ.. သခင်ကြီးယွမ်တစ်ယောက် သွေးသာအန်သွားပြီး သူ့ခန္ဓာကိုယ် ပျက်စီးမသွားခဲ့ပါ ။

" ဟား ဟား ၊ သိပ်ကောင်းတယ်ကွာ ။ ငါ ဒီကောင်းကင်ဘုံပျက်စီးခြင်း မိုးကြိုးနဲ့ နည်းနည်းအသားကျလာပြီ "

သို့သော်.. ထိုတခဏမှာပင် သူ့မျက်နှာထား ရုတ်ချည်းပြောင်းသွားသည်။

" ဟင်.... ဒါက... "

သူ တီးတိုးရေရွတ်လိုက်၏။

All Chapters