← Chapters

လောထျန်း၏ ကောင်းကင်ဘုံပျက်စီးခြင်း ( အပိုင်း 3)

Vol. 51 Ch. 707

လောထျန်း၏ ကောင်းကင်ဘုံပျက်စီးခြင်း ( အပိုင်း 3)

Vol. 51 Ch. 707

ကောင်းကင်ယံထက်ရှိ မိုးကြိုးတိမ်တိုက်များကြား၌ မရေမတွက်နိုင်သော လျှပ်စီးများက မျက်နှာတစ်ခုအဖြစ် ရောယှက်လာသည်ကို သူ တွေ့လိုက်ရသည်။

၎င်းမှာ ကမ္ဘာကြီးအား ငုံ့ကြည့်နေသည့် နတ်ဘုရားတစ်ပါးလိုပါပင် ။

ထိုမျက်နှာကို ကြည့်နေသော သခင်ကြီးယွမ်၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုတို့ ပြည့်လာ၏။

တဖက်မှ မျက်နှာမှာလည်း သူ့အား သံသယမကင်းသည့် အကြည့်ဖြင့် ကြည့်နေသည်။

၎င်းမျက်နှာမှာ တစ်စုံတစ်ခုကို ရှာနေဟန်တူပြီး... နေရာမှား၍ ရှာနေမိပုံလည်း တူကာ... ရုတ်တရက် မျက်နှာကြီး အေးစက်၍ ဒေါသထွက်သွားဟန် တူ၏။

ဝုန်း..

ထို့နောက် မျက်နှာကြီးထဲမှ မိုးကြိုးလျှပ်စီးတို့ဖြင့် ရောယှက်ထားသော လက်တစ်ဖက် ဆန့်ထွက်လာကာ သခင်ကြီးယွမ်အား ဖမ်းဆုပ်လိုက်သည်။

ဤတစ်ကြိမ် ဖိအားမှာလည်း ယခင်ထက် အဆများစွာပင် ပိုသာပြီး ကြောက်စရာကောင်းလှပါ၏။

" ဒါ ... "

သခင်ကြီးယွမ်မှာ တဖြည်းဖြည်းကျလာသော လက်ကြီးကို မော့ကြည့်ရင်း ရင်တစ်ခုလုံး လေးလံသွားသည်။

ထိုလက်ကြီးထဲတွင် ပါဝင်သော အစွမ်းမှာ အားကောင်းလှပါတကား ..

အကယ်၍သာ သူ ထိုလက်ကြီးကို ရှောင်လိုက်ပါက သူ့နောက်ရှိ စိတ်ဝိဥာဥ်မျိုးစေ့နှင့် အိုးကြီးတို့မှာ သေချာပေါက် ဖျက်ဆီးခံရပေလိမ့်မည် ။

သူ ၎င်းကို မည်သို့မှ လက်မခံနိုင်ပါ ။

" ဘယ်တတ်နိုင်မလဲလေ... တိုက်ခိုက်ရုံပဲ ရှိတော့တာပေါ့ "

သခင်ကြီးယွမ် လက်ယမ်းပြီး ကျန်နေသေးသော စိတ်ဝိဥာဥ်မျိုးစေ့များအား မြိုလိုက်တော့သည်။

ဝုန်း..

သူ့ခန္ဓာကိုယ် ပြောင်းလဲသွားပြန်ပြီး .. သူ့တစ်ကိုယ်လုံး အမုန်းတို့ပြည့်နေသည့် စိတ်ဝိဥာဥ်အစုအဖြစ် ပြောင်းသွားဟန်တူ၏။

သို့သော် သူ့မျက်လုံးများက တင်းမာနေဆဲဖြစ်ကာ သူ့စိတ်ဝိဥာဥ်အစွမ်းလည်း ထပ်တိုးလာသည်။

" ပါးစပ်ပိတ်ထားကြ "

အမုန်းတို့ပြည့်နေသည့် စိတ်ဝိဥာဥ်များ ရုတ်ချည်း ပျောက်ကွယ်သွားကြသည်။

သခင်ကြီးယွမ်၏ အရောင်အဝါလည်း အံ့မခန်းပမာဏအထိ ထပ်တိုးသွား၏။

" တော်တော်အားပြင်းတဲ့ အစွမ်းပဲ ။ ဒီအစွမ်းကို စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းအစွမ်းနဲ့တောင် ယှဥ်လို့ရမယ်ထင်တယ် ။ ငါ ဝါးမြိုခဲ့တဲ့ စိတ်ဝိဥာဥ်မျိုးစေ့တွေက လိုအပ်ချက်တွေ ရှိနေတော့ ဒီအစွမ်းကြာကြာမခံနိုင်တာ တစ်ခုလေးပဲ ပြဿနာရှိတာ ။ တကယ်လို့ ငါသာ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းရဲ့ အစွမ်းပြည့်ကို လိုချင်ရင် တကယ့်ကို ပြီးပြည့်စုံတဲ့ စိတ်ဝိဥာဥ်မျိုးစေ့ကို သန့်စင်မှပဲဖြစ်မှာ "

သခင်ကြီးယွမ် တွေးလိုက်သည်။

တဖက်မှ ပန်းလင်မှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ တုန်လှုပ်နေရှာ၏။

" သူက အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်တွေအများကြီးကို ဝါးမြိုလိုက်တာပဲ ။ တကယ်လို့ သာမာန်လူတစ်ယောက်သာဆိုရင် ချက်ချင်းရူးသွားမှာ သေချာတယ် ။ ဒါပေမယ့် အဲ့လူကြီးကတော့ စိတ်ဝိဥာဥ်တွေအားလုံးကို ဖိနှိပ်ထားနိုင်တာလား ... ဒီလူကြီးက

ဟိုးရှေးခေတ်ကတည်းက ထျန်းယွမ်ကမ္ဘာရဲ့ အစွမ်းထက်ဆုံး စိတ်ဝိဥာဥ်ပညာရှင်ကြီးတစ်ယောက် ပီသပါပေတယ် "

သူမ ထိုသို့တွေးပြီး ပိုပို၍ စိတ်ဓာတ်ကျသွားသည်။

ရန်သူမှာ အစွမ်းထက်လှပေသည်။

ထိုစဥ်မှာပင် လေထဲမှ မိုးကြိုးလက်ကြီးက အောက်ကျလာလေပြီ ။

ထိုတခဏ၌ ကြောက်မက်ဖွယ် ဖိအားကြီးက အသူရာချောက် တစ်ခုလုံးအား လုံးဝ ဖိခြေပစ်တော့မယောင်ပါပင် ။

ထိုစဥ် သခင်ကြီးယွမ်မှာ လက်တစ်ဖက် လေထဲဆန့်နေကာ ဓားတစ်လက်ကို ဆွဲထုတ်နေသည့် အသွင်ရှိ၏။

" စိတ်ဝိဥာဥ်ပေါင်းစည်း ဓား "

သူ့ အော်သံကျယ်နှင့်အတူ အသူရာချောက်တစ်ခု

လုံး ဓားအိမ်အဖြစ် ပြောင်းသွားဟန်တူသည်။ ထိုနေရာရှိ မရေမတွက်နိုင်သော မိစ္ဆာဝိဥာဥ်များ ပြိုကွဲသွားပြီး.. စိတ်ဝိဥာဥ်အလင်းတန်းအဖြစ် ပြောင်းကာ သခင်ကြီးယွမ်လက်ထဲ ရောက်လာသည်။

နောက်ဆုံးတွင်မူ ၎င်းတို့က ကြောက်မက်ဖွယ်ဓားတစ်လက်အဖြစ် ပြောင်း၍ လေထဲသို့ ခုတ်ဖြတ်လိုက်သည်။

" သူ့မှာ အဲ့လိုအစီစဥ်မျိုး ရှိထားတာလား "

ပန်းလင် ရင်တစ်ခုလုံး ဗြောင်းဆန်သွားရပြန်၏။

ဘုန်း...

ထိုစဥ်မှာပင် အစွမ်းနှစ်ခု ထိပ်တိုက်တွေ့ကာ .. ထျန်းယွမ်ကမ္ဘာတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတော့သည်။

ထိုတခဏ၌ ထျန်းယွမ်ကမ္ဘာကြီး တစ်ခုလုံး ဖျက်ဆခံရတော့မလိုပင် ပန်းလင် ခံစားလိုက်ရ၏။

သိူ့သော် အချိန်အတန်ငယ် အကြာတွင်မူ အစွမ်းနှစ်ခုလုံး အားနည်းလာကာ..

ကောင်းကင်ယံရှိ ပျက်စီးခြင်းတိမ်တိုက်များလည်း တဖြည်းဖြည်း သေးငယ်လာပြီး ဖိအားလည်း လျော့ကျလာသည်။

မိုးကြိုးလျှပ်စီးတို့ ရောယှက်နေသည့် မျက်နှာကြီးမှာလည်း ဆက်တောင့်ခံနိုင်တော့ဟန် မတူပါချေ ။

သခင်ကြီးယွမ်မှာလည်း အခြေအနေ ထူးပြီးမကောင်းလှပါ ။

သူ့လက်ထဲရှိ ဓားက အသူရာချောက်ထဲမှ မိစ္ဆာဝိဥာဥ်များ၏ အစွမ်းကိုသာမက သူ့အသက်အစွမ်းကိုပါ စုပ်ယူဝါးမြိုနေပါ၏။

ထို့ကြောင့်.. တခဏအတွင်းမှာပင် သူ့ရုပ်ရည် များစွာအိုစာသွားကာ.. သူ့အသားအရေလည်း ခြောက်ကပ်ပြီး အချိန်မရွေး လဲကျတော့မလို ဖြစ်နေပါတော့သည်။

၎င်းကိုကြည့်နေသော ပန်းလင် နားလည်သွား၏။

" ထျန်းယွမ်ကမ္ဘာရဲ့ ကမ္ဘာအဆင့်က လုံလောက်အောင် မကောင်းသေးတော့ ၊ ဒါ.. ကောင်းကင်ဘုံပျက်စီးခြင်းရဲ့ အကန့်အသတ် ပမာဏပဲ ။ သခင်ကြီးယွမ်က ဒီလောက်ပမာဏအထိ ခုခံနိုင်တာတောင် တော်တော်ကြောက်စရာ ကောင်းနေပြီ ။ ဒါပေမယ့်.. ကြည့်ရတာ သူလဲ လုပ်နိုင်စွမ်းအဆုံးသတ်ကို ရောက်ခါနီးပြီနဲ့တူတယ် ။ ခုချိန်က သူ့ကိုသတ်ဖို့ အကောင်းဆုံးပဲ "

သူမ ထိုသို့တွေးပြီး အိပ်မောကျနေဆဲဖြစ်သော နတ်ဆိုးဧကရာဇ်လီဘက် လှည့်ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းများ မဲ့သွား၏။

ထိုကောင်က ယခုလိုအခြေအနေမျိုးတွင်ပင် အိပ်နေနိုင်သေးသတဲ့လား ။

" လီလေး... "

ပန်းလင် မျက်လုံးမှိတ်၍ စိတ်စွမ်းအင်အသံလှိုင်းလွှင့်ကာ ခေါ်လိုက်သည်။

" ဟင်... မနက်ရောက်သွားပြီလား "

ထိုစဥ်မှသာ နတ်ဆိုးဧကရာဇ်လီ နိုးလာပြီး

အိပ်ချင်မူးတူးဟန်ဖြင့် မျက်လုံးများ ပွတ်လိုက်၏။

သို့သော်.. ချက်ချင်းမှာပင် သူ ဝုန်းခနဲ ထခုန်မိသွားသည်။

" ဟို ဝမ်ဟွန်းကွေ့ယီဂိုဏ်းကကောင် ဘယ်ရောက်သွားပြီလဲ "

သူ လေသံမာမာဖြင့် အော်၏။

ပန်းလင် အံကြိတ်၍ ပြန်ပြောလိုက်သည်။

" သူက ကောင်းကင်ဘုံပျက်စီးခြင်းကို ခုခံနေတာ ။ သခင်လေးလောထျန်းလဲ သူ့ကြောင့် ချုပ်နှောင်ခံထားရတယ် ။ အခုလောက်ဆို သခင်လေး အန္တရာယ်ထဲ ရောက်နေလောက်ပြီ ။ ဒါပေမယ့်.. ကြည့်ရတာ သခင်ကြီးယွမ်က သူ့လုပ်နိုင်စွမ်း အဆုံးသတ်ကို ရောက်သွားတဲ့ပုံဆိုတော့ အခုက သူ့ကိုသတ်ဖို့ အကောင်းဆုံးအခွင့်ရေးပဲ ။ သူ့ကို သွားသတ်လိုက် "

နတ်ဆိုးဧကရာဇ်လီမှာ လတ်တလော ဘာတွေဖြစ်နေသည်ကို သေချာနားမလည်သည့်တိုင် ပန်းလင်၏ နောက်ဆုံးစကားကို သေချာပင် ကြားလိုက်ပါ၏။

" အဘိုးကြီး ၊ ခင်ဗျားက ထျန်းယွမ်ကမ္ဘာမှာ ဖြစ်ခဲ့တဲ့ အရှုပ်အထွေးတွေရဲ့ အဓိကတရားခံပဲ ။ ကျုပ်ရဲ့ ဂိုဏ်းသားမိတ်ဆွေတွေအတွက်ရော ၊ ကျုပ်ကိုယ်တိုင်အတွက်ရော လက်တုန့်ပြန်တဲ့အနေနဲ့ ခင်ဗျားကြီးကို သတ်ပစ်မယ် "

နတ်ဆိုးဧကရာဇ်လီ ရေရွတ်လိုက်ပြီးနောက် လေထဲဝုန်းခနဲ ပျံတက်၍ သခင်ကြီးယွမ်အား တိုက်ခိုက်လိုက်သည်။

ထိုတိုက်ခိုက်မှုထဲ၌ သူ့အစွမ်းအားလုံး သုံးထားသည့်အတွက် အလွန်လည်း အားကောင်းလှပါ၏။

ထိုစဥ်မှာပင် ..

ဘုန်း...

လေထဲမှ မိုးကြိုးအစွမ်းများ အားကုန်သွားပြီး ..

မိုးကြိုးလျှပ်စီးတို့ ရောယှက်နေသော မျက်နှာကြီးနှင့် ပျက်စီးခြင်းတိမ်တိုက်များ တစ်ပြိုင်နက်တည်း

ပျောက်ကွယ်သွားကြသည်။

" အင် ... "

ထိုစဥ် မိုးကြိုးလက်ကြီးမှ လွတ်သွားသညွ သခင်ကြီးယွမ်မှာလည်း နတ်ဆိုးဧကရာဇ်လီ ပြေးဝင်လာသည်ကို တွေ့သွား၏။

သူ့မျက်လုံးထဲ၌ ဒေါသရိပ်များ ဖျတ်ခနဲလက်သွားသည်။

" မင်းလိုကောင်က ငါ့ကို တားရဲတယ်ပေါ့လေ ။ ငါက ထျန်းယွမ်ကမ္ဘာရဲ့ ကယ်တင်ရှင်ကွ "

သူ အော်ပြောပြီး နတ်ဆိုးဧကရာဇ်လီအား လက်ဖြင့်ရိုက်ချလိုက်၏။

ဘုန်း...

သူ့လက်ဝါးချက် ထွက်လာသည်နှင့်.. မရေမတွက်နိုင်သော စိတ်ဝိဥာဥ်များ လက်ဝါးထဲမှ တိုးထွက်လာကြသည်။

" အင်.... "

နတ်ဆိုးဧကရာဇ်လီ လန့်သွားချိန်မှာပင် ထိုလက်ဝါးအစွမ်းနှင့် တိုက်မိသွား၏။

ဝုန်း...

သူ ချက်ချင်း နောက်လွင့်ထွက်သွားကာ သူ့တစ်ကိုယ်လုံး တွန့်လိမ်ပြီး အရိုးများစွာလည်း ကျိုးကုန်ကြသည်။

သို့သော် တဖက်မှ သခင်ကြီးယွမ်မှာလည်း အ​ခြေနေ မဟန်လှပါ ။

သူသည် မိုးကြိုးလက်ကြီးနှင့် ရင်ဆိုင်နေစဥ်ကတည်းက လုပ်နိုင်စွမ်း အကန့်သတ်ကို ရောက်ထားခဲ့သည့်အတွက်.. ယခု လက်ဝါးအစွမ်းအား ထပ်ထုတ်ပြီးချိန်၌ သူ့ကိုယ်ထဲမှ အမုန်းတရားတို့ပြည့်နေသည့် စိတ်ဝိဥာဥ်များအား ဆက်မချုပ်နှောင်နိုင်တော့ပါချေ ။

ထိုတခဏ၌ သူ့လက်တစ်ဖက်က သားရဲကြီးတစ်ကောင်အသွင် ပြောင်းလာ၏။

" ရပ်စမ်းကွာ "

သခင်ကြီးယွမ် ဒေါသတကြီးအော်ပြီး ထိုစိတ်ဝိဥာဥ်များအား ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

သို့သော်... ယခင် ဓားချက်၌ သူ့အစွမ်းကို များစွာထည့်သုံးထားရသဖြင့် ထို စိတ်ဝိဥာဥ်များအား မဖိနှိပ်နိုင်တော့ပါချေ ။

၎င်းအထိန်းချုပ်မဲ့ စိတ်ဝိဥာဥ်များက သူ့တစ်ကိုယ်လုံးသို့ပင် ပျံ့လာတော့မည့်ဟန် တူသဖြင့် သခင်ကြီးယွမ် ဆုံးဖြတ်ချက် မြန်မြန်ချပြီး သူ့လက်ကို ကျန် လက်ဝါးတစ်ဖက် ရိုက်​ဖြတ်လိုက်ရတော့သည်။

ဘုန်း..

ထိုလက်နှင့်အတူ အထိန်းချုပ်မဲ့ စိတ်ဝိဥာဥ်များအားလုံး ဖျက်ဆီးခံလိုက်ရပါ၏။

" ထျန်းယွမ်ကမ္ဘာရဲ့ ကယ်တင်ရှင်တစ်ယောက်ဖြစ်တဲ့ ငါ့ကို အာခံရင် ဒီရလဒ်မျိုးပဲ ရမယ် "

သခင်ကြီးယွမ် အမောဖောက်နေသည့်ကြားမှ ပြော

လိုက်သည်။

ပန်းလင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ကူကယ်ရာမဲ့နေရှာတော့၏။

ထိုအဘိုးကြီးက ဤမျှအစွမ်းအများကြီး ကျန်နေသေးသတဲ့လား ။

နတ်ဆိုးဧကရာဇ်လီသည်ပင် သူ့ကြောင့် ဒဏ်ရာဆိုးရွားစွာ ရသွားခဲ့ရလေပြီ ။

ဝီ ....

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းရှိ အိုးကြီးဆီမှ တောက်ပသော အလင်းတန်းတစ်ခု လက်လာကာ အရာအားလုံး ပြန်ငြိမ်ကျသွားသည်။

အိုးကြီး၏ ဘေးပတ်လည်တွင် ရှိနေခဲ့သော ရှုပ်ထွေးသည့် အရောင်အဝါများနှင့် စိတ်ဝိဥာဥ်မျိုးစေ့အစွမ်းလည်း ပျောက်ကွယ်သွားတော့၏။

အရာအားလုံး ဘာမှ မဖြစ်ခဲ့ဖူးသလိုပါပင်...

သခင်ကြီးယွမ် ရုတ်တရက် တစ်ကိုယ်လုံးတုန်ကာ.. အမည်းရောင်သွေးများ အန်သွားသည်။

သူ့ရုပ်သွင်မှာလည်း များစွာ ပိုအိုစာသွား၏။

သို့သော်.. သူ့မျက်လုံးများကမူ စိတ်လှုပ်ရှားမှုတို့ဖြင့် အရောင်လက်နေပြီး ..

အိုးကြီးဆီသို့ တစ်လှမ်းချင်း လျှောက်သွားကာ တီးတိုးရေရွတ်လိုက်သည်။

" ငါ့ရဲ့ စိတ်ဝိဥာဥ်မျိုးစေ့ လေး... စိတ်ဝိဥာဥ်အားလုံး ပေါင်းစည်းပေးမယ့် စိတ်ဝိဥာဥ်မျိုးစေ့ အစစ်လေး နောက်ဆုံး ပုံပေါ်သွားပြီလား။ ငါ့ရဲ့ ရည်မှန်းချက် ပြည့်တော့မှာပေါ့ကွာ "

သူ ပြောနေရင်းမှာပင် အိုးကြီးရှေ့ ရောက်သွားကာ အိုးပေါ်သို့ လက်တစ်ဖက်တင်ရန် ပြင်လိုက်၏။

သို့သော်.. ထိုစဥ်တွင်...

ဂလောက်...

အိုးကြီး၏ အဖုံးအား အတွင်းဘက်မှ ဖွင့်လိုက်ပါ၏။

All Chapters