← Chapters

အခန်း (၇၀၉)

Vol. 51 Ch. 709

အခန်း (၇၀၉)

Vol. 51 Ch. 709

လောထျန်း ထိုသို့ရေရွတ်ပြီးသည်နှင့် စကျင့်ကြံလိုက်၏။

သူ ကျင့်ကြံသည့် သိုင်းကွက်များမှယ အလွန်ရိုးရှင်းပုံ ပေါ်သည့်တိုင် ... သူ့လှုပ်ရှားမှုတိုင်းက တာအိုအစွမ်းနဲ့ တစ်သားတည်း ဖြစ်နေပါသည်။

ဝုန်း...

လောထျန်း တမင်မလုပ်ရပါဘဲ အရှုပ်အထွေးခန္ဓာကိုယ် အသက်ဝင်လာ၏။

သူ့နောက်ရှိ အရှုပ်အထွေးအရိပ်ကြီးမှာလည်း ထင်ရှားရှင်းလင်းလှပါသည်။

" အင်း.... တုကျဲ့အဆင့်က ခန္ဓာကိုယ်သန့်စင်နည်းက တကယ်လဲ ထူးခြားတာပဲ ။ ထူးခြားစိတ်စွမ်းအင်ပင်လယ်ကို အသက်မသွင်းပဲနဲ့တောင် အရိပ်ကြီးက တော်တော်ကောင်းနေပြီ ။ ဒါတောင် ခုထိ ကျင့်ကြံ

လို့ မပြီးသေးဘူး "

လောထျန်း နောက်လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ကျင့်ကြံလိုက်၏။

ဝုန်း...

သူ ကောင်းကင်ဘုံ ခန္ဓာကိုယ်သန့်စင်နည်းအား ကျင့်ကြံပြီးချိန်တွင်ကား ... သူ့ခန္ဓာကိုယ် ထပ်ပြောင်းသွားပြန်သည်။

လောထျန်းနောက်မှ အရိပ်မှာလည်း သူ့ကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်လာသည့်အတွက် မည်သည်ကအစစ် ၊ အတု ကိုပင် ခွဲရန် မလွယ်တော့ချေ ။

လောထျန်းကိုယ်တိုင်သည်လည်း ခေါင်းသုံးလုံး ၊ လက်​ခြောက်ဖက်နှင့် လူတစ်ယောက်ဖြစ်လာကာ လက်တစ်ဖက်စီတိုင်းတွင်လည်း လက်နက်တစ်ခုစီ ကိုင်ထား၏။

" ဟင်.. ဒါက "

လောထျန်း ခဏလေးသာ အံ့သြပြီး ချက်ချင်း သဘောပေါက်လိုက်သည်။

သူ့ အရှုပ်အထွေးခန္ဓာကိုယ်က အဆင့်ထပ်တက်သွားခြင်းပင် ...

" အရှုပ်အထွေးလက်နက် ခြောက်ခု... "

ထိုသို့ အဆင့်တက်သွားသည်နှင့်အတူ လက်နက်ခြောက်ခု၏ အမည်များကိုလည်း စိတ်ထဲမှ အလိုလိုသိသွားသည်။

ထိုလက်နက်ခြောက်ခုလုံးမှာ အရှုပ်အထွေးအဆင့် အစွမ်းများရှိကြကာ မူလမသေမျိုးလက်နက်ထက်ပင် ပိုသာပါသေး၏။

သို့သော် ထိုလက်နက်ခြောက်ခုမှာ အရှုပ်အထွေးလမ်းစဥ်ထဲ ပျော်ဝင်နေပြီး ... ထိုလမ်းစဥ်ထဲမှ ခွဲထုတ်၍ မရဘဲ ...

အရှုပ်အထွေးခန္ဓာကိုယ်နှင့် အခြား အရှုပ်အထွေးသိုင်းကွက်များအား သုံးနေချိန်တွင်သာ အသုံးပြု၍

ရပါသည်။

လောထျန်း ထိုအချက်များအား မှတ်သားနေစဥ်မှာပင်..

ဝုန်း...

မလှမ်းမကမ်းရှိ သခင်ကြီးယွမ်၏ကိုယ်မှ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ပေါက်ထွက်လာ၏။

" လောထျန်း ၊ မင်းက တော်တော်အမြင်ကျဥ်းတာပဲကွာ ။ ခုနတုန်းက မင်း အိုးကြီးထဲ ပိတ်မိနေတော့ ငါ့အစွမ်းရဲ့ ထိပ်ဆုံးအခြေနေက ဘယ်လိုရှိတယ်ဆိုတာ မသိလိုက်ဘူးမဟုတ်လား ။ အခု ငါ့ရဲ့ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းအစွမ်းကို ပြန်ရသွားပြီဆိုတော့... မင်းအတွက် အခွင့်အရေး မရှိတော့ဘူး "

သခင်ကြီးယွမ် အရူးတစ်ယောက်လိုပင် အော်လိုက်သည်။

လောထျန်းကလည်း အသံကြားပြီး လှည့်ကြည့်

လာ၏။

သခင်ကြီးယွမ်မှာ ယခင်လို အိုစာနေဟန် ဟုတ်မနေတော့ပါချေ ။

သူ့ပုံစံမှာ ယခင်အတိုင်း ပြန်ကောင်းနေပြီး ပြတ်နေသောလက်တစ်ဖက်မှာလည်း ယခင်လို အကောင်းတိုင်းပြန်ဖြစ်နေလေပြီ ။

" သခင်လေးလောထျန်း ၊ သတိထားနော် ။ သူက ခုနက ကောင်းကင်ဘုံပျက်စီးခြင်းနဲ့ တိုက်ခိုက်တုန်းကထက်တောင် ပိုအစွမ်းထက်လာတဲ့ပုံပဲ "

ဘေးမှ ပန်းလင်က လောထျန်းအား သတိလှမ်းပေးသည်။

လောထျန်း ခေါင်းညိတ်လိုက်၏။

" အဲ့လိုဆိုတော့ ပိုတောင်ကောင်းသွားသေးတယ် "

သူ ပြောနေစဥ်မှာပင် သူ၏ ခေါင်းသုံးလုံး ၊ လက်​ခြောက်ဖက် ခန္ဓာကိုယ်ကြီးကလည်း သခင်ကြီးယွမ်အား လှည့်ကြည့်လာသည်။

" ကောင်းတယ်ကွာ..... ဒီ အရှုပ်အထွေး လက်နက်ခြောက်ခုရဲ့ အစွမ်းကို စမ်းသပ်ချင်နေတာနဲ့ ကွက်တိပဲ "

လောထျန်း ပြောကာ ဓားကိုင်ထားသော လက်တစ်ဖက်ကို မြှောက်လိုက်သည်။

" ဟင် ... ဒါ ဘယ်လိုသိုင်းကွက်မျိုးလဲ "

တဖက်မှ သခင်ကြီးယွမ်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်သွား၏။

လောထျန်း ယခင်က တိုက်ခိုက်သည်ကို သူ တိတ်တဆိတ် ကြည့်ထားဖူးသဖြင့် လောထျန်းက ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက် အရိပ်ကြီးအား စုစည်းနိုင်သည်ကို သိထားပြီးသားပင် ။

သို့သော်.. လက်ရှိ အ​ခြေအနေမှာ ယခင်နှင့် လုံးဝမတူပါချေ ။

ထိုအရိပ်ကြီးက လောထျန်း၏ ခန္ဓာကိုယ်အစစ်နှင့် တစ်သားတည်း ပေါင်းစပ်နေပါ၏။

ထိုစဥ် လောထျန်း အေးစက်စက် ပြောလာသည်။

" လျှောက်မပြောပဲ တိုက်မှာသာ လာတိုက်စမ်းပါ "

သူ ပြောကာ ဓားကို ခပ်မြင့်မြင့်မြှောက်လိုက်သည်။

သခင်ကြီးယွမ်၏ မျက်နှာထား အေးစက်သွား၏။

" ငါက မင်းကို ကြောက်မယ်ထင်လို့လား ။ ငါက မင်းရဲ့ ကောင်းကင်ဘုံပျက်စီးခြင်းကိုတောင် ဖြိုခွဲနိုင်ခဲ့တာလေ ။ မင်းလိုကောင်ကများ ငါ့ကို ဘာလုပ်နိုင်မှာလဲ ။ ရော့.. ငါ့ဓားကို ကြည့်ထား "

သူ ပြောကာ လေထဲမှ ဓားဆွဲထုတ်သည့်ဟန် လုပ်လိုက်ပြန်သည်။

ဝုန်း...

အသူရာချောက် တစ်ခုလုံး တုန်ခါသွားပြန်၏။

" သခင်လေးလောထျန်း.. သတိထားနော် ။ သူ့ရဲ့ ဓားက ဒီအသူရာချောက် တစ်ခုလုံးရဲ့အစွမ်းကို ငှားပြီးသုံးနိုင်တယ် "

ပန်းလင်တစ်ယောက် သတိထပ်ပေးသည်။

လောထျန်းကမူ နည်းနည်းလေးပင် ဂရုစိုက်ဟန် မတူပါ ။

" ဒီတစ်ခေါက်က အရှုပ်အထွေး လက်နက်ခြောက်ခုရဲ့ အစွမ်းကို စမ်းသပ်မှာဆိုတော့ ငါ့ရဲ့အစွမ်းကို အများကြီးထုတ်သုံးလို့ မဖြစ်ဘူး "

သူ ထိုသို့တွေးကာ ဆုံးဖြတ်လိုက်ပြီးနောက် အေးဆေးပြော၏။

" ဓားပြားနဲ့ ရိုက်လိုက်ကွာ "

သူ့စကားကြောင့် ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီတို့ နှစ်ယောက်လုံး အံ့သြမှင်သက်သွားကြသည်။

ဓားပြားနဲ့ ရိုက်မယ်တဲ့လား..

တဖက်မှ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်း ဓားမှာ အသက်ကိုပင် ခြွေယူနိုင်သည့် အကွက်ဖြစ်ပါသည်။

လောထျန်းက ၎င်းအား ဓားပြားဖြင့် ရင်ဆိုင်မယ်တဲ့လား..

သူတို့နှစ်ယောက်လုံး ဆွံ့အနေပါတော့၏။

ထိုစဥ်တွင် သခင်ကြီးယွမ်၏ ဓားမှာ အစွမ်းထက်လွန်း၍ ကမ္ဘာတစ်ခုလုံးကို ဖျက်​ဆီးပစ်တော့မယောင် ...

တဖက်မှ လောထျန်း၏ ဓားမှာကား.. သာမာန်ပင် ..

လောထျန်းက အစွမ်းသီးသန့်ကိုသုံး၍ ဓားစွမ်းအင်တစ်ခု ထုတ်လွှတ်လိုက်သည်။

ထိုနှစ်ဖက်၏ ကွာခြားချက်ကား ကြီးလှပါ၏။

ပန်းလင်တို့နှစ်ယောက် ဆက်မကြည့်နိုင်တော့မလို ခံစားလိုက်ရစဥ်မှာပင် ..

ဝုန်း...

သခင်ကြီးယွမ်၏ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းဓားက လောထျန်းဓားမှ ဓားစွမ်းအင်ကို ထိမိသည်နှင့် ရုတ်ချည်း ပြိုကွဲသွားတော့သည်။

ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်ဟန် ရှိနေခဲ့သော ကြောက်မက်ဖွယ်ဓားကြီးမှာ စာရွက်တစ်ရွက်လို နှစ်ပိုင်းပြတ်ပြီး ပြိုကွဲသွားရလေပြီ ။

" ဘယ်လိုဖြစ်ပြီး .... "

သခင်ကြီးယွမ် အံ့သြတုန်လှုပ်သွားပြီး တုန့်ပြန်ရန်ပင် အချိန်မရလိုက်ပါချေ။

ဝှစ်..

တဖက်မှ ဓားစွမ်းအင်က ထိုးဖောက်ဝင်လာကာ.. စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းဓား ပျောက်ကွယ်သွားတော့သည်။

" ဒါ.... "

ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီ တို့နှစ်ယောက်လုံး တုန်လှုပ်သွားရပြန်၏။

လောထျန်း၏ ဓားပြားရိုက်ချက်က စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းဓားထက် ပိုကောင်းသတဲ့လား...

ထိုစဥ် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" အရှုပ်အထွေးလက်နက် ခြောက်ခုထဲက တစ်ခုဆိုတဲ့အတိုင်း တကယ်အစွမ်းထက်တာပဲ ။ ဟိုအဘိုးကြီးရဲ့ ဓားစွမ်းအင်ကို ဖြိုခွဲဖို့ ငါ ဘယ်လိုအစွမ်းမှတောင် ထုတ်သုံးစရာ မလိုလိုက်ဘူး ။ ကဲ... တခြားဟာတွေ ထပ်စမ်းကြည့်မယ်ကွာ "

လောထျန်း ပြောပြီး နောက်လက်တစ်ဖက်ကို ထပ်မြှောက်၍ သခင်ကြီးယွမ်အား တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် မလှမ်းမကမ်းရှိ သခင်ကြီးယွမ်မှာ မလှုပ်မယှက်ဖြင့် လောထျန်းအား မျက်လုံးပြူး ကြည့်နေ၏။

လောထျန်း သူ့ကိုကြည့်ကာ လန့်သွားသည်။

" ဘာလုပ်နေတာလဲ ... လာတိုက်ခိုက်လေ "

သခင်ကြီးယွမ်၏ နှုတ်ခမ်းထောင့် လှုပ်ရှားသွားကာ သူ့ခန္ဓာကိုယ်လည်း အနည်းငယ်ယိုင်သွားသည်။

ထို့နောက်တွင်ကား... သူ့နဖူးပေါ်၌ အက်ရာတစ်ခု

ပေါ်လာ၏။

ထို့နောက်..

ခွမ်း...

သူ့ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားကာ သွေးများပြန့်ကျဲသွားပြီး သူ မြေကြီးပေါ် လဲကျသွား၏။

" အင် .... "

၎င်းကို မြင်လိုက်ရသည့် လောထျန်းတစ်ယောက် မှင်သက်မိသွားသည်။

၎င်းက ဘာအကွက်ပါနည်း ..

သို့သော် မကြာခင်မှာပင် သူ သဘောပေါက်လိုက်ပါသည်။

၎င်းမှာ သခင်ကြီးယွမ်၏ အကွက်မဟုတ်ပါ ။

သူ့ဓားမှ ထွက်သွားသော ဓားစွမ်းအင်က သခင်ကြီးယွမ်အား နှစ်ခြမ်းပိုင်းလိုက်ခြင်းပါပင် ။

" ငါ အစွမ်းလဲ ဘယ်လောက်မှမသုံးလိုက်ပါဘူးကွာ "

၎င်းကိုကြည့်ရင်း လောထျန်း အနည်းငယ် စိတ်ညစ်သွားပါ၏။

သူ စမ်းသပ်၍ မပြီးသေးခင်မှာပင် ပွဲပြီးသွားပြီလား..

ဝုန်း..

ထိုတခဏ၌ သခင်ကြီးယွမ်၏ကိုယ်မှ အဆုံးမဲ့သော စိတ်ဝိဥာဥ်အစွမ်းများနှင့် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများ တိုးထွက်လာကြသည်။

၎င်းမှာ သူ့ခန္ဓာကိုယ်အတွင်း အားသုံး၍ ချုပ်နှောင်ထားသော အစွမ်းများပါပင် ။

လောထျန်း၏ ဓားချက်ကြောင့် သူ့ကိုယ် နှစ်ပိုင်းဖြစ်သွားပြီးနောက်တွင်မူ ထိုအစွမ်းများအား ဆက်မထိန်းချုပ်ထားနိုင်တော့ပါချေ ။

" မအေ $### မင်း ငါ့ကို သတ်လိုက်ရင် ထျန်းယွမ်

ကမ္ဘာကို ကယ်တင်ပေးနိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူးကွ "

သခင်ကြီးယွမ်၏ အလောင်းဘေး၌ သူ့ အကြွင်းအကျန်စိတ်ဝိဥာဥ် ပေါ်လာသည်။

သို့သော် .. ထိုအကြွင်းအကျန် စိတ်ဝိဥာဥ်သည်ပင် နှစ်ပိုင်း အဖြတ်ခံထားရပါ၏။

၎င်းကိုကြည့်ကာ လောထျန်းပင် အနည်းငယ် အံ့သြသွားရသည်။

အရှုပ်အထွေးလက်နက်ခြောက်ခုက စိတ်ဝိဥာဥ်များကိုပင် သတ်နိုင်မည်ဟု သူ ထင်မထားခဲ့ပါချေ ။

၎င်းလက်နက်၏ အစွမ်းမှာ သူ ထင်ထားသည်ထက် များစွာကျော်လွန်နေလေပြီ ။

သို့သော် လက်ရှိမှာ ထိုအကြောင်းကို တွေးနေရန် အချိန်ကောင်းမဟုတ်သေးပါ ။

လောထျန်း အရှုပ်အထွေးခန္ဓာကိုယ်ကို ပြန်ရုတ်

သိမ်း၍ သခင်ကြီးယွမ်၏ အကြွင်းအကျန်စိတ်ဝိဥာဥ်ရှေ့ လျှောက်သွားလိုက်သည်။

" ထျန်းယွမ်ကမ္ဘာကို ကယ်တင်ချင်တဲ့သူက ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူး ။ ကျုပ်လဲ အဲ့လိုလုပ်နိုင်တယ် "

လောထျန်း တဖက်လူကိုကြည့်ကာ ပြောလိုက်၏။

" မင်း... ဘာမှ မသိသေးပါဘူးကွာ "

သခင်ကြီးယွမ်က အောင့်သက်သက်ရယ်သည်။

ထိုစဥ်မှာပင်.. သူ့ကိုယ်ထဲမှ ထွက်လာခဲ့သည့် စိတ်ဝိဥာဥ်များက သူတို့အား နှစ်ပေါင်းများစွာကြာ ချုပ်နှောင်ထားခဲ့သူကို တွေ့သွားပြီး ..

အဆုံးမဲ့ အမုန်းတရားများကို သယ်ဆောင်ထားကြသော ထိုစိတ်ဝိဥာဥ်များက သခင်ကြီးယွမ်၏ အကြွင်းအကျန်စိတ်ဝိဥာဥ်အား ကိုက်ဖြတ်လိုက်ကြတော့သည်။

သခင်ကြီးယွမ်မှာ တစစီ ကိုက်ဖြတ်ခံနေရကာ.. လွန်စွာနာကျင်နေပုံ ပေါက်သည့်တိုင် လုံးဝ မအေယ်

ပါ ။

သူ လောထျန်းကိုသာ စိုက်ကြည့်၍ ဆို၏။

" ထျန်းယွမ်ကမ္ဘာမှာ ထူးခြားတဲ့ အခွင့်ကောင်းတွေကို ဖွက်ထားတယ်ကွ ။ ဒီလောကကြီးမှာ မင်း​ရော ၊ ငါရော မခန့်မှန်းနိုင်တဲ့ အစွမ်းမျိုးနဲ့ သက်ရှိတွေ ရှိတယ် ။ တကယ်လို့ အဲ့လူတွေသာ ဒီနေရာကို မျက်စိကျသွားရင် .... "

" ထူးခြားတဲ့ အခွင့်ကောင်းတွေ... ဟုတ်လား ၊ ဘာတွေလဲ... ။ အဲ့သက်ရှိတွေကရော ဘယ်သူတွေလဲ "

လောထျန်း မေးလိုက်သည်။

သခင်ကြီးယွမ်က အောင့်သက်သက်ပြုံး၍ ဆက်ပြော၏။

" အဲ့အခွင့်ကောင်းက ဘာဆိုတာ ငါလဲ မသိဘူး ။ အဲ့ဟာကို လိုချင်နေကြတဲ့ အစွမ်းထက်ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိတယ် ဆိုတာပဲ ငါ သိတာ "

" ဟို အစွမ်းထက်တဲ့ သက်ရှိတွေကိုတော့ ငါ သိတာနှစ်ယောက်ရှိတယ် ။ တစ်ယောက်ကတော့ ရှေးခေတ် ထျန်းယွမ်ကမ္ဘာ ပျက်စီးခြင်းရဲ့ ဒဏ္ဍာရီတွေထဲ

မှာ ပြောထားတဲ့ လက်ချောင်းအရိုးပဲ ။ သူ့ရဲ့ အသွင်အစစ်သာ ရောက်လာမယ်ဆိုရင် ထျန်းယွမ်ကမ္ဘာ ဖျက်ဆီးခံရမှာ သေချာတယ် "

" နောက်တစ်ယောက်ကတော့ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်း သခင်ကြီးပဲ ။ အဲ့သခင်ကြီးက ရှေးခေတ်ကတည်းက ရှိလာခဲ့တဲ့ သူတော်စင်တစ်ယောက်ပဲကွ ။ ဒီ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်း အစီအမံဆိုတာလဲ သူ့ရဲ့ ကိုယ်ပွားပုံရိပ်တစ်ခု ဖြစ်လာအောင်လို့ လုပ်တာ ။ အစကတော့ ငါက ဒီ အစီအမံကို သုံးပြီးတော့မှ သူ့ရဲ့ ကိုယ်ပွားပုံရိပ်တစ်ခု ဖြစ်အောင်အရင်လုပ်မယ် ။ ပြီးရင် သူ့ရဲ့အစွမ်းကို သိမ်းမယ်လို့ စဥ်းစားထားခဲ့တာပေါ့ .... "

" အခုတော့ မမျှော်လင့်ပဲ ငါ ကျရှုံးသွားရပြီ ။ ဒါပေမယ့်.. မင်းလဲ အောင်မြင်နိုင်မှာ မဟုတ်ပါဘူးကွာ ။ ငါ မင်းကို ငရဲသွားတဲ့လမ်းမှာ စောင့်နေမယ် .... "

ထိုစကားအား ပြောပြီးချိန်မှာပင် သခင်ကြီးယွမ်၏ အကြွင်းအကျန်စိတ်ဝိဥာဥ်မှာ များစွာသော စိတ်ဝိဥာဥ်များ၏ ဝါးမြိုစားသောက်ခြင်း ခံလိုက်ရပါတော့၏။

သူ့ခန္ဓာကိုယ်ရော ၊ စိတ်ဝိဥာဥ်ပါ ပျက်စီးသွားခဲ့လေပြီ ။

All Chapters