အခန်း (၇၁၁)
Vol. 51 Ch. 711
" အမြဲ ချုပ်နှောင်ခံရမှာ ... အဲ့ဒါ ဘာအဓိပ္ပါယ်လဲ ။ ရှင်တို့တွေက ဘာဖြစ်လို့ ဒီမှာ ချုပ်နှောင်ခံထားရတာလဲ "
ပန်းလင်က အဘိုးအိုသုံးယောက်အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။
အဘိုးအိုက အချိန်အတန်ကြာ ငိုနေပြီးမှ ပြန်ပြော၏။
" ကျုပ်တို့ သုံးယောက်က စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ကို အင်မတန်တန်ဖိုးထားတဲ့ သူတွေပေါ့ ။ ပြီးတော့ ထျန်းယွမ်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး အစီအမံပညာရှင်လဲ ဟုတ််တယ် "
" ကျုပ်တို့ရဲ့ ဥက္ကဌကြီး... မဟုတ်သေးပါဘူး.. ဟို သူခိုးကြီး ယွမ်က ရှေးဟောင်းအစီအမံတစ်ခုကို ဖွင့်ချင်တာလေ ။ ဒါပေမယ့် သူတစ်ယောက်တည်းလဲ မလုပ်နိုင်တော့ ကျုပ်တို့သုံးယောက်ကို အကူညီတောင်းခဲ့တယ် "
" ဒါပေမယ့်.. ကျုပ်တို့ကလဲ သူဟာ ဝမ်ဟွန်းကွေ့ယီ
ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဆိုတာ သိထားပြီးသား ။ ဒါ့အပြင်ကို အစီအမံကလဲ မိစ္ဆာအရောင်အဝါတွေနဲ့ ပြည့်နေတာ ။ အဲ့တော့ ကျုပ်တို့သာ အလောတကြီး ဖျက်ဆီးလိုက်ရင် ထျန်းယွမ်ကမ္ဘာကို မဆုံးတော့တဲ့ ဒုက္ခပြဿနာတွေ ရောက်လာမှာ "
" ဒါ့ကြောင့်မို့ ကျုပ်တို့သုံးယောက်လုံးက သူတောင်းဆိုတာကို ငြင်းခဲ့ကြတယ် "
" အဲ့ သူခိုးအဘိုးကြီးကလဲ ကျုပ်တို့ကို အရူးတစ်ယောက်လို နှိပ်စက်ပါရောလား ။ ဒါပေမယ့် ကျုပ်တို့အကူအညီကိုလဲ လိုနေသေးတော့ သူ ကျုပ်တို့ကို အသေတော့ မသတ်ခဲ့ဘူးပေါ့ဗျာ ။ အဲ့အစား ဒီမှာပဲ အကျဥ်းချထားပြီး နေ့တိုင်းညှင်းပမ်းနှိပ်စက်နေခဲ့တာ "
နတ်ဆိုးဧကရာဇ်လီမှာ သူတို့စကားကို နားထောင်နေရင်း မျက်မှောင်ပိုပိုကြုံ့လာသည်။
" ဒါဆို သခင်ကြီးယွမ် သေသွားတာ ခင်ဗျားတို့အတွက် ကောင်းတာပဲပေါ့ ။ ဒါကို ဘာဖြစ်လို့ တစ်သက်လုံးပြန်မထွက်နိုင်ဘူးလို့ ပြောရတာလဲ "
တဖက်အဘိုးအိုက သူ့အား ဝမ်းနည်းနေသည့် မျက်နှာလေးဖြင့် လှမ်းကြည့်သည်။
" ဘာဖြစ်လို့လဲဆိုတော့ ဒီ အကျဥ်းထောင်အခန်းက သခင်ကြီးယွမ်ရဲ့ ထိပ်တန်းအဆင့် မသေမျိုးလက်နက်တစ်ခု မို့လို့လေ ။ ဒီအခန်းကို သူကိုယ်တိုင်ကလွဲပြီးတော့ ဘယ်သူမှ မဖွင့်နိုင်ဘူး "
" အခု.. သူ သေသွားပြီဆိုတော့ ဒီနေရာကို ဘယ်သူက ဖွင့်နိုင်တော့မှာလဲကွာ ။ ငါတို့လဲ ဒီမှာပဲ ထာဝရချုပ်နှောင်ခံထားရတော့မှာပေါ့ "
ပန်းလင်က နားမလည်နိုင်ဟန်ဖြင့် ဝင်မေး၏။
" ဒါကို ဖွင့်လို့မရဘူးဆိုရင်တောင်.. အားသုံးပြီး ဖျက်ဆီးလို့ရော မရနိုင်ဘူးလား "
အဘိုးအိုက စိတ်မရှည်တော့ဟန်ဖြင့် ပြန်ပြောသည်။
" ဘယ်လိုလုပ်ပြီး ဖျက်ဆီးလို့ရမှာလဲ ။ ထိပ်တန်းအဆင့် မသေမျိုးလက်နက်က ဘာလဲဆိုတာရော သိရဲ့လား ။ ဒီအကျဥ်းထောင်ကို နည်းနည်းလေး ပျက်စီးအောင် လုပ်နိုင်တဲ့သူတောင် ဒီကမ္ဘာကြီးမှာ ဘယ်သူမှမရှိ .... "
သို့သော်.. သူ စကားမဆုံးခင်မှာပင် ..
ဝုန်း...
တဖက်မှ နတ်ဆိုးဧကရာဇ်လီက သံတိုင်များကို လက်နှစ်ဖက်ဖြင့်ကိုင်၍ အားသုံး ဆွဲလိုက်သည်။
သံတိုင်များ ချက်ချင်းကွေးသွား၏။
" အင်... "
တဖက်အဘိုးအို အံ့သြမှင်သက်သွားတော့သည်။
သူက အကျဥ်းထောင်သံတိုင်များ မည်မျှမာကြောကြောင်း ပြောရန်လုပ်နေစဥ်မှာပင်..
သံတိုင်များက ကွေးသွားသတဲ့လား ..
ထိုစဥ် နတ်ဆိုးဧကရာဇ်လီက အနည်းငယ် မောသွားဟန်ဖြင့် အသက်ဝအောင်ရှူနေရင်း ပြော၏။
" ဒီတိုင်တွေက တကယ်လဲ မာတာပဲ ။ ကွေးအောင်လုပ်ရတာ မခက်ပေမယ့် ဆွဲဖြုတ်ဖို့တော့ နည်းနည်းခက်မယ် ။ ဟုတ်သားပဲ... သခင်လေးလောထျန်း
လုပ်ကြည့်ပါလား "
လောထျန်း ခေါင်းညိတ်၍ နတ်ဆိုးဧကရာဇ်လီ လုပ်သည့်အတိုင်း သံတိုင်းများကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အားအနည်းငယ် ထည့်လိုက်သည်။
ဖြောင်း....
သံတိုင်များ ချက်ချင်း ပျက်စီးကာ ခေါက်ဆွဲဖတ်များသဖွယ် ဖြစ်သွားတော့၏။
" ဘယ်လိုဖြစ်ပြီးတော့.... "
၎င်းကို မြင်လိုက်ရသည့် အဘိုးအို အံ့သြမှင်သက်သွားတော့သည်။
၎င်းက မည်သို့သော အစွမ်းပါနည်း ။
ကြောက်စရာကောင်းလှပါတကား...
ထိုစဥ် လောထျန်းက အဘိုးအိုသုံးယောက်ရှေ့ ရောက်လာကာ သူတို့ကိုယ်ကို ချုပ်နှောင်ထားသော သံကြိုးများအား လက်ဖြင့်ဆွဲဖြုတ်လိုက်ပြန်၏။
" ဒါ.. "
အဘိုးအိုများ တုန်လှုပ်သွားရပြန်သည်။
လောထျန်းက ထိပ်တန်းအဆင့် မသေမျိုးလက်နက်ကို လက်ဗလာဖြင့် ဖျက်ဆီးခဲ့သည် မဟုတ်ပါလား..
ထိုစဥ် လောထျန်းက အဘိုးအိုကိုကြည့်ကာ ပြော၏။
" ခင်ဗျားပြောတဲ့ အစီအမံက ဘယ်မှာလဲ "
ထိုမေးခွန်းကိုကြားမှ အဘိုးအို အသိပြန်ဝင်ကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
" မင်းက ဘာလုပ်မလို့လဲ "
လောထျန်း အေးဆေးပြန်ပြော၏။
" အထဲမှာ ဘာတွေရှိလဲ ကြည့်မလို့ "
အဘိုးအို ဒေါသထွက်သွားသည်။
" အဲ့လို မလုပ်ဖို့ ငါ မင်းကို အကြံပေးချင်တယ် ။ အဲ့လိုမဟုတ်ရင်တော့ ဘယ်မှာရှိလဲဆိုတာ ငါ မပြောနိုင်ဘူး "
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" ခင်ဗျားမပြောလဲ ကျုပ်ကိုယ်တိုင် ရှာလို့ရပါတယ် ။ အစီအမံက ဒီအောက်ခြေမှာ မဟုတ်လား "
လောထျန်းက ပြောပြောဆိုဆိုပင် မြေအောက်သို့သွားသည့် လမ်းတစ်ခုဆီ လျှောက်သွားလိုက်သည်။
" ခဏနေပါဦးကွာ... ဟေ့... ပြန်လာခဲ့ဦး "
အဘိုးအို ထိတ်လန့်တုန်လှုပ်သွားဟန်တူကာ သူ့နောက်သို့ ဒယိမ်းဒယိုင် ပြေးလိုက်သွား၏။
ဤသို့ဖြင့် မကြာခင်မှာပင် သူတို့နှစ်ယောက်သား မြေအောက်ထပ်သို့ ရောက်သွားကြသည်။
ရုတ်တရက်.. အစွမ်းထက် အရောင်အဝါတစ်ခုက လောထျန်းရှေ့တွင် ပိတ်လာ၏။
" ငါ ခုနက စိတ်ဝိဥာဥ်အစွမ်းသုံးပြီး ရှာတဲ့အချိန်မှာ ထူးခြားတဲ့ အရောင်ဝါတစ်ခုကို အာရုံခံမိခဲ့တယ် ။ ကြည့်ရတာ.. ဒီ အစီအမံနဲ့တူတယ် "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ထိုစဥ်မှာပင် အဘိုးအိုလည်း သူ့နောက် ရောက်လာ၏။
" လူငယ်လေး... လက်လျှော့လိုက်ပါကွာ ။ မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ ငါတို့သုံးယောက်လုံး ဒီအစီအမံကို ချိုးဖျက်ဖို့ ကူညီပေးမှာမဟုတ်ဘူး "
အဘိုးအို အံကြိတ်၍ ဆိုသည်။
လောထျန်းကမူ သူ့အား လျစ်လျူရှုထားပြီး အစီအမံဆီသို့သာ လက်ညိုးညွှန်လိုက်၏။
ထို့နောက်တွင်..
ဝုန်း..
အစီအမံက ရုတ်ချည်း ပြိုကွဲသွားတော့သည်။
" ဘယ်လိုဖြစ်ပြီး... "
သူ့နောက်မှ အဘိုးအို မှင်သက်သွားရပြန်သည်။
သူ ယခင်တည်းက ထိုအစီအမံအား သေချာစစ်ဆေးကြည့်ခဲ့ဖူးပြီး...
သူတို့သုံးယောက်နှင့် သခင်ကြီးယွမ်၏ အစွမ်း ပေါင်းလိုက်လျှင်ပင် နှစ်ပေါင်းများစွာ အချိန်ယူပြီးမှသာ အစီအမံအား ချိုးဖျက်နိုင်မည် ဖြစ်ပါ၏။
သို့သော်.. လောထျန်းက လက်ညိုးညွှန်လိုက်ရုံဖြင့် အစီအမံအား ဖွင့်နိုင်ခဲ့သတဲ့လား ။
ဘာတွေ ဖြစ်နေပါသလဲ ...
သို့သော်.. လက်ရှိမှာ ထိုကိစ္စကို ပြောရန် အချိန်ကောင်းမဟုတ်သေးကြောင်း သူ ပြန်အမှတ်ရလိုက်ပါသည်။
ယခု အစီအမံက ပွင့်သွားခဲ့ပြီဖြစ်ရာ အထဲတွင် ဖိနှိပ်ခံထားရသော မိစ္ဆာဝိဥာဥ်များ ထွက်လာကြပေတော့မည် ။
ထိုအတွေးဖြင့်ပင် သူ့ရင်တစ်ခုလုံး ဗြောင်းဆန်သွားကာ အစီအမံဆီ လှမ်းကြည့်လိုက်သည်။
ဝီ ...
ထိုစဥ်မှာပင် အစီအမံ အလယ်ထဲမှ အစိမ်းရောင်အလင်းလုံးတစ်ခု မျှောလွင့်လာသည်ကို မြင်လိုက်ရ၏။
လောထျန်းမှာလည်း အံ့သြနေဟန်တူကာ လက်ဆန့်၍ အလင်းလုံးကိုထိရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်တွင်..
ဝုန်း ..
အစိမ်းရောင်အလင်းလုံး ပေါက်ကွဲထွက်သွားပြီး နှင်းကဲ့သို့ ဖြူဖွေးနေသော သားရဲကြီးတစ်ကောင်အသွင် ပြောင်းကာ လောထျန်းအား ကိုက်လာ၏။
အား..
အဘိုးအိုမှာ ၎င်းကိုမြင်ကာ လန့်ပြီး နောက်သို့ခြေနှစ်လှမ်း ဆုတ်လိုက်သည်။
ထိုဧရာမသားရဲကြီး၏ အရောင်အဝါမှာ ကြောက်စရာကောင်းလွန်းလှပါ၏။
အကယ်၍ သူသာ ထိုသားရဲကြီးနှင့် ရင်ဆိုင်ပါက ချက်ချင်းသေသွားမည် မလွဲပေ ။
ယခု လောထျန်းမှာလည်း သားရဲကြီး၏ ဝါးမြိုခံရပေတော့မည် ။
သို့သော်.. တဖက်မှ လောထျန်းမှာကား သူ့ရှေ့ရှိ သားရဲကြီးကို အေးစက်စက်ကြည့်ကာ မလှုပ်မယှက် ရှိနေ၏။
သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့တစ်ခုလည်း ထွက်လာသေးသည်။
" အူး.... "
သားရဲကြီးမှာလည်း လောထျန်းရှေ့ သုံးပေအကွာ၌ ပါးစပ်ကြီးဟ၍ ရှိနေသည့်တိုင် ... အမှန်တကယ် ကိုက်ရဲဟန်မတူပါ ။
လောထျန်းကို ကြည့်နေသော ၎င်း၏ မျက်လုံး
များသည်လည်း ရက်စက်ကြမ်းကြုတ်ဟန်မှနေ၍ ကြောက်ရွံ့နေဟန် ပြောင်းသွားကြသည်။
ထို့နောက်တွင်..
ဝှစ်...
သားရဲကြီးက လက်တစ်ဖဝါးစာ အရွယ်ရှိသော သားရဲငယ်လေးတစ်ကောင်အဖြစ် ရုတ်တရက် အသွင်ပြောင်းသွားပြီး ကြမ်းပြင်၌ဒူးထောက်၍ တုန်တုန်ယင်ယင် ဆိုရှာ၏။
" ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ သခင်ကြီးရယ်... ကျေးဇူးပြုပြီး ချမ်းသာပေးပါဗျာ "
" ဟင်... "
တဖက်မှ အဘိုးအို မှင်သက်သွားရပြန်တော့သည်။
သခင်ကြီးယွမ် အလွန်လိုချင်နေခဲ့သော အရာက.. ထိုသားရဲသေးသေးလေးတဲ့လား...
ထို့အပြင်... ၎င်းက ယခု ကြမ်းပြင်တွင်ဒူး
ထောက်၍ လောထျန်းအား အသနားခံနေရှာပါ၏။
လောထျန်းက သူ့ရှေ့မှ သားရဲငယ်လေးအား ခေါင်းငုံ့ကြည့်ပြီး... မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
" မင်းက ဘာကောင်လဲ ၊ ဘာလို့ ဒီမှာချုပ်နှောင်ခံထားရတာလဲ "
သားရဲငယ်လေးက အလွန်ကြောက်လန့်နေဟန်ဖြင့် တုန်တုန်ယင်ယင် ပြန်ဖြေရှာသည်။
" ကျုပ်... ကျုပ်က.. ဧကရာဇ်ဆေးလုံး ရဲ့ ပုံစံတူပါ "
" ဧကရာဇ်ဆေးလုံး.. ပုံစံတူ... "
လောထျန်း အံ့သြသွားရသည်။
သားရဲငယ်လေးက ခေါင်းညိတ်ပြ၍ ဆက်ပြော၏။
" ဧကရာဇ်ဆေးလုံး တစ်ဝက်လို့လဲ ပြောလို့ရပါတယ် "
" ဧကရာဇ်ဆေးလုံး တစ်ဝက်.. ဟုတ်လား ၊ အဲ့ဒါ ဘာလဲ "
လောထျန်း တအံ့တသြ ဆက်မေးလိုက်သည်။
သားရဲငယ်လေးက သူ့အမေးကြောင့် အံ့အားသင့်သွားဟန် တူပြီးမှ ရှင်းပြ၏။
" ဧကရာဇ်ဆေးလုံး ဆိုတာ မသေမျိုးဧကရာဇ်လမ်းစဥ်ကို ရောက်နိုင်တဲ့ နည်းတွေထဲက တစ်ခုပါ ။ ဆေးကို သောက်ပြီးသွားရင် ကောင်းကင်နဲ့မြေကြီးရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီးတော့ မသေမျိုးဧကရာဇ်လမ်းစဥ်ကို ရောက်နိုင်ပါတယ် "
" မသေမျိုးဧကရာဇ်လမ်းစဥ်... ဟုတ်လား "
လောထျန်း အံ့သြသွားရပြန်သည်။
သူ မသေမျိုးအဆင့်များနှင့် ပတ်သက်ပြီး များစွာ မသိပါချေ ။
သူ တွေ့ဖူးသည့် အစွမ်းအထက်ဆုံးသူမှာ မသေမျိုးဘုရင်အဆင့် ရှိသူဖြစ်ပါ၏။ သို့သော် ယခု မသေမျိုးဧကရာဇ်မှာ နာမည်ဖြင့်ပင် မသေမျိုးဘုရင်အဆင့်ထက် ပိုသာမည်ဖြစ်ကြောင်း သိနိုင်ပါသည်။
သူ့ရှေ့မှ ထိုကောင်လေးက စိတ်စွမ်းအင်အသိဉာဏ် နိုးထပြီးသား ဧကရာဇ်ဆေးလုံး ပုံစံ တဲ့လား ...
ထိုစဥ် သားရဲငယ်လေးက လောထျန်းအား သတိထားမော့ကြည့်ကာ ပြောလာ၏။
" သခင်ကြီး.... သခင်ကြီးက မသေမျိုးဧကရာဇ်တစ်ယောက် ဘယ်လိုဖြစ်လာတာလဲ ကျုပ် သိလို့ရမလားခင်ဗျာ... ။ ပြီးတော့... ကျုပ် သခင်ကြီးရဲ့ နောက်လိုက် လုပ်လို့ရမလား "