အခန်း (၇၁၃)
Vol. 51 Ch. 713
သားရဲငယ်လေးက သူ့အား မျက်စောင်းထိုးကြည့်သည်။
" ငါက ဘာဖြစ်လို့ မင်းကို ပေးရမှာလဲ "
နတ်ဆိုးဧကရာဇ်လီမှာ ထိုစဥ်မှ သူ သားရဲငယ်အား ဆက်ဆံခဲ့ပုံကို ပြန်သတိရပြီး လန့်သွားကာ အိုးတို့အမ်းတမ်းအပြုံးဖြင့် ဆိုသည်။
" သခင်ကြီး ... ခုနတုန်းက ဖြစ်ခဲ့တာတွေက နားလည်မှုလွဲသွားတာပါ ။ ကျေးဇူးပြုပြီးတော့ ကျုပ်ကို... နောက်တစ်ခွက် ထပ်ပေးလို့ရမလားဗျာ "
သားရဲငယ်လေးက ခါးထောက်၍ ပြန်ပြော၏။
" ခုမှ လာဖားမနေနဲ့ ... နောက်ကျသွားပြီ "
နတ်ဆိုးဧကရာဇ်လီ မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။
ထိုကောင်လေးက မာရည်ကျောရည် နိုင်လှပါ
တကား ...
အကယ်၍ လောထျန်းသာ ဘေးတွင်မရှိပါက သူ သားရဲငယ်ဆီပြေး၍ ထပ်တိုက်ခိုက်မိမည် မလွဲပေ ။
ထိုသို့ တိုက်ခိုက်လိုသည်မှာလည်း သူ သားရဲငယ်အား အနိုင်ယူလို၍ မဟုတ်ဘဲ ... တိုက်ခိုက်သည်ကို အခွင့်ကောင်းယူပြီး သားရဲအား နည်းနည်းပါးပါး ကိုက်လို၍ ဖြစ်ပါသည်။ သို့ဆိုလျှင် သူ့အစွမ်း များစွာတိုးလာနိုင်သည် မဟုတ်ပါလား ။
ထိုစဥ် ရုတ်တရက် သူ့ခေါင်းထဲ အကြံတစ်ခု ဝင်လာ၏။
" ဒီမှာ... မင်းက သခင်လေးလောထျန်းရဲ့ နောက်လိုက်လုပ်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား ။ သူ့နောက်လိုက် လုပ်ချင်ရင် ကိုယ့်ဘက်က စိတ်ရင်းကိုလဲ နည်းနည်းပြရမှာပေါ့ကွ ။ အခု ငါ့အတွက်တောင် ရေတစ်ခွက် လုပ်ပေးပြီးသွားပြီဆိုတော့ သခင်လေးလောထျန်းအတွက်ရော နည်းနည်းထပ်လုပ်ပေးသင့်တယ်လေ "
သားရဲငယ်လေးမှာ သူ့စကားကြောင့် အံ့သြသွားဟန်
တူကာ ခေါင်းညိတ်သည်။
" ဒါ... အင်းပေါ့... ငါ လုပ်သင့်တာပဲ "
နတ်ဆိုးဧကရာဇ်လီ၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။
" ဒါပေါ့ကွ "
သူ ပြောပြောဆိုဆိုပင် ရေခွက်သုံးခွက် ထုတ်၍ သားရဲလေးရှေ့ ချပေးလိုက်၏။
ဤတစ်ကြိမ်တွင်မူ သားရဲငယ်လေးက ထိုရေခွက်များထဲ အစွမ်းများစွာပင် ပို့လွှတ်လိုက်သည်။
၎င်းမှာ သူ့အစွမ်းက မည်သို့ရှိကြောင်း လောထျန်းအား ပြသလို၍ပင် ။
နတ်ဆိုးဧကရာဇ်လီမှာ ထိုမြင်ကွင်းကိုကြည့်ရင်း လွန်စွာ စိတ်လှုပ်ရှားနေတော့၏။
ထိုရေသုံးခွက်မှာ ကောင်းကင်နှင့်မြေကြီးမှ ထိပ်တန်းအဆင့် အဖိုးတန်ရတနာများ ဖြစ်ပါသည်။
" ရပြီ ... သခင်ကြီး ၊ ကျေးဇူးပြုပြီး သုံးဆောင်ပါ "
အားလုံး ပြီးသွားသည်နှင့် သားရဲလေးက ရေတစ်ခွက်ကိုကိုင်၍ လောထျန်းအား တရိုတသေ လှမ်းပေးသည်။
လောထျန်းကလည်း ငြင်းမနေဘဲ ရေခွက်ကိုယူကာ တန်းပြီးမော့သောက်လိုက်၏။
ဂလု ..
သို့သော် .. ရေကုန်သွားသည်အထိ သူ့အရောင်အဝါက ဘာမှထူးခြားမလာခဲ့ပါ ။
" ဘယ်လိုလဲ သခင်လေး ၊ ဘာတွေ တိုးတက်မှုရှိလဲ "
ဘေးမှ ပန်းလင်က စိတ်ဝင်တစား မေးလိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။
" နည်းနည်းလေး တိုးတက်လာသလိုလိုတော့ ထင်ရတယ် ။ ဒါပေမယ့်... မတိုးတက်ဘူးလို့လဲ ထင်တယ်ဗျာ ။ ဘယ်လိုဖြစ်ဖြစ် ... ဘာမှ ကြီးကြီးမားမား မခံစားရတာတော့ အမှန်ပဲ "
" အင်... "
ပန်းလင်ရော နတ်ဆိုးဧကရာဇ်လီ ပါ အံ့အားသင့်ကုန်ကြသည်။
နတ်ဆိုးဧကရာဇ်လီမှာ အစွမ်းများစွာ မပါသော ရေတစ်ခွက်ကို သောက်လိုက်ရုံဖြင့် တိုးတက်မှုကို သိသိသာသာ ခံစားခဲ့ရသော်လည်း .. လောထျန်းက ဘာမှ မခံစားရဘူးတဲ့ ။
ယခု ရေသုံးခွက်က အစောက လက်နဲ့သာမာန်သာ မွှေလိုက်သော ရေခွက်လောက် မကောင်း၍များလား..
" အားလုံး စမ်းသောက်ကြည့်ရအောင် "
ထိုစဥ် နတ်ဆိုးဧကရာဇ်လီ ပြောပြီး ကျန်ရေနှစ်ခွက်ကို ယူကာ ပန်းလင်အား တစ်ခွက်ပေးပြီး သူ တစ်ခွက်ယူထားလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း သောက်လိုက်ကြ၏။
ဝုန်း...
ဝုန်း ...
သူတို့နှစ်ယောက်လုံးဆီမှ ကြောက်မက်ဖွယ် စိတ်စွမ်းအင်များ ချက်ချင်းပင် တိုးထွက်လာကြသည်။
ထိုစိတ်စွမ်းအင်များမှာ အလွန်အစွမ်းထက်ပြီး ကြောက်စရာအတော်ကောင်းပါ၏။
သူတို့နှစ်ယောက်တွင် တစ်ယောက်က အသွင်ပြောင်း မိစ္ဆာဝိဥာဥ်ခန္ဓာကိုယ်ရှိပြီး ကျန်တစ်ယောက်မှာ စိတ်စွမ်းအင်ကို အလွန်နှစ်ခြိုက်သော သဘာဝစိတ်ဝိဥာဥ်တစ်ယောက် ဖြစ်ပါသည်။
သူတို့နေရာတွင်သာ အခြားသူများ ဆိုလျှင် ထိုရေနှစ်ခွက်ကြောင့် ဖြစ်လာသော စိတ်စွမ်းအင်များကြောင့် အသက်ရှုကျပ်ပြီး သေလျှင်သေ ၊ မသေလျှင်လည်း ဒဏ်ရာဆိုးရွားစွာ ရသွားပေမည် ။
" အစွမ်းထက်လိုက်တာ... "
" ကြောက်စရာကြီးပဲ ... "
သူတို့နှစ်ယောက်လုံး ရေခွက်အား တုန်လှုပ်စွာကြည့်လိုက်ကြသည်။
လောထျန်းက သူတို့အား မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်၍မေးသည်။
" အဲ့လောက်တောင်လား ... "
ပန်းလင်တို့နှစ်ယောက် တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ပြီး ... သားရဲငယ်လေးဘက် တုန်လှုပ်စွာ ကြည့်လိုက်ကြ၏။
ထိုစဥ်တွင် သားရဲလေးမှာလည်း... လောထျန်းအား တုန်လှုပ်နေသည့် မျက်လုံးအစုံဖြင့် ကြည့်နေရှာသည်။
" အဲ့ရေခွက်ကို သောက်ပြီးသွားတာတောင် သူက ဘယ်လိုမှဖြစ်တဲ့ပုံ မပေါ်ဘူး ။ တကယ်ဆို သာမာန် မသေမျိုးဧကရာဇ် တစ်ယောက်တောင် အဲ့လိုဖြစ်မှာမဟုတ်ဘူးလေ ။ ကြည့်ရတာ ဒီလူက.... မသေမျိုးဧကရာဇ်လမ်းစဥ်ရဲ့ ဟိုးအဝေးကြီးကို ရောက်နေပြီ
ထင်တယ်... "
သူ့ စိတ်ထဲမှ တွေးလိုက်သည်။
တဖက်မှ လောထျန်းက လက်ယမ်း၍ ပြောလာ၏။
" ထားလိုက်ပါလေ ... အဲဲ့ကိစ္စကို ခဏမေ့ထားလိုက်ကြတာပေါ့ ။ အခု ဒီမှာ မြန်မြန်သိမ်းစရာရှိတာသိမ်းပြီး အပေါ်ပြန်တက်ရအောင် "
" ဟုတ်ကဲ့ သခင်လေး "
တဖက်လူများ ခေါင်းညိတ်လိုက်ကြသည်။
သားရဲငယ်လေးက မလှမ်းမကမ်းရှိ အစီအမံပညာရှင်ကို လှမ်းကြည့်ကာ ပြော၏။
" သခင်ကြီး ၊ အဲ့လူကို နှုတ်ပိတ်တဲ့အနေနဲ့ သတ်လိုက်ကြမလား ။ သူက ကျုပ်ဘယ်သူဆိုတာ သိထားတာဆိုတော့... သတင်းသာ အပြင်ကိုပေါက်သွားရင် ပြဿနာတွေ ဖြစ်လာနိုင်တယ် "
လောထျန်း ခေါင်းယမ်းလိုက်သည်။
" အဲ့လိုလုပ်စရာ မလိုပါဘူး ။ ပြဿနာ ဖြစ်လာရင်လဲ တိုက်ခိုက်ပြီးရှင်းရုံပဲပေါ့ "
သူ့စကားကြောင့် သားရဲငယ်လေး တုန်လှုပ်သွားရပြန်၏။
" ဒါ... မသေမျိုးဧကရာဇ်တစ်ပါးရဲ့ စိတ်နေစိတ်ထားလား ... လုံးဝကို မာနေတာပဲကွာ "
ထို့နောက်တွင်မူ လောထျန်းနှင့် သူ့လူများ ဂူတစ်ခုလုံးကို မွှေနှောက်ရှာရာမှ ရတနာအနည်းငယ် ရှာတွေ့သွားခဲ့ကြသည်။
ဤနေရာမှာ ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ အပိုင်နေရာ ဖြစ်သဖြင့် သူတို့ရှာတွေ့သည့် ရတနာအများစုမှာ စိတ်ဝိဥာဥ်ကျင့်စဥ်များနှင့် ဆက်နွယ်နေပါ၏။
အားလုံး ပြီးနောက်တွင်မူ လောထျန်းက အစီအမံပညာရှင် သုံးယောက်အား တည်နေရာရွှေ့ပြောင်းခြင်း အစီအမံတစ်ခု လုပ်စေကာ ... ၎င်းကိုသုံး၍ ပျောင်ပိုင်မြို့သို့ ပြန်သွားကြသည်။
" ဧကရာဇ်ဆေးလုံး ... "
လောထျန်း စကားစသည်။
" ပြောပါ သခင်ကြီး "
သားရဲငယ်လေး ချက်ချင်းဦးညွှတ်၏။
" မကြာခင်မှာ ပျောင်ပိုင်မြို့က ဧရာမစစ်ပွဲကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ် ။ အဲ့တော့ ငါ့နားမှာ ရှိနေကြတဲ့သူတွေကို မြန်နိုင်သမျှမြန်မြန် အစွမ်းထက်မှဖြစ်မယ် ။ ဒီတော့ မင်းအနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးပါ... မင်း လုပ်နိုင်မလား "
လောထျန်း မေးလိုက်သည်။
သူ့စကားကြောင့် သားရဲလေး တုန်သွားရှာ၏။
စစ်ပွဲကြီးတစ်ခုတဲ့လား ..
လောထျန်းသည်ပင် ထိုသို့ပြောနေသည်ဆိုပါက ၎င်းမှာ အမှန်တကယ် ကြောက်စရာကောင်းသော စစ်ပွဲကြီး ဖြစ်မည်မလွဲပါ ။
သို့ဖြစ်ရာ ယခုက သူ့လုပ်နိုင်စွမ်းကို ပြသရန် အကောင်းဆုံးအချိန်ပင် ။
" စိတ်မပူပါနဲ့ သခင်ကြီး ၊ ကျုပ် အသက်ကို စတေးရမယ်ဆိုရင်တောင် သခင်ကြီးရဲ့ ဂိုဏ်းသားတွေ အစွမ်းတိုးဖို့အတွက် အကောင်းဆုံးလုပ်ပေးပါ့မယ် "
သူ အလေးနက် ဆိုလိုက်သည်။
အကယ်၍ သူ အစားမခံလိုပါက လောထျန်း၏ ယုံကြည်မှုကို ရအောင်ယူထားမှ ဖြစ်ပေလိမ့်မည် ။
ထို့ကြောင့်လည်း လာမည့်တိုက်ပွဲအတွက် သူဘာမှ ဖုံးကွယ်မနေဘဲ အစွမ်းကုန် ကြိုးစားရပါမည် ။
" ကောင်းပြီ ၊ ပထမအကြီးအကဲက မင်းကို ကူညီပေးလိမ့်မယ် "
လောထျန်း ပြောသည်။
ထို့နောက် ပထမအကြီးအကဲအား သားရဲလေးကို ခေါ်သွားရန်ပါ ဆက်ပြောလိုက်၏။
ဝမ်ဟွန်းကွေ့ယီဂိုဏ်း ကိစ္စကို ဖြေရှင်းပြီးသွားပြီဖြစ်ရာ.. လက်ရှိအရေးကြီးဆုံးမှာ ထျန်းမင်ကမ္ဘာပင် ။
" ငါ ကျင့်ကြံခြင်းအဆင့်တစ်ခု တက်သွားပြီဆိုတော့.. တစ်ယောက်ချင်း ယှဥ်ရတဲ့တိုက်ပွဲမှာ ထျန်း
မင်ကမ္ဘာက ငါ့ကိုယှဥ်နိုင်တဲ့သူ ရှိတော့မယ်မထင်ဘူး ။ ဒါပေမယ့် သူတို့ဆီမှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိနေရင်တော့ မလွယ်နိုင်ဘူး ။ ဆိုတော့.. ပျောင်ပိုင်မြို့ရဲ့ တိုက်ခိုက်စွမ်းရည်ကို ပိုတိုးအောင်လုပ်ထားမှ ဖြစ်မယ် "
လောထျန်း ထိုသို့တွေးကာ မျက်လုံးမှိတ်၍ ဒုတိယအကြီးအကဲဆီသို့ အသံတိတ်သတင်းပို့လိုက်သည်။
" ဒုတိယအကြီးအကဲ ... မျိုးနွယ်စုထဲက ထိပ်ဆုံးအဆင့်မှာရှိတဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူအယောက် ၃၅၀ ကို ရွေးပြီးတော့.. အားလုံးကို လျှို့ဝှက်ဒေသဆီ ခေါ်လာခဲ့လိုက်ပါ "
ထိုစဥ် တစ်ကိုယ်တည်းကျင့်ကြံနေသော ဒုတိယအကြီးအကဲ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး လောထျန်းရှိရာဘက်သို့ ဦးညွှတ်၍ ဆိုလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်လေး ၊ ကျုပ် သေချာလုပ်လိုက်ပါ့မယ် "
ဤသို့ဖြင့် မကြာခင်မှာပင်.. ဒုတိယအကြီးအကဲက လူ အယောက် ၃၅၀ နှင့်အတူ လျှို့ဝှက်ဒေသထဲရှိ
လောထျန်းရှေ့သို့ ရောက်လာသည်။
" ကျုပ် သခင်လေးပြောတဲ့အတိုင်း ကျင့်ကြံနေတဲ့သူတွေအပါအဝင် အစွမ်းအထက်ဆုံး ကျင့်ကြံသူအယောက် ၃၅၀ ခေါ်လာပါပြီ ။ အဲ့ထဲက ၂၀၁ ကတော့ ကမ္ဘာပေါ်ကမသေမျိုးအဆင့်ကို ရောက်ထားကြပြီဗျ ။ ကျန်တဲ့သူတွေကတော့ ကောင်းကင်ဘုံတံခါးဝအဆင့် ၉ ထိပ်ဆုံးမှာ ရှိနေတဲ့သူတွေချည်းပဲ ။ သူတို့တွေ ကျင့်ကြံခြင်းအဆင့်တက်ဖို့လဲ သိပ်မလိုတော့ဘူး "
အကြီးအကဲ ရှင်းပြလိုက်သည်။
လောထျန်း လန့်သွားပုံပေါ်၏။
" ကမ္ဘာပေါ်ကမသေမျိုးအဆင့် ရောက်သွားတဲ့သူ အဲ့လောက်များနေပြီလား "
ဒုတိယအကြီးအကဲ ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်ဗျ ။ သခင်လေးပေးတဲ့ ရတနာပေါင်းစုံရဲ့ ကျေးဇူးရယ် ၊ သခင်မကြီး မိုယွိနဲ့ သခင်မကြီး ရှောက်ကျို့ ရဲ့ လမ်းပြသင်ကြားပေးတာတွေရယ် ၊ နောက်.. ဗောဓိပင်နဲ့ အချိန်နဲ့နေရာဗိမာန်တွေပါ ပေါင်းလိုက်တော့ ကျင့်ကြံခြင်းအဆင့်တက်ဖို့ မခက်
တော့ဘူးပေါ့ဗျာ "
လောထျန်း ခေါင်းညိတ်ကာ သူ့ရှေ့ရှိ ကမ္ဘာပေါ်မှမသေမျိုးများအား ကြည့်လိုက်၏။
ဒုတိယအကြီးအကဲက လူအုပ်အား လက်ညိုးညွှန်ပြရင်း ဆက်ပြောသည်။
" ဒီလူတွေအားလုံးရဲ့ နတ်ဆိုးခန္ဓာကိုယ်ကလဲ အဆင့်ကိုးနဲ့ အထက်မှာ ရှိကြတယ် ။ မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ်ကို ကျင့်ကြံထားနိုင်တဲ့သူ တစ်ယောက်တောင် ပါသေးတယ်ဗျ ။ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က တခြားသူတွေထက် အများကြီးပိုသာတယ် "