ပြိုင်ဘက်ကင်း ဆရာသခင်
Vol. 50 Ch. 740
ထိုသို့သော ငရဲတံခါးမျိုးသည် … အမြဲတစေ ရှိနေမည် ဖြစ်သည်။
ရဲ့လင်းချန်၏ မျက်လုံးထဲမှ ထိတ်လန့်တုန်လှုပ်မှုက ပို၍ ပြင်းထန်လာသည်။ နှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံ တစ်ခုလုံး၌ အမြဲ တည်ရှိနေသော ငရဲတံခါးက လေးခုသာ ရှိသဖြင့် ထိုသို့ အမြဲ တည်ရှိနေမည့် ငရဲတံခါးတစ်ခု ဖြစ်ပေါ်လာရန် အလွန် ရှားပါးကြောင်း ပြသနေ၏။
အမြဲတစေ တည်ရှိနေမည့် ငရဲတံခါးနှင့် ယာယီ ငရဲတံခါးတို့ကို ခွဲခြားသိမြင်နိုင်မည့် နည်းလမ်း သုံးခု ရှိသည်။ ပထမနည်းလမ်းက စိတ်ဝိညာဉ်စွမ်းအင်ပေါ် မူတည်ပါတယ်။ စိတ်ဝိညာဉ်စွမ်းအင်များက အားနည်းသည့် လက္ခဏာ တစ်စုံတစ်ရာမှ မပြဘဲ ဆက်တိုက် လျှံထွက်နေမည်ဆိုလျှင် ယင်းက အမြဲ တည်ရှိနေမည့် ငရဲတံခါး ဖြစ်နိုင်ချေ များသည်။ ဒုတိယနည်းလမ်းမှာ ဝဲကတော့ရဲ့ လှုပ်ခတ်မှုအပေါ်၌ မူတည်သည်။ ယာယီ ငရဲတံခါး၏ ဝဲကတော့ လည်ပတ်နှုန်းက ပိုနှေးပြီး အသွင်အပြင်ကလည်း အနည်းငယ် ပိုထိုင်းမှိုင်းသည်။ တတိယနည်းလမ်းမှာမူ ကြာချိန်ပေါ် မူတည်လေသည်။ ယာယီ ငရဲတံခါးက တစ်နာရီထက် ပိုမကြာချေ။
လက္ခဏာအားလုံးက ဤငရဲတံခါးက အမြဲတစေ ရှိနေတော့မည့် ငရဲတံခါး ဖြစ်ကြောင်း ညွှန်ပြနေသည်။
တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်သည် ပတ်ဝန်းကျင်က ပင်လယ်သတ္တဝါများကို လေ့လာလိုက်သည်။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်များက စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်နေ၍ ဖြစ်သည်။ သူတို့သည် ဆင့်ခေါ်ခံရသကဲ့သို့ စုဝေးနေပြီး တစ်ချို့ကလည်း ကျင့်ကြံသည့်ပုံစံမျိုး ပြနေသည်။။ တိရစ္ဆာန်တိုင်းက စိတ်ဝိညာဉ်စွမ်းအင်များမှတဆင့် သူတို့ကိုယ်သူတို့ သန်မာအောင် လုပ်နိုင်နေပုံရသည်။
ရေပေါ် ပြန်တက်မည့်အချိန်၌ ရဲ့လင်းချန်၏ နှလုံးသားက ရုတ်တရက် လေးလံသွားပြီး လိပ်အိုကြီးကို အလျင်အမြန် ဆွဲကိုင်ထားလိုက်သည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။
ပင်လယ်ပြင်အထက်မှာ ပုံရိပ်တစ်ခုက ရဲ့လင်းချန်၏ အလျင်အမြန် ပြေးခြင်းစွမ်းရည်ကဲ့သို့ ပင်လယ်ရေလှိုင်းများပေါ်၌ လမ်းလျှောက်နေသည်။ သို့သော် သူ၏ အမြန်နှုန်းက ပိုမြန်ပြီး ရေပေါ် လမ်းလျှောက်ချိန်၌ ပုံရိပ်များ ကျန်ခဲ့လေသည်။
အနက်ရောင်ဝတ်စုံက ပင်လယ်လေနှင့်အတူ တလွင့်လွင့် ဖြစ်နေသည်။ ထိုသူ၏ မျက်နှာက ပိန်ချုံးနေပြီး သူ၏နဖူးက အရှေ့သို့ အနည်းငယ် ခုံးထွက်နေသည်။ သူ၏အေးစက်ပြီး ပြတ်သားသောအကြည့်က ရက်စက်၍ အေးစက်ပုံကို ပြသနေသည်။
"ဝုန်း”
သူ၏ မျက်လုံးတွင် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းတွင် ပင်လယ်အောက်ခြေမှ အားကောင်းသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။ ချက်ချင်းဆိုသလိုပင် လှိုင်းများ တဗွမ်းဗွမ်း ပွက်လာပြီး သူ ဖြတ်သွားသည့် နေရာများမှ ငါးများ ပေါလောပေါ်ကာ သေဆုံးကုန်လေသည်။
"ဝှစ်"
နောက်ဆုံးတွင် သူ၏ ခြေလှမ်းများက ပင်လယ်သတ္တဝါများကို ဒေါသထွက်သွားစေသည်။ ပင်လယ်ထဲမှ ကြီးမားသော ပုံရိပ်တစ်ခုဟာ ရုတ်တရက် ခုန်ထွက်လာပြီး ထိုအဘိုးအိုကို ကိုက်ဖြတ်ရန် ပါးစပ်ကို ဟလိုက်သည်။ ၎င်း၏ ချွန်ထက်သော သွားများက အလင်းရောင်အောက်တွင် ထိတ်လန့်စရာ ကောင်းလောက်အောင် တောက်ပနေပြီး ၎င်းက ရှစ်မီတာကျော် ရှည်လျားသော ငါးမန်တစ်ကောင် ဖြစ်နေလေသည်။
အဘိုးအို၏မျက်နှာအမူအရာက အနည်းငယ်တောင်မှ ပြောင်းလဲမသွားချေ။ သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် အားကောင်သော လေလှိုင်းတစ်ခုက အမြောက်ဆန်တစ်ခုသဖွယ် ပစ်ခွင်းလာသည်။ ဓားတစ်ချောင်းကဲ့သို့သော ထိုလေလှိုင်းသည် ငါးမန်း၏ ပါးစပ်ကို ဖြတ်တောက်သွားပြီး သွေးများက နေရာအနှံ့ လွင့်စဉ်သွားလေသည်။
မကြာခင်မှာပင် ထိုအဘိုးအိုက ကောက်ကျစ်သော မျက်နှာနှင့် လှောင်ရယ်ကာ ငရဲတံခါးထံသို့ လျှောက်သွားသည်။ သူ၏ အနောက်တွင် သွေးပင်လယ် ဝေနေပြီး သေဆုံးနေသော ငါးပေါင်းများစွာက ရေပေါ်တွင် ပေါလောမျောနေ၏။ သွေးများကြောင့် ပင်လယ်က ချင်းချင်းနီနေပြီး အသူရာငရဲနှင့် တူနေလေသည်။
“သွားကြစမ်း”
ထိုစကားကို သူ ပြောလိုက်ချိန်တွင် အသံက သိပ်မကျယ်သော်လည်း အေးစက်မှုတို့ ပါဝင်နေသည်။ စိတ်ပျော့သော မည်သူမဆို ထိုအသံကို ကြားသည်နှင့် ချက်ချင်း ကြောက်လန့်သွားလောက်သည်။ သူ့ဘေးပတ်လည်မှ ငါးများသည် အင်တင်တင် ဖြစ်နေသော်လည်း ကြောက်လန့်တကြား ဆုတ်ခွာသွားရပါတယ်။
"ဟားဟားဟား၊ ဘုရားမတာပဲ၊ ဒီမှာ ငရဲတံခါး နောက်တစ်ခု ပေါ်လာပြန်ပြီ"
ထိုအဘိုးအိုက မီးတောက်နေသော မျက်လုံးများဖြင့် ယခုထိ မတည်ငြိမ်သေးသော ငရဲတံခါးကို စိုက်ကြည့်နေပြီး မျက်နှာက နီမြန်းနေသည်။
ငရဲတံခါးသည် အပြည့်အဝ ပွင့်ရန် အချိန်လိုအပ်သည်။ လက်ရှိတွင် ၎င်းသည် အခြေခံပုံစံသာ ရှိသေးပြီး အလွန် သေးနေပါသေးသည်။ ၎င်းက အချင်းတစ်မီတာအထိ ကျယ်ပြန်လာသည့်အခါမှသာ တရားဝင်တည်ငြိမ်ပြီဟု သတ်မှတ်နိုင်ပေသည်။ ထိုဂိတ် အပြည့်အဝ ပွင့်လာရန် အနည်းဆုံး သုံးလနီးပါး ကြာမြင့်ပေလိမ့်မည်။
တကယ်တမ်းတွင် ထိုအချိန်ကာလသည် လူသားများအတွက် မြို့တော် ဒေသသစ်ကဲ့သို့ ကြိုတင် ပြင်ဆင်နိုင်ရန် ဖြစ်သည်။ စစ်သည်တော်ဌာနကို ကြိုတင်ပြင်ဆင်ခွင့်ပေးခြင်းသည် လူသားများအတွက် အသိပေးချက်တစ်ခု ဖြစ်သကဲ့သို့ အားနည်းသူများအတွက် အကျိုးကျေးဇူးတစ်ခုလည်း ဖြစ်သည်။
"ဒီအဖိုးကြီးက သန်မာတာပဲ"
ရဲ့လင်းချန်က ပင်လယ်အောက်ခြေ၌ ပုန်းနေသည်။ ထိုအဘိုးအိုထံမှ ထွက်လာသော စွမ်းအင်က ရဲ့လင်းချန်ကို ထိတ်လန့်သွားစေပြီး ကြက်သီးမွေးညင်း ထသွားစေသည်။
ဤအဘိုးအို၏ အရှိန်အဝါသည် ရှန်းကော်ချန်ထက်ပင် ပို၍ အားကောင်းပြီး သာမန်အင်အားသက်သက်ဖြင့် တိုက်ခိုက်၍ မရနိုင်ပေ။
အကယ်၍ ရှန်းကော်ချန်က မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်၌ ရှိသည်ဆိုလျှင် ဤအဘိုးအိုသည် မူလစိတ်ဝိညာဉ် အဆင့်၏ အကန့်အသတ်ကို ကျော်လွန်သွားလောက်ပြီ ဖြစ်သည်။
ရဲ့လင်းချန် အနည်းငယ် စိုးရိမ်ပူပန်သွားပြီး သူ့အသက်ရှူသံကို ထိန်းထားလိုက်သည်။ ထိုအဘိုးအို၏ အာရုံစိုက်မှုကို မရရှိစေရန်အတွက် လိပ်အိုကြီးအား ငါးအုပ်နှင့်အတူ တဖြည်းဖြည်း နောက်ဆုတ်ခိုင်းလိုက်သည်။
ကိုရီးယားနိုင်ငံမှာ ထိုသို့ အင်အားကြီးသောသူမျိုးက အစွမ်းထက်တဲ့လူမျိုး ရှိနေသည်တဲ့လား။ ရဲ့လင်းချန်က သူ့ကို အမှတ်မထင် တွေ့ဆုံမိသွားတာလား။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှနေ၍ ထိုငရဲတံခါး၏ တည်နေရာကို သေချာအောင် လေ့လာ စိစစ်နေ၏။
ဆန်းကြယ်ကျွန်းသည် အရှေ့ပင်လယ်ထဲမှာ တည်ရှိသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်အတိုင်း အရှေ့ဘက်သို့ ဦးတည်လာခဲ့ပြီး ကိုရီးယားနိုင်ငံအထိ ရောက်သွားခဲ့သည်။ တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံသည် ပင်လယ်တစ်ခုတည်းသာ ခြားပြီး သိပ်မဝေးချေ။
ထိုပင်လယ်ဧရိယာသည် တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံကြားမှ နိုင်ငံတကာရေပိုင်နက် ဖြစ်နိုင်သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ထိုဧရိယာ၏ ပိုင်ဆိုင်မှုက ကိုရီးယားက မရထိုက်သင့်ပေ။
၎င်းက နိုင်ငံတကာ ရေပိုင်နက် ဖြစ်သော်လည်း အရင်ဆုံး ရှာဖွေတွေ့ရှိသည့် ဘယ်သူမဆိုက ၎င်းကို သူတို့အပိုင်အဖြစ် သေချာပေါက် ရယူချင်မှာပင်။
သူ ထိုအဘိုးအိုကို မယှဉ်နိုင်ပါ။ ထို့ကြောင့် သူ ပြန်၍ ဤသတင်းကို စစ်သည်တော်ဌာနကို ပြောပြရမည်။ သို့မဟုတ်ပါက ကိုရီးယားနိုင်ငံက ထိုဧရိယာကို တိုက်ရိုက် အစောင့်အကြပ်များဖြင့် ပိတ်ဆို့ ဝန်းရံထားနိုင်သည်။
သို့သော် ထိုအဘိုးအို၏ မျက်ခုံးက ရုတ်တရက် ပင့်တက်သွားပြီး စိတ်ပျက်ဟန် အသံ ခပ်တိုးတိုး ထွက်လာသည်။
သူသည် ရှေ့သို့ ဆက်လျှောက်၍ ပင်လယ်ကို ဖြတ်ကာ လျှောက်လာနေပြီး ရဲ့လင်းချန်ရှိရာဘက်သို့ ဦးတည်လာနေမှန်း ထင်ရှားနေသည်။ သူ၏ခြေလှမ်းတိုင်းဟာ အမြောက်ဆန်သဖွယ်ဖြစ်ပြီး ရေမျက်နှာပြင် ထက်တွင် ကြီးမားတဲ့ လှိုင်းလုံးများ ထွက်ပေါ်လာလျှက် ရှိသည်။
“မြန်မြန်သွားတော့ လိပ်အိုကြီး”
ရဲ့လင်းချန်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ကိုယ်သူ ဖုံးကွယ်နေရန် ဂရုမစိုက်တော့ချေ။ မေ့သွားတော့ပါဘူး။ လိပ်အိုကြီးက အရှိန်အပြည့်နှင့် စတင် ကူးခတ်လေသည်။
"ဒီမှာ ကြွက်တစ်ကောင် ရှိနေမယ်လို့ ထင်မထားမိဘူး"
အဘိုးအိုက အေးစက်စွာ ပြုံးလာသည်။ သူ၏ ပိန်ပါးပါး ခန္ဓာကိုယ်က အားမရှိဘူးဟု ထင်ရသော်လည်း သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားပုံသဏ္ဌာန်ရှိသော လေလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက လှစ်ခနဲ ပင်လယ်ထဲသို့ တိုးဝင်လာပြီး ရေကို ခွင်းကာ ရဲ့လင်းချန်ထံသို့ တည့်တည့် ဦးတည်လာနေ၏။
“ချီးပဲ”
ရဲ့လင်းချန် တီးတိုးဆဲဆိုလိုက်ပြီး လက်လွတ်စပယ် မပြုမူရဲတော့ချေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အင်အားကို စုစည်းလိုက်ပြီး သူ၏ စိတ်ဝိညာဉ် စွမ်းအင်က အရူးအမူး တိုးလာပြီးနောက် အရဟာ လက်သီးစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
“ဝုန်း”
ပင်လယ်မျက်နှာပြင်မှ လှိုင်းများက ဆယ်မီတာကျော် မြင့်တက်လာခဲ့သည်။ ရဲ့လင်းချန်၏ ခန္ဓာကိုယ်က ဆန့်ကျင်ဘက်သို့ လွင့်ပျံသွားခဲ့ပြီး လိပ်အိုကြီးက နောက်ဆက်တွဲ သက်ရောက်မှုဒဏ်ကို ခံလိုက်ရသဖြင့် ညည်းတွားလာသည်။
“သန်မာတယ်၊ သူက သန်မာလွန်းတယ်”
ရဲ့လင်းချန် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။ သူ နောက်ပြန်မလှည့်ဘဲ အမြန် ထွက်ပြေးခဲ့လေသည်။
“မင်း ပြေးလို့မလွတ်နိုင်ပါဘူး၊ ဒီလိပ်က မဆိုးဘူးပဲ၊ ငါ ဒါကို စီးတော်ယာဉ်အဖြစ် သုံးဖို့ သိမ်းထားမယ်”
အဘိုးအိုက စဉ်းလဲစွာပြုံးပြီး တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်စလုံးကို မြှောက်ကာ တိုက်ခိုက်လိုက်သည်။ ထို့နောက် သူ ရေပေါ်၌ ခြေဆောင့်နင်းလိုက်ပြီး သူ့ခန္ဓာကိုယ်က အမြောက်ကျည်တစ်ခုသဖွယ် အပေါ်သို့ မြောက်တက်သွားလေသည်။ သူ၏ အမြန်နှုန်းက အဆပေါင်းများစွာ တိုးလာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ဆယ်ပေ အကွာအဝေးသို့ ရောက်သွားသည်။
ရဲ့လင်းချန်က လိပ်အိုကြီးအား တိုက်ခိုက်မှုကို ရှောင်ရှားဖို့ ပြောလိုက်သည်။ သို့သော် သူ နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ အဘိုးအိုက သူ၏အရှေ့သို့ ရောက်နေပြီး သူ့အား လှောင်ပြောင်သည့် အကြည့်မျိုးနှင့်တောင် ကြည့်နေလိုက်သေးသည်။
အဘိုးအိုရဲ့ မျက်လုံးများက ရဲ့လင်းချန်ကို မြင်လိုက်သည့် အခိုက်အတန့်၌ လင်းလက်သွားသည်။
“မင်းက ရဲ့လင်းချန်လား”
“ဟားဟားဟား မင်းကို အချိန်ကုန်ခံပြီး ရှာခဲ့ပင်မယ့် ကံကောင်းလို့ တွေ့နေရပြီပဲ၊ ဒီနေ့တော့ တကယ်ကို ရွှေတွင်းတူးမိတာနဲ့ တူတယ်၊ ငရဲတံခါးအသစ်ကို တွေ့ရုံတင်မကဘဲ မင်းကိုပါ အသာလေး ရှာတွေ့ပြီ၊ အံ့ဩစရာပဲ၊ ဒါက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ”
ရဲ့လင်းချန်သည် သူ့ရင်ထဲမှ စိုးရိမ်စိတ်ကို ထိန်းချုပ်လိုက်ပြီး အဘိုးအိုနှင့် အကွာအဝေးတစ်ခုကို ထိန်းထားကာ သူက ယင်ကောင်တစ်ကောင်ကိုပင် ထိခိုက်အောင် မလုပ်နိုင်သည့် အမူအရာမျိုး ပြုလုပ်လိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို သိတာလား”
“ငါ မင်းကို သိရုံတင်မကဘူး၊ မင်းရဲ့ နာမည်က အရင်ကျော်စောနေတာလေ”
အဘိုးအိုက ရဲ့လင်းချန်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီးနောက် သူ၏ အမာရွတ်ပြည့်နေသော မျက်နှာမှ အန္တရာယ် ပေးလိုသော အငွေ့အသက် ထွက်ပေါ်လာသည်။
“နတ်ဆေးဆရာဝိုင်က ငါတို့ ကိုရီးယား တစ်နိုင်ငံလုံးကို ပိတ်ပင်ထားပြီးတော့ သားရဲရန်စွယ်ဆေးကို ငါတို့ဆီ လုံးဝ မရောင်းဘူးလေ၊ ဘယ်လောက်တောင် ရက်စက်လိုက်သလဲ”
“မင်းက နတ်ဆေးဆရာဝိုင် ဟုတ်တယ်မလား၊ အခု ငါတို့ သိသွားပြီဆိုတော့ မင်း ငါနဲ့ လိုက်ခဲ့ဖို့ အချိန်ရောက်ပြီ”
...