← Chapters

ပြင်းထန်သော ပင်လယ်ပြင်တိုက်ပွဲ

Vol. 50 Ch. 741

ပြင်းထန်သော ပင်လယ်ပြင်တိုက်ပွဲ

Vol. 50 Ch. 741

ရဲ့လင်းချန် အောင့်သက်သက် ပြုံးလိုက်သည်။

“အကြီးအကဲ၊ ဒါက ကလေးဆန်တဲ့ နောက်ပြောင်မှုသက်သက်ပါ၊ ကျွန်တော် ပြန်ရောက်တာနဲ့ ကိုရီးယားနိုင်ငံကို သားရဲရန်စွယ်ဆေး ဝယ်ယူခွင့် ချက်ချင်း ခွင့်ပြုပါ့မယ်”

“ဟားဟား၊ မင်း ပြန်ရောက်တာနဲ့လား”

အဘိုးအိုက လှောင်ပြောင်ရယ်မောလိုက်သည်။

“ပြန်သွားစရာ လမ်းမရှိဘူးကွ၊ မင်းကို ဖမ်းပြီး ငါတို့ ကိုရီးယားနိုင်ငံမှာ ထားပြီးတော့ မင်းကို ငါတို့အတွက် ဆေးတွေ ဖန်တီးခိုင်းတာက ပိုမကောင်းဘူးလား”

“အကြီးအကဲ၊ ကျွန်တော်က စစ်သည်တော်ဌာနကပါ”

ရဲ့လင်းချန် ပြောလိုက်သည်။

“အဲ့ဒီတော့ ဘာဖြစ်သလဲ”

အဘိုးအိုက ဂရုမစိုက်သည့် ပုံစံနှင့် ပြုံးလိုက်သည်။

“မင်း ငါနဲ့အတူ ဆန္ဒအလျောက် လိုက်လာမှာလား၊ ဒါမှမဟုတ် ငါက မင်းကို သေလုနီးပါး ရိုက်နှက်ပြီးမှ ခေါ်သွားစေချင်တာလား၊ မင်းခြေထောက်အောက်က လိပ်ကိုကြီးကလဲ ကောင်းပါတယ်၊ အဲ့ဒါက စီးတော်ယာဉ်အဖြစ် သင့်လျော်တယ် မဟုတ်ရင် စွပ်ပြုတ် ဖြစ်သွားလိမ့်မယ်”

“ခင်ဗျား နောက်နေတာမလား၊ ကျွန်တော့်လို အားနည်းတဲ့သူက ခင်ဗျားလို အကြီးအကဲကို လက်ဖျားနဲ့တောင် မထိရဲပါဘူး”

ရဲ့လင်းချန်က ခြောက်သွေ့စွာ ရယ်မောလိုက်သော်လည်း စိတ်လေးနေသည်။ ထို့နောက် သူက မေးလိုက်သည်။

“ခင်ဗျားရဲ့ ခွန်အားက အံ့ဩစရာပါပဲ၊ ခင်ဗျား မူလစိတ်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်ပြီးသွားလောက်ပြီ ဟုတ်တယ်မလား”

အဘိုးအိုက အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်။

“မှန်တယ်၊ မူလစိတ်ဝိညာဉ်အဆင့်ရဲ့ အထက်မှာ ဘုရင်အဆင့် ရှိတယ်၊ ဘုရင်အဆင့်ရဲ့ အထက်မှာ ၊ ဘုရင်အဆင့်ရဲ့ အထက်မှာ သူတော်စင်အဆင့်လို့ခေါ်တဲ့ အဆင့်ရှိတယ်။”

“အကြံပေးတာ ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ တရုတ်နိုင်ငံမှာ စစ်သည်တော်ဌာန ရှိတယ်ဆိုတာက ကျွန်တော် သိတာ အကုန်ပဲ၊ ကိုရီးယားနိုင်ငံမှာ ခင်ဗျားလို ဆရာသခင်တွေ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ရဲ့လင်းချန်က သူ့ကို မျက်နှာချိုသွေး၍ အခြေအနေကို ချောမွေ့အောင် ပြုလုပ်နေသည်။

“ဟဲဟဲ၊ တရုတ်က စစ်သည်တော်ဌာနမှ ကွန်ဖူးကို သင်တယ်၊ ငါတို့နိုင်ငံက ကောင်းကင်ဘုံစံအိမ်လို့‌ေ ခေါ်ပြီး ဂျူဒိုသင်တယ်”

အဘိုးအို စကားပြောနေရင်း သူ့လက်များကို အရှေ့သို့ အနည်းငယ် ဆန့်တန်းလိုက်ပြီး နို့နှစ်ရောင် စိတ်ဝိညာဉ်စွမ်းအင်က ပိုးချည်မျှင်သဖွယ် လေထဲ၌ ယှက်နွယ်သွားခဲ့သည်။ ၎င်းက ပိုးချည်မျှင်နှင့် တူသော်လည်း ပါဝင်သော ခွန်အားက ကြောက်စရာ ကောင်းလှသည်။ ထိုပိုးချည်မျှင်က ငါးမန်းတစ်ကောင်လုံးကို ဘယ်လောက် အလွယ်တကူ နှစ်ပိုင်း ပိုင်းခဲ့သလဲ ဆိုသည်ကို ရဲ့လင်းချန် ယခင်က မြင်ခဲ့ရသည်။

ကိုရီးယားနိုင်ငံ၏ တိုက်ကွမ်ဒိုနဲ့ ဂျူဂျစ်ဆုတို့တွင် အားသာချက်များရှိပြီး မာကျောမှုနှင့် နူးညံ့မှုတို့ ပေါင်းစပ်ထားသည့် သိုင်းကွက်များကို ဖန်တီးနိုင်သည်။

သို့သော် ကိုရီးယားနိုင်ငံက သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံစံအိမ်ဟု အမည်ပေးခဲ့ပြီး ဂျပန်နိုင်ငံကပ ကမ္ဘာမြေ၏ ဂိတ်တံခါးဟု ခေါ်ခဲ့ကြသည်။ ထိုနှစ်နိုင်ငံလုံးက အလွန်အမင်း မောက်မာကြသည်။ သူတို့က ကျွန်းနိုင်ငံများ ဖြစ်သော်လည်း သူတို့ကိုယ်သူတို့ 'ကောင်းကင်' နှင့် 'ကမ္ဘာမြေ' ဟု ခေါ်ဆိုခဲ့ကြသည်။

“အချိန်ဆွဲဖို့ စဉ်းစားမနေနဲ့၊ ဒီကို ဘယ်သူမှ မလာကြဘူး၊ အဲ့ဒါကြောင့် ငါနဲ့ လိုက်ခဲ့တော့”

အဘိုးအိုက လိုရင်း ပြောလိုက်သည်။ သူ့လက်များကို အနည်းငယ် လှုပ်လိုက်သည်နှင့် သူ့အရှေ့က ပိုးချည်မျှင်က ချက်ချင်း အသက်ဝင်လာပြီး ရဲ့လင်းချန်ဆီသို့ မြွေတစ်ကောင်လို ရစ်ပတ်လာခဲ့သည်။

“နောက်ဆုတ်”

ရဲ့လင်းချန်သည် ပိုးချည်မျှင်နှင့် ရစ်ပတ်ခံရန် မဖြစ်နိုင်သေးကြောင်း ဆုံးဖြတ်လိုက်သည်။ ရှေ့ဆက်သွားရမည့် လမ်းက ပိတ်ဆို့ခံထားရသည့်အတွက် သူ အလျင်အမြန် နောက်ဆုတ်ရန်သာ ရှိတော့သည်။

လိပ်အိုကြီးက သူ၏ အားအင်အားလုံးကို ထုတ်သုံးပြီး သူ၏ ခြေလက်များကို အလောတကြီး လှုပ်ရှားကာ ရေငုပ်သင်္ဘောတစ်စီးသဖွယ် ရှေ့သို့ ကူးခပ်သွားခဲ့သည်။

“ရွှစ် ရွှစ် ရွှစ်”

ပျော့ပြောင်းသော ပိုးချည်မျှင်များက ပင်လယ်ထဲကို ဖြတ်ကျော်ဝင်ရောက်သွားပြီး သူတို့နှင့် ထိမိသည့် နေရာတိုင်းမှ ငါးများကို နှစ်ပိုင်း ခွဲပစ်လိုက်သည်။ ပိုးချည်မျှင်၏ အမြန်နှုန်းက ရဲ့လင်းချန်ထက် ပိုမြန်ပြီး ရေထဲသို့ ရေမြွေတစ်ကောင်လို ထိုးဖောက်ဝင်ရောက်လာနေသည်။

ရဲ့လင်းချန်က နောက်ဆုတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်က သူ့လက်နှစ်ဖက်ထံသို့ တရကြမ်း ဝင်ရောက်လာပြီး သူ့ရဲ့ လက်မောင်းများက သိသိသာသာ ကြီးမားလာကာ လက်သီးများက နီရဲလာ၏။

“အရဟာ လက်သီးစွမ်းအင်’

“ဝုန်း”

သူ့လက်သီးဖြင့် ထိုးခွင်းလိုက်သည်နှင့် ရဲ့လင်းချန် ပတ်ဝန်းကျင်က ပင်လယ်ရေများက မငြိမ်မသက် ဖြစ်လာသည်။ ပင်လယ်ရေများက လက်သီးစွမ်းအင်နှင့်အတူ ထိုပိုးချည်မျှင်များထံသို့ ပြေးဝင်သွားပြီး ချက်ချင်း ချည်မျှင်များကို ပိတ်ဆို့နိုင်ခဲ့သည်။

သို့သော်လည်း ရဲ့လင်းချန်ရဲ့ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင်မပြခဲ့ပေ။ သူ ပို၍ မြန်မြန် ဆုတ်ခွာနေသော်လည်း ထိုအခိုက်မှာပင် ပိုးချည်မျှင်များက ထပ်မံ ပေါ်ထွက်လာပြီး သူ့ကို ဖမ်းချုပ်ရန် ‌ရောက်လာသည်။

“မင်း ဒီလိုအသက်အရွယ်မှာ ဒီလိုခွန်အားနဲ့ ပါရမီရှိတာ မဆိုးပါဘူး”

အဘိုးအိုက လှောင်ပြောင်ရင်း ပြောလိုက်သည်။

“မင်း ဆက်တိုက်ချင်သေးလား”

“အကြီးအကဲ၊ ငါတို့ အားလုံး ဟင်းလင်းပြင်နယ်မြေကို အတူ တိုက်ခိုက်ကြမှာပဲ၊ ကမ္ဘာကြီးရဲ့ တည်ရှိမှုက အစွန်အဖျားကို ရောက်နေပြီ၊ ခင်ဗျား ဒီလိုလုပ်ချင်တာ သေချာပြီလား”

ရဲ့လင်းချန်က မေးလိုက်သည်။

အဘိုးအိုက ရယ်လေသည်။

“မင်း အရမ်း အလွန်းတယ် ကောင်လေး၊ ငါ မင်းကို တိုတိုတုတ်တုတ် သင်ခန်းစာ ပေးလိုက်တာ ကောင်းမယ်နဲ့ တူတယ်၊ ငါတို့ကမ္ဘာကြီးက မင်း ထင်တာထက် အများကြီး ပိုပြီး ရက်စက်တယ်၊ မင်းနဲ့ငါက နိုင်ငံသားချင်း မတူတာကို ဘေးဖယ်ထားလိုက်ဦး၊ ငါတို့က သွေးသားရင်းချာတွေ ဖြစ်နေရင်တောင်မှ ခဏလေးအတွင်းမှာ ရန်သူတွေ ဖြစ်သွားနိုင်တယ်၊ အထူးသဖြင့် ဟင်းလင်းပြင်နယ်မြေထဲ ဝင်ပြီးသွားရင်ပေါ့၊ အရင်းအမြစ်နဲ့ ခွန်အားအတွက် ယှဉ်ပြိုင်နိုင်ဖို့ နှစ်တိုင်း လူသားတွေရဲ့ လက်ထဲမှာပဲ လူသားတွေ သေဆုံးခဲ့ကြတာ၊ ဒါ ဦးသူ စားတဲ့ လောကကြီးပဲ၊ အားကောင်းတဲ့သူတွေမှသာ ကမ္ဘာကြီးရဲ့ရှင်သန်နိုင်မှုကို အာမခံနိုင်တယ်၊ အားကောင်းတဲ့သူ တစ်ယောက် ပေါ်လာသရွေ့ မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေတာကို ဘယ်သူမှ ဂရုမစိုက်ဘူး”

“ဒါ့အပြင် ငါ မင်းကို သတ်လိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ၊ မင်းရဲ့ အသက်က တန်ဖိုးမရှိဘူး”

အဘိုးအို၏ အရှိန်အဝါက အနည်းငယ် တိုးလာသည်။ သူက လက်ကို မြှောက်လိုက်ပြီး ရဲ့လင်းချန်ထံသို့ လက်ဝါးကို ဝှေ့ယမ်းလိုက်သည်။

“ဗွမ်း”

ပင်လယ်ရေများက ကောင်းကင်သို့ ထိုးတက်သွားပြီး ရဲ့လင်းချန် သွေးတစ်လုပ် အန်လာသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများစွာက အက်ကွဲလာသည်။ သူ၏ ကျောက်တုံးသဖွယ် မာကျောသော အရိုးများကြောင့်သာ မဟုတ်လျှင် တိုတိုက်ခိုက်မှု တစ်ခုတည်းနှင့်တင် သူ့နံရိုးများ ကျိုးသွားနိုင်၏။

ရဲ့လင်းချန် အသည်းအသန် ဆုတ်ခွာနေမိသည်။

“မင်း ဖမ်းဆီးတာကို ဆက်ပြီး ခုခံနေဦးမှာလား၊ ကောင်လေး၊ ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်၊ မင်းရဲ့ သိုင်းပညာ စွမ်းရည်တွေကို ငါ့ကို ဖျက်ဆီးခွင့်ပေးမယ်ဆိုရင် ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်”

အဘိုးအိုက မျက်လုံးကို‌ မှေးစင်း၍ ထူးဆန်းစွာ အော်ရယ်လေသည်။

“သောက်ရူးကြီး၊ သွားသေလိုက်လေ”

ရဲ့လင်းချန်က ငရဲတံခါး အနီးသို့ ဆုတ်ခွာပြီးနေပြီ ဖြစ်ပြီး ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။

“ဒီလိုဆိုမှာတော့ ငါတို့ အားလုံး အတူတူ ဒုက္ခခံကြတာပေါ့”

“ဒီကောင်စုတ်က သူ့သေတွင်း သူ တူးနေတာပဲ”

အဘိုးအိုရဲ့ မျက်လုံးများတွင် အလွန့်အလွန် ရန်လိုစိတ်တို့နှင့် ပြည့်နှက်လာသည်။ သူ၏ မျက်နှာက တင်းမာလာပြီး သူ့လက်များတွင် စိတ်ဝိညာဉ်စွမ်းအင်များ စတင် စုစည်းလာသည်။ သူ ရဲ့လင်းချန်ကို ရိုက်ချရန် ပြင်လိုက်စဉ်မှာပင် သူ့အပြုအမူများက ရုတ်တရက် ရပ်တန့်သွားသည်။

“လာစမ်းပါ သောက်ရူးကြီးရဲ့၊ လာလေ”

ရဲ့လင်းချန်က ငရဲတံခါးဘေး၌ ရပ်နေပြီး အဘိုးအိုက မချိုမချဉ်အပြုံးနှင့် ကြည့်နေသည်။

ငရဲတံခါးတွင် စိတ်ဝိညာဉ်စွမ်းအင် ရုတ်တရက် တိုးပွားလာခြင်းကို တားဆီးနိုင်သည့် ထူးဆန်းသော ဝိသေသ ရှိသည်။ ဥပမာအားဖြင့် မြို့တော်ဒေသသစ်တွင် ရှန်းကော်ချန်သည် ၎င်းနား မကပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူ အနားသို့ ကပ်သွားသည်နှင့် ငရဲတံခါးက ပိုကျယ်ပြန့်လာမည် ဖြစ်သောကြောင့်ပင်။

လက်ရှိ ငရဲတံခါးက အပြည့်အဝ မပွင့်သေးသော်လည်း အပြင်လောကမှ မည်သည့် စိတ်ဝိညာဉ်စွမ်းအင် စွက်ဖက်မှုမဆိုက ၎င်းပွင့်လာမည့် နှုန်းကို အရှိန်မြှင့်ပေးနိုင်၏။

လက်ရှိတွင် ရဲ့လင်းချန်က ငရဲတံခါးဘေးတွင် ရပ်နေခဲ့ပြီး အဘိုးအိုက သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို သုံးပြီး တိုက်ခိုက်ခဲ့လျှင် နောက်ဆက်တွဲ ဆိုးကျိုးများက မတွေးရဲလောက်စရာပင်။

အဘိုးအို၏ အမူအရာက အတော်ကြာအောင် ဝေခွဲမရ ဖြစ်နေပြီးနောက် ပြုံးလာသည်။

“အရူးထမနေနဲ့၊ ကောင်လေး၊ ဒီငရဲတံခါးတွေထဲက ဘယ်ဟာမဆိုက လူသားတွေအတွက် တန်ဖိုးမဖြတ်နိုင် တဲ့အပြင် အရမ်း အန္တရာယ်များတယ်၊ မင်း အသင့်မဖြစ်သေးဘူးဆိုရင် မင်းရဲ့ဒီလုပ်ရပ်က လူသားမျိုးနွယ်ကို ဘေးအန္တရာယ် ဖြစ်စေနိုင်တယ်၊ မင်း အဲဒါကို လုပ်ရဲလို့လား”

“ဟဲဟဲ၊ ခင်ဗျား ကျုပ်ကို အရမ်း အထင်ကြီးလွန်းတာပဲ၊ ဘာပဲဖြစ်ဖြစ် ကျုပ် သေရတော့မယ်ဆိုရင် ဘာလို့ ဒါတွေကို ဂရုစိုက်ရမှာလဲ”

ရဲ့လင်းချန်က အဘိုးအိုကို ပြုံးပြပြီး သူ့လက်များကို ငရဲတံခါးရှေ့၌ ထားလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များက သူ၏ လက်ဖဝါးများ၌ စုဝေးလာသည်။

“နောက်ဆုတ်ပြီး ကျုပ်မျက်စိရှေ့က ထွက်သွား”

အဘိုးအို၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူ၏ သတ်ဖြတ်လိုသော အငွေ့အသက် ထွက်ပေါ်လာသည်။

“ငါ မင်းကို အကြံပေးလိုက်မယ် ကောင်လေး၊ မင်းရဲ့ လုပ်ရပ်တွေကို ပိုဂရုစိုက်တာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် မင်း ကမ္ဘာပေါ်မှာ အဆိုးဆုံး ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရလိမ့်မယ်”

ရဲ့လင်းချန်ရဲ့ အမူအရာက တည်ငြိမ်နေပြီး အသံနက်ကြီးနှင့် သတိပေးလိုက်သည်။

“ကျုပ်ကို ဒီလိုလုပ်ဖို့ ဖိအားမပေးပါနဲ့ အကြီးအကဲ၊ နောက်ဆုတ်လိုက်”

အဘိုးအိုက တစ်ခုခုကို စဉ်းစားနေသကဲ့သို့ ငြိမ်သက်စွာ ရပ်နေသည်။

“သခင်၊ ခင်ဗျားအောက်မှာ၊ သတိထား”

လိပ်အိုကြီးက အလျင်စလို အသံဖြင့် ပင်လယ်ရေအောက်မှ သတိပေးလာသည်။

ရဲ့လင်းချန် အလိုလို အသည်းအသန် နောက်ဆုတ်လိုက်မိသည်။

သူ ရပ်ခဲ့တဲ့နေရာမှနေ၍ ပိုးချည်မျှင်များ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ အချိန်မီ မဆုတ်ခွာမိလျှင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းသွားပေလိမ့်မည်။

ပထမအကြိမ်တွင် မအောင်မြင်သဖြင့် ထိုပိုးချည်မျှင်များက ရဲ့လင်းချန်ထံသို့ ပေါ်ပေါ်ထင်ထင် ပြေးဝင်လာ၏။ အဘိုးအိုက အနောက်မှ လျင်မြန်စွာ လိုက်ပါလာသည်။

“ချီးပဲ သောက်အဘိုးကြီး၊ ခင်ဗျား ကျုပ်ကို ရွေးချယ်စရာ မရှိအောင် လုပ်လိုက်တာပဲ”

ရဲ့လင်းချန်၏ မျက်နှာတွင် ခက်ထန်သော အမူအရာ ပေါ်လာပြီး သူက လက်သီးကိုဝင့်၍ ငရဲတံခါးကို ထိုးနှက်လိုက်သည်။

All Chapters