← Chapters

အခန်း (၂၆၇၀)

Vol. 114 Ch. 2670

အခန်း (၂၆၇၀)

Vol. 114 Ch. 2670

ရန်ကိုင်နှင့် ယင်ဖေးတို့မှာ သံသယဝင်စရာကောင်းပါသော်ငြား ခေါင်းဆောင်တပည့်ကမူ သူတို့အား အာရုံစိုက်မနေခဲ့ချေ။ တကယ်တော့ ရွက်တစ်ထောင်ဂိုဏ်းသည် ဂိုဏ်းငယ်လေး တစ်ဂိုဏ်းသားလျှင် မဟုတ်လေလော။ သူတို့ကဲ့သို့သော ဂိုဏ်းလေး တစ်ဂိုဏ်းသည် မည်မျှအားကောင်းသည့် စစ်ကူများကို ခေါ်လာနိုင်မှာမို့နည်း။ ဤနေရာသည် အရိပ်ဓါးပျံမြို့ဖြစ်သည်။ ဤမြို့တွင် လာပြဿနာရှာခြင်းကို မည်သို့မှ သည်းခံလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ရန်ကိုင်အား တစ်ချက်မျှ ကြည့်ပြီးနောက် ခေါင်းဆောင်တပည့်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “လူကြီးမင်း၊ ခင်ဗျား ဘယ်သူလဲ။ ကိုယ့်ကိစ္စမပါရင် ဘေးဖယ်နေလိုက်၊ ဓါးခုတ်ရာလက်ဝင်လျှိုလို့ ပြဿနာဖြစ်မှာမျိုး အဖြစ်မခံချင်စမ်းနဲ့”

ရန်ကိုင်ကမူ ထိုလူပြောသည်ကို မကြားချင်ယောင်ဆောင်၍ တုရှန်းနှင့် ရီကျင်းဟန်တို့ ဘက်သို့ လှည့်၍သာ ပြန်ပြောလိုက်လေသည် “အရင်အကြွေးလေးဘာလေး တောင်းချင်လား”

ဤအဖွဲ့လောက်ကို ရန်ကိုင် လက်မပါချင်ပါသော်ငြား ရီကျင်းဟန်နှင့် တုရှန်းတို့အတွက်မူ ထိုအဖွဲ့သည် သူတို့၏ မျိုသိပ်ထားရသည့် ဒေါသကို ဖွင့်ထုတ်နိုင်မည့်လူများ ဖြစ်ကြသည်။

ထိုစကားကိုကြားသော် တုရှန်းက အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်၏ “အင်း၊ ရောင်းရင်းရန် တစ်ချက်လောက် ကြည့်ထားပေးနော်”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး ဘေးထွက်ရပ်နေပေးလိုက်လေသည်။

“ရိုင်းလိုက်တာ” တုရှန်း၏ စကားကြောင့် ခေါင်းဆောင်တပည့် ဒေါသထွက်သွားပြီး သူ့လက်ကို ဝှေ့ရမ်း၍ အမိန့်ပေးလိုက်လေသည် “အဲ့ကောင်တွေကို ဖမ်းလိုက်စမ်း”

ရွှင်... ရွှင်...

ဓါးထုတ်သံများနှင့်အတူ ဓါးရောင်များ ပြိုးပြိုးပျက်ပျက် လင်းလက်လာခဲ့သည်။ အရိပ်ဓါးပျံဂိုဏ်းမှ တပည့်များသည် ၎င်းတို့၏ လက်စွဲတော် ဓါးအသီးသီးကို ကိုင်စွဲရင်း ဓါးချီနှင့် ဓါးစိတ်ဆန္ဒကို ထုတ်လွှတ်၍ ရီကျင်းဟန်နှင့်တုရှန်းဆီသို့ ပြေးဝင်သွားလေ၏။

“စီနီယာအစ်ကို” ရီကျင်းဟန်က အော်ခေါ်လိုက်သည်။ တုရှန်းသည် ရီကျင်းဟန် ဘာပြောချင်နေသလဲ ဆိုသည်ကို နားလည်သည့်အလား ချက်ချင်းပဲ သူမနှင့် ကျောချင်းယှဉ် ရပ်လိုက်သည်။ ထို့နောက် နှစ်ဦးစလုံးသည် ဘောလုံးကဲ့သို့သော အရာလေးများကို ပစ်ထုတ်လိုက်လေသည်။

ခရက်... အက်သံများသံနှင့်အတူ ပျံသန်းထွက်လာသော အလုံးလေးများသည် မျက်တောင်တစ်ခတ်အတွင်း အသက်ဝင်လှသည့် မွန်းစတားသားရဲများအသွင်သို့ ပြောင်းလဲသွားလေသည်။ မကြာမီ အားလုံးရှေ့ သားရဲရုပ်သေးရုပ် လေးရုပ် ပေါ်လာခဲ့လေ၏။ စပါးအုံ၊ ပုတ်သတ်၊ ဝံပုလွေနှင့် ငှက်တစ်ကောင် ဖြစ်ပေသည်။

တစ်ကောင်ချင်းစီတိုင်းသည် အသက်စွမ်းအင်ကို မပိုင်ဆိုင်ထားသည်မှလွဲ၍ အလွန်ကိုမှ အသက်ဝင်လှသည်။ ထိုရုပ်သေးရုပ်များကိုမြင်သော် ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။

ထိုရုပ်သေးရုပ် လေးရုပ်ကို မြင်ပြီးနောက် ရွက်တစ်ထောင်ဂိုဏ်းသည် လွန်ခဲ့သည့် နှစ်များအတွင်း သူတို့၏ ရုပ်သေးရုပ်ပညာကို တိုးတက်အောင် လုပ်နိုင်ခဲ့မှန်း ရန်ကိုင် နားလည်သွားလေသည်။ သားရဲ ရုပ်သေးရုပ် တစ်ရုပ်ချင်းစီတိုင်းသ်ည တာအိုသခင် အထွဋ်အထိပ်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြလေရာ ရွက်တစ်ထောင်ဂိုဏ်း၏ အဆင့်ခွဲခြားမှုအရ ထိုရုပ်သေးရုပ်များသည် မြေကမ္ဘာအဆင့် ရုပ်သေးရုပ်များ ဖြစ်လောက်ပေသည်။

ပျောက်ဆုံးသွားသော အမွေအနှစ်များကို ပြန်လည် ရရှိလိုက်သည့်အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်းသားများသည် ရုပ်သေးရုပ်များကို သန့်စင်ရာတွင်ဖြစ်စေ၊ ရုပ်သေးရုပ်နှင့် သက်ဆိုင်သော ပညာရပ်များကို အသုံးပြုရာတွင်ဖြစ်စေ ယခင်ကထက် ပိုမိုကောင်းမွန်လာကြသည်။ အစကမူ အရေအတွက်မသာသဖြင့် ရီကျင်းဟန်နှင့် တုရှန်းတို့ အဆင်မှပြေပါ့မလား တွေးပူခဲ့ပါသော်ငြား လက်ရှိ အခြေအနေကို ကြည့်ရသလောက် သူတွေးပူစရာ မလိုသည့်ပုံပင်။

ရွှစ်... ရွှစ်... ရွှစ်...

ဓါးအလင်းတန်းများသည် ရီကျင်းဟန်နှင့် တုရှန်းတို့ဆီသို့ လေအလျင်အလား တိုးဝင်လာခဲ့သည်။ ထိုအလင်းတန်းများ၏ ထိမှန်ခြင်းသာ ခံလိုက်ရမည်ဆိုပါက ရီကျင်းဟန်နှင့်တုရှန်းတို့ ကျိန်းသေ သေသွားကြရပေလိမ့်မည်။ သို့သော်ငြား နှစ်ဦးစလုံးသည် ခုခံမည့်အရိပ်အယောင် မပြကြဘဲ သူတို့၏ ရုပ်သေးရုပ်များအား ခုခံရာတွင်သာ အာရုံစိုက်ထားကြလေသည်။

စပါးအုံကြီးသည် ရုတ်တရက် ရီကျင်းဟန်နှင့် တုရှန်းတို့အား ရစ်ပတ်ချလိုက်ရာ ဓါးအလင်းတန်းများမှာ စပါးအုံကြီးကိုသာ သွားထိပြီး မီးပွားများ ပွင့်ထွက်လာခဲ့ရ၏။

ဘုန်း... ဘုန်းးး... ဘုန်း...

တစ်ချိန်တည်းတွင် ပုတ်သင်ရုပ်သေးရုပ်ဆီမှ အလင်းတစ်ချက် လက်သွားခဲ့သည်။ ထို့နောက် ၎င်းခြေချထားသည့် မြေပြင်မှာ အကြောင်းအရင်းမရှိ ပျော့ပျောင်းသွား၏။ ထိုအခါ ပုတ်သင်ရုပ်သေးရုပ်သည် ဒိုင်ပင်ပစ်သည့်အလား လေပေါ်သို့ခုန်တက်၍ မြေအောက်ထဲသို့ ထိုးဆင်းသွားလေ၏။

ဝံပုလွေရုပ်သေးရုပ်မှာတော့ အော်မြည်သံပြုလျက် ၎င်း၏ ခန္ဓာကိုယ်အား မိုးပြာရောင် အလင်းဖြင့် လွှမ်းခြုံစေလိုက်သည်။ ထို့နောက် မာန်ဖီလျက် ထက်ရှလှသော လက်သည်းများကို ဝှေ့ရမ်းရင်း အနီးအနားတွင် ရှိနေသော အရိပ်ဓါးပျံဂိုဏ်းမှ တပည့် နှစ်ဦးဆီ ခုန်ဝင်သွားလေသည်။ ထိုတပည့်နှစ်ဦးမှာ ဝံပုလွေရုပ်သေးရုပ်မှ သူတို့ဆီသို့ ပြေးဝင်လာနေသည်ကိုမြင်သော် ထိတ်လန့်သွားခဲ့ကြပြီး ကြောက်အားလန့်အားဖြင့် သူတို့၏ ဓါးအသီးသီးကို ဝှေ့ရမ်း၍ ကမန်းကတန်း တန်ပြန် တိုက်ခိုက်လိုက်ကြသည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ ငှက်ရုပ်သေးရုပ်သည် လျှပ်စီးတန်းတစ်ခုအလား ကောင်းကင်ပေါ်မှ ထိုးဆင်းလာလျက် အရိပ်ဓါးပျံဂိုဏ်းမှ တပည့်တစ်ဦး၏ ရင်ဘတ်ကို ဆူးချွန်တစ်ခုအလား ဖောက်ထွက်သွားလေသည်။ ထိုတပည့်မှ အရင်းအမြစ်ချီဖြင့် ဖန်တီးထားသော အကာအကွယ်သည် ငှက်ရုပ်သေးရုပ်၏ တိုက်ခိုက်မှုအောက်တွင် လုံးဝကို ပျော့ဖတ်နေခဲ့လေသည်။

ဖူး...

ထိုတပည့်မှာ သွေးအပွက်ပွက်အန်ထွက်ရင်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရသည်။ ထို့နောက် ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် သူ့ရင်ဘတ်အား ငုံ့ကြည့်လိုက်ရာ ရင်ဘတ် နေရာမှာ ဟောင်းလောင်းဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက် သူ့မြင်ကွင်း တစ်ခုလုံး မှောင်မိုက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားခဲ့လေ၏။

အရေအတွက်မသာသော်ငြား တုရှန်းနှင့် ရီကျင်းဟန်တို့၏ အတိုင်အဖောက်ညီညီ ပူးပေါင်းလုပ်ဆောင်မှုကြောင့် အရိပ်ဓါးပျံဂိုဏ်းမှ တပည့်တစ်ဦး နိဂုံးချုပ်သွားခဲ့ရလေပြီ။

ဘေးမှရပ်ကြည့်နေသူများမှာတော့ ရွက်တစ်ထောင်ဂိုဏ်းသားများ၏ ခွန်အားကိုကြည့်ရင်း ခေါင်းတညိတ်ညိတ် ဖြစ်နေကြလေသည်။

အရိပ်ဓါးပျံဂိုဏ်းမှ တပည့်များ ရုပ်သေးရုပ်များနှင့်အတွေ့ ဒုက္ခရောက်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ ရုပ်သေးရုပ်များ၏ ခွန်အားမှ တာအိုသခင်အထွဋ်အထိပ် အဆင့်၌ ရှိနေကြပြီး အရိပ်ဓါးပျံဂိုဏ်းမှ တပည့်များ၏ ခွန်အားမှာတော့ နိမ့်သူကနိမ့်၊ မြင့်သူကမြင့် ဖြစ်နေကြသည်ကိုး။ ထို့အတွက်ကြောင့် အရေအတွက် သာနေသည့်တိုင် ရုပ်သေးရုပ်များ၏ ဖိအားပေးခံနေရခြင်း ဖြစ်ပေသည်။

“ပြန်ဆုတ်ကြ” အခြေအနေ မဟန်တော့မှန်း သိလိုက်သော် ခေါင်းဆောင်တပည့်က ကြောက်လန့်တကြားဖြင့် အော်ဟစ်အမိန့်ပေးလိုက်လေသည်။ ရွက်တစ်ထောင်ဂိုဏ်း၏ ရုပ်သေးရုပ်များ ဤမျှ အားကောင်းလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ရွက်တစ်ထောင်ဂိုဏ်းကို ဖျက်စီးပြီးသည့်နောက် သူတို့ရလာသည့် ရတနာများအနက် ရုပ်သေးရုပ်များလည်း ပါဝင်ကြသည်။

သို့သော်ငြား ရုပ်သေးရုပ်တစ်ရုပ်၏ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်ဖို့သည် ရုပ်သေးရုပ်ကို ထိန်းချုပ်နေသည့်အပေါ်လည်း မူတည်ပေသည်။ အရိပ်ဓါးပျံဂိုဏ်းသားများသည် ဓါးတာအိုကိုသာ လေ့လာနေကြသူများ ဖြစ်လေရာ ရုပ်သေးရုပ်နှင့် သက်ဆိုင်သည့် ပညာရပ်များကို တတ်ကျွမ်းထားခြင်းမရှိသလို ရုပ်သေးရုပ်များကို ထိန်းချုပ်ရာ၌ ရွက်တစ်ထောင်ဂိုဏ်းသားများလောက်လည်း ကျွမ်းကျင်ခြင်း မရှိကြချေ။ ထို့ကြောင့် ရုပ်သေးရုပ်တစ်ရုပ်တည်းကို ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များက အသုံးပြုမည်ဆိုလျှင်ပင် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များ ထိန်းချုပ်သည့် ရုပ်သေးရုပ်သည် ပိုမိုမြင့်မားသော စွမ်းအားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

တပည့်များမှာ အစကတည်းက ကြောက်နေကြပြီ ဖြစ်လေရာ သူတို့ခေါင်းဆောင်မှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြန်ဆုတ်ကြလေတော့သည်။

သို့သော်ငြား ထိုအခိုက်အတန့်တွင် ရီကျင်းဟန်နှင့် တုရှန်းတို့အား ကာကွယ်ပေးနေသော စပါးအုံကြီးသည် ၎င်း၏ အမြီးကို ရုတ်တရက် လွှဲရမ်းချလိုက်လေသည်။

လက်ဆေးဇလုံတစ်လုံးမျှ လုံးပတ်ရှိသော အမြီး၏ ရိုက်ချက်သည် တောင်တစ်လုံးကိုပင် တစ်စစီ ဖြစ်သွားစေနိုင်ပေသည်။ အချိန်မှီ မရှောင်တိမ်းလိုက်နိုင်သော တပည့်များ၏ အမြီး၏ ရိုက်ချက်ကြောင့် နှစ်ပိုင်းပြတ်ထွက်သူကထွက်၊ အသားစများ ပဲ့ထွက်သူကထွက်၊ အရိုးများ တစ်စစီ ကျိုးကြေသူကကျိုးကြေ ဖြစ်ကုန်ကြလေသည်။

သေဘေးမှ ကပ်သီလေး လွတ်သွားနိုင်ခဲ့ကြသော တပည့်များမှာလည်း အသက်ပင် ကောင်းကောင်းမရှူနိုင်သေးခင်မှာပင်၊ တပည့်တစ်ဦး၏ ခြေထောက်အောက်၌ အပေါက်တစ်ပေါက် ထွက်ပေါ်လာပြီး အစောပိုင်းက ပျောက်ချင်းမလှ ပျောက်နေသော ပုတ်သင်ရုပ်သေးရုပ် ပြန်ပေါ်လာကာ ထိုတပည့်၏ ခြေထောက်ကိုကိုက်၍ မြေကြီးထဲသို့ ဆွဲခေါ်သွားလေသည်။

မြေအောက်ထဲမှ ထွက်ပေါ်လာသော သွေးပျက်ချောက်ခြားဖွယ် အော်ဟစ်သံသည် လူတိုင်း၏ ခြေဖျားလက်ဖျားများကို အေးစက်သွားစေကုန်ကြလေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ကျန်တပည့်များမှာ မြေပေါ်တွင် မနေရဲတော့ဘဲ လေပေါ်သို့ ပျံတက်လိုက်ကုန်ကြလေ၏။

သို့သော်ငြား သူတို့အဖို့ လေပေါ်တွင် ဝဲနေဖို့ရာလည်း သိပ်အဆင်မပြေလှ။ ဝံပုလွေရုပ်သေးုပ်သည် သူတို့အား အချိန်မရွေး ခုန်အုပ်ရန် ကြိုးစားနေသလို ငှက်ရုပ်သေးရုပ်မှာလည်း ထက်ရှသည့် ဓါးပျံတစ်ချောင်းနှယ် သူတို့၏ ရင်ဘတ်ကို ထုတ်ချင်းဖောက်ရန် ကြိုးစားနေကြသည်။

“ဓါးအစီအရင်ဖွဲ့မယ်” ခေါင်းဆောင်တပည့်က ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် အော်ပြောလိုက်သည်။

အစကမူ သူတို့ဘက်၌ လူအရေအတွက် ပိုသာသည့်အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်နှစ်ယောက်လောက်ကို ဂရုစိုက်နေစရာမလိုဟု ထင်ခဲ့ပါသော်ငြား တကယ်တမ်း တိုက်ခိုက်ကြည့်လိုက်သည့် အခါမှ မည်သူသည် သားကောင်၊ မည်သူသည် မုဆိုးလဲ ဆိုသည်ကို နားလည်သွားခဲ့ရသည်။ တိုက်ပွဲ စသည်မှာ မကြာသေးသော်ငြား သူတို့ဘက်မှ ခုနှစ်ယောက် သေသွားပြီးနေလေပြီ။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ကျန်သည့်လူအားလုံးပါ ကိစ္စချောကုန်ကြရပေလိမ့်မည်။

သူတို့ခေါင်းဆောင်မှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အသက်ရှင်နေသေးသော အရိပ်ဓါးပျံဂိုဏ်းသားများသည် အတူတကွ စုဝေးလျက် ဓါးအစီအရင် ဖွဲ့လိုက်ကြလေ၏။

စပါးအုံရုပ်သေးရုပ်၏ အကာအကွယ် ရှိနေသည့်အတွက်ကြောင့် တုရှန်းနှင့် ရီကျင်းဟန်တို့မှာ ရန်သူ ခုနှစ်ဦးကို သတ်ပစ်ပြီးသည့်တိုင် ဒဏ်ရာတစ်ချက်ပင် မရသေးချေ။ လက်ရှိအချိန်တွင် သူတို့၏သွေးများ တဝုန်းဝုန်း ဆူပွက်နေသလို ခံစားနေခဲ့ရသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်လုံး သူတို့စိတ်ထဲ မြိုသိပ်ထားခဲ့ရသည့် ခံစားချက်များကို ဖွင့်ထုတ်ရသည်မှာ အလွန်ကိုမျ ကျေနပ်စရာ ကောင်းလှသည်။ ထို့ကြောင့် နှစ်ဦးစလုံးမှာ ရုပ်သေးရုပ်အသီးသီးကိုထုတ်၍ မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့လေသည်။

တိုက်ခိုက်နေရင်းမှ တုရှန်းက အော်ရယ်မောလိုက်လေ၏ “အရိပ်ဓါးပျံဂိုဏ်းက ဘာမှလည်း မဟုတ်ပါလား”

ထိုကဲ့သို့ လှောင်ပြောင်ပြောဆိုနေခဲ့ပါသော်ငြား တုရှန်းသည် သူ၏ တိုက်ခိုက်မှုများကို တစ်ချက်မျှပင် ရပ်မသွားစေခဲ့ဘဲ အရိပ်ဓါးပျံဂိုဏ်းသားများကို အသက်ပင်ကောင်းကောင်း မရှူနိုင်အောင် ဖိအားပေးနေခဲ့လေသည်။

“စစ်ပွဲသွားတဲ့ လူတစ်ယောက်က လာမောက်မာနေစရာအကြောင်း မရှိဘူး” အရိပ်ဓါးပျံဂိုဏ်းမှ တပည့်တစ်ယောက်က ပြန်အော်ပြောလေသည်။ ကိုယ့်မြေကိုယ့်ယာတွင် တစ်ပါးသူမှ စိတ်ထင်တိုင်း လာသောင်းကျန်းနေသည်ကို သူ့အနေဖြင့် ဤအတိုင်း ငြိမ်ခံနေ၍မဖြစ်ချေ။ ထို့သို့သာ ဖြစ်သွားပါက လုံးဝကို မျက်နှာပျက်စရာ ဖြစ်သွားရပေလိမ့်မည်။

လူခုနှစ်ဦး သေသွားသည့်တိုင် ဓါးအစီအရင်ဖွဲ့ပြီးသည့်နောက် အရိပ်ဓါးပျံဂိုဏ်းသားများမှာ ယခင်ကလောက် ကြောက်ရွံ့နေခြင်း မရှိတော့ချေ။ ထို့အပြင် ဤနေရာသည် သူတို့၏ ပိုင်နက်ပင် မဟုတ်လေလော။

တုရှန်းက အံကိုတင်းတင်းကြိတ်ရင်းမှ “မင်းတို့သာ အခြားလူတွေကို အဖေခေါ်ပြီး လာမကူခိုင်းခဲ့ရင် မင်းတို့ခွန်အားလောက်နဲ့ ငါတို့ကို နိုင်မှာလား၊ မျိုးမစစ်တွေရဲ့။ ဒီနေ့၊ ငါတုရှန်း မင်းတို့ကြောင့် သေသွားတဲ့ တပည့်တွေကိုယ်စား မင်းတို့ မျိုးမစစ်တွေကို မျိုးတုန်းပေးမယ်”

“လုပ်လိုက်လေ”

“သတ်” အရိပ်ဓါးပျံဂိုဏ်းသားများ တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။ ဓါးစိတ်ဆန္ဒတို့မှာ တပည့်တစ်ယောက်ချင်းစီမှ တဝုန်းဝုန်း ဖြာထွက်လာကုန်ကြ၏။ အကုန်လုံး၏ အရှိန်အဝါသည် တစုတဝေးတည်း ပေါင်းစည်းသွားခဲ့ကြပြီး ဧရာဇ်ဓါးအလင်းတန်းတစ်ခုအသွင်သို့ သိပ်သည်းကာ ရီကျင်းဟန်နှင့် တုရှန်းတို့ အပေါ်သို့ ခုတ်ချလာခဲ့လေသည်။

“စီနီယာအစ်ကို” ရီကျင်းဟန်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး လက်ကွက် တစ်ခုကို ဖန်တီးလိုက်ရာ စပါးအုံရုပ်သေးရုပ်သည် သူမတို့နှစ်ဦးအား တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်ကြလေသည်။

ဓါးအလင်းတန်းသည် စပါးအုံကြီးအား လာရောက်ထိမှန်လေ၏။ သို့တိုင် စပါးအုံကြီးမှာတော့ ဘာမှဖြစ်မသွားခဲ့ဘဲ မီးပွင့်လေးများသာ ပွင့်ထွက်သွားခဲ့သည်။ စပါးအုံ၏ ရစ်ပတ်ထားခြင်းခံရသည့် ရီကျင်းဟန်နှင့် တုရှန်းတို့မှာလည်း မည်သည့် ဒဏ်ရာမှ မရခဲ့ချေ။

“ဒါနဲ့များ ငါတို့အရိပ်ဓါးပျံဂိုဏ်းဆီလာပြီး ပြဿနာရှာချင်သေးတယ်။ အဲ့လောက် ကြောက်တတ်နေရင် ကိုယ့်ဘာသာ အေးအေးဆေးဆေး ပုန်းနေုလိုက်ပါလား” အရိပ်ဓါးပျံဂိုဏ်းမှ တပည့်တစ်ဦးက အော်ပြောလိုက်လေသည် “နောက်တစ်ကြိမ်”

ဓါးအလင်းတန်းများ ထပ်မံစုဝေးလာပြီး ဧရာမဓါးအလင်းတန်းကြီး တစ်ခုအသွင်သို့ ပြောင်းလျက် ထပ်မံခုတ်ချလာခဲ့လေသည်။ မာကျောလှသော ရုပ်သေးရုပ်မှာ ထိုကဲ့သို့ စုပေါင်းတိုက်ခိုက်မှုအား မခုခံနိုင်တော့ဘဲ အက်ကွဲတော့မည့် အရိပ်အယောင်များ ပြလာခဲ့လေသည်။

ကြည့်နေသူများမှာလည်း ထိုတိုက်ပွဲကိုကြည့်ရင်း သူတို့ဘာသာ တီးတိုး ပြောဆိုနေကြသည်။ ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်နှစ်ဦးသည် သူတို့ကိုယ်သူတို့ အရမ်း အထင်ကြီးလွန်းနေသည်ဟု ထင်ကြနေသည်။ ထွက်ပြေးလို့ လွတ်နေပြီကို ဘာကြောင့်များ ဤနေရာသို့ ပြန်လာပြီး ကိုယ့်သေတွင်း ကိုယ်တူးချင်ရသနည်း။

စဉ်းစားတတ်သည်သာဆိုလျှင် တစ်နေရာရာတွင် ပုန်းအောင်းနေ၍ ကိုယ့်ခွန်အားကို တိုးတက်အောင် လုပ်ပြီးမှသာ ပြန်လက်စားချေရန် ကြိုးစားပေလိမ့်မည်။

“ဟားဟားဟား” ရီကျင်းဟန်နှင့် တုရှန်းတို့ ခုသာခုခံနေရပြီး ပြန်မတိုက်နိုင်သည်ကို မြင်သော် ခေါင်းဆောင်တပည့်က အော်ရယ်မောတော့လေသည် “မင်းတို့ ဘယ်လောက်တောင် ခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

ဘုန်း...

မြေပြင်တစ်ခုလုံး နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး တစ်ချိန်လုံး ပျောက်ကွယ်နေသော ပုတ်သင်ရုပ်သေးရုပ် ရုတ်တရက် ပေါ်လာကာ ဓါးအစီအရင်ဆီသို့ ပြေးဝင်သွားလေ၏။ ပုတ်သင်၏ ခေါင်းထက်တွင်တော့ လူတစ်ဦး ရပ်နေခဲ့လေသည်။ ထိုလူမှာ တုရှန်းမှလွဲ၍ အခြားမဟုတ်ချေ။

“ဘယ်ကတည်းကလဲ” အရိပ်ဓါးပျံဂိုဏ်းမှ တပည့်များ အံ့အားသင့်သွားကုန်ကြလေသည်။ တုရှန်းသည် ကိုယ့်အသက်ကိုယ် ပဓါနမထားတော့ဘဲ သူတို့ဆီသို့ ပြေးဝင်လာပြီး ဘာလုပ်ချင်နေလဲ ဆိုသည်ကို မည်သူမှ မသိကြ။ သို့သော် တုန့်ဆိုင်းမနေခဲ့ဘဲ သူတို့၏ စွမ်းအားကို စုစည်းလျက် တုရှန်းအား တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။

တုရှန်းကမူ ရှောင်ရမည့်အစား လှောင်ပြုံးသာ ပြုံးနေခဲ့လေသည်။

“ရွက်တစ်ထောင်ဂိုဏ်းရဲ့ ရုပ်သေးရုပ် ပညာရပ်တွေက… တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ” လူအုပ်ကြီးဆီမှ ချီးကျူးသံများ ထွက်နေခဲ့လေသည်။

လက်ရှိ အခြေအနေကို လူတစ်ယောက်တည်းသာ မြင်လိုက်ခြင်းမဟုတ်။ အတော်များများ စောင့်ကြည့်နေသည့်လူများသည် ရုပ်သေးရုပ်ပေါ်တွင် ရပ်နေသော တုရှန်းကို မြင်လိုက်ရပေသည်။

All Chapters