← Chapters

အခန်း (၂၆၅၉)

Vol. 114 Ch. 2659

အခန်း (၂၆၅၉)

Vol. 114 Ch. 2659

နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရန်ကိုင်သည် ကျိယောင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ဂျူနီယာညီမယောင်… ကျေးဇူးပြုပြီး ရေခဲနှလုံးသားတောင်ကြားကို ပြန်သွားပြီးတော့ ရေခဲနှလုံးသားတောင်ကြားရဲ့ အကာအကွယ်အစီအရင်ကို ပြင်လို့ပြီးသွားလို့ရှိရင် ဒီကိုလာခဲ့ဖို့ အစီအရင်ပညာရှင်နန်မန်တကျွင်းကို ပြောပေးပါလား…”

ထို့နောက် ကျိယောင်လက်ထဲသို့ ထူးဆန်းသည့်တံဆိပ်ပြားတစ်ခုကို ထည့်ပေးလိုက်လေသည်။

ကျိယောင်က မယုံသင်္ကာဖြင့် ပြန်မေးလိုက်သည်။ “ဒါ ဘာတံဆိပ်ပြားလဲ…”

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤတံဆိပ်ပြားကို ရန်ကိုင်မှ လောလောလတ်လတ် ဖန်တီးထားခြင်းဖြစ်မှန်း သိနိုင်ပေသည်။

ရန်ကိုင်က ပြုံးရင်း ပြန်ပြောလိုက်သည်။ “ငါခင်းကျင်းထားတဲ့ ဟင်းလင်းပြင်အစီအရင်တိုင်းကို ငါကိုယ်တိုင် အသက်သွင်းရင်သွင်း မသွင်းရင် ဒီတံဆိပ်ပြားနဲ့မှပဲ အသက်သွင်းလို့ရတယ်… မဟုတ်ရင်တော့ ဘယ်လိုမှ အဲ့ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုနိုင်မှာမဟုတ်ဘူး…”

ထိုအကြောင်းကြောင့်ပင် ဖီးနစ်အသိုက်နန်းတော်၌ လွမ်ဖုန်းသည် ရန်ကိုင်ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်ကို အသက်မသွင်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သူမတွင် ရန်ကိုင်၏ ဖြတ်သန်းရေးတံဆိပ်ပြားမှ ရှိမနေလေပဲ။ ထို့အတွက်ကြောင့် လွမ်ဖုန်းမှာ ရန်ကိုင်ခင်းကျင်းထားသည့် ဟင်းလင်းပြင်အစီအရင်မှာ အလုပ်မဖြစ်ဟု အထင်မှားသွားခဲ့ကာ ရန်ကိုင် သူ့ရှူးသူပတ်သည်ကို ကြည့်၍ ဟားတိုက်ချင်မိပေသည်။ အဆုံးတွင်မူ သူမကိုယ်တိုင်သည်သာ စိတ်ပျက်သွားခဲ့ရသည်။

ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် ကျိယောင်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လျက် ရန်ကိုင်ပေးသည့်တံဆိပ်ပြားကိုကိုင်ကာ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်လေသည်။

ရန်ကိုင်သည် အရင်းအမြစ်ကျောက်များကို သတ်မှတ်ထားသည့် နေရာများထဲသို့ ထည့်သွင်းလိုက်ရင်းမှ ဆက်၍ပြောလိုက်သည်။ “ဒီကိစ္စက အလျင်မလိုဘူး… သူ ရေခဲနှလုံးသားတောင်ကြားရဲ့ အစီအရင်ကို ပြင်လို့ပြီးသွားမှ လာခိုင်းလို့ရတယ်…”

“အင်း…” ကျိယောင်က အသာအယာခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို အဖြူရောင်အလင်းတန်းတို့မှ လွှမ်းခြုံသွားခဲ့ပြီး ရန်ကိုင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ကျိယောင်ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ဘေးဘီဝဲယာသို့ တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူသည်လည်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်သည် ဤနေရာတွင် အခြေချရန် စီစဉ်ထားသည့်အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်း၏ ဌာနချုပ်ကို သေချာစစ်ဆေးကြည့်ရပေလိမ့်မည်။ ရန်ကိုင်သည် ဤနေရာတစ်ခုလုံးကို ချောင်ကြိုချောင်ကြား နေရာလပ်မကျန်အောင် စစ်ဆေးပြီးသွားခဲ့ပြီ ဖြစ်ပါသော်ငြား အစောပိုင်းက ရတနာဂိုထောင်အား ရှာဖွေသည့်အရေးတွင်သာ အာရုံစိုက်နေသည့်အတွက်‌ကြောင့် သေသေချာချာကြီး အာရုံမစိုက်ဖြစ်ခဲ့ချေ။

ယခု လုပ်စရာအလုပ် မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင် ဤနေရာတစ်ခုလုံးကို အသေးစိတ် လိုက်လံစစ်ဆေးရတော့ပေမည်။

ယခင်တစ်ကြိမ်စစ်ဆေးကြည့်ပြီးသည့်နောက် ရမ္မက်ရှာဂိုဏ်း၏ဌာနချုပ်သည် အတော်လေးကိုမှ ကောင်းမွန်သည်ဟု ရန်ကိုင်တွေးထင်ခဲ့လေသည်။ ယခုမူ ရမ္မက်ရှာဂိုဏ်းနှင့်ပတ်သက်၍ သူ့စိတ်ထဲ ပြောစရာစကားလုံးတစ်ခုသာ ကျန်တော့သည်။ အလွန်ကိုမှ ကျေနပ်သည် ဟူ၍ပင်။

ရမ္မက်ရှာဂိုဏ်း၏ မိုးမြေစွမ်းအင်မှာ သိပ်သည်းလှသည်။ ရှုခင်းများမှာလည်း လှပလှသည်။ တောင်ထွဋ်အမျိုးမျိုးပေါ်၌ ကျင့်ကြံသူများအတွက် အထူးသင့်လျော်သည့် ကျင့်ကြံရေးပတ်ဝန်းကျင်များလည်း ရှိနေသေး၏။

ဤမျှ ကျယ်ပြောလှသော ဌာနချုပ်ကြီးသည် သိန်းနှင့်ချီသော လူအုပ်ကြီး နေရန်အတွက် လုံလောက်သည်ထက်ပင် ပိုပေသေးသည်။ ရန်ကိုင်တွင် အရိပ်ကြယ်မှ ပြန်ခေါ်စရာ မိတ်ဆွေနှင့်မိသားစု များများရှိမနေသည့်အတွက်ကြောင့် ဤနေရာသည် ထိုလူများနေထိုင်ရန်အတွက် ကျိန်းသေ လုံလောက်ပေလိမ့်မည်။

ရမ္မက်ရှာဂိုဏ်းအား ရက်အတော်ကြာအောင် လှည့်ပတ်စစ်ဆေးကြည့်ပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် ပတ်ဝန်းကျင်တစ်ခုလုံးအား အကြားအလပ်မကျန်အောင် စစ်ဆေးလို့ပြီးသွားခဲ့လေပြီ။ သူ့စိတ်ထဲတွင်လည်း အစီအစဉ်များကို စတင်ရေးဆွဲနေခဲ့လေပြီ။

ထို့နောက်တွင် ရမ္မက်ရှာဂိုဏ်း၏ အဓိကဂိတ်ပေါက်ဆီသို့ ပြန်သွားခဲ့လေ၏။

ထိုနေရာတွင် ရမ္မက်ရှာဂိုဏ်းဟူသော စကားလုံးများ ထိုးထွင်းထားသည့် ဆိုင်းဘုတ်ကြီးတစ်ခု ရှိနေခဲ့လေသည်။ သို့သော်ငြား ယခုအချိန်တွင် ထိုဆိုင်းဘုတ်ကြီးမှာ ရန်ကိုင်လက်ချက်ကြောင့် တစ်စစီ ပျက်စီးနေခဲ့ရလေပြီ။

ထိုနေရာသို့ ရန်ကိုင်ရောက်လာ၍ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ချိန် အနီးအနားတစ်ဝိုက်၌ အရှိန်အဝါများစွာရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ထိုလူများ၏ခွန်အားမှာ အချိုးအစားမညီလှ။ အချို့လူများသည် အမှောင်ထဲတွင် ပုန်းနေပြီး အချို့လူများမှာတော့ လူမြင်ကွင်း၌ ပွင့်ပွင့်လင်းလင်းကို ရပ်နေကြလေသည်။ အကုန်လုံးသည် ရမ္မက်ရှာဂိုဏ်းအားကြည့်ရင်း တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆို ဆွေးနွေးနေခဲ့ကြသည်။ ထိုနေရာတွင်ရှိနေသည့် လူအရေအတွက်မှာ အတော်ကိုမှ များပြားလှကာ ထောင်နှင့်ပင် ချီလေသည်။ လူအရေအတွက်ပမာဏသည် ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်း မရှိသေးဘဲ ပိုပို၍များပြားသော လူများမှာ ထပ်မံ၍ ရောက်ရှိလာနေခဲ့သည်။

ရမ္မက်ရှာဂိုဏ်းနှင့် ရေခဲနှလုံးသားတောင်ကြားတို့ စစ်ဖြစ်ပြီးသည့်နောက် ရမ္မက်ရှာဂိုဏ်း အပြီးတိုင် သုတ်သင်ခြင်းခံလိုက်ရသည့်သတင်းမှာ မြောက်ဘက်နယ်မြေအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။ ယခု ရမ္မက်ရှာဂိုဏ်း၏ ဂိတ်ပေါက်အပြင်ဘက်တွင် ပေါ်လာသည့်လူများမှာ ရမ္မက်ရှာဂိုဏ်း ပျက်စီးသွားပြီဟူသည့် သတင်းကိုကြား၍ ရမ္မက်ရှာဂိုဏ်းမှ ရတနာများကို သူတို့ ယူလို့ရလို့ငြားရငြား ရောက်လာကြခြင်း ဖြစ်ပေသည်။

ရမ္မက်ရှာဂိုဏ်း အထွဋ်အထိပ်အခြေအနေတွင် ရှိစဉ်က ထိုလူများသည် ဤနားသို့ရောက်လာရန် မဆိုထားနှင့် အဝေးမှပင်လျှင် စိုက်မကြည့်ရဲကြချေ။ သို့သော်ငြား ယခုမူ မတူတော့ချေ။ ရမ္မက်ရှာဂိုဏ်းမှာ လုံးဝကို ပျက်စီးသွားခဲ့လေပြီ။ သူတို့စုဆောင်းထားခဲ့သော အဖိုးတန်ရတနာများမှာ ထိုလူများအတွက် အဆီတရွှဲရွှဲ အသားတုံးကြီး ဖြစ်နေခဲ့သည်။

လူများသည် ရတနာကြောင့် သေကြသလို ငှက်များသည် အစာကြောင့်သေကြသည်ဟုသော စကားပုံပင် ရှိသေးသည် မဟုတ်ပေလော။ မြောက်မြားလှစွာသော ရတနာများ ရမ္မက်ရှာဂိုဏ်းထဲတွင် ရှိနေသည်ဆိုသည့် အကြောင်းကို တွေးရင်း ထိုလူများမှာ ဖင်ဂနာမငြိမ်နိုင်ကြတော့ဘဲ ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်ပေသည်။

ရမ္မက်ရှာဂိုဏ်းထဲတွင် ရှိနေသော ရတနာပုံကြီးထဲမှ အနည်းအကျဉ်းကို ရလိုက်မည်ဆိုလျှင်ပင် သူတို့တစ်ဘဝလုံးအတွက် ဖူလုံသွားပြီဟုပင် ပြော၍ရသည်။ သို့သော်ငြား လတ်တလောတွင် မည်သူမျှ ရမ္မက်ရှာဂိုဏ်းထဲသို့ ဝင်လာ၍ ရတနာများကို လာမရှာရဲကြသေးချေ။ ထို့အတွက်ကြောင့် အထဲရှိအခြေအနေ မည်ကဲ့သို့ဖြစ်နေသလဲဆိုသည်ကို မည်သူမျှ မသိကြ။

လက်ရှိ ရမ္မက်ရှာဂိုဏ်း၏ အဓိကဂိတ်ပေါက်အပြင်ဘက်တွင် စုဝေးနေကြသည့် လူများမှာ အမျိုးမျိုးသော မိသားစုများ၊ ဂိုဏ်းများနှင့် အင်အားစုများမှ ရောက်လာကြခြင်း ဖြစ်ပေသည်။

ရက်အတော်ကြာအောင် တုံ့ဆိုင်းနေကြပြီးသည့်နောက်တွင် ထိုလူအုပ်ကြီးသည် ခေါင်းဆောင်အချို့ကို ရွေးချယ်တင်မြှောက်၍ အစီအစဉ် စတင်ရေးဆွဲတော့သည်။ သို့သော်ငြား သူတို့အနေဖြင့် သေချာမရေးဆွဲရသေးခင်မှာပင် ရန်ကိုင် ရမ္မက်ရှာဂိုဏ်းထဲမှ ပျင်းရိပျင်းတွဲအမူအယာဖြင့် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။

အကုန်လုံး တိတ်ဆိတ်သွားကုန်ကြပြီး ရန်ကိုင်ကိုသာ စိုက်ကြည့်နေကြတော့သည်။ ထို့နောက်တွင် လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားတော့လေသည်။

“ဘာလဲဟ… ရမ္မက်ရှာဂိုဏ်းထဲမှာ လူရှိနေတာလားဟ… သူက ရမ္မက်ရှာဂိုဏ်းရဲ့ မသေပဲ ကျန်ရစ်ခဲ့တဲ့ ပညာရှင်တစ်ယောက်လား…”

ရမ္မက်ရှာဂိုဏ်းသည် မြောက်ဘက်နယ်မြေတွင် အလွန်ကိုမှ နာမည်ကျော်ကြားပေသည်။ ယခု ရမ္မက်ရှာဂိုဏ်းထဲမှ တစ်ယောက်ယောက် ရုတ်တရက် ထွက်လာသည်ကို မြင်သည့်အခါ ထိုလူသည် ရမ္မက်ရှာဂိုဏ်းမှ မသေဘဲ ကျန်ရစ်ခဲ့သည့် ပညာရှင်တစ်ယောက်ဖြစ်သည်ဟု လူအုပ်ကြီးမှာ ချက်ချင်း အထင်မှားသွားမိကြတော့သည်။ ထို့အတွက်ကြောင့် ထိုပညာရှင်ဒေါသထွက်၍ သူတို့အား ရုတ်တရက် သတ်ဖြတ်လာမည်ကို လူအုပ်ကြီးမှ အတော်လေး လန့်သွားကြလေသည်။

“မဟုတ်လောက်ဘူး… ရမ္မက်ရှာဂိုဏ်းရဲ့ ထိပ်တန်းအကြီးအကဲတွေနဲ့ တပည့်တွေတော်တော်များများ တိုက်ပွဲမှာသေသွားကြတာ… သူတို့ဂိုဏ်းချုပ်တောင် မလွတ်ဘူး… ဒီတော့ တစ်ယောက်ယောက်လွတ်သွားမယ်ဆိုရင်တောင် ဘာလို့ ဂိုဏ်းကို ပြန်လာနေဦးမှာလဲ… ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေမှာပေါ့…”

“မင်းပြောတာလဲ ဟုတ်တာပဲနော်… ရမ္မက်ရှာဂိုဏ်းရဲ့ ဆိုင်းဘုတ်ကြီးတောင် ပျက်စီးနေတာဆိုတော့ ဘယ်သူမှ ရမ္မက်ရှာဂိုဏ်းမှာ ဆက်မနေရဲလောက်တော့ဘူး…”

“ကြည့်ရတာ ဒီလူလည်း ငါတို့လိုပဲ ကံလာစမ်းတာပဲ ဖြစ်ရလိမ့်မယ်…”

“ဒီကောင် ငါတို့ထက် စောဝင်သွားတာဆိုတော့ ဒီကောင် အဖိုးတန်ရတနာတွေ အများကြီး ရထားလောက်မှာ…”

“ငါ့လခွမ်း… ဒီခွေးကောင် ဘယ်လိုလုပ်ပြီး ရမ္မက်ရှာဂိုဏ်းထဲကို ဝင်သွားရဲတာလဲ… လခွီးဘဲ…”

ထိုစကားများ ထွက်လာသော် လူတော်တော်များများမှာ အရိုက်ခံလိုက်ရသည်ဟု ခံစားရကာ ရန်ကိုင်အား ဒေါသတကြီးဖြင့် စိုက်ကြည့်လာတော့လေသည်။ မသိသာ မသိလျှင် ရမ္မက်ရှာဂိုဏ်းသည် သူတို့၏ပိုင်နက်ဖြစ်၍ ရန်ကိုင်သည် သူတို့၏ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် လူတစ်ယောက် ဖြစ်နေသည့်အလား။

ထိုလူများသည် ဤနေရာတွင် ရက်အတော်ကြာအောင် စခန်းချခဲ့သည်။ သို့သော်ငြား အထဲသို့ မဝင်ရဲခဲ့ပေ။ ယခုမူ တစ်စုံတစ်ဦးသည် သူတို့မလုပ်ရဲသည့်အရာကို လုပ်၍ သူတို့ထက်စောကာ ရမ္မက်ရှာဂိုဏ်း၏ ဌာနချုပ်ထဲသို့ ဝင်သွားခဲ့လေသည်။ ယခု တစ်ယောက်ယောက်သည် သူတို့ထက်စော၍ ရမ္မက်ရှာဂိုဏ်းထဲသို့ ဝင်သွားမှဖြင့် သူတို့ ဤနေရာတွင် စောင့်နေရသည်မှာ အလကားဖြစ်သွားသည်ဟု ပြောလိုက်ခြင်းပင် မဟုတ်လေလော။

လက်ရှိအချိန်တွင် အမှောင်ထဲတွင်ပုန်းနေသူများဖြစ်စေ လူမြင်ကွင်းတွင် ရှိနေသည့်လူများဖြစ်စေ တစ်ယောက်ပြီးတစ်ယောက် လူလုံးထွက်ပြလာကြလေသည်။ ယခုဆိုလျှင် ရန်ကိုင်ကြောက်သွားစေရန်အတွက် သူတို့၏အရှိန်အဝါများကိုပင် ထုတ်လွှတ်ပြထားကြလေသည်။

တကယ်တော့ ရန်ကိုင်သည် တစ်ယောက်တည်းသာ ရှိနေသူ မဟုတ်ပေလော။ သူ့အသက်မှာလည်း ငယ်ငယ်လေးသာ ရှိသေးသည့်အတွက်ကြောင့် လူတော်တော်များများမှာ ရန်ကိုင်အား အထင်သေးကြပေသည်။ ထို့အပြင် သူတို့ဘက်၌ လူအများကြီး ရှိနေသေး၏။ သူတို့အကုန်လုံးပူးပေါင်း၍ ဤနေရာအား စူးစမ်းရှာဖွေရန် စဉ်းစားထားကြပြီဖြစ်သဖြင့် ရန်ကိုင်ကဲ့သို့ လူတစ်ဦးလောက်ကို ကြောက်နေလိမ့်မည် မဟုတ်ချေ။

ရုတ်တရက်ဆိုသလို လူပေါင်းများစွာသည် ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး ရန်ကိုင်နှင့် မီတာသုံးရာခန့်အကွာတွင် ရပ်လိုက်လေသည်။ ထိုလူများ၏ ခေါင်းဆောင်ဖြစ်ဟန်တူသော သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်အား စိုက်ကြည့်၍ မေးလိုက်လေ၏။ “ကောင်လေး… မင်း အခုလေးတင် ရမ္မက်ရှာဂိုဏ်းက ထွက်လာတာလား….”

ရန်ကိုင်သည် ထိုလူကိုကြည့်၍ ပြုံးသာပြုံးနေခဲ့လေသည်။ ထိုလူများ ဘာကြံနေသလဲဆိုသည်ကို သူမသိဘဲနေမည်လား။

အစကမူ ရမ္မက်ရှာဂိုဏ်း၏ ဂိတ်ပေါက်အပြင်ဘက်၌ လူပေါင်းများစွာစုဝေးနေသည်ကို မြင်ပြီးသည့်နောက် အံ့အားသင့်ခဲ့ရသည်။ သို့သော်ငြား တစ်ချက်မျှစဉ်းစားကြည့်ပြီးသည့်နောက် ထိုလူများ ဘာကြောင့် ဤနေရာသို့ ရောက်နေသလဲဆိုသည်ကို နားလည်သွားရတော့သည်။

ဤနေရာသို့ မြန်မြန်လာခဲ့သည်မှာ ကံကောင်းသွားခဲ့ပေသည်။ ရမ္မက်ရှာဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်း၏ ဌာနချုပ်ထဲတွင် အဖိုးတန်ရတနာများစွာ ရှိနေမည်မှာ မလွဲမသေပင်။ ထို့အတွက်ကြောင့် အခြားသောလူများသည် ထိုရတနာများကို လုယူရန်အတွက် ဤနေရာသို့ ကျိန်းသေ ရောက်လာကြပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်းအား ပျက်စီးသွားအောင် လုပ်ခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်း၏ ဌာနချုပ်ထဲတွင် ရှိနေသော အဖိုးတန်ရတနာများကို အခြားသူများဆီသို့ လုံးဝ ပေးလိမ့်မည်မဟုတ်ပေ။

သက်လတ်ပိုင်းလူကြီး၏အမေးကိုကြားသော် ရန်ကိုင်သည် ပြန်ဖြေရန်ပင် စဉ်းစားမနေတော့ဘဲ သူ့သိုလှောင်လက်စွပ်ထဲကိုသာ လှန်လှောရှာကြည့်နေတော့သည်။

ရန်ကိုင်၏လုပ်ရပ်ကြောင့် သက်လတ်ပိုင်းလူကြီး၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ရန်ကိုင်သည် အလွန်တရာကိုမှ မောက်မာလွန်းသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။

တကယ်တော့ သူကိုယ်တိုင်သည် ဂိုဏ်းချုပ်တစ်ဦး မဟုတ်လေလော။ သူ့ဂိုဏ်းသည် ရမ္မက်ရှာဂိုဏ်းကဲ့သို့သော အင်အားစုကြီးဖြင့် မယှဉ်နိုင်ပါသော်ငြား မြောက်ဘက်နယ်မြေတွင် အတော်လေးကိုမှ နာမည်ကျော်ကြားသည့် ဂိုဏ်းတစ်ခု ဖြစ်နေသေးသည်ဟု ပြော၍ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ သူ့မေးခွန်းကိုမဖြေဘဲ သူ့အား လျစ်လျူရှုထားသည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီးမှာ အတော်လေးကိုမှ ဒေါသူပုန်ထသွားရတော့သည်။

သူတို့ဂိုဏ်းချုပ် ဒေါသထွက်နေသည်ကို သတိထားမိသော သက်လတ်ပိုင်းလူကြီးဘေးတွင် ရပ်နေသော လူငယ်လေးသည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်၍ ပြစ်တင်ပြောဆိုလိုက်လေသည်။ “ခွေးကောင်လေး… မင်း နားကန်းနေတာလား… ငါတို့ဂိုဏ်းချုပ် မင်းကို မေးနေတယ်လေ…”

ရန်ကိုင်သည် ထိုလူငယ်လေးကိုကြည့်၍ ပြန်ပြောလိုက်လေသည်။ “ဒီသခင်လေးက နားပင်းနေတာမဟုတ်ဘူး… မင်းတို့ စောက်တလွဲမေးတဲ့ မေးခွန်းတွေကို မဖြေချင်လို့ နားလည်ပြီလား…”

သူ ရမ္မက်ရှာဂိုဏ်းမှ ထွက်လာသည်မှာ အသိသာကြီးပင်။ သူတို့ကိုယ်တိုင်လည်း မြင်နေပြီးသားပင်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ ယခုကဲ့သို့ ရမ္မက်ရှာဂိုဏ်းက ထွက်လာသလားဟု လာမေးနေရသနည်း။ တကယ့်ကို အပိုမေးခွန်းများပင်။

လူငယ်လေးမှာ ရန်ကိုင်၏စကားကြောင့် ဒေါသထွက်သွားခဲ့ပြီး ပြန်လည်ချေပပြောဆိုတော့မည့်အပြု သက်လတ်ပိုင်းလူကြီးက လက်ဝှေ့ယမ်း၍ တားလိုက်သည်။ ထို့နောက် ရန်ကိုင်အား ဝေ့ကြည့်လျက် သက်လတ်ပိုင်းလူကြီးက ပြုံးကာ ပြောလိုက်သည်။ “ငါက ယွမ်တိမ်တိုက်စံအိမ်ရဲ့ စံအိမ်သခင် လီချင်းယွမ်ပဲ… ငါမင်းကို ဘယ်လိုခေါ်ရမလဲ…”

သက်လတ်ပိုင်းလူကြီး၏သဘောထားမှာ ရုတ်ချည်းဆိုသလို အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ အစောပိုင်းက မောက်မာဝံ့ကြွားသည့် ပုံစံမျိုးမှ ယခုမူ ရန်ကိုင်အား သူနှင့် တစ်တန်းတည်းထား၍ ပြုမူသလို လုပ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီး၏ ဘေးနားတွင် ရှိနေသော လူငယ်လေးမှာ မျက်မှောင်ကျုံ့သွားရတော့သည်။ သူတို့ဂိုဏ်းချုပ် ဘာကြောင့် ဤကဲ့သို့ လုပ်နေသလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

ရန်ကိုင်က လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။ “ကျုပ်တို့နှစ်ယောက်က အမှတ်မထင်တွေ့တဲ့ သူစိမ်းတွေပဲ… ဒီတော့ တစ်ယောက်နာမည် တစ်ယောက် သိနေစရာမလိုဘူး…”

လီချင်းယွမ်၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။ သူသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သလို ယွမ်တိမ်တိုက်စံအိမ်၏ စံအိမ်သခင်လည်း ဖြစ်သည်။ ယခုတွင် သူ့အဆင့်အတန်းကို ခဝါချ၍ တစ်ဖက်လူ ဂျူနီယာတစ်ယောက်အား ယဉ်ယဉ်ကျေးကျေးဖြင့် ပြောဆိုခဲ့ပါသော်ငြား သူပြန်ရလိုက်သည်မှာ တစ်ဖက်လူ၏ အဖက်မလုပ်သည့် သဘောထားသာ ဖြစ်လေသည်။

သို့သော်ငြား သူ့ကိုယ်သူတော့ ကောင်းကောင်း ထိန်းချုပ်နိုင်ပေသေးသည်။ သူ့စိတ်ထဲ စိတ်ပျက်နေပါသော်ငြား လီချင်းယွမ်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်၍ပြောလိုက်လေသည်။ “ဒီလိုကွာ ညီငယ်လေးရာ… အခု ငါနဲ့ မြောက်ဘက်နယ်မြေက သူရဲကောင်းတွေ ဒီနေရာမှာ လာစုနေတုန်း ရမ္မက်ရှာဂိုဏ်းရဲ့ဆိုင်းဘုတ်က ပျက်စီးနေတာကို တွေ့လိုက်ရတယ်… အဲ့ဒါနဲ့ပတ်သက်ပြီး ငါတို့လည်း စိတ်မကောင်းသလို ခံစားလိုက်ရလို့ အထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လာမေးချင်တယ်ဆိုပေမယ့် မတော်တဆ နားလည်မှုလွဲသွားမှာကို ကြောက်နေရသေးတယ်… ဒါပေမယ့် အခု ညီငယ်လေးက ရမ္မက်ရှာဂိုဏ်းထဲကနေ ထွက်လာတာဆိုတော့ အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကိုသိမှာပေါ့ ဟုတ်တယ်မလား… ကျေးဇူးပြုပြီး အထဲမှာ ဘာတွေဖြစ်နေလဲ ငါတို့ကို တစ်ချက်လောက် ပြောပြပေးလို့ရမလား…”

ထိုစကားကိုကြားသော် အကုန်လုံး၏မျက်လုံးများ တောက်ပသွားခဲ့ကြလေသည်။ ရန်ကိုင့်အား ရမ္မက်ရှာဂိုဏ်းထဲရှိ အခြေအနေအား ရှင်းပြခိုင်းသည်မှာ အကောင်းဆုံးဖြစ်ပေသည်။

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး မြောက်ဘက်နယ်မြေရဲ့ သူရဲကောင်းတွေလို့ ခေါ်ရဲရတာလဲ…”

ထို့နောက်တွင် ရန်ကိုင်သည် လူအုပ်ကြီးအား တစ်ချက်ဝေ့ကြည့်လျက် အသာအယာ ခေါင်းညိတ်လိုက်သည်။ “ဧကရာဇ်ပထမအဆင့်တွေနဲ့ ဒုတိယအဆင့်တွေ… သူတို့တွေကိုတော့ ပညာရှင်လို့ သတ်မှတ်လို့ရပါတယ်…”

ရန်ကိုင်၏ အထင်အမြင်သေး နှိမ့်ချသည့်စကားသည် လီချင်းယွမ်အနားတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များကို မျက်မှောင်ကျုံ့သွားစေခဲ့လေသည်။ သူတို့သည် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည်။ လမ်းဘေးမှ ခွေးလေခွေးလွင့်များ မဟုတ်ကြ။ တစ်ယောက်ချင်းစီတိုင်းသည် မြောက်ဘက်နယ်မြေတွင် နာမည်ကျော်ကြားသူများ ဖြစ်ကြပါသော်ငြား ရန်ကိုင်ကမူ သူတို့အား ဘာမှမဟုတ်သည့်လူများလို သဘောထားနေခဲ့သည်။

(ဒီခွေးကောင်လေး ငါတို့ကို လာအထင်သေးနေတာပဲ…)

ရန်ကိုင်သည် သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး လူအုပ်ကြီးအား ဝေ့ကြည့်လျက် “ခင်ဗျားတို့ ကျုပ်ဆီကနေ စကားလာနှိုက်ချင်နေတာမလား… ရမ္မက်ရှာဂိုဏ်း ပျက်စီးသွားတယ်ဆိုတော့ ရမ္မက်ရှာဂိုဏ်းထဲက ရတနာတွေကို ဝင်သိမ်းချင်တယ်… ဒါပေမယ့် အထဲမှာလည်း ရမ္မက်ရှာဂိုဏ်းက ပညာရှင်တွေ ကျန်နေဦးမှာကိုလည်း ကြောက်နေသေးတယ်… ဒါကြောင့်လည်း အထဲမဝင်ရဲဘဲနဲ့ အပြင်မှာပဲ ရပ်စောင့်နေကြတာမလား…”

ထိုစကားကိုကြားသော် လီချင်းယွမ်နှင့်အခြားသူများ ရှက်သွားခဲ့ကြလေသည်။

ဤသည်မှာ အမှန်တရား ဖြစ်ပါသော်ငြား ထိုအမှန်တရားကို ထုတ်ပြောဖို့ရာ သူတို့ ထိုမျှ မျက်နှာမပြောင်လှပေ။

လီချင်းယွမ်က ချောင်းဟန့်လျက် ရှင်းပြလိုက်သည်။ “မင်းပြောတာ မှားတယ်ကွ… ငါတို့က ရမ္မက်ရှာဂိုဏ်းနဲ့ တစ်မျိုးတစ်ဖုံ ပတ်သက်တဲ့ မိသားစုတွေ၊ ဂိုဏ်းတွေကနေ လာခဲ့တာ… အခု ရမ္မက်ရှာဂိုဏ်း ဒုက္ခရောက်နေတယ်ဆိုတာ ကြားလို့ ကူညီပေးနိုင်မလား ဆိုပြီး လာခဲ့တာ… မဟုတ်ရင် ဘာဖြစ်လို့ ဒီမှာ သူခိုးဓါးပြတွေလို လာပြီး စုဝေးနေကြမှာလဲ… ညီငယ်လေး… မင်းငါတို့ကို အဲ့လောက်တော့ အထင်မသေးနဲ့လေကွာ…”

“ဟုတ်တယ် ဟုတ်တယ်…”

“ဟုတ်တယ်… ငါတို့ ရမ္မက်ရှာဂိုဏ်းကို ကူညီဖို့ ရောက်လာခဲ့တာ… လူငယ်လေး… မင်း အခြားသူတွေကို အပေါ်ယံအမြင်နဲ့ကြည့်ပြီး လိုက်မဆုံးဖြတ်နဲ့ကွ… ငါတို့ကို တောထဲမှာရှိနေတဲ့ သူခိုးဓါးပြတွေများ မှတ်နေတာလား…”

All Chapters