ကံတရား
Vol. 40 Ch. 761
ဒုတိယသခင်မလေး သုန့်က အတော်ကို ကံမကောင်းတာဟု ရှဲ့ဖင်းကန်း ထင်မိ၏။
သူမရဲ့ ဂုဏ်သတင်းက တစ်ခါ ပျက်စီးထားဖူးပြီဖြစ်ကာ သူမကို ကယ်တင်ဖို့ရာ မလွယ်ကူလှ။ အခုလို ဖြစ်ပျက်သွားတော့…
ကျစ်, သူရဲ့ ကံတရားက ဆိုးရွားကာ ဆရာတစ်ယောက်က ပြောင်းလဲပေးဖို့ လိုအပ်နေလေပြီ။
သုန့်သခင်ကြီး ဘာများ ပြောနိုင်မှာလဲ?
သူ ဒေါသထွက်လွန်း၍ စကားတောင် မပြောနိုင်တော့။
အင်္ကျီလက်ကို ခါကာ ထွက်သွားတော့သည်။
အိမ်ပြန်ရောက်သည်နှင့် သူ့သမီးအား ပါးရိုက်လေသည်။ ထိုသမီးအား နေရာတွင် သတ်ပစ်ချင်လိုက်ရုံကလွဲပြီး တခြား ဘာမှမလုပ်ချင်။ “ နင်ကသာ သူ့ကို စိတ်ထဲကနေ တသသဖြစ်နေတာ ဟိုကဖြင့် နင့်ကို အဖက်တောင် မလုပ်ဘူး။ ပြီးတော့ နင့်ကို ကံမကောင်းတဲ့သူလို့တောင် ပြောလိုက်သေးတယ်။ မင်္ဂလာပွဲကို သဘောမတူလိုက်ဘူး။ အဖေတစ်ယောက်အနေနဲ နင့်အတွက် လုပ်ပေးနိုင်တာ မှန်သမျှ အကုန် လုပ်ပေးတယ်။ ငါ့ခေါင်းကိုတောင် ငုံ့ပြီး စေ့စပ်ကြောင်းလှမ်းခဲ့တယ်လေ၊ တခြား ဘာများ လုပ်ပေးနိုင်ဦးမှာလဲ။ နင့်လို အရှက်မရှိ စိတ်ပျက်စရာကောင်းတဲ့ သမီးမျိုးကို ဘယ်လိုများ မွေးခဲ့မိတာပါလိမ့်”
သုန့်ယိယွင်မှာ လုံးဝကို မှင်တက်နေမိသည်။
သုန့်ရှီးယွင်သည် အနားမှာ ရှိမနေသည့်တိုင် ထိုစကားများက သူမနားထဲ ရောက်သွားခဲ့သည်။ သူမ ခပ်ရေးရေးသာ ပြုံးလိုက်မိ၏။
ရှဲ့မိသားစုက သူ့ညီမကို လက်ခံခဲ့လျှင်တောင် သုန့်ယိယွင်ရဲ့ အနာဂတ်က အဆင်ပြေမှာမဟုတ်။
မနေ့ညက ဖြစ်ပျက်သွားသည်က မမျှော်လင့်ဘဲ ဖြစ်သွားခဲ့တာပင်။ ယောကျာ်းတစ်ယောက် ဖြစ်နေသ၍ ၊ ဘယ်သူကများ သည်းခံနိုင်မှာလဲ?
သူ့ညီမမှာ တခြားရွေးချယ်စရာ မရှိတော့။
သူမ သေချင်သေ၊ မဟုတ်လျှင်လည်း ရှဲ့မိသားစု
ကို နားပူနားဆာလုပ်၊ ရှဲ့ဖင်းကန်းအား သူမကို လက်ထပ်ဖို့ တောင်းပန်ခယရုံသာ ရှိသည်။ သူမ ထိုမိသားစုနှင့် လက်ထပ်နိုင်ခဲ့လျှင်တောင် သူမကို ကောင်းကောင်းဆက်ဆံကြမည်မဟုတ်ချေ။
ဒါမှမဟုတ် သူမ အဖေက အဆင့်နိမ့်တဲ့ နောက်ခံက အမျိုးသားတစ်ယောက်ကိုရှာပြီး သူမနှင့် လက်ထပ်စေရုံသာ။ ထိုသခင်လေးရဲ့ အရည်အချင်းကို တန်ဖိုးထားလို့ သို့မဟုတ် အသက်သခင်ကျေးဇူးရှင်ဖြစ်လို့ဆိုပြီး လုပ်ကြံပြောဆိုလို့ရသည်။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သုန့်ယိယွင်အနေနဲ့ အနာဂတ်မှာ သူမအပေါ် ဘာတစ်ခုမှ လုပ်လို့ရတော့မှာ မဟုတ်။
ဒီလိုလှည့်စားမှုက သူမကိုယ်သူမသာ နာကျင်ရလိမ့်မည်။
ဤ ကိစ္စအား သိထားတဲ့ လူတစ်စုရှိနေပြီး သူတို့ဟာ သစ္စာရှိတဲ့သူများ ဟုတ်မနေ။ အစီအစဉ်က ခနော်ခနဲ့ဖြစ်နေ၏။ သူမ နောက်နှစ် လက်မထပ်ခင် ပြဿနာဖြစ်လာမှာကို ရှောင်ရှားရန်အတွက် အရင် ဖြေရှင်းဖို့ လိုသည်။
သုန့်သခင်ကြီးသည် သူ့ရဲ့ ဒေါသအား ပေါက်ကွဲထွက်လိုက်ပြီးနောက် သူ့သမီးအား အိမ်ထဲမှာ သော့ခတ်ပိတ်ထားလေသည်။
သုန့်သခင်မတစ်ယောက်တည်းသာ သူမသမီးဆီ လာပြီး ကြည့်ရဲသည်။
“ မိုက်လိုက်တဲ့ ကလေးရယ်၊ သမီး မတရားခံရတယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ အခုလို
ထိတ်ထိတ်ပျာပျာ ဖြစ်နေလိုမရဘူး။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲ သေချာစဉ်းစားကြတာပေါ့”
“ အမေ၊ သမီး ဘာလုပ်လို့ရဦးမှာလဲ သမီးရဲ့ ဘဝက ပျက်စီးသွားပြီ” သုန့်ယိယွင်သည် မျက်နှာကို အုပ်ကာ ငိုနေလေသည်။
“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ? ရှေ့ဆက်ရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်” သုန့်သခင်မသည် သူမကလေးအတွက် ရင်နာနေရသည်။ “အမေ နည်းနည်းတော့ စဉ်းစားထားတယ်။ ရှဲ့မိသားစုဘက်ကသာ သဘောတူပြီး သမီးလက်ထပ်နိုင်မယ်ဆိုရင် နာကြည်းချက်တချို့ကို ခံစားရမှာဆိုပေမဲ့ သမီးကောင်းကောင်း ကိုယ်တွယ်နိုင်မှာ။ သမီး ကိုယ့်ဘဝနဲ့ ကိုယ်နေသွားလို့ရတယ်။ သဘောမတူဘူးဆိုရင်လည်း… ယိအာ ၊ သမီး အမေ့ရဲ့ ဝမ်းကွဲက်ု တွေ့ဖူးတယ်ဟုတ်? အခု ဖြစ်နေတဲ့ အခြေနေကို
ပြောပြလိုက်ရင် သမီး သူတို့ မိသားစုကို လက်ထပ်လို့ရတာယ်။ အမေ ရှ်ိနေသ၍ သမီးကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး…"
သုန့်ယိယွင်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ။
သူမ...
သူမမှာ အရည်အချင်းမရှိတာကို ဝန်ခံသည်။ ဒါပေမဲ့ အခုလိုမျိုး သူမရဲ့ ဂုဏ်သတင်းက ဆိုးရွားနေတာတောင် ရှဲ့ဖင်းကန်းနဲ့ လက်ထပ်နိုင်ဖို့ မျှော်လင့်နေမိဆဲ။
“ အမေ.. သမီး လူတစ်ယောက်နဲ့ တွေ့ချင်လို့.." သုန့်ယိယွင်သည် အကြာကြီး တွေးကြည့်ပြီးနောက် ပြောလာလေသည်။
“ဘယ်သူလဲ”
“ဆရာမမော့၊ သူမ သမီးကို ကယ်ခဲ့တာ။ သူမနဲ့ တွေ့ပြီးသွားရင် သမီး ဘာလုပ်ရမလဲဆိုတာ သိချင်သိသွားမှာ…" သူမရဲ့ ဖြူစင်မှုက ပျက်စီးသွားခဲ့ပြီဆိုတာ သုန့်ယိယွင်သိသည်။ သူမ ပြန်အဖတ်ဆယ်ချင်ရင်တောင် လုပ်လို့မရတော့။
အဲဒီ အဝတ်အစားတွေနဲ့ အတွင်းခံတွေက တစ်ခုခု ဖြစ်နေတာ ဖြစ်လောက်သည်။
တကယ်တော့ သူမ ရှဲ့ဖင်းကန်းကို ထပ်တွေ့ချင်ပေမဲ့ ဖြစ်နိုင်ဖွယ်ရာ မရှိ။ ဒါကြောင့် သူမ ဆရာမမော့နဲ့ တွေ့လျှင် ဆရာမမော့က သူမကို အဖြေတစ်ခုခု ပေးနိုင်လောက်သည်။
သုန့်သခင်မလည်း စဉ်းစားကြည့်ပြီးနောက် သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်သည်။
သူမက အစေခံတစ်ယောက်အား အိမ်ထဲမှာ နေခိုင်းလိုက်ပြီး သမီးဖြစ်သူအား တိုးတိုးတိတ်တိတ် အပြင်ထွက်ခိုင်းခဲ့၏။
ရှဲ့ချောင်သည် ရှဲ့အိမ်တော်မှာ ရှိမနေတာကြောင့် သူမ ဒီကိစ္စအား တကယ်ပင်မသိခဲ့။
၎င်းဟာ သုန့်ယိယွင် သူမကို လာမရှာခင်အထိပင်။ သူမရဲ့ မည်းမှောင်သုန်မှုန်နေတဲ့ သွင်ပြင်ကို ကြည့်ရုံနဲ့တင် တစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာ ပြောနေစရာတောင်မလို။
“ဆရာမ..” သုန့်ယိယွင်ရဲ့ မျက်လုံးများမှာ သစ်ကြားသီး အလား မို့ယောင်နေပေမဲ့ သူမ ငို
တော့ ငိုမနေ။ သူမ ပိုင်ဆိုင်မှုတချို့ကို ထုတ်၍ “ ဆရာမ ကျွန်မအတွက် ဇာတာ ဖတ်ပေးလို့ရမလား.. ကျွန်မရဲ့ ဘဝက.. ရှဲ့သခင်လေးနဲ့… ဖူးစာပါနေသေးလားလို့”
•••••