ကြင်နာမှုကို လက်စားချေပြီး ပြန်ဆပ်သည်။
Vol. 40 Ch. 762
ဒုတိယသခင်မလေးသုန့်ရဲ့ စကားကို ကြားလိုက်ရချိန် ရှဲ့ချောင်ရဲ့ လက်တို့ တုန်ယင်သွားရသည်။
“ အမှန်တရားကို နားထောင်လိုက်ရရင် ပိုပြီးတောင် ဝေခွဲရခက်သွားလိမ့်မယ်”
“ဒါပေမဲ့လည်း ကျွန်မ နားထောင်ကြည့်ချင်တယ်” သုန့်ယိယွင် တစ်ယောက် ဇွဲကောင်းနေဆဲ။
“ဒါဆို မွေးနေ့အချက်အလက်တွေပေး၊ တွက်ကြည်ပေးမယ်” ရှဲ့ချောင် သက်ပြင်းချလိုက်၏။
ရှဲ့ချောင်ရဲ့ ညွန်ကြားချက်အတိုင်း သုန့်ယိယွင်
လုပ်ခဲ့သည်။
ရှဲ့ချောင် တွက်ချက်မှုတချို့ လုပ်ပြီးသွားတဲ့အခါ အခြေနေက အရင်တစ်ခေါက်ကထက် ပိုကောင်းမလာတာကို တွေ့ရလေသည်။ ဒီ ဒုတိယသခင်မလေး သုန့်ရဲ့ ကံတရားက ဆိုးရွားလှသည်။ ကံဆိုးမှုက အခုထိ မဖြေရှင်းရသေး။
“ ငါ အရင်တစ်ခေါက်က သခင်မလေးကို တွက်ပေးဖူးတယ်၊ ဒါပေမဲ့ ဒီတစ်ခေါက်လည်း ဘာမှပြောင်းလဲသွားတာ မရှိဘူး၊ အခု မင်းရဲ့ကံတရားက ဆိုးနေတဲ့အပြင် အပြောင်းအလဲတွေလည်း များတယ်။ လက်ထပ်ဖို့ကလည်း ဆူးညှောင့် ခလုတ်တွေနဲ့ ၊ဒုက္ခခံရလိမ့်မယ်”
ရှဲ့ချောင် မျက်မှောင်ကြုတ်သွားသည်။ “မင်းနဲ့ ရှဲ့အိမ်တော်က ပထမသခင်လေးကတော့… သုန့်
သခင်မလေး၊ သူက တဏှာရာဂစိတ်ရှိတဲ့သူတစ်ယောက် မဟုတ်တော့ မင်းအတွက် အိမ်ထောင်ဖက်ကောင်းတစ်ယောက် မဟုတ်ဘူး။ မင်းရဲ့ ပြောင်းလဲမှုတွေက သူ့နဲ့ဆက်စပ်နေတော့.. တကယ်လို့ မင်းတို့ နှစ်ယောက် လက်ထပ်ဖြစ်ခဲ့တယ်ဆိုရင်တောင် မင်း အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး။ သေတောင် သေသွားနိုင်တယ်”
သုန့်ယိယွင် တစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
“ အဲဒီ ကံတရားကို… ပြောင်းလဲလို့ရလား”
“ ရတော့ရတယ်၊ ဒါပေမဲ့ ဈေးကတော့ များလိမ့်မယ်၊ ငါ ရှဲ့သခင်လေး အတွက် သူ့ရဲ့ ကံတရားကို ပြောင်းလဲ ပေးပြီးသွားပြီ, ဒါပေမဲ့ သူ့ရဲ့ကံကြမ္မာကကြမ်းတမ်းလွန်းတော့ ပြောင်းလဲဖို့က
ခက်တယ်။ နောက် ၂နှစ်၃နှစ်လောက်နေရင်တောင် ပြောင်းလဲချင်မှပြောင်းလဲမှာ။ ဖြည်းဖြည်းချင်းပဲလုပ်လို့ရမှာ..၊ သခင်မလေးအတွက်ကတော့….”
“မင်းလည်း ဒီနှစ်ထဲမှာ သူ့လို ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရမှာပဲ။ အဲဒါကြောင့်မလို့၊ သုန့်သခင်မလေး မင်း သူနဲ့ တကယ်ဆုံနိုင်ခဲ့ရင်တောင် ကျောက်တုံးကို ကြက်ဥနဲ့ထုနေတာနဲ့ ဘာမှ ကွာမှာမဟုတ်ဘူး။ သေချာပေါက် သေရလိမ့်မယ်”
ရှဲ့ချောင်က လေးလေးနက်နက် ပြောပြနေခဲ့၏။
သူမအနေနဲ့ အခကြေးငွေ လက်ခံထားပြီဖြစ်၍ လိမ်လို့မဖြစ်။
ဒါတင်မက ဒီသခင်မလေးက အစွဲအလမ်းကြီးလွန်းနေတာကြောင့် ရှင်းရှင်းလင်းလင်း ဖြစ်သွား
အောင် ရှင်းပြလိုက်တာက ပိုကောင်းသည်။
အနှီ မိန်းကလေးက ဒီနှစ်မှာ ဂြိုလ်ဆိုးဝင်နေလေရာ မရှောင်နိုင်ပါက သူမ သေရလိမ့်မည်။
“ဒီနှစ်ထဲ မင်းရဲ့ကံက သိပ်ကောင်းမနေဘူး။ ဒါပေမဲ့ မင်း အဲဒါကို ချိုးဖျက်လို့ရတယ်။ နောက်သုံးရက်နေရင် မြို့တော်ကနေ ထွက်သွားပြီး တောင်ဘက်မှာ ရှိတဲ့ ဆွေမျိုးတွေဆီဖြစ်ဖြစ် မိတ်ဆွေတွေဆီမှာပဲဖြစ်ဖြစ် သွားပြီးရှောင်နေလိုက်၊ မင်း လုပ်နိုင်မှာပါ”
သုန့်ယိယွင် သဘောပေါက်သွားသည်။
တောင်ဘက်…
သူမ မိထွေးရဲ့ ဇာတိက တောင်ဘက်ပိုင်းက ဖြစ်၏။ သူမ အဲဒီကို ရောက်သွားလျှင် သူမ အမေက စာရေးပြီး ပို့လိမ့်မည်။ ဘယ်သူကမှ သူမကို မမျှမတ ဆက်ဆံလိမ့်မည်မဟုတ်။ ပြောရလျှင်.. သူမအတွက် ခင်ပွန်းကောင်းတစ်ယောက်နဲ့တောင် မိတ်ဆက်ပေးနိုင်သည်။ အဲဒီနောက်ပိုင်း ဘာပြဿနာမှ ရှိလာတော့မည်မဟုတ်ချေ။
သို့ပေမဲ့…
သူမ လက်ထပ်ချင်တဲ့သူကိုက တွေ့ထားပြီးလေပြီ။ နှစ်ခါကယ်တင်ခံရပြီးနောက်မှာ သူမ အလိုရှိတာကို ရနိုင်တော့မည်မဟုတ်။ သူမ ဘက်ကနေစပြီး ခြေတစ်လှမ်းနောက်ဆုတ်လိုက်တာမျိုးလည်း မလုပ်ချင်ခဲ့ပေ။
ဂုဏ်သတင်းပျက်စီးနေပြီးသား မိန်းမတစ်ယောက်ကို လက်ထပ်ရလဲ စိတ်ထဲမထားဟု ရှဲ့ဖ
င်းကန်းတစ်ခါက ပြောခဲ့ဖူးသည်။
“ဆရာမမော့ပြောတာက.. ကျွန်မသာ သူ့ကို လက်ထပ်လိုက်ရင် သေရမှာ၊ ဟုတ်တယ်မလား” သုန့်ယိယွင် တခစ်ခစ်ရယ်လိုက်ကာ “ဒါဆို အသက်ကယ်တင်ပေးအတွက် ကျေးဇူးမဆပ်နိုင်ရုံတင်မဟုတ်ဘဲ သူ့ကို မုဆိုးဖိုဆိုတဲ့ နာမည်ကြီးနဲ့ ကျန်ခဲ့ရအောင် လုပ်မိသလိုလည်း ဖြစ်ဦးမှာပေါ့.. ကြင်နာမှုကို လက်စားချေပြီး ပြန်ဆပ်နေတာပါလား။
သူမ ဘယ်လိုခံစားမေရလဲဆိုတာ သုန့်ယိယွင် မရှင်းပြနိုင်တော့။
အရမ်းကို ရှုပ်ထွေးလွန်းသည်။ ရှုပ်ထွေးလွန်းသဖြင့် အသက်တောင် မရှင်ချင်တော့။
သူမသာ တောက်ဘက်ပိုင်းမှာ သွားနေလျှင် လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု ဆရာမမော့က ပြောသည်။ သို့သော်.. သူမ အခုချိန်မှာ အလင်းရောင်ကို မမြင်ရ။ ဖြေရှင်းပြီးတဲ့နောက်ပိုင်းမှာ ဖြစ်လာမယ့်အနာဂတ်အတွက် သူမမှာ မျှော်လင့်ချက် တစ်စမှမရှိပေ။
“သုန့်သခင်မလေး ရှေ့ဆက်ရမယ့်လမ်းက အရှည်ကြီးကျန်နေပါသေးတယ်။ မင်း အခု နာကြည်းချင် နာကြည်းနေနိုင်တယ်။ ဒီ အခက်အခဲတွေကို ကျော်ဖြတ်ပြီးသွားလို့ နောက်ပြန်လှည့်ကြည့်မိတဲ့အချိန်ကျရင် ကံကောင်းတာပါလားလို့တောင် တွေးချင်တွေးမိနိုင်တယ်”
ရှဲ့ချောင် ခဏလောက် စဉ်းစားကြည့်ပေမဲ့ သေသွားတာထက် အသက်ရှင်နေတာက ပိုကောင်းတယ်လို့ ခံစားနေရဆဲ။
“ဒီမှာကြည့် ရှဲ့ဖင်းကန်းက ဘာမှကောင်းတာ
မဟုတ်ဘူး။ ရုပ်ကလည်းဆိုး ကြမ်းကလည်း ကြမ်းသေး။ သူ့လိုလူတစ်ယောက်အတွက် ဘဝကို စတေးပစ်လိုက်ဖို့မတန်ဘူး”
“ဆရာမမော့! ရှဲ့သခင်လေးက သူရဲကောင်းတစ်ယောက်။ သူက လူရိုင်းတွေကို သုတ်သင်ပြီး အမှုတွေကိုလည်း ဖြေရှင်းခဲ့တာ။ သူရဲ့ ဂုဏ်သရေက တောင်ပံ့ဖြန့်ထားတဲ့ သိမ်းငှက်တစ်ကောင်လိုပဲ။တခြားသူတွေလို မဟုတ်ဘူး။ ဘယ်သူကမှ သူနဲ့ ယှဉ်လို့မရဘူး”
ရှဲ့ချောင် စွံ့အသွားရသည်။
သို့ပေမဲ့ သုန့်ယိယွင်က သူမကို စိုက်ကြည့်နေတာကြောင့် ရှဲ့ချောင်ရဲ့ နှုတ်ခမ်းထောင့်တို့ တောင့်သွားကာ တခစ်ခစ်ရယ်လိုက်၏။
“ ဟုတ်တယ်.. သူကတော်တော်လေး ဂုဏ်သိက္ခာ
ရှိပြီး မက်မောလောက်စရာပဲ.. ဒီအညတရဆရာက မှားပြောမိတာပါ”
•••••