လာရောက်ကြည့်ရှုသူအများဆုံးစိန်ခေါ်ပွဲ
Vol. 16 Ch. 221
အခန်း (၂၂၁) လာရောက်ကြည့်ရှုသူအများဆုံးစိန်ခေါ်ပွဲ
"ဂိုဏ်းတူမောင်လေး… စိန်ခေါ်ပွဲအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရဲ့လား"
သန့်ရှင်းရေးလုပ်ပြီးခါနီးတွင် ရှောင်ယွိက မေးလာသည်။
ကျန်းလန် ရင်ဆိုင်ရမည့်သူက လူသားအင်မော်တယ်အဆင့် အောင်မြင်ထားသူ ဖြစ်လေရာ ကျန်းလန်နှင့် အဆင့်ချင်းက ကမ္ဘာခြားလျှက် ရှိသည်။
ကျန်းလန်က…
"ကိုယ် အကောင်းဆုံး ကြိုးစားမှာပါ"
ရှောင်ယွိက သူမ၏မေးဖျားလေးကို တံမြက်စည်းလက်ကိုင်ဖြင့်ထောက်ထားရင်း နှုတ်ခမ်းစူကာ ပြောလိုက်သည်။
"ဂိုဏ်းတူမောင်လေးက အမြဲတမ်း ဒီအတိုင်းပဲနော်... မေးလိုက်ရင် မပြတ်မသားနဲ့ ပြန်ဖြေတယ်…"
ကျန်းလန်က…
"ဘာလို့လဲဆိုတော့ ကိုယ်က … ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့ပေါ့ ဂိုဏ်းတူအစ်မရယ်…"
သူ ဤစကားကို မပြောချင်ပေ။
သို့သော် သူတို့က စေ့စပ်ထားသူများဖြစ်သောကြောင့် ထူးခြားသည့်ဆက်ဆံရေးရှိလေရာ ပွင့်ပွင့်လင်းလင်း ပြောရန် လိုအပ်၏။ မည်သည့်ကိစ္စမဆို ရိုးသားရမည် ဖြစ်လေသည်။
တကယ်လည်း ကျန်းလန် သူ့ကိုယ်သူ ယုံကြည်မှု သိပ်မရှိပေ။
လုန်မန်က လူသားအင်မော်တယ်အဆင့် အောင်မြင်ပြီးသူဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန်နှင့်တူညီအောင် လျှော့ချယှဉ်ပြိုင်မည် ဖြစ်သည်။ သို့တိုင်အောင် အများအမြင်တွင် သူတို့ (၂)ယောက်၏ ကျင့်ကြံခြင်းအဆင့်က ကမ္ဘာခြားနေဆဲ ဖြစ်၏။
အမှန်တော့ ကျန်းလန်က အစစ်အမှန်အင်မော်တယ် ၊ ပထမအဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူ့အနေဖြင့် မူလဝိညာဉ်အဆင့်ထက် ကျော်လွန်သည့် တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုရန် မဖြစ်နိုင်ပေ။
သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို သူကိုယ်တိုင်မှလွဲပြီး မည်သူမှ မသိရှိကြဘူး မဟုတ်လား။
ရှောင်ယွိက ကျန်းလန်ကို ခေါ်လိုက်သည်။
"ဂိုဏ်းတူမောင်လေး…"
ကျန်းလန်က သူမကို ကြည့်လိုက်သည့်အခါ သူမက စကားဆက်ပြောသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင့်ဘက်မှာပဲ ရှိနေမှာနော်…"
ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း တီးတိုးပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်… ဂိုဏ်းတူအစ်မရယ်…"
ရှောင်ယွိက ကျန်းလန်ကို လျှာထုတ်ကာ ပြောင်ပြလိုက်သည်။
ပြီးမှ မကျေမနပ်လေသံဖြင့်…
"ဂိုဏ်းတူမောင်လေးသာ သိတတ်မယ်ဆိုရင်လေ နောက်ဆို ကျွန်မကို ကျေးဇူးတင်စရာတွေ အများကြီးရှိလာလိမ့်မယ်… သိလား ၊ အဲဒီအချိန်ကျမှ ကျေးဇူးတင်ဖို့ မေ့မနေနဲ့… ၊ ဟော… အရုဏ်တောင်တက်တော့မှာပဲ… ၊ ကျွန်မ ရင်ပြင်ဘေးကနေ အားပေးနေမယ်နော်…"
ရှောင်ယွိက ကျန်းလန် ဘာပြန်ပြောမည် ၊ အမူအရာမည်သို့ရှိသည်ကို အရေးမစိုက်တော့ဘဲ ရင်ပြင်ဘေးဘက်သို့ ပြေးထွက်သွားလေတော့သည်။
သင့်တော်သည့်နေရာတစ်ခုတွင် မတ်တတ်ရပ်ရင်း ပရိတ်သတ်တစ်ယောက်အဖြစ် နေရာယူလိုက်သည်။
ရှောင်ယွိ ရင်ပြင်နံဘေးသို့ ပြေးလွှားထွက်ခွာသွားသည်ကို ကျန်းလန် ကြည့်နေပြီးမှ သန့်ရှင်းရေးပြီးသည်အထိ ဆက်လုပ်နေလိုက်သည်။
ထို့နောက် ရင်ပြင်ထက်တွင် မတ်တတ်ရပ်ရင်း အဋ္ဌမမင်းသား ရောက်လာမည်ကို စောင့်ဆိုင်းနေလေ၏။
ယနေ့တော့ စိန်ခေါ်ပွဲကို လာရောက်ကြည့်ရှုသူ သိပ်များမည် မထင်ပေ။ နဝမတောင်ထွတ်က သေချာပေါက် စိန်ခေါ်ပွဲ ရှုံးနိမ့်မည်ဟု ခန့်မှန်းထားကြလေရာ လာရောက်ကြည့်ရှုရန် ရည်ရွယ်ချက် ရှိကြမည် မဟုတ်ပေ။
ဤသည်က အမှန်ပဲ ဖြစ်၏။
မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အင်မော်တယ်တစ်ပါး တိုက်ခိုက်မည့်ပွဲတွင် နဂါးမင်းသားက မည်သို့ပင် ကျင့်ကြံခြင်းအဆင့် လျှော့ချထားပါစေ ကျန်းလန်အနေဖြင့် နိုင်ခြေရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့တွေးသည်က ကျိုးကြောင်းဆီလျော်သည်ဟု ဆိုနိုင်၏။
နံနက်ခင်းနေရောင်က မိုးကုပ်စက်ဝိုင်းဆီမှ ထွက်ပေါ်လာသည်။ နဝမတောင်ထွတ်သို့ နေရောက်ခြည်များ ကျရောက်လာပြီး အမှောင်ထုအားလုံး လွင့်စင်သွားသည်။
ထိုစဉ်မှာပင် နဝမတောင်ထွတ်ရင်ပြင်ဆီသို့ တပည့်များစွာ ရောက်ရှိလာကြသည်ကို ကျန်းလန် တွေ့မြင်လိုက်ရသည်။
အနီရောင်နေလုံးကြီးက တောင်အစွန်းမှ ထွက်ပေါ်လာပြီး နဝမတောင်ထွတ်ရင်ပြင်တွင်လည်း ခွန်လွန်တပည့်များစွာက စိန်ခေါ်ပွဲကို ကြည့်ရှုရန် နေရာယူထားကြပြီ ဖြစ်သည်။
စိန်ခေါ်ပွဲလာရောက်ကြည့်ရှုသူများမှာ မနေ့က အဋ္ဌမတောင်ထွတ်သို့ လာရောက်ကြသူများထက် မနည်းပေ။ လူများက တစ်ဆတစ်ဆ များပြားလာကြသည်။
ဤဖြစ်ရပ်ကြောင့် ကျန်းလန် အံ့အားသင့်မိခြင်း မရှိသော်လည်း…
အခြေအနေက သူမျှော်လင့်ထားသလိုမဟုတ်ဘဲ ထူးခြားနေ၏။
မနေ့က လူ (၁၀)ယောက်တွင် (၈)ယောက်က စိန်ခေါ်ပွဲကို သွားမကြည့်ရန် ပြောဆိုနေကြသည်ကို သူ အမှတ်မထင် ကြားခဲ့ရသည်။
ကြည့်မည့်သူ (၂)ယောက်ခန့်မှာလည်း တစ်ယောက်က သူ့ကိုတွေ့ချင်သောကြောင့်ဖြစ်ပြီး နောက်တစ်ယောက်က ကံကောင်းပြီး ကျန်းလန် တိုက်ပွဲတွင်အနိုင်ရမည်လားဟု သိချင်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိအခြေနေက တစ်စုံတစ်ခု မှားယွင်းနေသည်မှာ သေချာသည်။
အချိန်နှင့်အမျှ ဓားများကို စီးနှင်ပျံသန်းလာသူများစွာမှာလည်း ကောင်းကင်ထက်တွင် စုဝေးလာကြပြီး စိန်ခေါ်ပွဲကြည့်ရှုရန် နေရာယူလိုက်ကြသည်။
မနေ့က အဋ္ဌမတောင်ထွတ်သို့ ရောက်လာကြသည့် ပရိတ်သတ်အရေအတွက်ထက်ပင် များပြားလာပြီ ဖြစ်၏။
တပည့်တစ်ယောက်က…
"ဟာ…ဟေ့ကောင်… မင်း ဘာလို့ လာကြည့်တာလဲ ၊ မနေ့ကပြောတော့ လာမကြည့်ဘူးဆို…"
နောက်ထပ်တပည့်တစ်ယောက်က…
"ဒါဖြင့် မင်းရောဘာလို့ ရောက်လာရတာလဲ ၊ မင်းလည်း သေချာပေါက် ရှုံးမယ့်ပွဲမို့ လာမကြည့်ဘူးလို့ ပြောထားတာလေ"
"စိန်ခေါ်ပွဲရလဒ်က ပြောင်းပြန်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ၊ အရင်တစ်ခေါက်ပွဲတုန်းကလည်း ဒီလိုပဲလေ… ၊ အဲဒီတုန်းက လာမကြည့်မိလို့ နောင်တရလို့မဆုံးဘူး ၊ ဟွန်း… မင်းတို့တွေ မလာလောက်ဘူး ထင်တာကွာ… ၊ လူတွေအများကြီးနဲ့ကြည့်ရတာ မကောင်းပါဘူး… တိုက်ပွဲရဲ့ အရေးကြီးတိုက်ကွက်တွေကို ထင်ထင်ရှားရှား မမြင်နိုင်တော့ဘူးပေါ့…"
"သောက်ရှက်လည်းမရှိဘူး…"
"ရွံစရာကောင်းတာကွာ…"
"အမယ် မင်းက ဒီလေသံနဲ့ပြောရအောင် ဂိုဏ်းတူအစ်ကိုကြီးလို့များ ကိုယ့်ကိုယ်ကိုယ် ထင်နေတာလား"
ပတ်ဝန်းကျင်မှလူများက ထိုသူကို ဝိုင်းဝန်းလှောင်ပြောင်လိုက်ကြသည်။
"ကျုပ်တို့ရှုံးမယ်လို့တော့ ခံစားနေရတယ် ၊ ဒါပေမဲ့ ထပ်စဉ်းစားကြည့်တော့ ဒီပွဲက လာကြည့်သင့်တဲ့ပွဲတစ်ခုပဲ ၊ ကျုပ်တို့ ရှုံးသွားတယ်ဆိုရင်တောင်မှ ဘယ်လိုရှုံးသွားရလဲဆိုတာ သိသင့်တယ် မဟုတ်လား ၊ ရှုံးတာတောင် အရမ်းအရုပ်ဆိုးဆိုးနဲ့ မရှုံးဘူးဆိုရင် တော်သေးတယ်လို့ သတ်မှတ်ရမှာပေါ့"
"နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက မှော်ဝင်ပစ္စည်းတွေ ၊ ရင်းမြစ်ပစ္စည်းတွေကိုအားကိုးပြီး ကျင့်ကြံခြင်းအဆင့်တက်လာတာ မဟုတ်လား ၊ အင်မော်တယ်တစ်ပါးဆိုတာက ပါရမီရှင်ကျင့်ကြံသူတစ်ယောက်တောင် ယှဉ်နိုင်ဖို့ ခက်ခဲတယ်လေ ၊ ဒီတော့ သူ သေချာပေါက် ဆိုးဆိုးရွားရွား ရှုံးနိမ့်မှာပဲ ၊ သိုင်းကွက် (၁၀)ကွက်အတွင်း မရှုံးဘူးဆိုရင် ကျုပ် သူ့ကို အတော်လေး အထင်ကြီးမိမှာ…"
"အမှန်ပဲ ၊ နတ်လူသားမျိုးနွယ်တွေက နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးနဲ့ စိတ်စွမ်းအားချင်း ယှဉ်ပြိုင်လို့သာ ရှုံးခဲ့ရတာ ၊ စိတ်စွမ်းအားဆိုတာက နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး ကျွမ်းကျင်ပိုင်နိုင်တဲ့စွမ်းအားပဲလေ ၊ အခုတော့ ဒီလိုဖြစ်မယ်မထင်ဘူး ၊ တကယ့်တိုက်ပွဲတွေမှာ ကံကောင်းလို့နိုင်တယ်ဆိုတာမျိုး မရှိနိုင်ဘူး"
ထိုစဉ် စိန်ခေါ်ပွဲသို့ ကျိုးစူး ၊ လုချန် ၊ ကျင်းယွီနှင့် ကျန်းရှီတို့လည်း ရောက်ရှိလာကြသည်။
လုချန်က မယုံကြည်နိုင်စွာဖြင့်...
"ဟာ... သူက တကယ်ကြီး နဝမတောင်ထွက် ဂိုဏ်းတူအစ်ကိုလား"
သူတို့က ထိုသူကို မထီမဲ့မြင်ပြုခဲ့ကြဖူးသည် မဟုတ်ပါလား။
ဒါက...
နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကသာ သူတို့ကို မကျေနပ်သောကြောင့် ပြဿနာရှာချင်သည်ဆိုလျှင် သူတို့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ကျိုးစူးက...
"မင်းအခု နားလည်ပြီလား ၊ သူက အရင်ကတည်းက ပြဿနာရှာချင်တယ်ဆိုရင် ကျုပ်တို့တော့ သွားပြီပဲ"
လုချန် မည်သည့်စကားမှ ထပ်မပြောရဲတော့ပေ။
အရင်တစ်ချိန်က နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုနှင့်အတူ သေရည်ဆိုင်တွင်တွေ့ခဲ့သည့် ကလေးမလေးသည်လည်း တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော်မကြာသေးမီက သူတို့ သေရည်ဆိုင်သို့ ထပ်မံသွားရောက်ခဲ့ရာ နောက်ထပ် ကလေးမလေးတစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။
ထိုကလေးမလေးထံမှ အဆုံးမရှိ ထိတ်လန့်ခြောက်ခြားဖွယ် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသောကြောင့် သူတို့မှာ စကားပင်ဟဟ မပြောရဲခဲ့ပေ။
ယခုတော့ သေရည်ဆိုင်တွင် အလုပ်လုပ်နေကြသူများထဲတွင် တန်ခိုးစွမ်းအားနည်းပါးသူ တစ်ယောက်မှ မရှိကြောင်း လုချန် သဘောပေါက်သွားတော့၏။ ထိုသူများ၏ အဆင့်အတန်းက ကြောက်မက်ဖွယ်ရာ မြင့်မားလွန်းကြသည်။
ကျိုးစူးက...
"နောက်ဆို ဆင်ဆင်ခြင်ခြင်နေ..."
လုချန်က နှာခေါင်းရှုံ့လိုက်ရင်း...
"အမယ်… အဲဒီစကားက ရှင့်ကိုပြောရမှာ…"
ကျန်းရှီနှင့် ကျင်းယွီတို့က သူတို့ (၂)ယောက် ပြောနေသည့် စကားများကို နားမလည်ကြပေ။ သူတို့က နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီး ယှဉ်ပြိုင်ပွဲတွင် အနိုင်ရမည်လားဟု သိချင်နေကြသည်။
သို့သော် ထိုအချက်က မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သည့်ကိစ္စပင်။
ကျင်းထင်က ဓားကိုစီးနှင်ရင်း လေထဲတွင်မတ်တတ်ရပ်နေသည်။
သူ့နံဘေးတွင် ဒုတိယတောင်ထွတ်မှ မုရှိုးနဲ့ တတိယတောင်ထွတ်မှ လင်စီးယာတို့လည်း ဓားများစီးနှင်ကာ မတ်တတ်ရပ်နေကြ၏။
မုရှိုးက...
"နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေး နိုင်မယ်ထင်လား..."
လင်စီးယာက ခေါင်းခါယမ်းလိုက်ရင်း...
"တစ်ဖက်လူက အင်မော်တယ်တစ်ပါးဖြစ်သလို နဂါးမျိုးနွယ်လည်း ဖြစ်တယ် ၊ နဂါးတွေရဲ့ ခန္ဓာကိုယ်က လူသားတွေထက် အများကြီးကြံ့ခိုင်တယ် ၊ အဆင့်တူချင်းဆိုရင်တောင်မှ လူသားတွေက နဂါးတွေကို ယှဉ်နိုင်မှာမဟုတ်ဘူး"
သူမက ဂိုဏ်းတူအစ်မလုန်ယွိနှင့် ခင်မင်ရင်းနှီးသူဖြစ်ရာ နဂါးမျိုးနွယ်များ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိလေသည်။ ကျင့်ကြံခြင်းအဆင့် တူညီလျှင်ပင် နဂါးမျိုးနွယ်များကို ရင်ဆိုင်ရန် ခက်ခဲသည်။
အဋ္ဌမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုလုကျန်းကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူဆိုသည်က အနည်းငယ်သာ ရှိသည်။ ဂိုဏ်းတူအစ်ကိုလုကျန်းကတော့ သာမန်မဟုတ်သည့် ပါရမီရှင်တစ်ယောက် ဖြစ်၏။
ကျင်းထင်က အခြားသူများနှင့် မတူညီသည့်အမြင်ကို ပြောလိုက်သည်။
"ကျုပ်ကတော့ ကျန်းလန် နိုင်ခြေရှိတယ် ထင်တာပဲ..."
သူ့စကားကြောင့် မုရှိုးနှင့် လင်စီးယာ အံ့အားသင့်သွားကြသည်။
ကျင်းထင်က...
"ကျုပ်သက်သေပြမယ်..."
ခဏမျှစဉ်းစားလိုက်ပြီးမှ သူက ဆက်ပြောလိုက်သည်။
"မင်းတို့ကို မေးခွန်းလေးတစ်ခုလောက်မေးမယ် ၊ ပြီးခဲ့တဲ့လက မိုးကောင်းကင်ဝံပုလွေတွေနဲ့ တိုက်ပွဲမှာ မင်းတို့ ဘယ်လိုအတွေ့အကြုံရခဲ့လဲ ၊ အဲဒီကောင်တွေနဲ့ တိုက်ခိုက်ရတာ ခက်ခဲတယ်လို့ထင်လား"
မုရှိုးက...
"ကျွန်မ အဆင့်တူတစ်ကောင်နဲ့ တိုက်ခဲ့တယ်… ၊ အမလေး အနိုင်ရဖို့တောင် အတော်လေးခက်ခဲတာပဲ"
လင်စီးယာကလည်း ခဏမျှ စဉ်းစားရင်း တူညီသည့်အဖြေကိုပင်ပေးလိုက်သည်။
"ကျွန်မလည်း အဆင့်တူတစ်ကောင်နဲ့တိုက်ခဲ့တယ်...၊ အဲဒီကောင်ကိုသတ်ဖို့ အတော်လေး အချိန်ယူလိုက်ရတယ်"
ကျင်းထင်က ထပ်မေးလိုက်သည်။
"ဒါဖြင့် မင်းတို့ထက် တစ်ဆင့်မြင့်တဲ့ မိုးကောင်းကင်ဝံပုလွေနဲ့ ရင်ဆိုင်ရမယ် ဆိုရင်ရော"
လင်စီးယာနှင့် မုရှိုးတို့ တစ်ချက်မျှစဉ်းစားလိုက်ကြပြီး ခေါင်းခါယမ်းလိုက်ကြသည်။
မဖြစ်နိုင်…။
ကျင့်ကြံခြင်းအဆင့် တစ်ဆင့်မြင့်သည့် မိုးကောင်းကင်ဝံပုလွေနှင့်သာ တိုက်ခိုက်ရမည်ဆိုပါက မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်မည် မဟုတ်ပေ။
အဆင့်တူချင်းပင်လျှင် ထိုမိုးကောင်းကင်ဝံပုလွေများက သူတို့ထက် အနည်းငယ် ပိုမိုစွမ်းအားမြင့်မားနေခဲ့သည်။
ကျင်းထင်က ခပ်တိုးတိုးလေသံဖြင့်...
"ကျုပ်မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာဗျာ… ၊ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက သူ့ထက်တစ်ဆင့်မြင့်တဲ့ မိုးကောင်းကင်ဝံပုလွေကြီးကို သတ်ပစ်ခဲ့တာ ၊ ပြီးတော့ ဒဏ်ရာတစ်ချက်တောင်မရဘဲ အေးအေးဆေးဆေး လှည့်ထွက်သွားတာ ၊ ကြည့်ရတာ ဂိုဏ်းတူညီလေးက ကောလာဟလတွေနဲ့ လုံး၀ မတူဘူးထင်တယ်ဗျ"
မုရှိုးနှင့် လင်စီးယာ အနည်းငယ် အံ့အားသင့်သွားကြသည်။
ကိုယ့်ထက်တစ်ဆင့်မြင့်သည့် မိုးကောင်းကင်ဝံပုလွေကို သတ်ဖြတ်သည်တဲ့လား။
မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
သူတို့ (၃)ယောက်က ထိပ်တန်းပါရမီရှင်များ မဟုတ်ကြသော်လည်း ပထမတန်းကျင့်ကြံသူများအဖြစ် စာရင်းဝင်သူများ ဖြစ်ကြသည်။
သူတို့တောင် မတတ်နိုင်သည့်ကိစ္စကို ကျန်းလန်က မည်သို့တတ်နိုင်ပါမည်နည်း။
လင်စီးယာ အမှန်တကယ်ပင် အံ့အားသင့်သွားမိ၏
ထို့နောက် သူမက လုန်ယွိကို သတိရသွားပြီး စိန်ခေါ်ပွဲ လာရောက်ကြည့်ရှုသူများကြားတွင် ရှိနေမည်လားဟု ရှာဖွေကြည့်လိုက်သည်။
ယနေ့ ဂိုဏ်းတူအစ်မက ကျောက်စိမ်းရေကန်တွင် သေချာပေါက် ရှိမနေကြောင်း သူမ သိရှိလေသည်။ ထို့ပြင် စေ့စပ်ထားကြသည်မှာ နှစ်ပေါင်း (၁၀၀) ပင် ကျော်ခဲ့ပြီဖြစ်ရာ လုန်ယွိနှင့် ကျန်းလန်၏ အခြေအနေ မည်မျှတိုးတက်လာသည်ကို သူမ သိချင်မိသည်။
ထိုအချိန်…
အဝေးတစ်နေရာရှိ ကောင်းကင်အမြင့်ထက်တွင် ဓားများကို စီးနှင်ထားသည့် လူတစ်စု မတ်တတ်ရပ်နေကြသည်။
သူတို့နေရာမှဆိုလျှင် ရင်ပြင်ထက်တွင် ရပ်နေသည့် ကျန်းလန်ကို ရှင်းရှင်းလင်းလင်းပင် တွေ့မြင်နိုင်၏။
ပထမတောင်ထွတ်မှ လင်အန်းက...
"နဝမတောင်ထွတ်က ကျုပ်တို့ရဲ့ဂိုဏ်းတူညီလေး နိုင်မယ်ထင်သလား"
တတိယတောင်ထွတ်မှ ဟုန်လွမ်က…
"ကျွန်မ စုံစမ်းပြီးပြီ… ၊ နဂါးမျိုးနွယ်က အဋ္ဌမမင်းသားက မွေးရာပါအင်မော်တယ်တစ်ယောက် ဖြစ်တဲ့အပြင် လူသားအင်တော်တယ်အဆင့် အောင်မြင်ထားတဲ့သူပဲ ၊ ဒီနှစ်တွေအတွင်း နဂါးမျိုးနွယ်တွေက သူ့အတွက် အရမ်းဂုဏ်ယူခဲ့ကြတာ"
သူမက ခဏနားပြီးမှ စကားဆက်ပြောသည်။
"ဆိုတော့… နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေး နိုင်ခြေရှိလားဆိုတာကို မမေးနဲ့ ၊ အဲဒီလို တန်ခိုးစွမ်းအားမြင့်မားတဲ့ နဂါးမင်းသားက ရှုံးနိမ့်နိုင်ပါ့မလားဆိုတာ အရင်မေးရမယ်"
လုကျန်းက သိမ်မွေ့စွာဖြင့်…
"ဒါကတော့ ကျုပ်က မင်းတို့နဲ့ယှဉ်ရင် ကျန်းလန်အကြောင်း နည်းနည်းပါးပါး ပိုသိတာပေါ့ ၊ ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်ထားတာ ၊ ဒီ မွေးရာပါအင်မော်တယ်ဆိုတဲ့သူက တခြားမျိုးနွယ်ဆိုရင် ကျုပ်တို့ ဂိုဏ်းတူညီလေး အနိုင်ယူချင်မှ ယူနိုင်လိမ့်မယ် ၊ ဒါပေမဲ့ သူက နဂါးမျိုးနွယ်ဖြစ်နေတော့ ဂိုဏ်းတူညီလေး အနိုင်ရဖို့များတယ်"
ကျန်လူများ စကားမပြောတော့ဘဲ ငြိမ်သက်သွားကြသည်။
လုကျန်းပြောသည့်စကားကို လက်တွေ့မြင်ရမှပင် ယုံကြည်နိုင်ကြမည် ဖြစ်သည်။
လင်အန်းက…
"ကောင်းပြီလေ... တိုက်ပွဲကို စောင့်ကြည့်တာပေါ့ ၊ ဟိုမှာ အဋ္ဌမမင်းသားရောက်လာနေပြီ..."
အဋ္ဌမမင်းသား ရင်ပြင်ထက်လမ်းလျှောက်လာသည်ကို သူတို့အားလုံး ကြည့်နေခဲ့သည်။
စိန်ခေါ်ပွဲစတင်ပေတော့မည်။