တောင်းပန်ပါတယ်
Vol. 40 Ch. 763
ရှဲ့ဖင်းကန်းက လူကောင်းတစ်ယောက်လို့ ရှဲ့ချောင် ဘယ်တုန်းကမှ မထင်ခဲ့။
သို့သော်လည်း အလှတရားဆိုတာက ကြည့်ရှုသူရဲ့ မျက်လုံးအမြင်တွင်သာ ရှိသည်။ ဒီသခင်မလေးက ရှဲ့ဖင်းကန်းကို သဘောကျနေတဲ့သူ။ ရှဲ့ဖင်းကန်းက သူမကို နှစ်ခေါက် သုံးခေါက် လောက် ကြိမ်းမောင်းလျှင်တောင် သူမက ရှဲ့ဖင်းကန်းကို ယောကျ်ားဆန်တဲ့သူ ဟု ထင်နေဦးမည်ပင်။
ရှဲ့ချောင် နှလုံးသားထဲ မချိတင်ကဲဖြစ်နေ၏။
သူ ဒုတိယသခင်မလေးသုန့် ကြည့်၍
“ ရှဲ့သခင်လေးက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ သူ အဲဒါတွေကို မွေ့လျော်ရင်း နေသွား
နိုင်မှာ မဟုတ်ဘူး။ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ သခင်မလေးနဲ့ ဘာမှဆိုင်မနေဘူး”
သူမရဲ့ မွေးနေ့အချက်အလက်အရဆိုလျှင် ရှဲ့ဖင်းကန်းနှင့် ဒုတိယသခင်မလေး သုန့်တို့ဟာ ဖူးစာဖက်များ ဟုတ်မနေပေ။
သို့သော်လည်း လောကကြီးထဲက လူတိုင်းက သူတို့ရဲ့ မွေးနေ့အချက်အလက်တွေပေါ်မှာ ယုံကြည်နေကြတာတော့မဟုတ်။
ရှဲ့ဖင်းကန်းက သူမရဲ့ အစ်ကိုတစ်ယောက် ဆိုသည့်တိုင် သူ မိန်းမတစ်ယောက် ယူမည့်ကိစ္စမှာ ရှဲ့ချောင် ဝင်ပါနေမှာ မဟုတ်။ သူမရဲ့ တာဝန်က သူမ သိထားသမျှကို ဒီသခင်မလေးအား ရှင်းပြပေးရုံသာ။
သုန့်သခင်မလေးသည် ခဏလောက် တွေဝေနေပြီးမှ မတ်တပ်ထရပ်ကာ ထွက်သွားဖို့ ပြင်လိုက်၏။
သူမမေ့သွားမှာကို ရှဲ့ချောင် စိုးရိမ်တာကြောင့် ထပ်ပြီး သတိပေးလိုက်သေးသည်။
“ နောက် သုံးရက်အတွင်း ဒီကနေ ထွက်သွား၊ ပြီးမှ ပြန်လာခဲ့။ ဒီ ကပ်ဘေးက ဖြေရှင်းလို့ရသေးတယ်။ အချိန်သာ မဆွဲနဲ့။ နောက်ပြီး မထွက်သွားခင်လည်း ရှဲ့ဖင်းကန်းနဲ့ မတွေ့နဲ့။ သူ့ရဲ့ ဇာတာခွင်က သခင်မလေးနဲ့ ကိုက်ညီနေတာ မဟုတ်ဘူး။တော်ကြာ ပဋိပက္ခတွေဖြစ်လာဦးမယ်”
သုန့်သခင်မလေးသည် သူမ ဘက်ကို လှည့်လာ၍ ဦးညွှတ်လိုက်ကာ “ ကျေးဇူးတင်ပါတယ် ဆရာမမော့”
ထို့နောက် သူမ ပြန်သွားတော့သည်။
ရှဲ့ချောင် သူမရဲ့ နောက်ကျောအား ငေးကြည့်ရင်း ခေါင်းခါမိလိုက်သည်။
ဒီ သခင်မလေးရဲ့ ကပ်ဘေးက သူမ မိသားစုကြောင့် ဖြစ်လာရခြင်းပင်။ ဘာကြောင့်လဲဆိုတာတော့ သူမ မသိပေမဲ့ ပြဿနာက တော်တော်တော့ ကြီးသည်။
သု့န်ယိယွင်သာ ဒီတစ်နှစ်ကို ကျော်ဖြတ်နိုင်သွားလျှင် သူမရဲ့ လက်ထပ်ပွဲအပြီး နှစ်နည်းနည်းလောက်အကြာမှာ သူမရဲ့ကံကြမ္မာက သိပ်ပြီး ဆိုးတော့မည်မဟုတ်။ ဖြေရှင်းနိုင်လိုက်ပြီဟု ယူဆလို့ရသည်။ ဒီကမ္ဘာပေါ်၌ သူမလို သာမန်လူများက ရေတွက်လို့တောင်မရ။
သူမ(သုန့်ယိယွင်) ကြမ္မာဥယျာဉ်က ထွက်လာခဲ့၏။ မြင်းလှည်းသမားအား မြိုတော်တစ်ဝိုက် ပတ်မောင်းစေခဲ့ရင်း မှုခင်းစီရင်ရေး ဌာနနားသို့ ရောက်လာခဲ့သည်။
သူမတို့ ဖြတ်သွားတော့မည့် အချိန် မြင်းလှည်းကို ရပ်ခိုင်းလိုက်သည်။
သူမ မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေသော်ငြား ကြောက်လည်း ကြောက်သလို စိတ်လည်း လှုပ်ရှားနေမိသည်။ သူမ သက်ပြင်းတဖွဖွ ချရင်း အပြင်ဘက်ကို သာ ငေးကြည့်နေမိသည်။
သို့သော် သူမရဲ့ ကံကြမ္မာဆိုးကို ဖြေရှင်းဖို့ လိုနေပြီး ရှဲ့သခင်လေးနဲ့ တွေ့လို့မဖြစ်ဟု ဆရာမမော့ မှာလိုက်တာကို သတိရသွားခဲ့၏။
သူမ ချီတုံချတုံဖြစ်သွားခဲ့ရပြန်သည်။
သူမရဲ့ အတွေးတွေက တောင်ရောက်မြောက်ရောက်နှင့် တစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။ ရှဲ့ဖင်းကန်းသည် လူတစ်စုကို ဦးဆောင် ထွက်လာ၏။
"ရှဲ့သခင်လေး!" သူမ မနေနိုင်တော့ဘဲ လိုက်ကာစအား ဆွဲဖွင့်ကာ ရှဲ့ဖင်းကန်းအား လှည်းထဲကနေ လှမ်းအော်လိုက်၏။
ကျစ်ကျစ်တောက်ပူနေသည့် နေရောင်အောက်၌ သူ့မရဲ့ မျက်နှာမှာ ရေနွေးငွေ့အလား ပူနေကာ ၊ ချွေးစက်များသည်လည်း တပေါက်ပေါက်ကျနေလျက်။
ရှဲ့ဖင်းကန်းသူမအား တစ်ချက် ကြည့်လိုက်ပြီးနောက် တခြားသူများအား အရင်သွားနှင့်စေကာ မြင်းအား သူမရဲ့ မြင်းလှည်းနားဆီ သွားစေလိုက်၏။
“အမှုဖွင့်ချင်လို့လား”
“အမှုဖွင့်တယ်”
“ မင်းရဲ့ အဖေက ဒီမနက်က ငါ့ကို မင်းအနိုင်ကျင့်ခံရတယ်လို့ပြောပြီး အဲဒါကလည်း ငါလုပ်တာတဲ့၊ ငါ လုပ်လားမလုပ်လားတော့ ငါလည်း မသိတော့ဘူး” ရှဲ့ဖင်းကန်းက ခနဲ့လေသည်။
ထိုစကားကြောင့် သုန့်ယိယွင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
“ရှဲ့သခင်လေး၊ ဒီလို အမှုမျိုးက… ကျွန်မတိုင်မယ်ဆိုရင် ကျွန်မ အသက်ရှင်မှာ မဟုတ်ဘူး”
“ အဲဒါက အမှုဖွင့်တာနဲ့ ဘာဆိုင်လို့လဲ” ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်သွားသည်။ ဒီနောက်ပိုင်း၌ မိန်းမတွေဟာ ပိုပြီးကလူမြှူဆွယ်တတ်လာကြတယ်ဟု ရှဲ့ဖင်းကန်း ရုတ်တရက် တွေးမိသွား၏။
“ အမှုဖွင့်ဖို့ မဟုတ်ဘူးဆိုရင် ဘာလို့ ဒီကို ရောက်နေတာလဲ”
'ရှင့်ကို တွေ့ချင်လို့…'
သုန့်ယိယွင် စိတ်ထဲကနေသာ ရေရွတ်လိုက်တာဖြစ်ကာ ထုတ်ပြောဖို့ အလွန်ရှက်နေခဲ့၏။
“ကျွန်မ အဖေ.. ရှင့်ရဲ့ အိမ်ကို လာပြီး လက်ထက်ဖို့ကိစ္စပြောသွားတယ်ဆို.. ကျွန်မတောင်းပန်ပါတယ်'’ သုန့်ယိယွင် စိတ်လှုပ်ရှားနေသည်။
“ကိစ္စမရှိဘူး” ရှဲ့ဖင်းကန်းက တကယ်ကို ဂရုစိုက်နေခြင်းမရှိခဲ့။
ပြဿာနရှာချင်နေတဲ့သူတွေများ တပုံကြီး၊ ဒီလောက်လေးကတော့..
“ကျ- ကျွန်မ..” သုန့်ယိယွင်ခမျာ ဘာပြောလို့ပြောရမယ်မှန်းမသိ။
သူမ ခဏတာ ချီတုံချတုံဖြစ်နေခဲ့ပြီးမှ
“အစ်ကိုရှဲ့သာ… ကျွန်မနေရာမှာဆိုရင်ရော.. ဘယ်လိုလုပ်မှာလဲ?”
ရှဲ့ဖင်းကန်း နားမလည်နိုင်ခဲ့။
သူ ဒီသခင်မလေးနဲ့ ရင်းလည်း မရင်းနှီးတဲ့ဟာကို ဘာလို့ သူ့ကို ဒီလိုမျိုး လာမေးနေရတာလဲ?
“ မင်း.. တစ်ယောက်ယောက်ဆီကနေ အကွက်ချခံရတာလား” ရှဲ့ဖင်းကန်း မေးလိုက်၏။
သုန့်ယိယွင် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်တော့ ရိုးရိုးလေးပဲ။ငါသာ မင်းနေရာမှာဆိုရင် ငါ စိတ်မချမ်းမသာ ဖြစ်ရသလိုမျိုး တစ်ဖက်လူကိုလည်း စိတ်မချမ်းမသာ ဖြစ်ရအောင် လုပ်မယ်၊ ဒါပေမဲ့ မင်းတို့လို မိန်းကလေးတွေက ယောကျာ်းလေးတွေနဲ့မတူဘူး။
ယောကျာ်းသားတွေက အန္တာရာယ်တွေ ဘာတွေကို ဂရုစိုက်နေစရာမလိုဘူး။ ငါတို့ရဲ့ ဂုဏ်သတင်းက သန့်ရှင်းသည်ဖြစ်စေ မသန့်ရှင်းသည်ဖြစ်စေ အရေးမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ကျတော့ မတူဘူးလေ။ ငြိမ်ခံနေလိုက်ရုံပဲ ရှိတာပေါ့”
•••••