← Chapters

ဘာလို့ သူမ အကြံပေးတာကို နားမထောင်ရတာလဲ

Vol. 40 Ch. 767

ဘာလို့ သူမ အကြံပေးတာကို နားမထောင်ရတာလဲ

Vol. 40 Ch. 767

နောက်ဆုံး၌ သုန့်ယိယွင်သည် သူ့အစ်မအား ပြန်ထခိုင်းလိုက်၏။

သုန့်ရှီးယွင်ဟာ သူမ မှားသွားကြောင်း၊ သူမ အမှားကို သိကြောင်းဆ်ိုတာကိုသာ ထပ်တလဲလဲ ဝန်ခံနေခဲ့၏။

သုန့်ယိယွင်သည် တစ်နေ့လုံး ပင်ပန်းထားတာကြောင့်ရော ထိတ်လန့်သွားတာ‌ရောကြောင့် သူမနှလုံးသားမှာ အလေးတုံးကြီး ချိတ်ဆွဲနေသလိုပင် ခံစားနေရသည်။ ဒီနေ့ဖြစ်ပျက်သွားတာတွေကို ပြန်တွေးကြည့်လျှင် အကောင်းရော အဆိုးရော ဖြစ်နေခဲ့သည်… သူမရဲ့ ခံစားချက်တို့ ရှုပ်ထွေးနေသည်။

သို့သော် သူမ ထွက်သွားသည်နှင့် သုန့်ရှီးယွင်ရဲ့

အကြည့်တို့ အေးစက်သွားခဲ့သည်။

စတုတ္ထမင်းသားက သူမအတွက်နဲ့ သူမညီမကို ရှာတယ်ဆိုတာကို ယုံကြည်ပေမဲ့ သုန့်ယိယွင်က စတုတ္ထမင်းသားရှေ့မှာ သူမရဲ့ ကောင်းကြောင်းတွေချည်း ပြောပြပေးလိမ့်မယ်ဆိုတာတော့ သူမ မယုံပေ။

ယွမ်လင်းယင်၏ ကိစ္စပြီးကတည်းက သူမညီမက သူမအား ဂရုမစိုက်ဟန်ဖြင့်သာ အမြဲတမ်းဆက်ဆံခဲ့သည်။

နောက်ပြီး အဲ့နောက်ပိုင်း စတုတ္ထမင်းသားက ဘာလို့သူမကို အခုထိ လာမရှာသေးတာလဲ?

အဲဒါ သုန့်ယိယွင်က သူမရဲ့ မကောင်းကြောင်းတွေချည်း စတုတ္ထမင်းသားရှေ့မှာ ပြောခဲ့လို့ပဲနေမှာ!!

မြို့တော်ထဲမှာနေပြီး အောင်အောင်မြင်မြင်နဲ့ လက်ထပ်နိုင်မယ်ထင်နေတာလား?

မဖြစ်နိုင်ဘူး..

အဲဒီ ရှဲ့ဖင်းကန်းက သူမကို တကယ်ကို ကိုယ်တိုင်ကိုယ်ကျ လာတောင်းရမ်းလောက်ပေမဲ့ သူမ ဘာဖြစ်သွားလဲ တစက်ကလေးမှ ဂရုစိုက်တာ မဟုတ်ဘူး။သူလည်း သူမညီမရဲ့ အလှအောက်မှာ နစ်မြောသွားတယ်ဆိုတာ ရှင်းနေတာပဲ!

သုန့်ယိယွင်က အခုနေ လိမ္မာပြနေပေမဲ့ နောက်တစ်ချိန်ကျရင်ရော? တိုးတိုးတိတ်တိတ်နဲ့ သက်သေတွေစုဆောင်းပြီး ကစားပွဲကို ပြောင်းပြန်လှန်ပစ်လိုက်မယ်ဆိုရင် သူမ ကြိုးစားပမ်းစား လုပ်ခဲ့ရတာတွေက အလဟသဿဖြစ်ကုန်မယ်မလား?

….

ရှဲ့ဖင်းကန်းသည် ကိုယ့်စကားကိုယ်တည်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်သည်။ သူ အိမ်ပြန်ရောက်တာနှင့် ကတိအတိုင်း လုပ်ခဲ့၏။

သူ သူ့အဖေရှေ့တွင်ရပ်ကာ။

“ အောင်သွယ်တော်တစ်ယောက်ကို မနက်ဖြန် သုန့်အိမ်တော်ကိုသွားပြီး စေ့စပ်ကြောင်းလှမ်းခိုင်းလိုက်ပါ။ ကျွန်တော် ဒီနေ့သူမအဝတ်အစားကို မတော်တဆဖြဲလိုက်မိတယ်”

ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်သွားကာ “သူမကို အဲ့ညက အဓ္ဓမပြုကျင့်တာက…”

“ကျွန်တော် မဟုတ်ဘူး။ အဲ့ သူခိုးကောင်က ဘယ်သူလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ကျွန်တော် တခြားတစ်ယောက်ရဲ့ ကလေးကို ပျိုးထောင်ရတာ မဟုတ်

သ၍တော့ ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး”

ရှဲ့ဖင်းကန်းက ဂရုမစိုက်ခဲ့ချေ။

ဒါက မင်္ဂလာစေ့စပ်ပွဲတစ်ခုသပ်သပ်သာ ဖြစ်၏။ သူ ဖိတ်ကြားမှုတို့အား အလျင်အမြန် ပြောင်းလဲခဲ့ပြီး ကျော်လို့ရတဲ့ အဆင့်အားလုံးကို ကျော်ပစ်ခဲ့၏။ ထို့နောက် နောက်နှစ်ရက် သုံးရက်အတွင်း လက်ထပ်ပွဲကျင်းပနိုင်ရန်စီစဉ်ခဲ့သည်။ ဒီကြားထဲ၌ အနှီသခင်မလေးဟာ စိတ်ပြောင်းချင် ပြောင်းသွားနိုင်တာကြောင့် သူ အရေးကြီးပြဿနာကိုသာ အရင်ဖြေရှင်းချင်ခဲ့သည်။

အခု သူဟာ အိမ်ရှေ့စံမင်းသားဘက်မှာရှိနေတာကြောင့် တခြားသူများ အိမ်ရှေ့စံမင်းသားကို တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုလေးတောင် ပေးလို့်မဖြစ်။

သူသာ လက်မထပ်ချင်ခဲ့ဘူးဆိုရင် အိမ်ရှေ့စံ

မင်းသားရဲ့ အားကိုးနဲ့ သခင်မလေးတစ်‌ယောက်ကို ထိခိုက်အောင်လုပ်တယ်ဟု တခြားသူတွေ ထင်သွားနိုင်သည်။ ထိုသို့ အထင်ခံရတာက မကောင်းပေ။

“ ဒါဆိုလည်း ကောင်းပြီလေ၊ ငါ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်” ရှဲ့နျိုရှန်းဟာ အလွန်တည်ငြိမ်နေ၏။

သူဆိုသုံးခါတောင် လက်ထပ်ဖူးပြီးသားပဲကို ဘာများ ထူးဆန်းလို့လဲ??

ရှဲ့မိသားစုဘက်၌ အရာအားလုံးက မြန်မြန်ဆန်ဆမ် ပြီးစီးသွားခဲ့၏။

နေ့ရက်၊ နာမည်၊ အချိန်ရွေးချယ်ခြင်းနှင့်စာရင်းသွင်းခြင်းတို့မှာ တစ်ရက်အတွင်းပြီးသွားသည်။ သူတို့ အလျင်စလို လုပ်နေရခြင်း အကြောင်းမှာ တချို့သော မလိုအပ်တဲ့ ကောလဟာလတွေကို ရှောင်ရှားဖို့အတွက်ပင်။

သုန့်မိသားစုက သူတို့သမီးကို တတ်နိုင်သမျှ မြန်မြန် ရှင်းထုတ်ပစ်နိုင်ရန် မစောင့်နိုင်တော့။

အခုဆိုလျှင် သာမာန် ဘယ်အမျိုးသားကမှ သူတို့ရဲ့ သမီးကို သဘောကျကြတော့မည်မဟုတ်။ ရှဲ့မိသားစုကလွဲပြီး တခြားဘယ်သူ့ကိုများ ပေးစားလို့ရမှာမလို့လဲ?

သုန့်ယိယွင် တွေဝေနေခဲ့၏။ သူမ စိတ်လှုပ်စရားသလို ပျော်လည်း ပျော်နေပေမဲ့ သူမရဲ့ ဖြူစင်မှုကို ဆုံးရှုံးသွားပြီဖြစ်သည်။ သူမနှင့် မထိုက်တန်ပေ။

သခင်မလေးက ရိုးအလွန်း၏။ သခင်ကြီး ပြောထားတာကို မေ့သွားပုံပင်။

ရှဲ့ချောင် ထိုအကြောင်းအား စေ့စပ်ပွဲ ဒုတိယနေ့

ရောက်မှသာ သိခဲ့ရသည်။ ဖန်းမုရွှယ်ပြောဝာာကို ကြားကြားချင်းထိတ်လန့်သွားရသည်။

ရှဲ့ဖင်းကန်း အဲ့အရူးက စေ့စပ်လိုက်ပြီ?!

သုန့်ယိယွင်ကို ဒီသုံးရက်အတွင်း ခိုလှုံရာတစ်နေရာ ရှာဆိုပြီး ပြောထားခဲ့တယ်မဟုတ်လား?

ရှဲ့ချောင် မျက်မှောင်ကြုတ်နေကာ ကူကယ်ရာမဲ့သလို ခံစားနေရသည်။

ဆရာမော့ပြောတဲ့စကားကို နားမထောင်တဲ့သူရှိလိမ့်မယ်လို့ သူမ မယုံနိုင်။

သူမ(သုန့်ယိယွင်)ဘဝကြီးကို ရယ်စရာတစ်ခုလိုများ

ထင်နေတာလား?

ရှဲ့ချောင်ရဲ့မျက်နှာထက်၌ စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် ပြည့်နေလျက်။ ချင်လျို့က ရှဲ့ချောင်တစ်ယောက် ယောင်းမဖြစ်လာမည့်သူကို သဘောမကျလို့ဟု ထင်သွားပြီး သူမကို နှစ်သိမ့်ပေးလေသည်။

“သုန့်ယိယွင်က သုန့်ရှီးယွင်လိုမဟုတ်ဘူး။ တက်တက်ကြွကြွနဲ့ ကြင်လည်း ကြင်နာတတ်တယ်။ သူက ကုလန်ကျောင်းတော်မှာတတ်တာဆိုတော့ လူတွေနဲ့လည်း ဆက်ဆံရေးကောင်းတယ်။ တကယ်လို့ နင်စိတ်ပူတယ်ဆိုရင် သူနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်လေ။ နင်နဲ့ အဲဒီ ယောင်းမလောင်းနဲ့ ပိုပြီးသိရတာပေါ့”

ရှဲ့ချောင် ခေါင်းခါလိုက်၏။ “အဲ့ ဒုတိယသခင်မလေး သုန့်က ရိုးစင်းတယ်ဆိုတာ သိတယ်။ငါ သူမနဲ့တွေ့ဖူးတယ်”

သူမက ရိုးအပြီး နည်းနည်း ကြောင်တောင်တောင် ဖြစ်တယ်ဆိုရုံသာ..

သူမရဲ့ ယောင်းမလောင်းဖြစ်လာဖို့ကတော့…

သူမမှာ ဒီလို ကံကြမ္မာမျိုး မပါလာလောက်..

သုန့်ယိယွင်သည် လက်ရှိမှာ ကပ်ဘေးဒုက္ခအလယ် ရောက်‌နေတဲ့သူတစ်ယောက်။ ထိုအချိန်က သူမတွက်ချက်မှုအရ သုန့်ယိယွင်ရဲ့ ကံကြမ္မာကဆိုးနေသည်။ ဒီနှစ်ထဲ၌ သူမ အတွက် ရှဲ့ဖင်းကန်းဟာ ဂြိုလ်ဆိုးပင်။ သူမသာ သူနဲ့ ပတ်သက်မိလျှင် မီးထဲကိုလောင်စာထည့်သလိုသာ ဖြစ်ပေမည်။ ဘာလို့ ဒီမိန်းကလေးက သူမ အကြံပေးတာကို နားမထောင်ရတာလဲ?

•••••

All Chapters