ရန်သူကို တစ်ချက်တည်းနှင့် အလဲထိုးခြင်း
Vol. 40 Ch. 768
ရှဲ့ချောင်ခေါင်းကိုက်နေရသည့် အကြောင်းမှာ သူမမှာ ဘယ်လောက်ပဲ အရည်အချင်းမျိုးစုံရှ်နေပါစေ စည်းမျဉ်းတွေကို မလိုက်နာတဲ့သူတစ်ယောက်ကို တိုက်ခိုက်လို့ရမည်မဟုတ်။
ဆေးပညာကိုလေ့လာထားတဲ့သူတစ်ယောက်က လူနာတစ်ယောက်အား ကြည့်ပေးပြီး ကုသဖို့နည်းလမ်းတွေပေးလိုက်သော်လည်း ထိုလူနာက သူ့စကားကို နားမထောင်။ အဲ့လူကို ဆေးရုံကုတင်မှာ အတင်းချည်ထားပြီး အညံ့ခံဖို့ ဖိအားပေးရမှာလား?
သူမ ကောင်းတဲ့အရာတွေလုပ်ချင်တယ်ဆိုပေမဲ့ လူတွေကို ထိုသို့လုပ်လာအောင်ဖိအားပေးဖို့က မလွယ်ကူပေ။
“ဒီတလော မြို့တော်မှာတကယ် စည်ကားနေတယ်နော်” ချင်လျို့က သူမဘေးတွင် ထိုင်ကာ ဆိုလာခဲ့သည်။
“ဘာမှတော့ ထူးထူးခြားခြားမရှိဘူးမလား” ရှဲ့ချောင်ကတော့ တည်ငြိမ်နေဆဲ။
ဘယ်အချိန်ပဲဖြစ်ဖြစ် သူမဟာ အပြင်လောကကြီး၌ ဖြစ်ပျက်နေတာတွေကို ဂရုမစိုက်သလိုမျိုးသာ နေသည်။ သူမရဲ့ ဒီလိုပုံစံကို ချင်လျို့မြင်သည့်အခါ ပူအိုက်သည့် နေ့တစ်နေ့မှာ ရေအေးအေးလေးတစ်ခွက် သောက်လိုက်ရသလိုမျိုး သက်ဝောာင့်သက်သာ ဖြစ်သွားရသည်။
“နင့်အစ်ကိုတော့ ဒီတစ်လော အလုပ်များနေတော့မှာပဲ၊ စေ့စပ်ပွဲကလည်း လုပ်ရဦးမယ်၊ အမှုကလည်းလိုက်ရဦးမယ်။ နားတောင် နားရမှာ မဟုတ်ဘူး” ချင်လျို့ ပြုံးလိုက်သည်။ “သူ အရင်ရက်တုန်းကလည်း ပေါင်မိသားစုက သုံးယောက်ကို ရိုက်ခဲ့သေးတယ်မ
လား။ ငါကြားတာတော့ အဲဒီကိစ္စကို ဥပမာထားပြီးတော့ အမျိုးသမီးတော်တော်များများက သူတို့ ယောကျာ်းမိသားစုကို ကလေးတွေသတ်တာနဲ့ပတ်သက်ပြီး တိုင်တန်းကြတယ်တဲ့”
သို့သော် ထိုသို့ အုပ်ချုပ်ရေးရုံးသို့ တိုင်တန်းရဲကြတဲ့ အမျိုးသမီးများမှာ သူတို့ရဲ့သားသမီးကို ဆုံးရှုံးအပြီး အသက်ဆက်ရှင်ဖို့ ဆန္ဒမရှိကြတော့တဲ့သူများနှင့် စွန့်ပစ်ခြင်းခံထားရသူများသာဖြစ်ကြ၏။
လူတွေက သူတို့ရဲ့ အားနည်းချက်မရှိဘဲ သန်မာလာတော့မှသာ ခုခံလာရဲကြတာပင်။
သာမန်အမျိုးသမီးများကတော့ ဘဝကို ကောင်းကောင်းမွန်မွန်သာ နေထိုင်ပြီး ဖြတ်သန်းကြသည်။ အတိတ်မှာ ဖြစ်ခဲ့တာတွေကို အတိတ်မှာသာထားခဲ့သည်။ သူတို့ ယောကျာ်းရဲ့မိသားစုကို ကလန်ကဆန်လုပ်ပြီး ဘဝကို ခက်ခဲအောင် လုပ်ဖို့ မဝံ့ရဲကြ။
“အဲ့အမှုတွေအကုန် မှုခင်းစီရင်ရေးဌာနကို တိုင်လိုက်တာလား” ရှဲ့ချောင်လည်း အံ့ဩသွား၏။
“နင်ကလေ နင့်အစ်ကိုကြီးနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူးပဲ” ချင်လျို့တစ်ယောက် မနေနိုင်တော့ဘဲ တခစ်ခစ်ရယ်လိုက်လေသည်။ “မွေးကင်းစကလေးတွေ ရေနှစ်သတ်ခံရတဲ့အမှုက စာအုပ်တစ်အုပ်ထဲမှာပဲ မှတ်တမ်းတင်ထားဖို့လိုတယ်၊ အဲ့ဒါကြောင့် မှုခင်းစီရင်ရေးဌာနဘက်ကို လွှဲပြောင်းပေးလိုက်တာ၊ နေ့တိုင်း ဈေးအဝင်ပေါက်မှာ ကြိမ်ဒဏ်ပေးခံရတဲ့ လူတချို့တော့ ရှိနေမှာပေါ့”
အမှုအများစုက အိမ်နီးနားချင်းတွေဆီကနေ တိုင်ခံရတာဖြစ်သည်။
အမှန်တရားကို ရှာတွေ့ပြီဆိုတာနှင့် စည်းမျဉ်းစည်းကမ်းများ အတိုင်း အပြစ်ပေးခံကြရလိမ့်မည်။
ကလေးသတ်မှုအတွက် အသက်တစ်ချောင်းလျှင် ကြိမ်ဒဏ် အချက် ၇၀ နှင့်ညီသလို ထောင်ဒဏ် တစ်နှစ်ခွဲကနေ နှစ်နှစ်အထိဆိုလည်း မမှားပေ။
သို့သော်လည်း ခိုးမှုများနှင့် ယှဉ်လျှင်တော့ ကြိမ်ဒဏ် အရေအတွက်က နည်းနေဆဲ။
ထိုအမှုအားတိုင်တန်းသည့် သူများမှာလည်း အနည်းငယ်သာ ရှိ၏။
သို့တိုင် လူတွေကို ခြိမ်းခြောက်ဖို့ အတွက်ကတော့ လုံလောက်နေလေပြီ။ အခုဆိုလျှင်.. သူတို့ရဲ့ သမီးမိန်းကလေးတွေကို ထပ်ပြီး မအော်ငေါက်ရဲကြတော့။ တချို့ဆိုလျှင် သူတို့ရဲ့ သမီးကို ဘယ်လောက်ထိ ချစ်ကြောင်း လေလုံးထွားနေကြသူများပင် ရှိကြသေးသည်။
ထုံးတမ်းဓလေ့များက တကယ်ကို အများကြီး ပြောင်းလဲသွားခဲ့ပေသည်။
ချင်လျို့ထိုအခြေနေများကို ပြောပြသည့်အခါ ရှဲ့ချောင် အလွန် ဝမ်းသာနေမိခဲ့သည်
သူမရဲ့ မျက်နှာသေးသေးလေးက အနီရောင်ပင် သမ်းလာကာ “မဆိုးဘူးပဲ! အံ့ဩစရာကောင်းသား!”
“ဟုတ်တယ်၊ နေရာတွေ အားလုံးကို မြိုတော်ကနေ ဦးဆောင်ထားတာ။ ဒီလို အလေ့အကျင့်တွေက တခြားနေရာတွေကို မကြာခင် ပြန့်သွားတော့မှာ.. ဒါပေမဲ့ တချို့နေရာတွေမှာက… အမှုအရေအတွက်က ပိုများနိုင်တော့ ပြစ်ဒဏ်ကလည်း သေချာပေါက် ပိုလျော့နိုင်တယ်။ သူတို့ရဲ့ ထောင်ကျမယ့်နှစ်ကို ငွေနဲ့ပြန်ဝယ်ချင်ဝယ်ကြမှာ၊ မြို့တော်က ကြီးလေးတဲ့ ပြစ်ဒဏ်တွေလို မဟုတ်ဘဲနဲ့ပေါ့”
ရှဲ့ချောင်ကတော့ အခုတောင် အတော်လေး ကျေနပ်နေလေပြီ။
သူမအနေနဲ့ အစကတည်း အများကြီးတောင်းဆိုလို့မရ။ မဟုတ်လျှင် ရာဇဝတ်သားများအတွက် ထောင်နေရာမလောက်တာတွေ ဖြစ်ကုန်လိမ့်မည်ပေ။
မြိုတော်က ယဉ်ကျေးမှုများက ပိုကောင်းနေသည့်တိုင် တခြားနေရာများကတော့ စီမံဖို့ရာ မလွယ်ကူခဲ့။
နောက်ဆုံးတော့ သူမ သတင်းကောင်းတချို့ ကြားခဲ့ရသည်။
“ဒါနဲ့ နင့်မောင် မနေ့က တစ်ယောက်ယောက်ကို ရိုက်လိုက်တယ်ဆို”
ချင်လျို့က မေးလေသည်။
ရှဲ့ချောင်ရဲ့ လက်တို့ ရပ်တန့်သွားခဲ့၏။
“ သူ့ကိုရိုက်တာ ချီဟွိုက်တဲ့။ အရင်စပြီး ရန်ဖြစ်တဲ့သူက ချီဟွိုက်လို့တော့ လူတိုင်း ပြောနေကြတာပဲ။ နင့်မောင် ဘယ်ကဘယ်လို သတ္တိတွေရှိလာပြီး သူ့ကို ပြန်ရိုက်လိုက်လဲတော့ ငါလည်း မသိဘူး။ မြေကြီးပေါ်ကိုတောင်ရိုက်ချပစ်ပြီး အသနားခံဖို့ တောင်းပန်ခိုင်းတာတဲ့နော်” ချင်လျို့ကို ကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ပုံပင်။
ရှဲ့ညီအစ်ကိုများက တကယ် စိတ်ဝင်စားစရာ ကောင်းသည်။
အကြီးရော အငယ်ရောက တစ်ယောက်တစ်မျိုးစီနှင့်။
အရိုက်ခံရတဲ့သူက ချီဟွိုက်ဟု ကြားလိုက်ရတာ
ကြောင့် ရှဲ့ချောင်ရဲ့ မျက်နှာထားက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။
သူမက ဂရုမစိုက်ဟန်ဖြင့် “ယောကျာ်းလေးတွေရဲ့ကျောင်းက ပဋိပက္ခတွေနဲ့ ပြည့်နေတာ ၊တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြတယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ငါရဲ့ ရူးမိုက်တဲ့မောင်လေးက ရန်စခံရပြီးခဏလောက်နေမှ သူ့ကို ပြန်ရိုက်လိမ့်မယ်လို့တော့ မထင်ထားဘူး။ ငါဖြင့် ရှက်တောင် ရှက်တယ်။ ငါ့မိသားစုကနေ သူ ချီဟွိုက်လိုလူမျိုးကို ဖြေရှင်းလို့ရအောင် ကိုယ်ခံပညာဆရာကိုတောင် ငှားထားပေးတဲ့ဟာကို… ရန်သူကို တစ်ခေါက်တည်းနဲ့ အလဲထိုးပစ်လိုက်သင့်တာ.. ဟူး!"
•••••