← Chapters

ဝမ်းနည်းနေတာပဲနေမှာ

Vol. 40 Ch. 769

ဝမ်းနည်းနေတာပဲနေမှာ

Vol. 40 Ch. 769

ချင်လျို့မှာ အံ့ဩလွန်း၍ ပြောစရာစကားပျောက်ဆုံးရ၏။ ရှဲ့ချောင်က သူ့မောင်ကို တခြားလူတစ်ယောက်အား ရိုက်သည့်အတွက်အပြစ်တင်လိမ့်မည်ဟု ထင်ထားခဲ့ပေမဲ့ မတော်ဘူးဟု တွေးနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“နင့်မောင် အဲ့တစ်ယောက်ကို ရိုက်တုန်းကဆိုရင် မျက်လုံးတွေ ရဲနေလောက်တယ်။ တော်တော်လေး နာကြည်းသွားလို့နေမှာ။ တခြားလူတွေ ပြောတာတော့ အဲ့ ချီဟွိုက်ဆိုတဲ့သူက ဘယ်လောက်တောင် လွန်လွန်ကြူးကြူးရန်စမိလို့ နင့်မောင်လေးကို အဲ့လောက်ထိ ဖြစ်သွားစေတာလဲ မသိဘူးတဲ့” ချင်လျို့ အင်မတန်ကို သိချင်နေသည်။

သူမသည် ကျောင်းဝောာ်ထဲကကိစ္စမှန်သမျှကို စိတ်ဝင်စားကာ သူမ မသိတဲ့အရာ မရှိ။

ရှဲ့ဖင်းဟွိုက်မှာ တခြားလူများနှင့်မတူ။ တော်ရုံတန်ရုံ လွှမ်းမိုးခံရတတ်တဲ့သူမျိုးမဟုတ်။ သူ ဆရာရှောင်းဆီကနေ ဘယ်နှခါလောက်တောင် အပြစ်ပေးခံရပြီးပြီလဲ သူမ မသိပေမဲ့ သူ့ရဲ့ အမြင်ကတော့ ဘယ်တော့မှ ပြောင်းလဲမသွားခဲ့ပေ။

အရေထူပြီး ဘာကိုမှ ဂရုမစိုက်တတ်တဲ့သူဖြစ်နေလျက်။!

ဆရာရှောင်းခမျာ ဆံပင်တွေတောင် တော်တော် ကျွတ်ကုန်သည်!

အဲ့လို ဆိုးပေနေတဲ့ကောင်လေးက ချီဟွိုက်ဆီမှာ အနိုင်ကျင့်ခဲ့ရပြီး ငိုတယ်တဲ့လား?

သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ အသိသာကြီး!

ကံဆိုချင်းတော့ သူမလည်း ဒုတိယသခင်လေးဆီသွားပြီး သူ ဘာလို့ ငိုရလဲဆိုတာကို သွားပြီး မေးလို့မရ။

“ငိုတယ်?” ရှဲ့ချောင် မျက်ခုံးပင့်ကာ ပြုံးလိုက်၏။

“သူ ကြေကွဲနေတာနေမှာ၊ ဟုတ်တယ်ဟုတ်?”

ချင်လျို့ ပဟေဠိဖြစ်သွားရသည်။

သူမ ဆက်ပြီးမေးမလို့လုပ်လိုက်ပေမဲ့ ဆရာက အတန်းထဲ ရောက်လာခဲ့လေသည်။ သူမ ချက်ချင်းကို ဣ‌န္ဒြေရသွားသည်။

ထိုစဉ် ရှဲ့ဖင်းဟွိုက်မှာတော့ ဆရာရှောင်း၏ ခြံဝန်းထဲ ဒူးထောက် ဒူးထောက်နေရင်းနှင့် ကဗျာများကို

ပင် ရွတ်နေရသေးသည်။

ကျောင်းတော်ထဲ၌ ရန်ဖြစ်သည်ဆိုပါက ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ အပြစ်ပေးခံရမည်မှာ မုချမလွဲ။

ချီဟွိုက်၏ ဆရာကသူ့အား စာပိုဒ်များကူးရေးရန်သာ အပြစ်ပေးခဲ့ပေမဲ့ ဆရာရှောင်းက ပိုပြီး စည်းကမ်းတင်းကျပ်လေသည်။ ရှဲ့ဖင်းဟွိုက် ဒီရက်ပိုင်းထဲ ဒူးထောက်နေရမည်ပေ။

“ဆရာတူညီလေး၊ မင်း ဘာလို့ အဲ့လို လုပ်ခဲ့ရတာလဲ။ အဲ့ချီဟွိုက်ရဲ့စကားတွေက နည်းနည်းရင့်သီးသွားရုံပဲကို မင်း လစ်လျူရှုထားလိုက်လို့ မရဘူးလား၊ ဘာကိစ္စ လူကောင်းတစ်ယောက်က လူယုတ်မာတစ်ယောက်နဲ့ ရန်ဖြစ်နေမှာလဲ။ အဲ့လိုဆို မင်းလည်း လူယုတ်မာတစ်ယောက်ဖြစ်သွားပြီး လူတွေက မင်းနောက်ကွယ်မှာ မင်းအကြောင်းကို ပြောကြတော့မှာပေါ့” ဆရာတူအစ်ကို တစ်ယောက်ဖြစ်

သည့် ချူကျန်းသည် ရှဲ့ဖင်းဟွိုက်အား ကြည့်နေပေမဲ့ သူ နားမလည်နိုင်ဆဲ။

ဆရာရှောင်းလိုလူမျိုးကို ဆရာအဖြစ်ခေါ်ထားနိုင်တာ ဘယ်လောက် စိတ်လှုပ်ရှားပြီး ဂုဏ်ယူစရာ ကောင်းလိုက်လဲ?

ရှဲ့ဖင်းဟွိုက်ကသာ လက်မခံနိုင်ဘဲ ဘက်ပေါင်းစုံကနေ မကျေမနပ်ဖြစ်နေတာ၊!

သို့သော် ဒီတစ်ခေါက် အပြစ်ပေးခံရတာက… အရင်ကနဲ့ မတူတော့သလိုပင်။

အတိတ်တုန်းကဆိုရင် သူဟာ အမြဲတမ်း အော်နေပြီး ခုခံပြောဆိုနေတတ်ပေမဲ့ ဒီတစ်ကြိမ်တွင်တော့ လိမ်မာနေကာ စကားတစ်ခွန်းမှတောင် မပြော၊!

တကယ် ထူးဆန်းပေသည်။

ရှဲ့ဖင်းဟွိုက်သည် စကားတစ်လုံးမှ ပြောခြင်းမရှိဘဲ အင်မတန်ကို တိတ်ဆိတ်နေ၏။

ဆရာရှောင်းလည်း အပြင်ကို ကြည့်ရင်း အနည်းငယ် ပဟေဠိဖြစ်သွားရသည်။

အထူးသဖြင့်…

ရှဲ့ဖင်းဟွိုက် ဒီတစ်ခေါက်ထပ်လာတဲ့ အိမ်စာတွေကို ကြည့်ရင်း သူ့စိတ်ထဲ မသက်မသာ ဖြစ်သွားလေသည်။

လက်ရေးလက်သားက ရှဲ့ဖင်းဟွိုက်ရဲ့ လက်ရေးဆိုတာ မှန်နေပေမဲ့ လေးနက်မှုအဆင့်က လုံးဝကို တခြားလူတစ်ယောက်အလား။ လက်ရေးလက်သား

က သေသပ်နေသလို စာရွက်ကလည်း သန့်ရှင်းနေသည့်အပြင် အိမ်စာအားလုံးလည်း ပြီးနေလေသည်။

သူ နှစ်ရက် ခွင့်ယူသွားပြီး ပြန်ရောက်လာတော့လည်း ဒဏ်ရာရနေတာ…

ရှဲ့မိသားစုဝင်တွေက သူ့ကို သင်ခန်းစာပေးတဲ့အနေနဲ့ ထပ်ပြီး ရိုက်လိုက်ပြန်တာများလား?

အင်အားသုံးပြီး အပြစ်ပေးတာက ဒီလို အံ့ဩစရာကောင်းတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိတယ်ပေါ့?

ဆရာရှောင်းတစ်ယောက် ဇဝေဇဝါထဖြစ်သွားရကာ အကြည့်တို့က သူ့ရဲ့ အဖိုးတန် ပေတံဆီ ရောက်သွားခဲ့၏။

“ဆရာတူညီလေး၊ ဘာဖြစ်ခဲ့တာလဲ ငါ့ကို ပြော! ငါ အဲဒီ ချီဟွိုက်ကို မကြောက်ဘူး! ငါ မင်းဘက်ကနေ ရပ်တည်ပေးနိုင်တယ်!” ချူကျန်းက အင်မတန်သစ္စာရှိ၏။ သူဟာ အစက သိမ်မွေ့တဲ့သူတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခုတော့ စိုးရိမ်သောက များနေရလေပြီ။

တစ်ချိန်က သူ ရှဲ့ဖင်းဟွိုက်ကိုသဘောမကျခဲ့သော်ငြား အခုဆိုလျင် သူတို့နှစ်ယောက်စလုံးက တပည့်များဖြစ်နေလေရာ သွေးသောက်ညီအစ်ကိုများနှင့် မခြားပေ။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ဖို့ လိုပေသည်။

“ခင်ဗျား အလုပ်မဟုတ်ဘူး” ရှဲ့ဖင်းဟွိုက်သည် သူ့ရဲ့စကားများဟာ ရွှေချထားသည့်အတိုင်း ရုတ်တရက် ပြောလာခဲ့၏။

ချူကျန်းက အရေးကြီးကိစ္စဖြစ်မည်ဟု ထင်သွားပြီး “အိမ်မှာ ဘာဖြစ်လို့လဲ”

သူ ထိုသို့ပြောလိုက်သည့်အခါ ရှဲ့ဖင်းဟွိုက်၏ မျက်လုံးတို့ တစ်ဖန် ပြန်နီရဲသွားခဲ့တော့သည်။

ချူကျန်း စဉ်းစားကြည့်လိုက်၏။ သူ့ ရှဲ့ဖင်းဟွိုက်ကို နားလည်ရသလောက်ဆိုလျှင်၊ ဒီကလေးက…. လူတွေကို သိပ်ပြီး ဂရုစိုက်တတ်တာမဟုတ်။ သူ့အကြောင်း ပြောသည့် သူဆို ပိုလို့တောင် နည်းသေးသည်။ ရှဲ့ဖင်းကန်းကို ကြိမ်းမောင်း ပြောဆိုတာကလွဲလျှင် ရှဲ့သခင်မလေး အကြောင်းကိုသာ ပြောတတ်သည်။

ဒါပေမဲ့ ရှဲ့သခင်မလေးအကြောင်းလည်း ကြားမိတာ ဘာမှမရှိပါဘူး!

သူမက ကြင်ရာတော်မင်းသမီးတစ်ပါးပဲဟာ…

တကယ်သာ တစ်ခုခုဖြစ်သွားတာဆိုရင် လူတိုင်း

သတင်းရနေလောက်မှာပေါ့!

•••••

All Chapters