ကြမ်းတမ်းတဲ့ဘက်ခြမ်း
Vol. 40 Ch. 770
ချူကျန်းမှာ အဖြေရှာလို့မရတာကြောင့် “မင်းအစ်မရဲ့… ကျန်းမာရေးက သိပ်ပြီး မကောင်းလို့လား”
ရှဲ့ဖင်းဟွိုက်၏ နှုတ်ခမ်းထောင့်စွန်းတို့ လှုပ်သွားခဲ့၏။
သူ့အစ်မက မရှိတော့ဘူး!
သူ ဘာမှထပ်မပြောရသေးခင်၊ တစ်ယောက်ယောက်အားပြန်ပေးစရာတစ်ခုခုရှိနေသေးတာကို ရှဲ့ဖင်းဟွိုက်ရုတ်တရက် သတိရသွားခဲ့၏။ သူ မတ်တပ်ထရပ်လိုက်၍ “ကျွန်ဝောာ် အကြွေးအရင်သွားဆပ်လိုက်ဦးမယ်၊ ပြန်လာမှပဲ ဒူးထောက်တော့မယ်”
ချူကျန်းတစ်ယောက် ခဏတာ ခေါင်းရှုပ်သွားခဲ့၏။
သူ နည်းနည်း စိုးရိမ်တာကြောင့် “ငါ မင်းနဲ့လိုက်ခဲ့မယ်!”
ရှဲ့ဖင်းဟွိုက်သည် တခြားသူများအား ဂရုမစိုက်။
ကြွေပန်းခြံဝန်း၏ တန်းခွဲ၂ ဆီသို့သွားကာ ချီကျန်းဟု ခေါ်သော ကောင်လေးတစ်ယောက်အား အော်ခေါ်လိုက်၏။
သူ့ရင်ဘတ်ထဲကနေ အိမ်ပိုင်ဆိုင်မှုစာချုပ်အား ထုတ်၍ တစ်ဖက်လူ၏ ရင်ဘတ်ထဲကိုထိုးထည့်ပေးလိုက်ကာ “ငါမင်းရဲ့ အိမ်စုတ်ကို မလိုချင်တော့ဘူး။ မင်း ငါ့ကို ပေးထားတဲ့ ပုရစ်တွေလည်း အကုန် အဲ့အိမ်ထဲမှာ ရှိတယ်။ နောက်မှ မင်းဟာမင်း ပြန်သွားယူချင်ယူလိုက်။ ငါတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက အဆုံးသတ်သွားပြီလို့ ယူဆလို့ရတယ်။ ငါ မင်း ညီမကို ယူမယ်လို့ ပြောခဲ့တဲ့အချိန်ကလည်း.. ငါ စကားအဖြစ်ပဲ ပြောလိုက်တာ!”
ချီကျန့် အံ့ဩသွား၏။ “ဘာလို့လဲ၊ အဆင်ပြေနေတာပဲ မဟုတ်လား..”
“ဘာလို့လဲ ဟုတ်လား? ဘာလို့လဲဆိုတော့ ငါမင်းပေးတာကို ယူမိလို့ သေအောင်အရိုက်ခံရပြီး အပြစ်တင်ခံလိုက်ရတယ်လေ.. အတိုချုံးပြောရရင် ငါတို့ သူငယ်ချင်း ဆက်လုပ်လို့မရတော့ဘူး။ အရင်တုန်းက ငါမင်းရဲ့ပစ္စည်းတွေကို လက်မခံသင့်မှန်းမသိခဲ့လို့၊ အခုတော့ ငါ နားလည်သွားပြီ!”
ရှဲ့ဖင်းဟွိုက်လည်း အစက ဒီလောက်ထိ မရက်စက်ချင်ခဲ့။
သို့သော် မနေ့က ရန်ပွဲအပြီး၌ ချီကျန့်သည် ချီဟွိုက်တို့မိသားစုရဲ့ အမျိုးဖြစ်နေတာကို သိခဲ့ရသည်။
ချီကျန့်တို့မိသားစုသည် လက်ဖက်ခြောက်ရောင်းသည့် ကုန်သည်သာဖြစ်ရာ သူ့ရဲ့ အဆင့်အတန်းက
မြင့်မနေဘဲ ချီဟွိုက်၏ လက်ပါးစေအဆင့်သာ။
ချီဟွိုက်သူ့ကို လက်ဆောင်ပေးရခြင်းမှာ သူ့ရဲ့အစ်ကိုကြီးကြောင့်ပင်။
သူ့ရဲ့အစ်ကိုကြီးက မှုခင်းစီရင်ရေးဌာနတွင် အာဏာရှိသူတစ်ယောက် ဖြစ်၏။ ချီကျန့်တို့ မိသားစုက ဘယ်လို ပြဿနာမျိုးရှာထားလဲမသိပေမဲ့ မှုခင်းစီရင်းဌာနက ထိုအမှုအား စစ်ဆေးနေသည်။
အဲဒါကြောင့် သူ့ကို လာရှာခဲ့တာပင်!
အစက၊ ချီဟွိုက် မနေ့က သူ့ဆီလာပြီး အိမ်ကို ရှဲ့ဖင်းကန်းဆီလွှဲပေးလိုက်ဖို့ မပြောခင်အထိ သူ ဘာမှမသိသေး။ ရှဲ့မိသားစုက ဆင်းရဲနေတဲ့အပြင် သူတို့ အပေါ် အခွင့်ရေးယူနေတာလို့တောင် ပြောသွားသေးသည်။ ချီမိသားစုရဲ့ ကြင်နာမှူကို မဖြုန်းတီးသင့်ဟူ၍။ အဲတော့မှသာ သူ နားလည်သွားခဲ့သည်။
နောက်တော့ သူ့အစ်မကို နောင်ကျရင် ပိုပြီး ဂရုစိုက်ရန်နှင့် သုန့်မိသားစုက တစ်ယောက်ကိုလည်း အနိုင်ကျင့်တာ ရပ်တော့ဆိုပြီလည်း ချီဟွိုက်က သူ့ကို သတိပေးသွားသေးသည်။
သူ ဒေါသထွက်လွန်းသဖြင့် ရိုက်ပစ်ခဲ့သည်။
သို့သော်.. ချီဟွိုက်က ရိုက်ခံရသင့်၏။
သူ့ရှေ့မှာ ရှိနေတဲ့ ဒီချီကျန့်ကလည်း လူကောင်းတစ်ယောက် ဟုတ်မနေဘူး!
သူနဲ့တကယ်ကြီး သူငယ်ချင်းဖြစ်ချင်ခဲ့တာလို့ထင်ခဲ့ပေမဲ့ တကယ်က အဲ့ဒီ လူယုတ်မာ ရှဲ့ဖင်းကန်းနဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးပမ်းနေခဲ့တာလို့ ထင်တောင် မထင်ထားခဲ့။
“ ဘာလို့လဲ! နည်းတယ်ထင်လို့လား! ငါ မင်းကို ထပ်ပေးရင်ရော?” ချီကျန့်က အမြန်မေးလိုက်၏။
“မဟုတ်ဘူး! မဖြစ်နိုင်တော့ဘူးလို့ ပြောနေတာ! ထွက်သွားလိုက်တော့” ရှဲ့ဖင်းဟွိုက် ရင့်ရင့်သီးသီး ပြောလိုက်လေသည်။
ချူကျန်းတစ်ယောက် ထိုမြင်ကွင်းအား မြင်အပြီး ဆွံ့အသွားရသည်။
‘ ရှဲ့ဖင်းဟွိုက်မှ ဟုတ်ရဲ့လား’
သူဓားနဲ့ ခြိမ်းခြောက်ခံထားရလို့များလား!
ဒီလို ကြမ်းတမ်းတဲ့ဘက်ခြမ်း ပေါ်လာတာက?
ချီကျန့်သည်လည်း ရှဲ့ဖင်းဟွိုက်ကြောင့် ထိတ်လန့်
သွားရသလို နည်းနည်းလည်း မကျေမနပ်ဖြစ်သွားခဲ့၏။
“ရှဲ့ဖင်းဟွိုက် မင်းကဘာတွေ မြင့်မြတ်ချင်ယောင်ဆောင်နေတာလဲ။ အရင်က ယူတုန်းက ယူသွားပြီးတော့ အခုမှ ဒီလိုလာလုပ်နေတာ။ အဲလိုလုပ်တော့ရော မင်းက အပြစ်ကင်းရိုးသားတဲ့သူတစ်ယောက် ဖြစ်သွားမယ်ထင်လား။ မြို့တော်ထဲမှာ မင်းတစ်ယောက်ထဲပဲ မြင့်မြတ်နေတာ မဟုတ်ဘူးကွ! မင်း မလိုချင်ရင်လည်း တခြား လိုချင်တဲ့သူရှိမှာပဲ!”
ထိုသို့ ပြောပြီးနောက် ချီကျန့်သည် စာသင်ခန်းထဲသို့ ဒေါသတကြီး ပြန်သွားခဲ့လေသည်။
ရှဲ့ဖင်းဟွိုက်ရဲ့ မျက်နှာထားမှာလည်း အေးစက်နေသည်။
“ဆရာတူညီလေး၊ မင်း နေမကောင်းဘူးလား ဒါမှမဟုတ် ဒေါသထွက်နေတာလား” ချူကျန်းတစ်
ယောက် သူ့ဘေးနားကနေ လိုက်လာရင်း မနေနိုင်ဘဲ မေးလိုက်၏။
ဒီကလေးက တခြားသူတွေအပေါ် အမြတ်ထုတ်ရတာ ကြိုက်တာပဲ!
သူတို့နှစ်ယောက် ပထမဆုံးဆရာတူ ညီအစ်ကို ဖြစ်လာခဲ့ကြသည့်အချိန်က အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူ့ရဲ့ သည်းခံနိုင်မှုနှင့် ရက်ရောမှုတို့ကို ပြရန်အတွက် ရှဲ့ဖင်းဟွိုက်အား တော်တော်များများကို ပေးခဲ့သည်။ သို့သော် ၎င်းက ခွေးကို အသားတုံးတစ်တုံးပေးလိုက်သလိုပင်၊ ရှဲ့ဖင်းဟွိုက်က သူ့ကို ဘယ်တုန်းကမှ ပြန်ပေးခြင်းမရှိခဲ့!
ဒီကလေးက လက်လက်ဆောင်ကို ယူဖို့ပဲ သိတတ်ပြီး ဘယ်တော့မှ ပြန်မပေး!
တကယ်တော့ သူသာ သူ့ပစ္စည်းကိုသဘောကျတယ်
ဆိုပါက ယူလို့ရရင် ယူပစ်လိုက်သည်။ ယူလို့မရဘူးဆိုလျှင်လည်း ဖျက်ဆီးပစ်တတ်သည်!
ရက်စက်တဲ့သူတစ်ယောက်ပင်!
ဒီနေတော့… သူ့လက်ထဲက ဈေးကြီးလှတဲ့ လက်ဆောင်ကို ပြန်ပေးပစ်လိုက်လေသည်!
•••••