ဆိုးယုတ်တာ တစ်ခုခု လုပ်ထားသည်
Vol. 40 Ch. 771
ကောင်းကင်ဘုံက သူ့အပေါ်ဂရုဏာထားပုံပင်။ သူ့ရဲ့ ငြီးငွေ့စရာကောင်းတဲ့ ဆရာတူညီလေးက နောက်ဆုံးတော့ အသိတရားဝင်သွားခဲ့လေပြီ။ ရုတ်တရက်ကြီး အမြင်မှန်ရသွားတာလား?
ချူကျန်း အင်မတန် ပျော်ရွှင်နေ၏။ သူက အစ်အောက်၍ “မင်းက ပစ္စည်းတွေ ပြန်ပေးချင်ေနတာဆိုတော့.. မင်းငါ့ဆီကနေ အရင်တစ်ခေါက်ယူသွားခဲ့တဲ့ ကျောက်စိမ်းမြင်းရုပ်လေး…”
ရှဲ့ဖင်းဟွိုက်၏ ခြေလှမ်းတို့ရပ်တန့်သွားခဲ့၏။
သူ ခဏ စဉ်းစားနေပြီးနောက် ခေါင်းညိတ်ကာ “အဲ့ဒါက အိမ်မှာထားထားတာ မနက်ဖြန် ပြန်ယူလာခဲ့ပေးမယ်”
သူ တခြားလူများရဲ့ ပစ္စည်း ယူတာတွေကို သူ့အစ်မ သဘောမကျ။
ချူကျန်း လက်ခုပ်ထတီးလိုက်ကာ “ ပြန်ပေးစရာ မလိုတော့ဘူး၊ ငါ အခုမင်းကို ပေးလိုက်ဖို့ ဆန္ဒရှိတယ်”
ဘာလို့ ကျောက်စိမ်းမြင်းရုပ်ကို လိုချင်နေရဦးမှာလဲ?
ကျောက်စိမ်းရဲ့ အရည်အသွေးက ကောင်းတာမဟုတ်။ ပန်းပုထွင်းထုထားတဲ့ အရည်အချင်းက သိပ်ပြီးမဆိုးရုံသာ။ သူက ထိုမြင်းရုပ်ကို ကစားရုံလေးပင်။ အခုဆိုလျှင် ရှဲ့ဖင်းဟွိုက်ရဲ့ သဘောထားက ပြောင်းလဲသွားပြီဖြစ်ရာ သူ့ရဲ့ ဆရာတူအစ်ကိုတစ်ယောက်အနေနဲ့ ဘာမှတောင်းဆိုစရာ မရှိတော့ပေ။
ပြန်ရောက်သည်နှင့် ချူကျန်းဟာ ဆရာရှောင်းအား
ရှဲ့ဖင်းဟွိုက်ရဲ့ အခြေအနေကို ချက်ချင်း ပြောပြခဲ့လေသည်။
ဆရာရှောင်းသည်လည်း ထိတ်လန့်သွားရ၏။ ရှဲ့ဖင်းဟွိုက်က ပြန်ရောက်တာနှင့် ဆက်ပြီး ဒူးထောက်နေကာ ကဗျာလည်း ဆက်ရွက်နေခဲ့သည်။
ပျင်းတိပျင်းရွဲ့ဖြစ်နေတာမျိုး မရှိသလို ဉာဏ်နီဉာဏ်နက် ထုတ်နေတာမျိုးလည်း မရှိ။
သူ အင်မတန်ကို အားရကျေနပ်နေမိလေသည်။
“မင်းတို့ရဲ့ ဆရာကြီးက မကြာခင်ရောက်လာတော့မှာ။ အစကတော့ မင်းရဲ့ ဆရာတူညီလေးရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ငါ တွေးပူနေခဲ့သေးတယ်၊ သူ ဆရာကြီးနဲ့တွေ့ပြီးရင် ဂိုဏ်းကနေ နှင်ထုတ်ခံရနိုင်လောက်တယ်လို့။ သူက အရင်ဆုံး ပညာသင်ပေးတာက ပိုကောင်းတယ်။ သူ ဒီလိုမျိူး နေ့ချင်းညချင်း အရွယ်ရောက်သွားလိမ့်မယ်လို့ မထင်ထားဘူး။ သူသာ ဒီလိုမျိုး လေးစားနာခံတတ်တဲ့
ပုံစံကို ဆက်ပြီးထိန်းထားနိုင်မယ်ဆိုရင် မင်းနဲ့ မင်းညီလေး ဆရာကြီးဆီသွားပြီး ဂါရဝါပြုလို့ရတယ်” ဆရာရှောင်းက ခံစားချက်ပါပါနှင့် သက်ပြင်းချလေသည်။
အခုတော့ သူ့ရဲ့ တင်းကျပ်နေရတဲ့ စိတ်နှလုံးလည်း ပြေလျော့သွားခဲ့ရလေပြီ။
သို့သော် ရှဲ့ဖင်းဟွိုက်တစ်ယောက် ပြောမပြနိုင်လောက်အောင် လိမ္မာလာတဲ့အပေါ် သူ အထူးတဆန်းခံစားနေရဆဲ။
ရက်ပိုင်းလောက်နဲ့ သူ့ရဲ့ နဂိုပုံစံအမှန် ပြန်ပြလာမှာကို စိုးရိမ်နေခဲ့ကြသည်။
သူတို့ စောင့်ကြည့်ဖို့ အသင့်ဖြစ်နေကြ၏။
ရှဲ့ချောင်၏ မောင်နှမနှစ်ယောက်စလုံးမှာ ပုံမှန်မဟုတ်ကြ။
ရှဲ့ဖင်းဟွိုက်က ရုတ်တရက်ကြီး လုံးလဝီရိယရှိလာပေမဲ့ ရှဲ့ရှီကတော့ လုံးဝကွဲပြားလေသည်။ လွန်ခဲ့သည့် နှစ်ရက် အတွင်း၌ သူမဟာ ပိုပြီး တက်တက်ကြွကြွဖြစ်လာခဲ့သည်။ ကျောင်းတော်ကို ရောက်သည့်အခါ ဂီတအတန်းသို့ပင် အရင်ဦးဆုံးသွားကာ စာရင်းပေးခဲ့သည်။ သူမရဲ့ အချိန်တော်တော်များများကို ထိုအတန်းမှပဲ ကုန်ဆုံးလုနီးနီးပင်!
ဂီတအတန်း၌ လူများများစားစားသိပ်ပြီမရှိ။
ဆွေကြီးမျိုးကြီးများမှ မိန်းကလေးများသည် သီချင်းဆိုပညာကို သင်ယူလေ့မရှိတတ်ကြ။ ထိုပညာက သူတို့ရဲ့ အဆင့်အတန်းနှင့် မသင့်တော်ဘူးဟု ထင်ကြသည်။ ရံဖန်ရံခါမှသာ ဓမ္မသီချင်းများကို သင်ယူဖို့ လာတတ်ကြသည်။
သို့သော် ရှဲ့ရှီကတော့ သူတို့လိုမဟုတ်။ သူမက ဂီတအတန်းထဲတွင် နေပြီး စာသားမျိုးစုံ သံစဉ်မျိုးစုံကို သီဆိုနေခဲ့၏။
သူမရဲ့ အသံ ကွဲအက်လာတာတောင် ရပ်တန့်သွားခြင်းမရှိခဲ့။
သို့သော် တခြားလူတွေကတော့ ရှဲ့ရှီက အချိန်အကြာကြီး ပျင်းပျင်းရိရိနေလာတာကြောင့် ရုတ်တရက်ကြီး စိတ်ဝင်စားတာတွေပိုပြီးရှိလာတာဟု ထင်နေကြသည်။သူတို့က ရှည်ရှည်ဝေးဝေး တွေးမနေကြ။ ရှဲ့ရှီသီချင်းဆိုတာကိုနားထောင်ရတာ သဘောကျနေကြတဲ့ မိန်းကလေးတစ်စုပင်ရှိသေးသည့်ရုံမက သူတို့က ရှဲ့ရှီသီချင်းဆိုတာ ကောင်းတယ်ဟုတောင် ထင်နေကြလေသည်။
ရှဲ့ရှီသည် သီချင်းဆိုပြီးသည်နှင့် လျှောက်ပြီး မသွားတတ်။ အိမ်ကိုသာ ပြန်တတ်သည်။ အတော်လေး စဉ်းစားချင့်ချိန်တတ်သည့် ကလေးမတစ်ယောက်
ပင်!
….
ရှဲ့ချောင် ကြမ္မာဉယျာဉ်တွင်သာ နေနေသော်လည်း သူမ အစ်ကိုကြီးရဲ့ စေ့စပ်ပွဲအကြောင်းကိုတော့ မေးရမည်ဖြစ်၏။
ထို့ကြောင့် သူမ ကျောင်းတော်က ထွက်လာသည်နှင့် ရှဲ့ဖင်းကန်းနှင့် တွေ့ရန် မှုခင်းစီရင်ရေးဌာနသို့ သွားခဲ့လေသည်။
ရှဲ့ဖင်းကန်း သူမကို မြင်သည့်အခါ အကြောင်းရင်းကို ခန့်မှန်းနေမိပြီဖြစ်၍ သွယ်ဝိုက်မနေတော့ဘဲ ပြောပြလိုက်လေသည် “ အဲဒီ သခင်မလေးရဲ့ အဝတ်အစားတွေက ငါ့ကြောင့် နေ့ခင်းကြောင်တောင်ကြီး ပြဲသွားခဲ့တယ်။ ငါလည်း ဒီအတိုင်းပဲ လက်ခံလိုက်တာ။ နောင်တစ်ချိန်ကျမှ မ
သင့်တော်ဘူးလို့ တွေးမိတယ်ဆိုရင်လည်း ပြန်ရုတ်သိမ်းလိုက်ရုံပေါ့။ ထွေထွေထူးထူး မဟုတ်တာနဲ့ ညီမလေးကို အရင်ကြိုမပြောမိတာ!”
“ အစ်ကိုကြီး…ညီမ… ညီမလေးရဲ့ ဆရာတူ အဒေါ် ဆရာမော့က သူ့ရဲ့ ကံကြမ္မာကို ဖတ်ပေးဖူးတယ်၊ သူ့ဆီမှာ မကောင်းတာတစ်ခုခု ဖြစ်လာမှာ စိုးတယ်.” ရှဲ့ချောင် သူ့ကိုကြည့်ကာ ပြောလိုက်၏။
ဒီလိုအရာမျိုးကို သူမ ရပ်တန့်လို့မရ။
လူတစ်ယောက်သာ ကံမကောင်းဘူးဆိုရင် ရေအေးတစ်ခွက် သောက်တာကတောင် သူ့သွားကို နာကျင်စေမည်ပင်!
သခင်မလေးသုန့်က သတိချပ်ပြီးမနေ။
သူမကို ဘယ်လိုလုပ်ပြီး တစ်ချိန်လုံး ကာကွယ်ပေး
နိုင်မှာလဲ?
“ မကောင်းတာ တစ်ခုခုဖြစ်မယ်” ရှဲ့ဖင်းကန်း အံ့ဩသွားခဲ့၏။ “သူ ကံမကောင်းတာက လုံလောက်နေပြီမဟုတ်လား။ သူ့အိမ်မှာရော ဆိုးယုတ်တာ တစ်ခုခု လုပ်ထားလို့လား။ သူ့ကံကြမ္မာက ညံ့နေတာလား”
သူမ အတွက် စိတ်မကောင်းဖြစ်ပေးနေတာလား?
ဒါက အဓိကမဟုတ်။
သူဟာ အတော်လေး ယဉ်ကျေးတဲ့သူဟု သူ့ကိုယ်သူ ထင်နေမိ၏။ သူမရဲ့ အသက်ကို ကယ်ခဲ့တဲ့အပြင် သူမရဲ့ ဂုဏ်သတင်းကိုပါ ကူညီပြီး ဖုံးဖိပေးခဲ့သည်။
အဲ့တာတောင်မှ သူမက ကံဆိုးနေသေးတယ်ဆိုရင်တော့ သူ့ကို အပြစ်တင်လို့မရတော့ဘူးလေ၊ ဟုတ်တယ်မလား?
•••••