← Chapters

အလကားဖြစ်သွားရခြင်း

Vol. 40 Ch. 772

အလကားဖြစ်သွားရခြင်း

Vol. 40 Ch. 772

ကံမကောင်းတဲ့လူများကို ရှဲ့ဖင်းကန်း တွေ့ဖူးသည်။

မှုခင်းစီရင်ရေးဌာနကို ငွေကြေးအတွက်နဲ့ မျှော်လင့်တကြီး ရောက်လာတဲ့သူတွေက ဘယ်နှယောက်တောင်မှလဲ?

သူတို့အားလုံးက ငွေကြေးဥစ္စာကို ဆုံးရှုံးခဲ့ရသူချည်းပင်။ အသက်ရှင်လျက် ရောက်လာကြတဲ့လူအများစုဟာ ကောင်းတဲ့သူများမဟုတ်ကြ။ သူတို့ရဲ့ ကံဆိုးမှုနှင့် ထိုက်တန်ကြသည်။ သေပြီးရောက်လာကြသူများကတော့ ပိုက်ဆံကြောင့် အသတ်ခံခဲ့ကြရသူများပင်။ တချို့ဆိုလျှင် မိသားစုလိုက်တောင် အသတ်ခံခဲ့ကြရသည်။ သူတို့အားလုံး သုန့်ယိယွင်ထက် အခြေနေပိုဆိုးကြပေသည်။

ဒါကြောင့် သူအနေနဲ့ သူမ အပေါ် ကိုယ်ချင်းစာပေးဖို့

က ခက်ခဲ‌လှ၏။

“ဆရာတူဒေါ်လေးက သူ့ရဲ့ အခြေနေကို ရှင်းရှင်းလင်းလင်း ပြောပြထားပြီးသား။ ကံဆိုးချင်တော့ သူကမှ နားမထောင်တာ…" ရှဲ့ချောင် ကူကယ်ရာမဲ့နေ၏။

“ဒါဆိုလည်း…. တစ်ခုခုဖြစ်လာရင်တောင် သူနဲ့တန်လို့ပဲပေါ့” ရှဲ့ဖင်းကန်းက အေးတိအေးစက် ပြောလိုက်သည်။ “ဆရာမမော့ ပြောတာက ဘယ်လိုမလို့လဲ။ ဒါပေမဲ့… ငါတို့က စေ့စပ်ထားပြီးပြီမလို့ လစ်လျူရှုထားလို့မရ….."

ရှဲ့ဖင်းကန်းရဲ့ စကားမဆုံးခင် လူတစ်ယောက်က အလောတကြီးနှင့် ပြေးဝင်လာလေသည်။

သူက ရှဲ့ဖင်းကန်းရှိရာသို့ ဝင်လာနေ၏။

သူက မှုခင်းစီရင်ရေးဌာန၏ ဝင်ပေါက်မှာ ရပ်နေသည်။ မြင်းပေါ်ဆင်းပြီးသည်နှင့် အမောတကောနှင့် “ရှဲ့သခင်လေး၊ မကောင်းတော့ဘူး။ ကျွန်တော် .. သုန့်သခင်မလေး သေပြီဆိုပြီး ကြားလိုက်တယ်”

သူ သုန့်အိမ်တော်နားကနေ ဖြတ်လာတဲ့အချိန် အမျိုးသမီးကြီးတစ်ယောက် ကြက်သေသေနေတဲ့ မျက်နှာဖြင့် ဗလုံးဗထွေး ရေရွတ်နေတာကို မြင်ပြီး ခိုးနားထောင်မိလိုက်သည်။

သူမ သေနေပြီဆိုတာ သိလိုက်ရသည်။

အစက သူ နားလည်မှုလွဲတာဟု ထင်လိုက်ပေမဲ့ အထဲဝင်ပြီး အသေးစိတ် မေးကြည့်သည့်အခါ အမှန်ဖြစ်နေကြောင်းသိလိုက်ရသည်။

ရှဲ့ချောင် မျက်မှောင်ကြုတ်သွားကာ လက်သီးကို

ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

သူမ သုန့်ယိယွင်ကို ကံကြမ္မာကို ဖတ်ခဲ့တာ သုံးရက်မြောက်နေ့ပင်။

ရှဲ့ဖင်းကန်းရဲ့ မျက်နှာထားသည်လည်း ပြောင်းလဲသွားခဲ့သည်။ သူ ခုနကပြောလိုက်‌တာတွေက အကြင်နားတရားမဲ့ရာကျတယ်ဆိုပေမဲ့ သူက စေ့စပ်ထားတဲ့သူလေ, အခုလို ဗြုန်းစားချည်း သေသွားတော့ အကုန်လုံး အလကား ဖြစ်မကုန်ဘူးလား?

“ သူမ ဘယ်လိုသေသွားတာလဲ?” သူ ချက်ချင်း မေးလိုက်၏။

“ကျွန်တော်လည်း အသေးစိတ်ကိုတော့ မသိဘူး၊ အထဲကို ဝင်ပြီး မေးကြည့်တာတော့ သခင်မလေး သုန့်က မင်္ဂလာပွဲကို မကျေနပ်တာနဲ့ ကိုယ့်ကိုယ့်ကို အဆုံးစီရင်ခဲ့တာတဲ့…”

“ အဓိပ္ပာယ်မရှိလိုက်တာ!” ရှဲ့ဖင်းကန်း တန်းပြီး ကျိန်ဆဲလေသည်။

အဲဒီ သုန့်သခင်မလေးက သူ့ဆီကို သူမကိုယ်တိုင်လာပြီး လက်ထပ်နိုင်မလားဆိုပြီး မေးသွားတာ၊ ဘယ်လိုလုပ်ပြီး မင်္ဂလာပွဲကို မကျေနပ်လို့ သတ်သေတာ ဖြစ်နိုင်မှာလဲ!

“ရှဲ့သခင်လေး စိတ်မဆိုးပါနဲ့… ဒီ သတင်းက… သုန့်မိသားစုကနေရလာတာပါ… ကျွန်တော်လည်း အသေးစိတ်ကို သေချာမသိပါဘူး..” သတင်းပို့လာသူမှာ စိတ်လှုပ်ရှားနေပုံပင်!

“ လူတစ်စု ခေါ်ပြီး ငါ့နောက်က လိုက်ခဲ့, သုန့်အိမ်တော်ကို သွားကြည့်မယ်” ရှဲ့ဖင်းကန်း ကြမ်းကြုတ်စွာနှင့် ပြောလိုက်လေသည်။

“ဟုတ်ကဲ့!”

ထိုလူက အမိန့်ပေးတဲ့အတိုင်း ချက်ချင်း ဆောင်ရွက်ခဲ့၏။

တစ်ခဏ အကြာ၌ သူ့ရဲ့ညီအစ်ကို ခုနစ်ယောက် ရှစ်ယောက်လောက်ကို ခေါ်လာလေသည်။

သူ ထွက်တော့မလိုရှိသေး အိမ်ရှေ့စံမင်းသားလည်း မှုခင်းစီရင်ရေးဌာနထဲကနေ ထွက်လာ၏။ သူ့ ရှဲ့ချောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှဲ့ဖင်းကန်းကို ကြည့်ကာ “ကိုယ်တော်က အစကတော့ ဒီနေ့ မင်းစေ့စပ်တာကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက်လောက် သောက်မလို့ကို၊ အခု ဒီလိုမျိုး ဖြစ်သွားတာဆိုတော့ မင်းရယ် မင်းညီမလေးနဲ့အတူ လိုက်ကြည့်မှထင်တယ်…”

ရှဲ့ဖင်းကန်းက သူ ရှဲ့ချောင်ကို ခေါ်သွားဖို့

ရည်ရွယ်ချက် မရှိဘူးဆိုတာကို ပြောမလို့ လုပ်လိုက်ပေမဲ့…

နောက်ဆုံးတော့ သူ မပြောဖြစ်ခဲ့။

အိမ်ရှေ့စံမင်းသားနဲ့ သူ့ရဲ့ ရူးမိုက်တဲ့ညီမလေးတို့ နှစ်ယောက်ကြားက ဆက်ဆံရေးတိုးတက်လာစေဖို့ နှစ်ယောက်အတူတူ အချိန်ကုန်ဆုံးကြတာက ကောင်းပေသည်။

“ကျေးဇူးတင်ပါတယ်၊ အရှင့်သား၊ ကျွန်တော့်ကို ကူညီပြီး ဆုံးဖြတ်ပေးတဲ့အတွက်” ရှဲ့ဖင်းကန်း အတော်လေး ဣန္ဒြေရနေ၏။

အိမ်ရှေ့စံမင်းသားပါ ပါလာ၍ လူစုက ပိုများလာခဲ့သည်။

ရှဲ့ချောင်နှင့် အိမ်ရှေ့စံမင်းသားတို့က လှည်းတစ်စီးထဲမှာ စီးခဲ့ကြသည်။ လှည်း၏ အတွင်းပိုင်းက အတော်လေး ကျယ်ဝန်းသည်ဟု ဆိုလိုရ၏။ သူ့တို့နှစ်ယောက်စလုံးက စေ့စပ်ထားပြီးဖြစ်၍ နှစ်ယောက်တည်းသီးသန့် အချိန်ကုန်ဆုံးလို့လည်း ပြဿနာ ဖြစ်လာလိမ့်မည်မဟုတ်။

သို့သော် ရှဲ့ချောင်သည် လူကုံထံမိသားစုမှ ဣန္ဒြေကြီးတဲ့ သခင်မလေးတစ်‌ယောက်အဖြစ် ဟန်ဆောင်နေလေကာ စကားလည်း သိပ်ပြီး မပြောခဲ့။ သူမဟာ အိမ်ရှေ့စံမင်းသားနှင့် အနီးကပ် ထိုင်နေရတာကြောင့် စကားများများ မပြောခဲ့တာပင်။

သုန့်အိမ်တော်ထဲ၌ ပရမ်းပတာ အခြေနေဖြစ်နေခဲ့၏။

သုန့်သခင်ကြီးသည်လည်း သတင်းကို ရထားပြီဖြစ်တာကြောင့် အိမ်ကို ပြန်ရောက်နေလေပြီ။

သုန့်ယိယွင်ရဲ့ ရုပ်အလောင်းကို အိပ်ယာထက်မှာ ထားထား၏။ သူမရဲ့ မျက်နှာတစ်ခုလုံးသွေးများစီးနေကာ လည်ပင်းတွင်လည်း ကြိုးရာတစ်ခု ရှိနေလျက်။ တုန်လှုပ်စရာ မြင်ကွင်းတစ်ခုပင်။

ရှဲ့ချောင်တို့ ရောက်သည့်အခါ သခင်ကြီးသုန့်က အိမ်ရှေ့စံမင်းသားအား ကိုယ်တိုင်ကိုင်ကျ ထွက်ပြီး ကြိုဆိုခဲ့သည်။ သူ့ရဲ့ ပုံစံက အရိုအသေပေးနေပေမဲ့ ရှက်ရွံနေ့သည့် ပုံပင်။

အထူးသဖြင့် ရှဲ့ဖင်းကန်းကို မြင်သည့်အခါ သူ့ရဲ့ ဒေါသတို့ တလိလိပ်တက်လာရသည်။ သို့တိုင် အိမ်ရှေ့စံမင်းသားရှိနေတာကြောင့် သူ့ကို မောင်းထုတ်လိုက်ဖို့က မသင့်တော်ပေ။

“ ဘာပဲဖြစ်ဖြစ် သုန့်သခင်မလေးက ကျုပ်ရဲ့ လက်မထပ်ရသေးတဲ့ ဇနီးပဲလေ၊ အခုလို ရုတ်တရက်ကြီး

ဆုံးသွားရတော့ သူ ဘယ်လိုသေသွားရလဲဆိုတာ ကျုပ်သိဖို့လိုတယ်”

“မင်း!” သုန့်သခင်ကြီး သူ့ကို စိုက်ကြည့်လိုက်သည်။

“မင်း- မင်းက ဟန်ဆောင်နေတာပဲ! ငါက မင်းတို့ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သဘောကျနေကြတယ်ထင်လို့ လက်ထပ်ဖို့ကို သဘောတူပေးခဲ့တာ၊ မင်းက သူ့ကို ဖိအားပေးခဲ့လိမ့်မယ်လို့ မထင်ထားဘူး!”

•••••

All Chapters