← Chapters

သန့်ရှင်းတဲ့ ဂုဏ်သတင်းရှိနေတော့ရော ဘာထူးလဲ

Vol. 40 Ch. 773

သန့်ရှင်းတဲ့ ဂုဏ်သတင်းရှိနေတော့ရော ဘာထူးလဲ

Vol. 40 Ch. 773

ရှဲ့သခင်ကြီးသည် အစကထိုသို့ထင်ခဲ့တာမဟုတ်။

သူ အိမ်ပြန်ရောက်တဲ့အချိန် အစေခံတစ်ယောက်ဆီကနေ ကြားလိုက်ရခြင်းပင်။

ရှဲ့ဖင်းကန်းက ထေ့ငေါ့၍ ရယ်လိုက်ကာ

“ ကျုပ် သူ့ကို လက်ထပ်အောင်လို့ ဖ်ိအားပေးချင်တယ်ဆိုရင် သူ့လိုသခင်မလေးကို လုပ်မယ့်အစား ခင်ဗျားရဲ့ လည်ပင်းကိုပဲ ဓားနဲ့ ထောက်မှာပေါ့!’

သခင်ကြီးသုန့်ရဲ့ မျက်လုံးထဲ၌ အမျက်ဒေါသများဖြင့် ပြည့်နေလေသည်။

“ သုန့်သခင်ကြီး ဒီကိစ္စက အခုထိ

ရှင်းရှင်းလင်းလင်း သိရသေးတာ မဟုတ်ဘူး၊ အဲ့‌ဒါကြောင့် လက်လွတ်စပယ် မပြောသင့်ဘူး။ ကိုယ်တော်လည်း ဒီနေ့ ဒီကိုရောက်နေတော့.. သခင်မလေးရဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကို စစ်ဆေးဖို့အတွက် မှုခင်းစီရင်ရေးဌာနကနေ လူတချို့ ခေါ်လာခဲ့တယ်၊ သေချာ စုံစမ်းပြီးသွားတော့မှ ခင်ဗျားသမီးရဲ့ တရားမျှတမှုအတွက် တောင်းဆိုလို့ရတာပဲလေ’

အိမ်ရှေ့စံမင်းသားရဲ့ စကားများက ငြင်းဆန်လို့မရ။

သုန့်သခင်ကြီးသည် တကယ်တော့ သူ့သမီးအား အစောကတည်းက မြှုပ်ပစ်ချင်နေခဲ့တာဖြစ်၏။

မှုခင်းစီရင်ရေးဌာနနဲ့ပါ ပတ်သက်မိသွားရင် သူတို့ရဲ့ ဂုဏ်သတင်းကိုသာဖျက်ဆီးရာ ကျလိမ့်မည်။

သို့သော် သူ အိမ်ရှေ့စံမင်းသားကိုလည်း ပေါ်ပေါ်ထင်ထင်ကြီး မဆန့်ကျင်ရဲ။ အထူးသဖြင့် အခုလို သူ့

ဘက်ကနေ ညှာတာထောက်ထားပြီး လုပ်ပေးနေသည့် အခါ။

မလွှဲသာ မရှောင်သာတော့ဘဲ အထဲကို ဝင်ခိုင်းလိုက်ဖို့သာ တတ်နိုင်တော့သည်။

အမျိုးသားများအား အမျိုးသမီး၏ အိပ်ခန်းထဲ သို့ဝင်ခွင့်ပေးလိုက်သည်။

ရှဲ့ဖင်းကန်းသည် သုန့်ယိယွင်အား နစ်နာသူတစ်ယောက်အနေနဲ့သာ သဘောထား၏။ သူ့ရဲ့ သဘောထားကလည်း ပုံမှန်နှင့်မတူဘဲကွဲနေကာ ပိုပြီး အာရုံစိုက်နေခဲ့သည်။

သခင်မ‌လေး၏အခန်းအတွင်းမှ ပရိဘောဂများမှာ အတော်လေး ပုံမှန်ဖြစ်နေ၏။ လွန်လွန်ကြူးကြူးကြီး ဖြစ်နေတာမျိုးမဟုတ်သလို ရိုးရှင်းလွန်းနေတာမျိုးလည်းမဟုတ်။ သာမန်ဟု ယူဆလို့ရသည်။ တစ်

ခုတည်းသော ကွာခြားချက်ဆိုလို အမျိုးမျိူးအထွေထွေသော စာအုပ်များထားထားသည့် အိပ်ခန်းထဲက စာအုပ်စင်တစ်ခုသာ။

သုန့်သခင်မလေး သေသွားသည့်အချိန်က ကောင်းကောင်းမွန်မွန် ဝတ်စားထားတာမျိုးမဟုတ်ဟု ကြားခဲ့ရသော်လည်း အခုသူမကို အဝတ်အစားအသစ် ဝတ်ထားပေးသည်။ ဆံပင်ကိုလည်း ဖြီးထားပေးရာ ပိုပြီး သန့်ရှင်း သေသပ်နေ၏။

“ သုန့်သခင်မလေး မသေခင် ပုံမှန်မဟုတ်တာမျိုး တစ်ခုခု ဖြစ်သွားသေးလား” ရှဲ့ဖင်းကန်းက မေးလိုက်သည်။

အစေခံမလေးများမှာ ကြောက်လန့်ပြီး တုန်တောင် တုန်နေကြသည်။

သူတို့ရဲ့ မျက်လုံးများမှာ ငိုထားတာဖြစ်၍ မို့‌ယောင်နေလျက်။ အခုသူတို့ အမေးခံနေရတာကြောင့် သူတို့ထဲမှတစ်ယောက်က ကွဲအက်နေတဲ့ အသံဖြင့် “စေ-စေ့စပ်ပြီးသွားတဲ့နေ့ကတည်းက သခင်မလေးက တောက်လျှောက် ငိုနေခဲ့တာပါ။ သူရဲ့ ဘဝကြီးက ကြမ်းတမ်းတယ်လို့ ပြောပြီးတော့ တော်ကြာနေ ကြောက်နေလိုက် ခဏနေ ဒေါသထွက်လိုက်နဲ့.. ခံစားချက်တွေက မတည်မငြိမ်ဖြစ်နေခဲ့တာပါ”

ရှဲ့ဖင်းကန်းက သူမကို ကြောက်လန့်စေခဲ့တာဟု လူတိုင်းကထင်နေကြသည်။

“မဖြစ်နိုင်တာ၊ ငါ သူမနဲ့ မစေ့စပ်ခင် တစ်ရက် ကတောင်တွေ့ခဲ့တဲ့ဟာကို သူမပုံစံက စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တဲ့ပုံလည်းမပေါ်ပါဘူး”

ကျောက်ရွှမ်ကျင်းက အေးတိအေးစက်ဖြစ်နေတဲ့

အသံဖြင့် “ သူ ဒီတစ်လော ဘာစားမိသေးလဲ”

“ဘာစားလဲဆိုတော့… အ-အရင်ကလိုပဲ ပုံမှန်အတိုင်းပဲစားတာပါ၊ ဘာမှ ပြောင်းသွားတာမျိုး မရှိပါဘူး” အစေခံမလေးက ရိုးသားစွာ ပြန်ဖြေ၏။

“စေ့စပ်ပွဲ မတိုင်ခင်က သူ့အခန်းထဲကို သူခိုးတစ်ယောက်ဝင်သွားတယ်ဆို? အဲ့သူခိုး ဘယ်သူလဲဆိုတာ သိကြပြီလား” ရှဲ့ဖင်းကန်း ထပ်မေးပြန်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် အခန်းထဲကလူတိုင်းရဲ့ မျက်နှာမှာ ပြောင်းလဲသွားကြတော့သည်။

အထူးသဖြင့် ဒေါသကြောင့် တဆက်ဆက်တုန်နေသည့် သုန့်သခင်ကြီးပင်။ “ပေါက်-ပေါက်တက်ကရတွေ လျှောက်ပြောမနေနဲ့၊ မင်းကသူ့ရဲ့ဂုဏ်သတင်းကိုဖျက်ဆီးချင်နေတာလား”

ဒီသတင်းက ဘယ်လိုလုပ်ပြီး ပျံ့သွားရတာလဲ?

ဒါတင်မက ၎င်းက အမှုတစ်ခုဖြစ်နေလေရာ မှတ်တမ်းတင်ထားသည့် သူများ ရှိမှာပင်။ ထိုစကားလုံးများက ရုံးတော်အတွင်း၌ သက်သေများဖြစ်ပေ၏။

ရှဲ့ဖင်းကန်းကတော့ ဂရုမစိုက်။ “သူက သေပြီးနေပြီးပဲဟာ။ ဂုဏ်သတင်းသန့်ရှင်းနေတော့ရော ဘာထူးမှာလဲ။ သူ့အတွက်လက်စားချေပေးဖို့ကအရေးကြီးလား၊ သူ့သိက္ခာက ပိုပြီး အရေးကြီလားဆိုတာ အဖေတစ်ယောက်အနေနဲ့ ခင်ဗျား ဒါလေးတောင် မသိဘူးလား”

သုန့်သခင်ကြီးမှာလည်း ရင်နာနေပြီး ကူကယ်ရာမဲ့နေရ၏။ သူ အံ့ကိုသာ ကြိတ်ရင်း “မင်းက သိသာနေတဲ့အဖြေရှိနေတာကြီးကို မေးနေတာလေ! အဲ့နေ့ကဝင်လာတဲ့သူက မင်းမဟုတ်ရင် တခြားဘယ်သူရှိမှာမလို့လဲ? အဲ့လိုမှမဟုတ်ရင် ငါက ငါသမီးကို မင်းလို

လူမိုက်တစ်ယောက်နဲ့ အနစ်နာခံပြီး ပေးစားနေမယ်ထင်နေတာလား”

“စကားကို ကောင်းကောင်းပြောပါ၊ ရန်မဖြစ်ကြနဲ့၊ ပြီးတော့ ဝန်ကြီးရှဲ့ရဲ့ စရိုက်ကိုလည်း မစော်ကားနဲ့”

ကျောက်ရွှမ်ကျင်းက ဝင်ပြောလိုက်၏။

သူ့ရဲ့လူတွေကို ကာကွယ်ပေးရမည်။

ရှဲ့ဖင်းကန်းက သူ့လူဖြစ်ကာ ရှဲ့ချောင်က သူ့ဘေးမှာ ရပ်နေ၏။

သုန့် သခင်ကြီးမှာ အိမ်ရှေ့စံမင်းသားရဲ့ စကားကြောင့် ရင်ဘတ်ထဲအောင့်သွားရကာ စိတ်ထဲကနေပဲ ဒေါသူပုန်ထနိုင်တော့သည်။

သမီးတစ်‌ယောက်ကို ဆုံးရှုံးလိုက်ရတာက သူလေ၊

အိမ်ရှေ့စံမင်းသားက ဘာကိုဆိုလိုချင်နေတာလဲ? ဘက်လိုက်နေတာကြီးက သိသာမနေဘူးလား?

သူ့သမီးရဲ့ ဂုဏ်သတင်းကို စွန်းထင်းစေခဲ့တဲ့သူက ရှဲ့ဖင်းကန်းဟာကို.. အိမ်ရှေ့စံမင်းသားက အရမ်းတွေ ကျိုးကြောင့်မသင့်နေတာ မဟုတ်ဘူးလား။ အခု ရှဲ့ဖင်းကန်းက သူ့ရဲ့ ဒုတိယသမီးကို စွပ်လားစွဲလားလုပ်နေတာ.. ဒီသတင်းသာ ပျံ့သွားပြီး အတည်တွေထင်ကုန်ကြရင် သူ့ပထမသမီးရဲ့ မင်္ဂလာပွဲက ဘယ်လိုဖြစ်သွားမလဲ?!

•••••

All Chapters