← Chapters

သူမကိုပစ်ထုတ်လိုက်

Vol. 40 Ch. 774

သူမကိုပစ်ထုတ်လိုက်

Vol. 40 Ch. 774

သုန့်သခင်ကြီးရဲ့ မျက်နှာမှာ ဖြူဖျော့နေလေပြီး သူ့တစ်ကိုယ်လုံး နေရထိုင်ရတာ အဆင်ပြေမနေတော့ချေ။

ထိုလူအုပ်စုတို့၌ ခန္ဓာကိုယ်အား စစ်ဆေးဖို့ပါလာတဲ့ အလောင်းစစ်ဆေးသည့်အရာရှိတစ်ဦးလည်းပါလာ၏။

ထိုအချိန် သုန့်ရှီးယွင်လည်း သတင်းကိုကြားပြီးနေလေပြီ။ သူမလည်း စိတ်လှုပ်ရှားနေမိသည်။ လက်ကိုင်ပုဝါအား လက်နှစ်ဖက်စလုံးနှင့် လုံးချေနေမိကာ စိတ်လွင့်လို့နေ၏။

“ အဲဒီ ရှဲ့မိသားစုက လူရမ်းကားက…” သူကတကယ်

ကြီး အမှုကို စစ်ဖို့ ကိုယ်တိုင် ရောက်ချလာတယ်ပေါ့?

သူတို့မိသားစုက အခုထိ အမှုဖွင့်ရသေးတာမဟုတ်။

သူမရဲ့ အဖေကလည်း အဲ့လူကို တားမှာမဟုတ်ဘူး!!

“ ပထမသခင်မလေးသုန့်၊ ကြည့်ရတာ ရှဲ့သခင်မလေးလည်း ဒီကို ရောက်နေတဲ့ ပုံပါပဲ” နောက်မှဝင်လာသည့် အစေခံတစ်ဦးက သုန့်ရှီးယွင်အား ပြောလိုက်၏။

သုန့်ရှီးယွင်ကြားသည့်အခါ ဒေါသထွက်သွားပြီး “သူက ဘာလို့ ဒီကိုရောက်နေတာလဲ?! သူက အခုထိ လက်တောင်မထပ်ရသေးတဲ့ မိန်းမပျိုတစ်ယောက်လေ၊ အဲ့တာကို အိမ်ရှေ့စံမင်းသားနဲ့ သူ့အစ်ကိုကြီး အမှုစုံစမ်းဖို့ လာတာကို အတူပါလာတယ်ပေါ့! အရှက်မရှိလွန်းတာ မဟုတ်ဘူးလား?!”

ထိုသို့ပြောပြီးနောက် သုန့်ရှီးယွင်သည် ပြန်ပြီး သူမကိုယ်သူမ ထိန်းချုပ်ဖို့ ကြိုးစားလိုက်၏။

သူမ ထိတ်ထိတ်ပျာပျာ ဖြစ်နေလို့ မဖြစ်ဘူး! ထိတ်ထိတ်ပျာပျာ ဖြစ်နေလို့ မဖြစ်ဘူး!

သူ အမှုစုံစမ်းတော့ရော ဘာဖြစ်လဲ?

သူမညီမက သူ့ကိုယ်သူ ကြိုးဆွဲချပြီးသတ်သေသွားတာ။ အလောင်းစစ်ဆေးတဲ့အရာရှိလာရင်တောင် ဘာမှ လွဲနေတာမျိုး တွေ့မှာ မဟုတ်ဘူး!

သူ့အစာအိမ်ထဲဘာရှိလဲဆိုတာဆိုရင် ပိုပြီးတော့ ရှာဖို့ခက်ဦးမယ်၊ အဆိပ်ကို သုံးခဲ့တာမှမဟုတ်တာ!

သုန့်ရှီးယွင်တစ်ယောက် ပြန်ပြီး တည်ငြိမ်သွားသည်နှင့် ရိုးရှင်းသည့် အဝတ်အစား တစ်စုံလဲဝတ်ကာ သူမညီမဆီသို့သွားခဲ့လေသည်။

အိမ်ထဲကို ဝင်လိုက်သည်နှင့် အလောင်းစစ်ဆေးရေးအရာရှိ ပြောနေတာကို ကြားလိုက်ရ၏။ “သုန့်သခင်မလေးရဲ့ ကိုယ်ပေါ်မှာ တခြား သေစေနိုင်လောက်တဲ့ ပြင်ပဒဏ်ရာမျိုး မရှိဘူး။ လည်ပင်းပေါ်က ကြိုးရာတစ်ခုပဲ ရှိတယ်။ အဲ့တာကို ကြည့်ပြီးဆုံးဖြတ်ရရင် သူမကိုယ်သူမ ကြိုးဆွဲချခဲ့တာပဲနေမှာ။ နောက်ပြီး သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းမှာလည်း ဘာ အဆိပ်မှ ရှိမနေဘူး..”

ထိုစကားကြောင့် သုန့်ရှီးယွင်ရဲ့ မျက်နှာ ပြေလျော့သွားသည်။ အခန်းထဲကို ခြေလှမ်းလိုက်သည်နှင့် သူမ မျက်နှာထက်၌ မျက်ရည်များ တသီတသန်းစီးကျလာလေသည်။ သူမက ရှဲ့ချောင်အား “ရှဲ့သခင်မလေး.. .. ငါ့- ငါ့ရဲ့ ညီမလေးက ဘယ်တော့မှ ပြန်မ

လာနိုင်တော့ဘူး… သူမ ဘာလို့ ဒီလိုလုပ်ခဲ့ရလဲဆိုတာ ငါ နားမလည်နိုင်ဘူး..”

သူမက ပြောရင်းဆိုရင်းနှင့် ရှဲ့ချောင်ဆီသို့ ပစ်ဝင်လိုက်သည်မှာ ရှဲ့ချောင်ဆီကနေ ထွေးပွေ့မှာ တောင်းခံနေသည့်အလား။

ရှဲ့ချောင်း ခြေလှမ်းကျဲကျဲနှင့် နောက်ကို ရုတ်တရက်ဆုတ်သွားခဲ့၏။

ရှဲ့ချောင်သည်လည်း သုန့်ရှီးယွင်ကို မြင်လိုက်သည့်အခိုက်အတန့်၌ မျက်နှာထား ပြောင်းသွားခဲ့သည်။

သုန့်ရှီးယွင်ရဲ့ ခေါင်းထက်မှ သွေးသံတရဲရဲနှင့် ပါးစပ်တစ်ခု။ မကောင်းဆိုးဝါးစွမ်းအင်က ကောင်းကင်ထက်ဆီ တိုးထွက်နေကာ သူ့(မ)ရဲ့ အကြည့်တို့က သတ်လိုဖြတ်လိုစိတ်တို့ဖြင့်။ သူမရဲ့ လက်မောင်းတို့က သုန့်ရှီးယွင်ရဲ့ လည်ပင်းတစ်ဝိုက်

ရစ်ပတ်ထားရင်း စိတ်ရူးဖောက်ထားသွားသလိုပင်။

သူမက…

သုန့်မိသားစုက… ဒုတိယသခင်မလေး။

ရှဲ့ချောင် သက်ပြင်းချလိုက်သည်။ သူမ နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားခဲ့၏။

သိပ်မကြာခင်ကလေးတင် နူးညံ့တဲ့ သခင်မလေးတစ်ယောက်အဖြစ် ရှိနေခဲ့သေးသည်။ သူမဟာ ကြည့်ကောင်းပြီး သာယာနာပျော်ဖွယ် အသံကိုလည်း ပိုင်ဆိုင်ထား၏။ သိမ်မွေ့ကာ ချစ်ဖို့ကောင်းတဲ့ သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အခုတော့ ကြောက်မက်ဖွယ် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ဖြစ်နေရလေပြီ။

သူမရဲ့ ခြေထောက်တို့က မြေကြီးနှင့် လွတ်နေကာ သူမရဲ့ မျက်နှာထားက ရက်စက်မှုတို့ဖြင့်။ အသက်ရှိစဉ်တုန်းကလိုမျိုးနှင့် လုံးဝ မတူတော့ပေ။

ရှဲ့ချောင်ရဲ့ ရင်ထဲ၌ တလှပ်လှပ်ဖြစ်လာ၏။ သူမ အသက်ရှုကျပ်သလို ခံစားရကာ မနေနိုင်တော့ဘဲ ရင် ဘတ်ကို ဖိထားလိုက်ရလေသည်။

ကျောက်ရွှမ်ကျင်းက သူမနောက်ကနေ ကူတွဲပေးထား၏။

ရှဲ့ချောင်ရဲ့ အခြေနေ သိသိသာသာကို ဆိုးရွာ‌နေတာကို ကျောက်ရွှမ်ကျင်းမြင်သည့်အခါ ချက်ချင်းဆိုသလို ဒေါသထွက်သွားတော့သည်။ သုန့်ရှီးယွင်အား အေးစက်စွာ ကြိမ်းမောင်း၍ “ထွက်သွားစမ်း! ကျို့ဝေ့ကျုံး သူ့ကို ခြေဆယ်လှမ်းလောက် ပစ်ထုတ်လိုက်!”

ကျောက်ရွှမ်ကျင်းရဲ့ လေသံ‌ကြောင့် အရေးကြီးတဲ့ အခြေနေဆိုတာ ကျို့ဝေ့ကျုံး သိလိုက်သည်။

သူ ချက်ချင်း အမိန့်အတိုင်း ဆောင်ရွက်ခဲ့၏။

သုန့်ရှီးယွင်ခမျာ ဆွဲပြီးပစ်ထုတ်ခံရ၍ ပြင်းပြင်းထန်ထန်ကိုကျသွားခဲ့သည်။ သုန့်သခင်ကြီးသည်လည်း သူ့သမီးနောက်ကနေ ချက်ချင်းပြေးလိုက်သွားကာ လူတစ်‌ယောက်အား သူ့သမီးကို ထူခိုင်းလိုက်၏။ အဲဒီနောက် သူ ဘာမှတော့ မပြောရဲ။

“ ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား။ ဒေါသထွက်သွားလို့လား၊ အသက်ရှူကျပ်နေလား” ကျောက်ရွှမ်ကျင်း စိုးရိမ်နေလေသည်။

ရှဲ့ချောင်ရဲ့ ကိုယ်ကတော့ အဆင်ပြေနေပြီဖြစ်၏။

ရုတ်တရက်ကြီး အားနည်းသွားရတာ အဲဒီ သုန့်ရှီးယွင်ကြောင့်!

ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်၏။ သူမ ရင်ဘတ်ထဲက အဆင်မပြေဖြစ်နေတာ လျော့သွားပြီးနောက် ကူကယ်ရာ မဲ့စွာဖြင့် “အဲဒါက… သူ့(မ)ဘေးနားက စွမ်းအားတချို့က ကျွန်မကို အဆင်မပြေဖြစ်သွားစေလို့ပါ”

မှုခင်းစီရင်ရေးဌာနမှ တခြားလူများလည်း ရှိနေတာကြောင့် မကောင်းဆိုးဝါးဝိဉာဉ်ဟုတော့ ရှဲ့ချောင် တိုက်ရိုက်မပြောခဲ့ချေ။

သို့သော် ကျောက်ရွှမ်ကျင်းနှင့် ရှဲ့ဖင်းကန်းတို့ နှစ်ယောက်ကတော့ သဘောပေါက်သွားခဲ့၏။

“အဲဒါ… သူလား” ရှဲ့ဖင်းကန်းက ကွယ်ဝှက်ထားတဲ့

အဓိပ္ပာယ်နှင့် မေးလိုက်၏။

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

အိပ်ယာပေါ်မှာလဲနေတဲ့ အလောင်းကို ရှဲ့ဖင်းကန်းကြည့်လိုက်ရင်း ဒီလို နူးညံ့လှတဲ့ သခင်မလေးတစ်‌ယောက် မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်လာတဲ့ အခါ ဘယ်လိုပုံမျိုး ဖြစ်နေမလဲဆိုတာ သူ ပုံဖော်ကြည့်လို့မရခဲ့။

“ မင်းက အရမ်းကြောက်တတ်တာပဲ” ရှဲ့ဖင်းကန်း သဘောမကျတဲ့ ပုံဖြစ်နေပေမဲ့ ကူကယ်ရာမဲ့သလို ဖြစ်နေလေရာ “မင်းနဲ့ အရှင့်သားနဲ့ ခန်းမဆောင်ထဲသွားပြီး နားနေပါလား၊ ဒီကကိစ္စကို ငါဖြေရှင်းလိုက်မယ်”

ရှဲ့ချောင် ခေါင်းခါလိုက်၏။

သုန့်ယိယွင်က ဒီနေ့မှ သေသွားတာဆိုပေမဲ့ သူမရဲ့ နာကြည်းချက်က အားကောင်းနေလေပြီ.. အကယ်၍… ပထမခုနစ်ရက်အတွင်း အဖြေမရှာနိုင်ခဲ့‌လျှင် သူမရဲ့ စွဲလမ်းမှုက ပိုပိုပြီး နက်ရှိုင်းလာမည်ဖြစ်ကာ အငြိုးကြီးဝိဉာဉ်တစ်ကောင်ဖြစ်လာပေလိမ့်မည်။

•••••

All Chapters