← Chapters

စရိုက် ပြောင်းသွားခြင်း

Vol. 40 Ch. 775

စရိုက် ပြောင်းသွားခြင်း

Vol. 40 Ch. 775

ရှဲ့ချောင် မသက်မသာဖြစ်မိတယ်ဆိုရုံသာ။ အရင်တုန်းက ဖြစ်ခဲ့ဖူးတာတွေနဲ့ ယှဉ်လိုက်လျှင် အခုဖြစ်နေတဲ့ အခြေနေက သူမအတွက် ဘာမှတောင် မဟုတ်။

သူမသာ နေချင်တယ်ဆိုလျှင် ရှဲ့ဖင်းကန်းက သူမကို ဖျောင်းဖျပြီး သူမစိတ်ထဲရှိတဲ့အတိုင်း လုပ်ခွင့်ပေးမည်မဟုတ်။

သုန့်ရှီးယွင်မှာ ကြောက်အားလန့်အားနှင့် မျက်ရည်များပင်ကျနေလေပြီ။ အလွန်သနားစရာ ကောင်းလှ၏။

“ အရှင့်သား၊ ဒါ ကျွန်တော့်သမီးပါ၊ သူက ကိုယ့်ကိုကိုယ် သတ်သေပြီး ဆုံးပါးသွားရတာ၊ မှုခင်းစိစစ်ရေးဌာနက … အရမ်းကြီး ဝင်ပါလွန်းနေတာ မဟုတ်

ဘူးလား” သုန့်သခင်ကြီးရဲ့ အသံမှာ အားနည်းနေပေမဲ့ သူ မနေနိုင်တော့တာကြောင့် မေးလိုက်မိသည်

“ ခင်ဗျားရဲ့ သမီးက ရှဲ့သခင်လေးရဲ့ ဇနီးလောင်းလေ၊ သူက အမှုကို ဖွင့်လိုက်ပြီဆိုမှတော့ မှုခင်းစိစစ်ရေးဌာနက အရေးတယူလုပ်ပေးသင့်တာပေါ့” ကျောက်ရွှမ်ကျင်းသည် သုန့်သခင်ကြီးအား နည်းနည်းလေးမှ မျက်နှာသာ မပေးခဲ့။

သုန့်သခင်ကြီးမှာ ထိုစကားကို ကြားရသည့်အခါ ကူကယ်ရာမဲ့သွားရပြီး ပြောစရာ စကားပျောက်ဆုံးသွားရသည်

ဇနီး?

စေ့စပ်ထားပြီးပြီဆိုတာ မှန်ပေမဲ့၊ အခုထိ လက်ထက်ရသေးတာ မှမဟုတ်တာ။ ရှဲ့ဖင်းကန်းက ဒီကိစ္စကို

ဝင်စွက်ဖက်ရအောင် ဘာ လုပ်ပိုင်ခွင့်တွေရှိနေလို့လဲ!?

“ ဒါဆိုလည်း… အရှင့်သား၊ အလောင်းစစ်ဆေးရေး အရာရှိလည်း ကျုပ်သမီးရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပြီးသွားပြီ.. အဆိပ်ခတ်ခံခဲ့ရတာလည်း မဟုတ်သလို ဘာပြင်ပ ဒဏ်ရာမှလည်း မတွေ့မိဘူးဆိုတော့… အမှုကို ပိတ်လိုက်လို့ရပြီလား” သုန့်သခင်ကြီးက ထပ်မေးလိုက်ပြန်သည်။

သူ အတော်လေး နှိမ့်ချထားတာဟု ထင်မိသည်။

အိမ်ရှေ့စံမင်းသားက သူ့ကို ဆက်ပြီး အခက်တွေ့အောင်တော့ မလုပ်လောက်ဘူးမလား?

“လာစမ်း, ဆေးပေးခန်းကို သွားပြီး နန်းတွင်းသမားတော်တချို့ သွားခေါ်လာခဲ့”

ကျောက်ရွှမ်ကျင်းက ပြောလိုက်သည်။

သုန့်သခင်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားရသည်။ “အရှင့်သား.. ကျွန်တော့်သမီးက သေသွားပြီးပဲကို.. နန်းတွင်းသမားတော်တွေကို ခေါ်ခိုင်းရတာက.. ဘာအတွက်ကြောင့်ပါလဲ”

နန်းတွင်းသမားတော်တွေ ဘယ်လောက်ပဲ အရည်အချင်း ရှိတယ်ပြောပြော၊ သူ့သမီးကို သေရာကနေ အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်မှာမှ မဟုတ်တာ!

ကျောက်ရွှမ်ကျင်းရဲ့ သဘောထားကတော့ အေးတိအေးစက်နှင့်ပင် “ သုန့်သခင်ကြီး သေသွားတဲ့သူက ခင်ဗျားသမီး မဟုတ်လား၊ ခင်ဗျား သမီးက

အဖြစ်ဆိုးနဲ့သေသွားရတာ၊ အဖေ တစ်ယောက်အနေနဲ့ ခင်ဗျား ဒါကို ပိုပြီး အာရုံစိုက်သင့်တယ်။ အနည်းဆုံးတော့ အမှန်တရားကို ရှာပေးပြီး သူ့(မ)ကို အေးအေးချမ်းချမ်းနဲ့ ထွက်သွားခွင့်ပေးရမယ်လေ”

သူပြောလိုက်တာက လက်သင့်ခံစရာပင်။

သုန့်သခင်ကြီးမှာ စိတ်ထဲမကောင်းဖြစ်မိရုံသာ။

ဒီကလေးက သူ့ရဲ့ သွေးသားအရင်းပဲကို၊ သူ့အတွက် စိတ်မကောင်းမဖြစ်မိပဲနေမလား?

ဒါက… တချို့အရာတွေသာ ပေါ်သွားရင် သူ့ရဲ့မိသားစုပဲ ထိခိုက်မှာ စိုးရိမ်မိလို့!

သုန့်သခင်ကြီးသည် ထိုစကားများကို သေချာ ရှင်းပြ

နိုင်ခြင်း မရှိခဲ့။

သူ အိမ်ရှေ့စံမင်းသားနှင့် ရှဲ့သခင်မလေးတို့အား ဧည့်ခန်းထဲကို ဖိတ်ပြီး ထိုင်စောင့်ခိုင်းရုံသာ တတ်နိုင်ခဲ့သည်။

သိပ်ပြီး မကြာလိုက်၊ နန်းတွင်းသမားတော်များ ရောက်လာကြကာ အိမ်ရှေ့စံမင်းသားအား တရိုတသေ ဂါရဝပြုလိုက်ကြသည်။

ကျောက်ရွှမ်ကျင်းက “နန်းတွင်းသမားတော်ဝေ့၊ ဒီကမ္ဘာပေါ်မှာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ရုတ်တရက်ကြီး ပြောင်းလဲသွားစေတဲ့ ဆေးမျိုး ရှိလား။ ရရှိမှုနဲ့ ဆုံးရှုံးမှုတွေကို တွေးပူနေပြီး၊ စိတ်လွတ်သွားသလိုမျိုး၊ ငိုလိုက် ဆူဆူညံညံတွေ လုပ်လိုက်နဲ့”

ရှဲ့ဖင်းကန်းက အမြန် ခေါင်းညိတ်လိုက်၏။ “အမှန်ပဲ၊ ဒီသခင်မလေးက ကျွန်တော်နဲ့ စေ့စပ်ပွဲလုပ်ရလို့ ပျော်နေတယ်ဆိုတာ အသိသာကြီး၊ သူ့စကားတွေ

ပြန်ရုတ်ပြီး နောက်တစ်နေ့ကျတော့ ချက်ချင်းကြီး သတ်သေသွားစရာ အကြောင်းမရှိဘူး!”

သူက သူ့ရဲ့ ဂုဏ်သတင်းတွေဘာတွေကို ဂရုစိုက်တတ်တဲ့သူတစ်ယောက် မဟုတ်ပေမဲ့၊ အခုကိစ္စသာ အပြင်ကိုပျံ့သွားလျှင် သူ့ရဲ့ ဂုဏ်သတင်းက ဆိုးရွားသွားပေလိမ့်မည်!

ရှဲ့ဖင်းကန်းက မိန်းမတစ်ယောက် မယူနိုင်တာဆိုပြီး ဖြစ်သွားမလား? သူ လက်မထပ်ချင်သေးဘူးဆိုတာ အသိသာကြီး!

အခုတော့ သူ့ဆီကို ကိုယ်တိုင်ရောက်လာပြီး လက်ထပ်ချင်ပါတယ်ဆိုပြီး ပြောသွားတဲ့ ဇနီးတစ်ယောက်က ကိုယ့်ကိုကိုယ် သတ်သေသွားတယ်! ဟာသပဲ!

နန်းတွင်းသမားတော်ဝေက ခဏလောက် စဉ်းစားပြီး

ပြန်ဖြေခဲ့သည်။ “ ဒီကမ္ဘာပေါ်မှာ စိတ်ငြိမ်စေတဲ့ ဆေးမျိုးတွေ အများကြီးရှိပါတယ်။ ပုံမှန်ဆိုရင်တော့ တချို့ဆေးတွေက လူကို မသက်မသာ ဖြစ်‌စေတယ်၊ ဒါပေမဲ့ သမားတော် တော်တော်များများက ဆေးပညာဆိုင်ရာ ကျင့်ဝတ်ကို အလေးထားတတ်ကြပြီး လျှောက်ပတ်သွားနေတဲ့ သမားတော်တစ်ယောက် မဟုတ်ဘူးဆိုရင် အဲ့လိုဟာမျိုးကို မလုပ်တတ်ကြဘူး။ ကျွန်‌တော် သိရသလောက် ငွေမှုန့်လို့ ခေါ်တဲ့အရာတစ်ခုရှိတယ်။ သူက အဂ္ဂိရက်ပညာကို သုံးပြီး လုပ်ထားတာ၊ အဲ့ဟာကိုသာ စားသုံးမိတာဆိုရင် လူတစ်ယောက် ချက်ချင်းသေသွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက အပြင်းစား မဟုတ်ဘူးဆိုပေမဲ့၊ လူကို မတည်မငြိမ် ဖြစ်စေနိုင်လို့…”

“ ကျွန်တော် ဆေးပေးခန်းဆီ မရောက်လာခင်က လူနာတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ အဲ့လူနာက ငွေမှုန့်ကို စားမိထားတာ၊ သူ့ရဲ့ စရိုက်က နဂိုက ညင်သာသိမ်မွေ့တဲ့သူဆိုပေမဲ့ အဲ့ဟာကို စားမိပြီးတဲ့နောက်ပိုင်း ညတွင်းချင်းစိတ်ဆိုးမာန်ဆိုးတွေ ဖြစ်လာတာ။ သူ့ကို စိတ်လှုပ်ရှားအောင် သွားဆွလိုက်တာနဲ့ စိတ်ရူးဖောက်သွားရော။ တစ်ခါတစ်လေ

ငိုလိုက်၊ တစ်ခါတစ်ခါ ဝမ်းနည်းနေလိုက်, တစ်ခါတစ်လေကျပြန်တော့ အိပ်မွေ့အချခံထားရသလို ဖြစ်လိုက်နဲ့၊ သူ့ရဲ့ မှတ်ဉာဏ်တွေလည်း ပျက်စီးကုန်တယ်။ ခေါင်းကိုက်တဲ့ ဝေဒနာကြောင့် နောက်ဆုံး သေသွားတော့တယ်”

နန်းတွင်းသမားတော် ဝေရဲ့ စကားဆုံးတဲ့အချိန်၌ ဒုတိယသခင်မလေး သုန့်ရဲ့ အစေခံမလေးမှာ ကြက်သေသေနေလေပြီ။

“သ-သခင်မလေးက စေ့စပ်ပြီးသွားပြီးနောက်ပိုင်း အဲ့လိုမျိုး ဖြစ်နေတာပါ၊ အခုနေ ရယ်လိုက်၊ တော်ကြာနေ ငိုလိုက်နဲ့၊ ငိုတဲ့ အချိန်က ပိုများပါတယ်။ တစ်ချိန်လုံးလည်း သူ့ခေါင်းကို ပွတ်နေတတ်ပြီးတော့ ခေါင်းကိုက်လို့ နေလို့မကောင်းဘူးဆိုပြီး ပြောပါသေးတယ်...”

•••••

All Chapters