← Chapters

အပြစ်သား

Vol. 40 Ch. 776

အပြစ်သား

Vol. 40 Ch. 776

အစေခံမလေးသည် သူမရဲ့သခင်ဖြစ်သူအား ကာကွယ်ပေးချင်ခဲ့သည်။ သူမ သခင်မလေးရဲ့ ရောဂါလက္ခဏာတွေကို ပြန်တွေးကြည့်မိသည့်အခါ သူမ မျက်နှာကိုသာ အုပ်ပြီး ငိုနေမိတော့သည်။

“ နန်းတွင်းသမားတော် ၊ တကယ်လို့ လူတစ်ယောက်က ဒီလိုအဆိပ်မျိုးနဲ့ အန္တရာယ်ပေးခံဪတာမျိုးဆိုရင် ငွေအပ်နဲ့ စစ်ကြည့်လို့မရဘူးမလား” ရှဲ့ဖင်းကန်း မေးလိုက်သည်

“ဒီလိုဟာမျိုးက အဆိပ်လို့ သတ်မှတ်လို့မရဘူး၊ ဒီငွေမှုန့်ကို သောက်ပြီးသွားပြီဆိုရင် လက္ခဏာတချို့ ပြလာမှာ မှန်ပေမဲ့ ဒီပစ္စည်းက ပြင်ပအရာတွေအတွက် အဓိက အသုံးချတာ၊ လင်းနန်မှာ အဆိပ်ပိုးကောင်တွေ အများကြီးရှိပေမဲ့ အကိုက်ခံလိုက်ရတဲ့သူတစ်ယောက်ယောက်ကို ကယ်ဖို့က ခက်တယ်။ ဒါကြောင့်မလို့ ဒေသခံတွေက အဲ့အရာကို အဖြေရှာခဲ့

ကြတယ်, ပြင်ပမှာ စမ်းသပ်ကြည့်ခဲ့တော့ အဆိပ်ဖြေပေးနိုင်တဲ့ သက်ရောက်မှုမျိုး နည်းနည်းရှိနေတာကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ပစ္စည်းက တော်တော်လေး ရှားပြီးတော့ .. ဈေးကွက်ထဲမှာလည်း သိပ်ပြီး မပျံ့သေးဘူး…” နန်းတွင်းသမားတော်ဝေ့က ရှင်းပြလိုက်သည်။

“ အခု ဒုတိယသခင်မလေး သုန့်က သေသွားပြီဆိုတော့ သူ ငွေမှုန့်ကို စားခဲ့မိလားမစားခဲ့မိဘူးလားဆိုတာ ဘယ်လိုသိနိုင်မှာလဲ” ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်သွား၏။ သူ အနည်းငယ် စိုးရိမ်နေခဲ့သည်။

နန်းတွင်းသမားတော်ဝေ့က အရှေ့ကို ဂရုတစိုက်နှင့် လှမ်းလာခဲ့၏။

သူ ဒုတိယသခင်မလေးသုန့်ရဲ့ မျက်ခွံအား လှန်ပြီး ကြည့်လိုက်သည်။

သေချာကြည့်ပြီးသွားတဲ့နောက် “ရှဲ့သခင်လေး၊ ဒါကို တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါ၊ သခင်မလေးရဲ့ မျက်စံအဖြူနေရာတွေက နည်းနည်း နီနေတယ်.. အဲ့ပေါ်မှာ လက်ကိုင်ပုဝါနွေးနွေး တစ်ထည်ကို တင်လိုက်ရင်…”

နန်းတွင်းသမားဝောာ်ဝေ့က ပြောနေရင်းနှင့် ပြင်ဆင်စရာရှိတာ ပြင်ဆင်နေ၏။ တစ်အောင့်အကြာ၌ လက်ကိုင်ပုဝါတစ်ထည်အား သူမရဲ့ မျက်လုံးပေါ် တင်လိုက်လေသည်။

ဆယ်မိနစ်ဝန်းကျင်လောက် ကြာပြီးတဲ့သွားတဲ့နောက် နန်းတွင်းသမားတော်သည် လက်ကိုင်ပုဝါအား ဖယ်လိုက်ရာ မျက်လုံးထဲ၌ ပန်းရောင်မျက်ရည်

စတချို့ ရှိနေတာကို တွေ့လိုက်ရသည်။

“ အရှင့်သား၊ သုန့်သခင်ကြီး၊ ရှဲ့သခင်လေး။ သုန့်သခင်မလေးက တကယ်ကို ငွေမှုန့်စားမိပြီး သေသွားခဲ့တာပါ။ ငွေမှုန့်စားမိထားတဲ့ သူတွေကပဲ သေဆုံးပြီးနောက်ပိုင်း မျက်လုံးကို ရေနွေးပူနဲ့ ဖုံးလိုက်ရင် ဒီလိုမျိုး ချယ်ရီနီရောင် မျက်ရည်မျိုးထွက်လာတာပါ”

နန်းတွင်းသမားဝောာ်ရဲ့ စကားကြောင့်၊ သုန့်သခင်ကြီးမှာ ခြေယိုင်ပြီး ထိုင်ခုံပေါ် လဲကျသွားခဲ့ရသည်။

သုန့်သခင်မကတော့ ငိုချင်းချနေလေပြီ။

“ သုန့်သခင်ကြီး၊ လူသတ်သမားက ဘယ်သူလို့ထင်လဲ” ရှဲ့ဖင်းကန်း သုန့်သခင်ကြီးအား

အေးတိအေးစက်နှင့် ကြည့်လိုက်၏။ သူပုံစံကညအင်မတန် ကြောက်စရာကောင်းလှသည်။

သူ ရည်ရွယ်ချက်ရှိရှိ မေးလိုက်တာပင်။

သုန့်မိသားစုက ဒုတိယသခင်မလေးက ဒီလိုဟာမျိုးကို လူမသိသူမသိ စားမှာတဲ့လား၊ ကြိုးကိုင်တဲ့သူ ဘယ်သူလဲဆိုတာ ခန့်မှန်းဖို့ လိုတယ်မလား၊ သုန့်မိသားစုထဲကပဲလား?!

“ ယုတ်မာတဲ့ အစေခံတချို့ ဖြစ်လောက်တယ်…" သုန့်သခင်ကြီးက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ရင်း အပြင်ဘက်ကို ကြည့်လိုက်၏။

သူ အိမ်တော်ထိန်းရဲ့ မျက်လုံးနဲ့ အကြည့်ချင်းဆုံသွားတဲ့ အချိန် အိမ်တော်ထိန်းသည် ခြံဝန်းအပြင်ဘက်ကို ချက်ချင်းထွက်သွားခဲ့၏။

ထို့နောက် အိမ်တော်ထိန်းက တစ်စုံတစ်ယောက်နဲ့အတူ ပြန်ရောက်လာခဲ့သည်။

အထိန်းတော် တစ်ယောက်။

အထိန်းတော်သည် မြေကြီးပေါ် တွန်းချခံလိုက်ရကာ အိမ်တော်ထိန်းက ချက်ချင်း ဆိုလာလေသည်။

“သခင်ကြီး၊ ဒီ အထိန်းတော်က သူ ဒုတိယသခင်မလေးကို သတ်ခဲ့တာပါတဲ့။ သခင်မလေးက ဝေဒနာခံစားနေရပြီး ဒီထက်ပိုပြီး အသက်မရှင်ချင်တော့ဘူးလို့ ပြောလို့ သူက အဲဒါကို ယူလာခဲ့တာဆိုပြီး ပြောပါတယ်။ ဒါပေမဲ့ ဒုတိယသခင်မလေးက အဲ့ဒါကို စိတ်ငြိမ်ဆေး အနေနဲ့ သောက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။သူ ဆေးအိတ်နှစ်ခုကို မတော်တဆ ရောလိုက်မိပြီးတော့၊ ဒုတိယသခင်မလေးကို…”

ရှဲ့ချောင် ထိုစကားများကို ကြားသည့်အခါ အံ့ဩသွားတာမျိုး ဖြစ်မသွားခဲ့။

အင်မတန် သာမန်ဆန်လွန်းသည့် နည်းလမ်းတစ်ခု။ သူက ဒီအတိုင်း အပြစ်ပုံချလို့ရမယ့်သူတစ်ယောက်ကို တွေ့ကရာဆွဲခေါ်လာပြီး ဒီပြဿနာကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းပြီးချင်နေတာပင်။

“ ရှင်လုပ်တာပေါ့လေ! အယုတ်တမာ!” သုန့်ရှီးယွင်သည် အခြေအနေ ပြန်ကောင်းနေပြီဖြစ်၏။ သူမရဲ့ မျက်လုံးများဟာ နီရဲလို့နေပြီး ခြံဝန်းထဲမှာ ရှိတဲ့ အထိန်းတော်ကို ဆဲဆိုနေခဲ့သည်။ သူမက အရှေ့ကိုပင်ခုန်ကာ အထိန်းတော်အား အားပါပါနှင့် နှစ်ချက်လောက် ကန်ပစ်လိုက်သည်။

ရှဲ့ချောင် သူမကိုကြည့်လိုက်တဲ့ အချိန် သူမအား ရစ်ပတ်ထားသည့် လက်မောင်းတို့က ပိုပြီး တင်းကျပ်လာတာကို တွေ့လိုက်ရသည်

ဒီ သုန့်ရှီးယွင်ကတော့ တကယ့်ကို သရုပ်ဆောင်မင်းသမီးပင်!

သူမ(ရှဲ့ချောင်) ထက်ဝောာင် ပိုပြီး သရုပ်ဆောင်ကောင်းနေသေး!

အိမ်ရှေ့စံမင်းသားက ရယ်လိုက်ရင်း “ အပြစ်ကျူးလွန်းတဲ့သူကို တွေ့ပြီဆိုတော့ ကိုယ်တော်တို့လည်း ပြန်သင့်ပြီ”

ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်သွားသည်။ သူက ဒီလိုမျိုး လက်မလျှော့လိုက်ချင်သေး။ သို့သော် ၊သူ ဒီနေတော့ ကျိန်းသေပေါက် ဘာကိုမှ ရှာတွေ့လိမ့်မည်မဟုတ်။ နောက်ပြီး သုန့်သခင်ကြီး ကိုယ်တိုင်ကိုက အရမ်းကို ကာကွယ်ပေးလွန်းနေမှတော့ အပြစ်သားဟာ သုန့်မိသားစုက သာမန်လူတော့ မဟုတ်လောက်ပေ!

အစေခံတစ်ယောက်ရဲ့ ဘဝကို သူဆန္ဒရှိသလို ခြယ်လှယ်နိုင်သည်။ သတ်လိုက သတ်ပစ်ပြီး ရောင်းစားလိုက ရောင်းစားပစ်နိုင်သည်။ သုန့်သခင်ကြီးရဲ့ အကူအညီသာရှိနေပါက သုန့်မိသားစုတစ်ခုလုံးကို အငိုက်ဝင်ဖမ်းပြီး မိသားစုတစ်ယောက်ချင်းစီကို စစ်မေးတာမဟုတ်လျှင် တခြား ဘာကိုမှရှာလို့ရလိမ်မည်မဟုတ်။

အမှန်တရားကို ပြောပြနိုင်တဲ့သူကို တွေ့ခဲ့တယ်ဆိုလျှင်တောင်…

ထိုယုတ်မာတဲ့ အစေခံက သူ့ကို ရည်ရွယ်ချက်ရှိရှိ အမှုဆင်တာဆိုပြီး သုန့်သခင်ကြီးက ပြောချင်ပြောနိုင်သည်။

အစေခံရဲ့ အဆင့်တန်းက နိမ့်ကျ၏။ သူ တကယ်လို့ သခင်ကြီးကို စွပ်စွဲတယ်ဆိုလျှင်တောင် သူ့ရဲ့ထွက်ဆိုချက်တွေက အသုံးဝင်မည်မဟုတ်ချေ။

•••••

All Chapters