ယုတ်မာသော
Vol. 40 Ch. 777
ရှဲ့ဖင်းကန်းသည် တုံးအနေတဲ့ လူတစ်ယောက်မဟုတ်။ လူသတ်သမားက ငွေမှုန့်ကို ကိုယ်တိုင်ယူလာခဲ့တာ မဟုတ်လောက်မှန်း သူသိသည်။ တစ်ခြားတစ်ယောက်ယောက်ရဲ့ လက်ထဲ လွှဲပေးနိုင်နေသ၍ အဲ့တစ်ယောက်အပေါ် တာဝန်ပုံချလိုက်ဖို့က လွယ်ပေသည်။သူ အလားတူအမှုမျိုးတွေ ဘယ်နှခုလောက်တောင် လုပ်ပြီးခဲ့ပြီလဲဆိုတာ ရှဲ့ဖင်းကန်း မသိနိုင်ခဲ့ချေ။
တကယ့် လူသတ်သမား အစစ်ကို ဖမ်းနိုင်ဖို့က ခက်ခဲလောက်၏။
ဒီနေရာမှာနေနေတာက အချိန်ဖြုန်းရာသာ ရောက်လိမ့်မည်။ ပြန်သွားပြီး ငွေမှုန့်အကြောင်း စတင်စုံစမ်းတာက ပိုပြီးကောင်း လိမ့်မည်ပေ။
“ကောင်းပြီ” ရှဲ့ဖင်းကန်း သဘောတူလိုက်သည်။ အထိန်းတော်အား ဖမ်းဆီးဖို့ တစ်စုံတစ်ယောက်အား ခိုင်းလိုက်ပြီး သူမကို ဆွဲထုတ်သွားခဲ့၏။
ရှဲ့ချောင်လည်း ကြာကြာဆက်ပြီး မနေခဲ့။
သုန့်အိမ်တော်က ထွက်လာသည်နှင့် ရှဲ့ဖင်းကန်း ထွီခနဲလုပ်ကာ ဆဲဆိုတော့သည်။ “ငါလူး!”
“ မင်း ဇနီးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာဆိုတာ ကိုယ်တော်သိတယ်၊ ဒါပေမဲ့ မင်းညီမလေးရဲ့ရှေ့မှာ စကားကို ယဉ်ယဉ်ကျေးကျေးပဲ သုံးနှုန်းသင့်တယ်၊ သူမကို လန့်အောင် လုပ်မိလို့ မဖြစ်ဘူး” ကျောက်ရွှမ်ကျင်းသည် ရှဲ့ဖင်းကန်းအား အသံတိတ်နှင့် တစ်ချက်ကြည့်ကာပြောလိုက်သည်။
ရှဲ့ဖင်းကန်း သက်ပြင်းချလိုက်၏။ “ ကျွန်တော်က
အခုမှ ပူပူနွေးနွေး စေ့စပ်ပြီးရုံလေးရှိသေးတာ၊ အရမ်းကြီး ကျေနပ်နေတာတော့ မဟုတ်ဘူးဆိုပေမဲ့ ဆုံးဖြတ်ပြီးနေပြီဆိုမှတော့ သူက ကျွန်တော့်အပိုင်ပဲလေ၊ မျှော်လင့်နေမိတုန်းလေးရှိသေး၊ အခု သူက ဆုံးသွားပြီဆိုတော့..”
ထိုအကြောင်းကို ပြောနေရင်း ရှဲ့ဖင်းကန်းသည် ရုတ်တရက် ရှဲ့ချောင်နားကပ်ပြီး အသံတိုးတိုးနှင့် မေးလိုက်သည်။ “အို့ .. ဟုတ်သားပဲ။ မင်း ခုနတုန်းက သူ့ကို ပထမသခင်မလေးသုန့်ရဲ့ ဘေးနားမှာ မြင်လိုက်ရတယ်မလား။ မ- မကောင်းဆိုးဝါးဝိဉာဉ်က ဘယ်လိုပုံစံမျိုးလဲ။ သူ့နောက်ကို လိုက်ပြီး စိုးရိမ်နေတဲ့ ပုံမျိုးလား ဒါမှမဟုတ်… မကျေမနပ်ချက်တွေရှိနေတဲ့ပုံမျိုးလား”
ဘယ်လိုပဲ ဖြစ်နေနေ သူတို့က ညီအစ်မတွေဖြစ်နေကြတာမို့၊ သူတို့ သေသွားပြီးနောက်ပိုင်းမှာ သူတို့ရဲ့ ညီအစ်မတွေ အတွက် စိုးရိမ်တာက ပုံမှန်ပင်။
“ သူ့လက်မောင်းတွေက သူ့အစ်မ လည်ပင်းနားမှာ ပတ်ထားတာ”
“ သူ့အစ်မကို စားပစ်ချင်နေတဲ့ပုံပဲ”
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျောက်ရွှမ်ကျင်းရော ရှဲ့ဖင်းကန်းရော အံ့ဩပြီး ကြက်သေသေသွားကြသည်။
“ ဒါဆို.. လူသတ်သမားက… သူ့အစ်မ ဖြစ်နိုင်ချေရှိတာလား?!” ရှဲ့ဖင်းကန်းသည် အနည်းငယ် ဒေါသထွက်နေလေကာ “အဲဒီ မိန်းမက မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတဲ့ နတ်ဆိုးများလား။ သူ့ညီမ အရင်းကိုတောင် ဒီလိုမျိုး လုပ်ရက်တယ်။*ျီး! သူ့ဦးနှောက်ထဲ အဆိပ်တွေနဲ့များ ပြည့်နေတာလား။ ဘာလို့များ ဒီလောက်ထိ ရက်စက်ရတာလဲ?”
သူလည်း သူ့ညီကို တိုက်ခိုက်တယ်ဆိုပေမဲ့ ကောင်း
စေချင်တဲ့ စိတ်နဲ့ လုပ်တာလေ!
သို့သော်.. ဒီသုန့်ရှီးယွင်ကတော့ ယုတ်မာလွန်းသည်။ တရားလွန်နေတာကြီးပင်!
ရှဲ့ဖင်းကန်း ရက်စက်တဲ့ မိန်းမပေါင်းများစွာကို တွေ့ခဲ့ဖူးသည်။ သူတို့ရဲ့ ယောကျ်ားတွေကို မပြောနဲ့ သားသမီးတွေကိုတောင် သတ်တဲ့ မိန်းမမျိုးကို မကြားဖူးတာတော့မဟုတ်။ သို့သော် ထိုလူတွေက ငယ်ငယ်လေးကတည်းက ခံစားရတာတွေများလာတာကကြောင့် သူတို့ရဲ့ စရိုက်တွေက လွန်လွန်ကြူးကြူးတွေ ဖြစ်ကုန်ရခြင်းသာ…
သို့သော် သုန့်ရှီးယွင်ကတော့…
သူမတွင်လည်း မိထွေးတစ်ယောက်ရှိတာမှန်ပေမဲ့ သုန့်မိသားစုရဲ့ အဆင့်အတန်းက မြင့်တဲ့ထဲပါသည်။ ထိုမိထွေး ဘယ်လောက်ပဲ အင်အားကြီးပါစေဦး
တော့ သာမန်မိသားစုက မိထွေးတစ်ယောက် လုပ်တာမျိုး သူမ လုပ်လိမ့်မည်မဟုတ်။ ဂုဏ်သိက္ခာအတွက်ဆိုရင်တောင် သူမ သည်းခံနိုင်မှာပင်။
ဒါတင်မက သုန့်ရှီးယွင်ဆိုတာ ပထမဇနီးကနေ မွေးလာတဲ့ သမီးတစ်ယောက်!
သူမရဲ့ အဆင့်အတန်းနဲ့မျိုးနဲ့က အပြင်လူပေါင်းများစွာကို ဆွဲဆောင်ထားနှင့်နေလေပြီ။ ကံကောင်းစွာဖြင့် ဘယ်သူကမှ သူမကို သစ္စာမဖောက်ကြ၍သာ။ မဟုတ်လျှင် သူမ မိထွေးက တံတွေးခွက်မှာ ပက်လက်မျောနေလောက်သည်။
ဒါ့အပြင် ဒုတိယသခင်မလေး သုန့်အတွက် ထိုမိထွေး ငိုနေပုံကိုကြည့်ရတာ အကြင်နာတရား မရှိတဲ့သူတစ်ယောက်ပုံတော့မပေါ်။
သူ့ရင်ထဲ မတရားသလို ခံစားရတယ်ဆိုရင်တောင် ဘာလို့ သူ့ညီမအရင်းကို သတ်ရမှာလဲ?!
ရှဲ့ဖင်းကန်းသည် ဖြောင့်ဖြောင့်တန်းတန်းသာ တွေးတတ်တဲ့သူတစ်ယောက်ဖြစ်၍ သုန့်ရှီးယွင်ရဲ့ ရည်ရွယ်ချက်တွေကို သူ နားမလည်နိုင်ခဲ့။
ရှဲ့ဖင်းကန်းက “သံသယရှိသူ” အား မှုခင်စီရင်ရေးဌာနဆီ ပို့ဖို့ ခိုင်းလိုက်ပြီး သူကတော့ ရှဲ့ချောင်ကို ကြမ္မာဥယျာဉ်ဆီ ပြန်ပို့ပေးခဲ့သည်။
“ ပြန်ရောက်ရင် ဒီကိစ္စကို ဆရာတူ အစ်မမော့ဆီ ပြောပြမှာလား” ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်ရဲ့ အင်မတန်နာခံနေသည့် ပုံမျိုးကို မြင်နေရတာ နေသားမကျသေး။
အခုချိန်၌ သူမသည် ဝိဉာဉ်တစ်ကောင်ကို ဘယ်လိုဖမ်းရမလဲဆိုတာ မသိသည့် သာမန်အားနည်းသည့် လူတစ်ယောက်ပုံစံမျိုး ဖြစ်နေ၏။
သူမက ခေါင်းကို ငုံ့ထားလျက် ကိုယ်နေဟန်ထားကို ထိန်းထားပြီး မြင်းမြီးတောင်ဝှေးတို့ သံလိုက်အိမ်မြှောင်တို့လို အရာမျိုး မဟုတ်ဘဲ လက်ကိုင်ပုဝါ တစ်ထည်ကိုသာ လက်ထဲမှာ ကိုင်လို့ထားသည်။
ဝါးခြင်းတောင်းလေးကလည်း ရှိမနေသလို စကားလည်း သိပ်မပြော။ လောကကြီးကို လမ်းညွှန်ပြသနေတတ်သည့် သူမရဲ့ ခံ့ညားထည်ဝါလှတဲ့ ဆရာတစ်ယောက်သွင်ပြင်မျိုးက လုံးဝ ပျောက်ကွယ်သွားသည်။ အင်မတန်ကို သက်တောင့်သက်သာ ဖြစ်နေလေသည်!
“ ဒါပေါ့၊ ကျွန်မ သူ့ကို ပြောပြရမယ်လေ၊ ဒါက သာမန် မကောင်းဆိုးဝါးဝိဉာဉ်လောက်ဆိုရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီဝိဉာဉ်မှာက နာကြည်းချက်တွေ ရှိနေတာ။ ကျွန်မ ဆရာတူဒေါ်လေးမော့ကို ဝင်ပါပြီး ဖြေရှင်းခိုင်းရမယ်၊ ဒါမှ တခြားသူတွေကိုရော ကျွန်မရော မထိခိုက်မိအောင် ရှောင်နိုင်မှာ!” ရှဲ့ချောင်က လေးလေးနက်နက်နှင့် ခေါင်းညိတ်ပြလိုက်သည်။
သူမပုံစံက လေးစားရတဲ့ဆရာတစ်ယောက်အကြောင်းကို ပြောပြနေတဲ့ လိမ္မာတဲ့ ကလေးတစ်ယောက်ပမာ။
•••••