← Chapters

ဇဝေဇဝါ ဖြစ်ရခြင်း

Vol. 40 Ch. 778

ဇဝေဇဝါ ဖြစ်ရခြင်း

Vol. 40 Ch. 778

သုန့်ယိယွင်နှင့်သူမသည် အချိန်တခဏတာ သိကျွမ်းခဲ့ကြတာဆိုသော်ငြား သုန့်ယိယွင်တစ်ယောက် အငြိုးကြီးဝိဉာဉ်အဖြစ်ကို ပြောင်းသွားပြီး ပြန်ဝင်စားဖို့ ခက်ခဲမည့် အဖြစ် ရောက်သွားမှာမျိုးကို သူမ ရပ်ကြည့်မနေနိုင်ပေ။

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်ရဲ့ “အပြစ်ကင်းစင်တဲ့” မျက်လုံးများနှင့် ဆုံမိသည့် အခါ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

သူမက သူ့ရှေ့ရောက်နေတာဆိုတာ မေ့သွားတာလား? ဆရာမမော့ မဟုတ်ရင်တောင် အမတအရှင်ရှဲ့ ဖြစ်နေတုန်းပဲကို…

ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်အကြောင်း ဘာမှ မသိ

ထားတာ မြင်သာနေ၏။ဒါကြောင့် ရှဲ့ချောင်က လူကုံထံမိသားစုမှ သခင်မလေးတစ်ယောက်ရဲ့ သွင်ပြင်မျိုး ထိန်းထားနိုင်ဖို့အရေးကို အလွန်အာရုံစိုက်နေတာပင်။

ရှဲ့ဖင်းကန်း စဉ်းစားပြီးတဲ့နောက် “ ငါတို့မိသားစုက ငွေသိပ်မရှိဘူးဆိုပေမဲ့၊ အခု သေသွားရတဲ့ သူက ငါနဲ့ စေ့စပ်ထားတဲ့သူ၊ သုန့်မိသားစုကတော့ ဆရာတစ်ယောက်ငှားဖို့ ကျိန်းသေပေါက် ပိုက်ဆံသုံးချင်မှာ မဟုတ်ဘူး။ မနက်ဖြန်ကျမှ ငါ မင်းကိုပိုက်ဆံပေးလိုက်မယ်၊ ဆရာမမော့ကို ငါ့ကိုယ်စားပေးပေးပြီးတော့ သုန့်မိသားစုက သခင်မလေး ပြန်ဝင်စားလို့ရအောင် ကူညီပေးဖို့ ပြောပေး သူ့ရဲ့ ဝိဉာဉ်ကို မြန်မြန်လေး လွှတ်ပေးရမယ်”

“ ဟုတ်ကဲ့” ရှဲ့ချောင်ရဲ့ မျက်နှာက လိမ္မာရေးခြား ရှိမှု အပြည့်။

“မင်္ဂလာပွဲက စီစဉ်ပေးပြီးနေပြီကို…. တကယ် နစ်နာ

တာပဲ” ရှဲ့ဖင်းကန်းက ‘ဟွန်း’ ခနဲ အသံပြုလိုက်၍ “ဆရာမမော့နဲ့ တော်ဝင်မင်းဆရာ ပြောသွားတာ မှန်တယ်၊ ငါက အရမ်းကိုမှ အံ့ဩစရာကောင်းနေတဲ့သူဆိုတော့ ဘယ်အမျိုးသမီးကမှ ငါနဲ့ မထိုက်တန်ဘူး”

ထိုသို့ ပြောလိုက်တော့မှပဲ ရှဲ့ဖင်းကန်း နေသာထိုင်သာ ရှိသွားတော့သည်။

ကျောက်ရွှမ်ကျင်းကတော့ သူကို အသာစိုက်ကြည့်လိုက်၏။

သူ့ရှေ့မှာ ကိုယ့်ကိုကိုယ် အမွှမ်းတင်ရဲတဲ့သူဆိုလို ရှဲ့ဖင်းကန်း တစ်ယောက်သာ ရှိသည်။

သို့သော်လည်း ဇနီးတစ်‌ယောက်မရှိတော့တဲ့ သူ့ရဲ့ သနားစရာကောင်းတဲ့ ဘဝကို မြင်မိပြီး သူဘဝင်ခိုက်နေတာကို ဖျက်လိုဖျက်ဆီး မလုပ်ပစ်ရက်။

ရှဲ့ဖင်းကန်း၌ ကိုယ်ပိုင်ငွေများစွာ ရှိသည်။ အစကတော့ ရှဲ့ချောင်နှင့် ရှဲ့ရှီတို့ရဲ့ ခန်းဝင်ငွေ အဖြစ် ပေးရန်စီစဉ်ထားပေမဲ့ အခုတော့ ငွေစ ၅၀၀ ကို ထုတ်ပြီး ကြမ္မာဥယျာဉ်ဆီ ပို့ခဲ့လေသည်။

သူ ငွေစတစ်ရာလောက်ကိုသာ ထုတ်ဖို့ ရည်ရွယ်ထားပေမဲ့ ထိုငွေပမာဏက ဆရာမမော့ကို ငှားဖို့ မလုံလောက်ဘူးဟု တွေးမိတာကြောင့်…

ကြမ္မာဥယျာဉ်ကနေ ထွက်လာပြီးတဲ့နောက် ရှဲ့ဖင်းကန်းသည် လူတချို့လွှတ်ပြီး ငွေမှုန့်အကြောင်း စုံစစမ်းစေခဲ့သည်။

သုန့်မိသားစုထဲက လေထုအခြေနေက တင်းမာနေသည်။

သုန့်သခင်ကြီးသည်လည်း သူ့သမီးကို ဘယ်သူသတ်

သွားလဲဆိုတာ မသိသော်ငြား သူ ခန့်မှန်းမိတာတွေတော့ ရှိသည်။

သူ အရှေ့တစ်ညက အကြောင်းကို ပြန်စဉ်းစားကြည့်ခဲ့သည်။ သူ့မှာ တရားဝင်သမီးနှစ်ယောက်နှင့် တရားမဝင် သမီးနှစ်ယောက် ရှိပေမဲ့ တရားမဝင်သမီးနှစ်ယောက်က ငယ်ငယ်လေးသာ ရှိကြသေးသည်။ သူ့မှာ တရားဝင် သားနှစ်ယောက်လည်း ရှိနေသည့်တိုင် သူတို့က သူ့လက်ရှိမိန်းမ မွေးထားသည့် သားများ ဖြစ်ကြသည်။ သူတို့က များသောအားဖြင့် ကျောင်းတော်တွင်သာ ပညာဆည်းပူးနေတတ်ကြကာ ထိုတရားဝင်သားများရဲ့ ကြီးပြင်းလာမှုအပေါ် သူတန်ဖိုးထားသည်။ ဒါကြောင့် အိမ်တော်မှာ ဖြစ်ပျက်နေတာတွေကို သူတို့ သိပ်ပြီး မသိကြ။

သူ တွေးကြည့်ပြီးတဲ့နောက် သခင်မ၊ အကြီးဆုံးသမီးနဲ့ အဒေါ်တန့် တို့ကိုသာ စဉ်းစားမိသည်။

ထိုလူသုံးယောက်စလုံးသည် အလွန်အရေးပါ၏။

အဒေါ်တန့် သည် ပထမဇနီးရဲ့ညီမ ဖြစ်၍ သူမအပေါ် သူ အလွန် နှစ်သက်မိသည်။

လူသတ်သမားက ဘယ်သူပဲဖြစ်နေနေ၊ သုန့်မိသားစုအတွက် သတင်းကောင်းဖြစ်လိမ့်မည်မဟုတ်။

သူ အတွေးထဲမြောနေစဉ် သူရဲ့ ပထမသမီး ရောက်လာခဲ့သည်။

“ အဖေ..” သုန့်ရှီးယွင်ရဲ့ မျက်‌လုံးများမှာ ဖူးယောင်နီရဲနေ၏။ “ အဲ့ငွေမှုန့်က ဘယ်ကနေ ရောက်လာတာလဲ။ အဖေ သေချာ ရှာရမယ်၊ အထိန်းတော်လုပ်တာ မဖြစ်နိုင်ဘူး၊ သမီးတော့ မယုံဘူး!”

သုန့်ရှီးယွင်ရဲ့ ဒေါသ‌ထွက်နေပြီး ဇွဲကောင်းနေသည့် ပုံစံကို မြင်ရသည့်အခါ သုန့်သခင်ကြီးအနည်းငယ် စိတ်သက်သာရရသွားခဲ့၏။ “ဒီ အကြောင်း ထပ်မစ

ဥ်းစားနဲ့‌တော့၊ ရှာတွေ့တော့ရော ဘာများကောင်းတာ ရှိမှာမလို့လဲ၊ သမီးရဲ့ ညီမက သေသွား‌ပြီနေပြီ၊ ဘဝဆိုတာ…”

“ အဖေ၊ သူက သမီးရဲ့ ညီမအရင်း‌ပါ! သူ့ကို မတရားသဖြင့် သေသွားစေလို့ ဘယ်ဖြစ်မလဲ။ နောက်ပြီး.. အဲ့ဒီ ရှဲ့သခင်မလေးနဲ့ သမီးတို့က ဆက်ဆံရေး သိပ်ကောင်းနေတာ မဟုတ်ဘူး။ သူမ အိမ်ရှေ့စံမင်းသားရဲ့ရှေ့မှာပေါက်တက်ကရတွေ လျှောက်ပြောချင် ပြောနေမှာ။ အဲဒါကြောင့် အိမ်ရှေ့စံမင်းသားနဲ့ တခြားသူတွက သမီးကို လူသတ်သမားလို့ ထင်နေတာပေါ့။ အဖေတောင်သမီးကို သံသယဝင်တယ်မလား။ အမှန်တရားကိုသာ ရှာမတွေ့ရင် သမီး အေးအေးချမ်းချမ်းနဲ့ စားဝင် အိပ်ပျော်တော့မှာ မဟုတ်ဘူး!”

သုန့်သခင်ကြီးသည်လည်း အပြစ်ရှိသလို ခံစားသွားရသည်။

သူ ခုနတုန်းက တကယ်ကို အတွေးများနေခဲ့တာပင်။

“ ရှီးအာ ၊သမီး စတုတ္ထမင်းသားကို လက်မထပ်ချင်ဘူးလား။ သမီးသာ ဒီကိစ္စကို စေ့စေ့ပေါက်ပေါက် လိုက်ဖော်နေမယ်ဆိုရင် သမီးရဲ့ မင်္ဂလာပွဲပျက်သွားမှာ အဖေ စိုးရိမ်တယ်။ အဲ့လိုဆို ဘယ်လို လုပ်မလဲ။ အဖေ ပြောတာကို နားထောင် စမ်းပါ။ အိမ်မှာနေပြီး မင်္ဂလာပွဲအတွက် ထိုင်စောင့်နေ။ ဒီကာလ အတွင်း.. အဖေတို့ မိသားစုမှာ တစ်ခုခု ထပ်ဖြစ်လာမှာမျိုး.. ခွင့်မပြုနိုင်ဘူး”

“ အဖေ.. ပြောချင်တာက.. အမေက..” သုန့်ရှီးယွင်က အချိန်ကိုက် ပါးစပ်ပိတ်လိုက်ပြီး မျက်ရည်များ စီးကျလာကာ ထိန်းချုပ်နေရသည့် ပုံ ဟန်ဆောင်နေလေ၏။

သုန့်သခင်ကြီးသည် အဒေါ်တန့် အား ပိုပြီး သံသယဝင်မိသည်။ နောက်ပြီး ဒီနှစ်တွေထဲမှာ သူ့ရဲ့ ဒုတိယသမီးက အဒေါ်တန့် ကို အလွန် သဘောမကျဖြစ်ခဲ့

ကာ ရိုရိုသေသေ ပြုမူခြင်းမျိုးလည်း မရှိခဲ့။

အ‌ဒေါ် တန့် ရဲ့ နှလုံးသားထဲ နာကြည်းချက်တချို့ရှိနေလောက်တာ ဖြစ်နိုင်သည်။

သို့ပေမဲ့ သူ့ရဲ့ သမီးကြီး အခုလို ပြုမူနေတဲ့ ပုံကို မြင်ရတဲ့အခါ သူ့ရဲ့ သုံးသပ်ချက်တို့ကို ပြန်ပြီး သံသဝင်နေမိတော့သည်။

သူဦးနှောက်ထဲ ဇဝေဇဝါ ဖြစ်နေရလေပြီ!

•••••

All Chapters