← Chapters

ကံဆိုးနေခြင်း

Vol. 40 Ch. 779

ကံဆိုးနေခြင်း

Vol. 40 Ch. 779

သုန့်သခင်ကြီးမှာ စိတ်ထဲမသက်မသာ ဖြစ်မိနေ၏။ စဉ်းစားကြည့်ပြီးတဲ့နောက် သူ့သမီးကို တတ်နိုင်သမျှ မြန်မြန် မြုပ်ပစ်ဖို့ပြင်ဆင်လိုက်၏။ ဒါမှသာ မှုခင်းစီရင်ရေးဌာနက ဝင်စွက်ဖက်ခြင်း မရှိတော့မှာပင်။

သုန့်သခင်မနှင့် အဒေါ်တန့်တို့ကတော့…

သုန့်သခင်မသည် သူ့ရဲ့ သားနှစ်ယောက်ကိုမွေးပေးခဲ့တာဖြစ်၍ မိသားစုအတွက် အရေးပါသည်။ သူမ တကယ်ပဲ အမှားလုပ်မိခဲ့တယ်ဆိုရင်တောင်၊ ဂုဏ်သိက္ခာအတွက် ဒီတစ်ခါတော့ သူမကို အပြစ်ပေးမည်မဟုတ်။

ခဏလောက်တော့ လစ်လျူရှုထားဦးမည်ပေ။

ကံဆိုးချင်တော့ သုန့်သခင်ကြီး သူ့ဇနီးကို လစ်လျူမရှုရသေးခင်၊ မင်းကြီးက သူ့အား နန်းတော်သို့ ဆင့်ခေါ်ခဲ့သည်။

“ သုန့်ဝန်ကြီးရဲ့ သမီး ဆုံးသွားပြီဆို?” နန်းတွင်း စာဖတ်ခန်းထဲ၌ အရှင်မင်းကြီးအပြင် အိမ်ရှေ့စံမင်းသားလည်း ရှိနေခဲ့သည်။

သုန့်သခင်ကြီးမှာ နဂိုကတည်းက အဆင်မပြေရတဲ့ထဲ အခုလည်း အိမ်ရှေ့စံမင်းသားက မင်းကြီးကို ဘာတွေ ပြောထားပြီးပြီလဲ သူ မသိရ!

“ ဟုတ်ပါတယ်” သုန့်သခင်ကြီး စိတ်လှုပ်ရှားနေခဲ့သည်။

“ကိုယ်တော် ဒီနေ့ အဲ့သတင်းကို ကြားတော့ တော်ဝင်မင်းဆရာကို ခေါ်ပြီး တွက်ချက်ကြည့်ခိုင်းလိုက်

တယ်.. ရလဒ်ကတော့.. ဝန်ကြီး သုန့်ရဲ့ ပထမသမီးနဲ့ ကိုယ်တော့်ရဲ့ စတုတ္ထသားတော်နဲ့က လိုက်ဖက်ကြတယ်...ဒါပေမဲ့ သူမက တော်ဝင်မိသားစုနဲ့ လက်ထပ်ဖို့ သင့်တော်မနေဘူး။ သူက အရမ်းကိုမှ ကောင်းချီးပေးခံထားရတဲ့သူတစ်‌ယောက်ဆိုတော့ ဒါတွေကို သည်းခံနိုင်မှာ မဟုတ်ဘူး။ သူ့ကို ဒုက္ခမရောက်အောင် ကာကွယ်ဖို့ဆိုရင် ဒီ မင်္ဂလာပွဲကိစ္စကို မေ့လိုက်ကြတာပေါ့” မင်းကြီးရဲ့ စကားတွေက လုံးဝကို အဓိပ္ပါယ်ရှိမနေခဲ့ချေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက ဒီမင်္ဂလာကိစွကို ဖျက်သိမ်းချင်နေတာပင်။

လူတိုင်း အကျည်းတန်စေမယ့် အဖြစ်ကို ရှောင်ရှားဖို့အတွက် ဒီကိစ္စကို ကံကောင်းမှုနဲ့ ရောပြီးပြောဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သည်။

သုန့်သခင်ကြီးကတော့ အံ့ဩလွန်း၍ ပြောစရာစကား ပျောက်ဆုံးနေလေပြီ။

“ အရှင်မင်းကြီး.. ကျွန်တော်မျိုးရဲ့ သမီးဖြစ်သွားတာက… မ‌တော်တဆ သက်သက်ပါ”

“ ဝန်ကြီး သုန့်၊ အရင်တစ်ခေါက် မင်းရဲ့ပထမသမီး နန်းတော်ထဲကိုဝင်တဲ့အချိန်တုန်းက သူရဲ့ အပြုအမူတွေက နည်းနည်း ဆိုးသွမ်းခဲ့တယ်။ ဒါပေမဲ့ သူကငယ်သေးတာပဲလေဆိုပြီး ကိုယ်တော် တွေးမိလို့ သူ့(မ)ကို ပြင်းပြင်းထန်ထန်အပြစ်မပေးခဲ့တာ။ ဒါပေမဲ့ မနေ့တုန်းက မင်းရဲ့အိမ်မှာ မင်းရဲ့သမီးက ကြင်ရာတော်မင်းသမီးကို ထပ်ပြီး ခြိမ်းခြောက်လို့ ကြင်ရာတော်မင်းသမီးခမျာ နှလုံးခုန်မြန်ပြီး အသက်တောင်ပျောက်တော့မလို ဖြစ်သွားရတယ်ဆို။ မင်းရဲ့ သစ္စာစောင့်သိမှုကို ထောက်ထားပြီး ဂုဏ်သိက္ခာကို ကာကွယ်ပေးထားတာ”

ဝန်ကြီးသုန့်က ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ တော်‌တယ်ဆိုပေမဲ့ သူ့အိမ်တွင်းရေးကိုတော့ ကောင်းကောင် စီမံနိုင်ခြင်း မရှိခဲ့ချေ။

သုန့်သခင်ကြီးမှာ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားရသည်။

မနေ့တုန်းက သူ့သမီးက ရှဲ့ချောင်နား နည်းနည်းလေး ကပ်သွားတယ်ဆိုရုံလေး၊ ပြီးတာနဲ့ အိမ်ရှေ့စံမင်းသားဆီကနေ အပြင်ကို ပစ်ထုတ်တာခံလိုက်ရတာလေ၊ ခြိမ်းခြောက်တယ်လို့ သတ်မှတ်လို့တောင် မရဘူး!

မင်းကြီးကသာ ပြစ်မှုဟု သတ်မှတ်ချင်နေတာဆိုလျှင် သူ လုပ်ဖို့ကို တုံ့ဆိုင်းနေမှာ မဟုတ်ချေ။

မင်းကြီးက ဒီမင်္ဂလာပွဲနဲ့ ပတ်သက်ပြီး သဘောမကျတော့ဘူး!

“ အမိန့်တော်မြတ် အတိုင်းပါ၊ ကျွန်တော်မျိုး အိမ်ပြန်ရောက်တဲ့ အခါကျရင် သမီးအတွက် ခင်ပွန်း

ကောင်းတစ်ယောက်ကို ရှာပေးလိုက်ပါ့မယ်” သုန့်သခင်ကြီးသည် အင်မတန်ကိုမှ နှိမ့်ချနေခဲ့သည်။

သူ့နှလုံးသားထဲ မကျေမချမ်း ဖြစ်နေမိ၏။

မင်းကြီးလည်း မြင်နေရတာကြောင့် “ ဝန်ကြီး သုန့်မှာ တရားဝင် သားနှစ်ယောက်ရှိတယ်မလား၊ အသက်ဘယ်လောက် ရှိသွားကြပြီလဲ”

“ အရှင်မင်းကြီး၊ ကျွန်တော်မျိုးရဲ့ သားကြီးကတော့ ဒီနှစ်ဆိုရင် ၁၃ နှစ်ရှိပါပြီ၊ သားငယ်ကတော့ ကိုးနှစ်ပါ”

“ ကိုးနှစ်? ကိုယ်တော့်ရဲ့ ပဉ္စမသားတော်နဲ့ မတိမ်းမယိမ်းပဲ။ အခုသားတော်က စာလေ့လာဖို့ အဖော်လိုနေတာ၊ နောက်နေ့ကျရင် သူ့ကို နန်းတော်ထဲ ပို့လိုက်လေ။ သူသာ ကဗျာ‌နဲ့ စာပေပညာမှာ ကျွမ်းကျင်တယ်ဆိုရင် ပဉ္စမမင်းသားရဲ့ စာလေ့လာဖော် ဖြစ်လာနိုင်တယ်၊ ဝန်ကြီးသုန့်ရော ဘယ်လိုထင်

လဲ”

သုန့်သခင်ကြီး ဆန္ဒမရှိပဲနေမလား?

ပဉ္စမမင်းသားရဲ့နောက်ခံက အိမ်ရှေ့စံမင်းသားတို့ စတုတ္ထမင်းသားတို့နဲ့ ယှဉ် လို့မရဘူးဆိုပေမဲ့ ဘာပဲဖြစ်‌ဖြစ် သူလည်းမင်းသားတစ်ပါးပဲလေ!

စာလေ့လာဖော် တစ်ယောက်အနေနဲ့ဆိုရင် အတူတူစား၊ အတူတူသောက် ၊ စာအတူတူ လေ့လာကြမှာ၊ သူတို့ရဲ့ ဆက်ဆံရေးကလည်း အရမ်းရင်းနှီးမှာပဲ။ နောက်ဆုံးကျရင် ပဉ္စမမင်းသားက ဘုရင်ခံဘွဲ့လောက်ပဲ ရမှာဆိုပေမဲ့ ပထမဇနီးကရတဲ့ ဒုတိယသားဖြစ်တဲ့ သူ့ရဲ့ အနာဂတ်ကြီးကတော့ သေချာပေါက် တောက်ပနေတော့မှာ!

“ ကျွန်တော်မျိုး အမိန့်တော်ကို လက်ခံပါတယ်၊ ကျေးဇူး ကြီးမြတ်လှပါတယ်” သုန့်သခင်ကြီးက အ

မြန် ပြန်ဖြေလိုက်၏။

အခုလေးတင် ဆုံးရှုံးမှုကို ခံစားနေရတာတွေက ချက်ချင်းဆိုသလို ပြန်လည် ပြည့်သွားခဲ့တော့သည်။

နန်းတော် စာကြည့်ခန်းထဲက ပြန်ထွက်လာတဲ့အချိန်၊ သူ့ရဲ့ခြေထောက်တွေက တိမ်တွေပေါ်မှာလမ်းလျှောက်နေသည့်အလား။

မင်္ဂလာပွဲကဖျက်သိမ်းလိုက်ရပြီဆိုပေမဲ့ မင်းကြီးက သူ့သားကို သူ့သားတော်ရဲ့ စာလေ့လာဖော် ဖြစ်ခွင့်ပေးခဲ့သည်။ ဒါက မင်းကြီး သူ့ကို မမုန်းဘူးဆိုတာ သက်သေပြနေတာပင်။ ၎င်းက သူ့ကို စိတ်သက်သာရာရစေတယ်!

သို့သော်…

အိမ်ရှေ့စံမင်းသားက သဘောထားသေးသိမ်လွန်းသည်။

ဒီလို ကိစ္စသေးသေးလေးကိုတောင် မင်းကြီးဆီသွားပြီး လျှောက်တင်ခဲ့သည်!

သုန့်သခင်ကြီးရဲ့ စိတ်အခြေနေမှာတက်လိုက်ကျလိုက်နှင့် စိတ်ထဲမှာလည်း အတွေးပေါင်း သောင်းခြောက်ထောင် ပြည့်နေလျက်။ ထိုအချိန် ကျောက်ရွှမ်ကျင်းကတော့ အပြစ်ရှိစိတ် နည်းနည်းလေးတောင် ခံစားရခြင်း မရှိခဲ့ချေ။

သူက ထိုသခင်မလေးရဲ့ ကိုယ့်ကိုကိုယ်သာ ကြည့်တတ်တဲ့ ပုံစံကို မြင်ပြီး သူမကို သဘောမတွေ့ခဲ့။

“စတုတ္ထမင်းသားအတွက် ဒီကိစွကို သပ်သပ်ကြီး အမိန့်တော် ထုတ်ပြန်မနေတော့ဘူး။ မင်္ဂလာပွဲကို ရုတ်သိမ်းလိုက်ပြီလို့ပဲ ထားလိုက်တော့။

သက်ရောက်မှုကြီးမားမားတော့ မရှိလောက်ဘူး။ဒါပေမဲ့ သူက ဒီသခင်မလေးကို ငြင်းလိုက်ပြီဆိုတော့ နောက်တစ်ယောက် ထပ်ရွေးရဦးမှာပေါ့…” မင်းကြီး ခေါင်းကိုက်နေရလေပြီ။

•••••

All Chapters