← Chapters

ဆုံးဖြတ်ချက် မချနိုင်

Vol. 40 Ch. 780

ဆုံးဖြတ်ချက် မချနိုင်

Vol. 40 Ch. 780

သုန့်မိသားစု၏ နောက်ခံသည် သန့်ရှင်းတယ်ဟု ယူဆလို့ရနိုင်ပြီး ပြောရလောက်အောင် အင်အားကြီး‌တဲ့ထဲမပါခဲ့။ မုန့်မိသားစုက သုန့်ရှီးယွင်ရဲ့ အရည်အချင်းနှင့် ဂုဏ်သတင်းကို တန်ဖိုးထားနေတာကြောင့်သာ မင်းကြီးက မင်္ဂလာပွဲကို သဘောမတူတာမျိုး မလုပ်ခဲ့တာပင်။

သို့သော် အခုတော့ စတုတ္ထမင်းသားရဲ့ ကြင်ရာတော်နေရာက လစ်လပ်သွားပြီဖြစ်၍ မုန့်မိသားစုကနေ ထိုအကြောင်းကို ဆူဆူညံညံလုပ်လာလောက်သည်။

ကြင်ရာတော် လောင်းများကို ဂရုတစိုက် ရွေးချယ်သင့်သည်ဟု မင်းကြီးတွေးမိသည်။

“ ရွှမ်အာ၊ ယန်မိသားစုက သခင်မလေးကို ဘယ်လို

ထင်လဲ” မင်းကြီးက ရုတ်တရက် မေးလိုက်၏။

ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်လျက်

“ သား‌တော် သူ့ကို မသိဘူး”

“ အဲ့သခင်မလေးက ဘယ်လိုပုံမျိုးလဲဆိုတာ အရေးမကြီးဘူး၊ အဓိကက သူ့ရဲ့စရိုက်က ဆိုးမနေဖို့ပဲ။ တကယ်လို့ နန်းတွင်းစိစစ်ရေးမှူးယန်ရဲ့ သမီးသာ စတုတ္ထမင်းသားနဲ့ လက်ထပ်မယ်ဆိုရင်တော့ နောင်ကျရင် ခမည်းတော်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေသွားနိုင်မှာ”

ဒီအစီအစဉ်က အတော်လေး ကောင်းသည်ဟု မင်းကြီး ထင်နေမိသည်။

ရုံးတော်က မှူးမတ်အရာရှိတွေရဲ့ အကျင့်စရိုက်တွေက ဘယ်လိုမျိုးရှိကြလဲဆိုတာ သူသိသည်။

နန်းတွင် စိစစ်ရေးမှူးယန်သည် သစ္စာရှိကာ ရိုးသားသူတစ်ယောက်ဖြစ်၏။ သူ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ခံယူချက်တွေရှိတယ်လို့ တခြားသူတွေပြောကြမှာကိုသာ စိုးရိမ်သည်။ သူ့သမီးသာ စတုတ္ထမင်းသားကို လက်ထပ်လိုက်ရင် သူ အိမ်ရှေ့စံမင်းသားကို စောဒကတ်တက်ရဲဦးမတဲ့လား?

သူသာ ပြောရဲတယ်ဆိုလျှင်လည်း သစ္စာစောင့်သိခြင်းမရှိ၊ မရိုး‌သားတဲ့သူဖြစ်လိမ့်မည်။

“ စတုတ္ထညီလေးရဲ့ အမြင်ကိုပဲ မေးကြည့်ကြတာပေါ့” ကျောက်ရွှမ်ကျင်းကတော့ အေးအေးလူလူပင်။ သူ့မှာ တခြားဘာအတွေးမှ ရှိမနေခဲ့။

မင်းကြီးသည် သူ့သားရဲ့ အကျင့်ကိုသိတာကြောင့် သူ့ကို ပြန်ခိုင်းလိုက်သည်။ ထို့နောက် သူလည်း တော်ဝင်ကိုယ်လုပ်တော်၏ နန်းဆောင်ကိုသွား၍

ချွေးမရွေးချယ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

သုန့်မိသားစုနှင့် တော်ဝင်မိသားစုကြားက မင်္ဂလာပွဲ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းက အလျင်အမြန်ပျံ့သွားခဲ့၏။

သုန့်မိသားစုနှင့် ဆက်ဆံရေးကောင်းသည့် မိသားစုများက ချက်ချင်းကို လူလွှတ်ပြီး မေးမြန်းခဲ့ကြသည်။

သုန့်သခင်ကြီးမှာ အမှန်တရားကို မပြောရဲတာကြောင့် ရှင်းပြဖို့အတွက် မင်းကြီးရဲ့ဆင်ခြေတွေကိုပဲအသုံးချလိုက်ရသည်။

အိမ်ကသမီးဖြစ်သူက ကံဆိုးနေပြီးတော့ သူ့အသက်ဆုံးရှုံးမှာ စိတ်ပူနေတယ်!

“ သတင်းဆိုး.. ပထမသခင်မလေး.. စတုတ္ထမင်းသားနဲ့ သခင်မလေးတို့ရဲ့ မင်္ဂလာပွဲက အကျုံးမဝင်တော့ဘူးဆိုပြီး အပြင်က လူတွေ ပြောနေကြပါတယ်” သုန့်ရှီးယွင်သည် အိမ်ထဲမှာပဲ နေနေခဲ့တာကြောင့် အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိခဲ့။ အစေခံမလေးက အပြေးရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောပြနေခဲ့၏။

သူမသည် သူမရဲ့ အသက်အရွယ်နဲ့တောင်မလိုက်သည့် ဗုဒ္ဓကျမ်းစာ စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ဖြည်းဖြည်းချင်း ရွတ်လို့နေ၏။ အစေခံမလေးပြောတာကိုကြားလိုက်ရသည်နှင့် ရွတ်ဆိုနေမှူတို့ ရုတ်တရက် ရပ်တန့်သွားသည်။

သူမ ခေါင်းမော့ပြီး အစေခံမလေးအား ကြည့်လိုက်၏ “ နင် ဘာပြောလိုက်တာ?”

“ ထပ်ပြောစမ်း!” သုန့်ရှီးယွင်ရဲ့ လက်တို့ မသိမသာ တုန်ယင်နေသည်။

“သခင်မလေးနဲ့… စတုတ္ထမင်းသားရဲ့ မင်္ဂလာပွဲက… ပျက်သွားပါပြီ.. နန်းတော်ထဲက သတင်းတွေအရတော့… သခင်မလေးက.. ကံဆိုးနေ‌လို့တဲ့..” အစေခံမလေးမှာ ကြောက်အားလန့်အားနှင့်ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေ၏။ သူမရဲ့ အသံတုန်နေသည်မှာ ငိုတော့မည့်အတိုင်း။

သုန့်ရှီးယွင်ရဲ့ လက်တို့ဟာ စာအုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ ဗုဒ္ဓကျမ်းစာ စာအုပ်ကိုတောင် ခြေမွှပစ်တော့မလိုပင်။

“ မဖြစ်နိုင်ဘူး! ငါ ဘာအမှားမှ မလုပ်ခဲ့တာဟာကို.. ဘာလို့ ဖျက်သိမ်းပစ်ရတာလဲ!” သုန့်ရှီးယွင် မတ်တပ်ထရပ်လိုက်သည်။ သူမရဲ့ မျက်လုံးများမှာ ဒေါသမီးများတောက်လောင်နေလျက်။ “ ဒီ နိမ့်ကျတဲ့ အစေခံမကတော့ နင်ငါ့ကို သက်သက်ခြောက်နေတာ မလား!”

“ သခင်မလေး… ကျွန်မမှာ သတ္တိရှိတယ်ဆိုရင်တောင် မလုပ်ရဲပါဘူး” အစေခံမလေးမှာ ငိုကြွေးနေခဲ့သည်။

“ ငါ့အဖေကို တွေ့ချင်တယ်၊ သူ ဘယ်မှာလဲ” သုန့်ရှီးယွင်တစ်ယောက် ဒေါသထွက်လွန်းပြီး တဆက်ဆက်ပင် တုန်နေလျက်။သူမ အံ့ကြိတ်ပြီး မေးလိုက်၏။

“ သခင်ကြီးက ဧည့်သည့်တစ်ယောက်နဲ့တွေ့ဖို့ သွားပါတယ်.. လူတိုင်း ဒီကိစ္စကို သိနေကြပါပြီ”

လူတိုင်းသိနေပြီ?! သူမ တစ်ယောက်တည်း ဒီကိစ္စကို အခုမှ သိတာပေါ့!

အဖေက နန်းတော်က ထွက်လာပြီးတာနဲ့ ဒီလို အရေးကြီးကိစ္စကို သူမကို အရင်မပြောပြဘဲနဲ့

မြို့တော် တစ်ခုလုံးသိသွားအောင် လုပ်တယ်ပေါ့?!

ကံဆိုးတယ်?... အဓိပ္ပာယ်မရှိလိုက်တာ!

အရင်တုန်းက တော်ဝင်မင်းဆရာကတောင် တွက်ချက်ပေးခဲ့သေးတယ်လေ၊ အိမ်ရှေ့စံမင်းသားနဲ့ ရှဲ့ချောင်တို့ရဲ့ ကံကြမ္မာလိုတော့ မဟုတ်ပေမဲ့ သူမရဲ့ မွေးနေ့မွေးနံတွေက စတုတ္ထမင်းသားနဲ့ လိုက်ဖက်တယ်ဆို!

ဘာလို့အခုမှ ကံမကောင်းဘူးဆိုပြီး ပြောနေရတာလဲ?

သုန့်ရှီးယွင်ရဲ့ နှလုံးသားထဲ၌ ဗလာကျင်းနေကာ တွေတွေကြီးဖြစ်နေခဲ့သည်။ အရာအားလုံးက အိပ်မက်လို ဖြစ်နေသလိုမျိုး။

တစ်ခဏအကြာ၌ ၊ ဧည့်သည်တွေ ပြန်သွားပြီဖြစ်ကြောင်း အစေခံမလေးက အကြောင်းကြားလာခဲ့သည်

သူမ ချက်ချင်းပဲ သူမအဖေကို သွားခေါ်ခိုင်းလိုက်သည်။

သုန့်သခင်ကြီးမှာ သူ့သမီးကို မပြောပြချင်လို့မဟုတ်ဘဲ၊ သူ ဘယ်ကဘယ်လိုပြောပြရမလဲဆိုတာကို မသိ၍ပင်။

အခုလို သူ့သမီးက သူ့ကိုခေါ်ခိုင်းလိုက်သည့်အခါ သူ စိတ်ထဲမလုံမလဲဖြစ်မိပြီး ဖြူဖျော့နေတဲ့ကလေးကို တွေ့လိုက်ရသည့်အခါ ပို၍ပင် အပြစ်ရှိစိတ်ဝင်သွားရသည်။

“ ရှီအာ.. ဒီကိစ္စက.. အဖေလည်း မဆုံးဖြတ်နိုင်ဘူး… သမီးက ကြင်ရာတော်မင်းသမီးကို မလေးမစားလုပ်တယ်ဆိုပြီး အိမ်ရှေ့စံမင်းသားက ပြောလိုက်လို့… မင်းကြီးကနေ… ကံကောင်းတာက၊သမီးရဲ့ ဂုဏ်

သတင်းက မပျက်ဆီးသွားပါဘူး”

•••••

All Chapters