ယဲ့ရုန်ရှန်းလား
Vol. 35 Ch. 512
ယဲ့ရုန်ရှန်းကို ကိုင်တွယ်ရန် ပူးပေါင်းသင့်သည်ဟု သူပြောပြီးနောက် လင်းဇီချန်သည် ‘မီးတောက်မှုတ်ထုတ်ခြင်း” ကို အသုံးပြုကာ သူ့ခြေဖဝါးအောက်ရှိ ပင်လယ်မျက်နှာပြင်တစ်ခုလုံးကို ချက်ချင်းလောင်ကျွမ်းသွားစေခဲ့သည်။ မူလစွမ်းအားမြင့်မားသော သူ့အောက်ရှိ ပင်လယ်သည် ကြက်သွေးရောင်မီးတောက်များအတွက် အဆုံးမဲ့လောင်စာများပံ့ပိုးပေးသည်။ မီးတောက်များက ပိုမိုပြင်းထန်လာကာ ခဏအကြာတွင် ပင်လယ်ပြင်တစ်ခုလုံးက မီးပင်လယ်ကြီးဖြစ်သွားသည်။ အလွန်မြင့်မားသော အပူချိန်ကိုထုတ်လွှတ်နေခြင်းဖြစ်၍ လေများပင်အငွေ့ပျံ့သွားသည့်အလားထင်ရသည်။
လင်းဇီချန်သာ မီးတောက်နေသော ပတ်ဝန်းကျင်တွင်ရှိနေသရွေ့ သူ့ကို အဆုံးမဲ့ ပြန်လည်ရှင်သန်စေနိုင်သော မီးလျှံများကြားပြန်လည်ရှင်သန်နိုင်စွမ်းက သူ၏ ခံနိုင်စွမ်းကိုမြင့်မားလာစေသည်။ ယခု မီးအိမ်ထဲတွင် သူ လုံခြုံသည်ဟု ခံစားလာရသည်။
…
အခြားတစ်ဖက်တွင်မူ
ယဲ့ရုန်ရှန်း နှင့် မြို့ခေါင်းဆောင်တစ်စုလုံး အတန်ငယ်အံ့သြသွားကြသည်။ လင်းဇီချန်၏ လုပ်ရပ်များကို ၎င်းတို့ နားမလည်နိုင်ကြပေ။ အကြောင်းပြချက်မရှိဘဲ ပင်လယ်မျက်နှာပြင်တစ်ခုလုံးကို သူ အဘယ်ကြောင့် မီးလောင်တိုက်သွင်းလိုက်ရသနည်း။ သို့သော် ဤအချက်များသည် အဓိက အချက်များမဟုတ်ပေ။ အဓိကအချက်မှာ လင်းဇီချန်က ပင်လယ်မျက်နှာပြင်တစ်ခုလုံးကို မီးလောင်တိုက်သွင်းရန် မည်ကဲ့သို့ လုပ်ဆောင်နိုင်ခဲ့သနည်းဟူသည့်အချက်ပင်ဖြစ်သည်။ သူသည် သူ့ခန္ဓာကိုယ်ထဲတွင် ဆန်းကြယ်သားရဲမျိုးဗီဇမရှိသည့် သွေးသန့်လူသားဖြစ်ကြောင်းထင်ရှားသည်။ ထို့ကြောင့် ဤကဲ့သို့ မယုံနိုင်လောက်အောင် စွမ်းရည်များစွာကို မည်သို့ပိုင်ဆိုင်လာသနည်း။
ယခုအချိန်တွင် ယဲ့ရုန်ရှန်းသည် လင်းဇီချန်ကို လောဘဇောဖြင့် ငေးကြည့်နေရုံသာမက မြို့ခေါင်းဆောင်များကြားတွင်ပင် အချို့က ဆိုးယုတ်သောအတွေးကို တွေးမိလာကြသည်။ လင်းဇီချန်၏ ခန္ဓာကိုယ်က အံ့ဖွယ်ကောင်းလွန်းလှသည်။
သူ့ခန္ဓာကိုယ်ကို ခွဲခြမ်းစိပ်ဖြာကာ ၎င်းနောက်ကွယ်ရှိ အထူးအကြောင်းရင်းများကို နားလည်နိုင်လျှင် ၎င်းတို့၏ ကုန်ဆုံးလုနီးပါး ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းအပေါ် နည်းလမ်းရှာနိုင်လိမ့်မည်ဖြစ်သည်။
ဒဏ္ဍာရီအဆင့်နှင့် ရှေးဘိုးဘေးအဆင့်အကြား သွေးမျိုးဆက်စွမ်းအားအဆင့်များတွင် ထင်ရှားသော သိသာသည့် ကွာဟချက်ရှိသည်။ ဒဏ္ဍာရီအဆင့်သက်ရှိများသည် သက်တမ်းကန့်သတ်ချက်ရှိသည်။ သို့သော် ရှေးဘိုးဘေးအဆင့်များတွင်မရှိပေ။ ရှေးဘိုးဘေးအဆင့်သို့ ဆင့်ကဲပြောင်းလဲခွင့်ရခြင်းသည် ဒဏ္ဍာရီအဆင့်သတ္တဝါတိုင်းအတွက် သေစေလောက်သည့် သွေးဆောင်မှုဖြစ်သည်။ သွေးဆောင်မှုက အလွန်ကြီးမားလှသဖြင့် လူတစ်ဦး၏ လူသားဆန်မှုကို စိန်ခေါ်နိုင်သည်။
…
သူ့ခံစားချက်များကို ထိန်းထားပြီးနောက် ယဲ့ရုန်ရှန်းသည် အောက်ရှိ မီးပင်လယ်ကို ငုံ့ကြည့်ကာ အတွေးတစ်ခုဖြင့် မီးတောက်ကို ငြှိမ်းသတ်နိုင်ရန် ဝိဉာဥ်စွမ်းအားများစွာကို ဖြန့်ခွဲလိုက်သည်။ ပင်လယ်မျက်နှာပြင်တစ်ခုလုံးကို မီးလောင်ကျွမ်းစေခဲ့သည့် လင်းဇီချန်၏ ရည်ရွယ်ချက်ကို မရှင်းလင်းသော်လည်း လင်းဇီချန်အတွက် မသိရသေးသော အကျိုးကျေးဇူးတစ်ခုရရှိနိုင်လိမ့်မည်ဟု ယဲ့ရုန်ရှန်းက တွေးမိသည်။ မဟုတ်ပါက လင်းဇီချန်က ဤသို့လုပ်မည်မဟုတ်ပေ။
ယင်းကိုအခြေခံ၍ မီးကို အမြန်ငြှိမ်းသတ်ခြင်းသည် မှန်ကန်သော လှုပ်ရှားမှုဖြစ်သည်မှာသေချာသည်။ သို့သော် ပင်လယ်ပြင်တွင် တောက်လောင်နေသော အနီရောင်မီးတောက်များသည် မျှော်လင့်ထားသည်ထက် ကိုင်တွယ်ရန် ပိုမိုခက်ခဲခဲ့သည်။ သူသည် တိုက်ခတ်နေသောလေကို တားဆီးရန် သို့မဟုတ် မျက်နှာပြင်မှ ရေကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း၊ ကြက်သွေးရောင် မီးတောက်များသည် အားပျော့သွားခြင်း သို့မဟုတ် ငြိမ်းသွားခြင်း လက္ခဏာများ မပြသဘဲ ဆက်လက်တောက်လောင်နေခဲ့သည်။
ယဲ့ရုန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
ဘာတွေဖြစ်နေတာလဲ
ဘာလို့မီးညှိမ်းလို့မရတာလဲ။
ဒဏ္ဍာရီအဆင့်သို့ တက်လှမ်းကာစဖြစ်သော လင်းဇီချန်ကို ရှေးဘိုးဘေးအဆင့်သို့တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာလိုတော့သော သူက မီးကို အဘယ်ကြောင့် မငြိမ်းသတ်နိုင်ခဲ့သနည်း။ ထို့အပြင် လင်းဇီချန်ကို အစောပိုင်းက လိုက်ဖမ်းစဥ်တွင် သူ၏ အမြန်နှုန်းသည် လင်းဇီချန်ထက် များစွာ မြန်ဆန်ခြင်းမရှိပေ။ အကွာအဝေးက တိုးလာကာ အမြန်အမီလိုက်နိုင်ရန် မျှော်လင့်ချက်မရှိပေ။
လင်းဇီချန်သာ ရပ်လိုက်ခြင်းကြောင့်မဟုတ်ပါက အချိန်အတော်ကြာသွားပေလိမ့်မည်။
သီအိုရီအရ၊ ၎င်းတို့ကြားရှိ သွေးမျိုးဆက်စွမ်းအားအဆင့် သိသိသာသာကွာဟမှုကြောင့်၊ သူချက်ချင်း အမီလိုက်နိုင်သင့်သည်။ လင်းဇီချန်၏ ခန္ဓာကိုယ်သည် စိတ်ကူး၍ မရနိုင်လောက်အောင် အလွန် ကြံ့ခိုင်မြန်ဆန်နေရသည့် ထူးခြားချက်က အဘယ်နည်း။ ဤသံသယများနှင့် ယဲ့ရုန်ရှန်းသည် လင်းဇီချန်၏ မျက်နှာကို တည့်တည့်ကြည့်ကာ တည်ငြိမ်စွာပြောသည်။
“အတန်းဖော် လင်း မင်းရဲ့ ခန္ဓာကိုယ်က တကယ်ကို မယုံနိုင်စရာ စွမ်းရည်တွေအများကြီးရှိတာပဲ”
"စွမ်းရည်တစ်ခုစီမှာ ဒဏ္ဍာရီဆန်ဆန်ပုံသဏ္ဍာန်တစ်ခုစီရှိနေတယ်။"
"အချိန်ပေးလိုက်ရင် မင်းက ရှေးဘိုးဘေးအဆင့်ကို တက်နိုင်ပြီး လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်ဖြစ်လာဖို့ ရည်မှန်းချက်ရှိတယ်”
“ဒါပေမယ့် မင်းက ငယ်သေးတော့ ဆင့်ကဲပြောင်းလဲမှုကို လုံလုံလောက်လောက် နားမလည်သေးဘူး။ အဲ့လိုမျိုး ခန္ဓာကိုယ်ရဲ့အလားအလာကို အမြင့်ဆုံးအထိ ချဲ့ထွင်နိုင်ဖို့ ခက်ခဲလိမ့်မယ်”
“မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့ကို လွှဲပေးရင် ငါ သူ့ရဲ့ အဆုံးစွန် အလားအလာကို မြှင့်တင်ပေးမယ်။ မင်းအတွက်လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်ဖြစ်လာပေးပါရစေ”
"…"
"ဒီသစ္စာဖောက်က ထိုက်တန်တယ်ထင်လား”
လင်းဇီချန်က မတုံ့ပြန်မီတွင်၊ မြို့အရာရှိတစ်ဦးသည် ဒေါသအမျက် အပြည့်ဖြင့် ယဲ့ရုန်ရှန်းကို ကျိန်ဆဲလိုက်သည်။ ယဲ့ရုန်ရှန်းသည် ဆဲဆိုသံကို ကြားသော်လည်း လုံးဝလျစ်လျူရှု့ထားကာ လင်းဇီချန်ကိုသာ အာရုံစူးစိုက်ခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင်ရှိသော အပေါင်းအဖော်များအားလုံးသည် ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူများဖြစ်ကြကာ ၎င်းတို့၏ ကိုယ်ပိုင်ခွန်အားကိုမြှင့်တင်နိုင်ရန် သွေးအနှစ်သာရကိုပင် စတေးထားခဲ့ကြသော်လည်း ဆန်းကြယ်သားရဲအဖြစ်အပြည့်အဝ ပြောင်းလဲသွားသော ယဲ့ရုန်ရှန်းအတွက်မူ ပုရွက်ဆိတ်များသာဖြစ်သည်။ သူ၏ အဓိက ယုံကြည်ချက်မှာ လူတစ်ဦးသည် လုံလောက်သော ကြံ့ခိုင်မှုရှိပါက အခြားသူများကို လျစ်လျူရှု့ထားနိုင်သည်ဟူ၍သာဖြစ်သည်။
"ခန္ဓာကိုယ်ကို လွှဲပေးဆိုတာ ဘာကိုဆိုလိုတာလဲ”
လင်းဇီချန်က သူ့ရှေ့မှ ယဲ့ရုန်ရှန်းကိုကြည့်ကာ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များနှင့် ဝိဉာဥ်စွမ်းအင်များကို ဒေါသတကြီးစုစည်းလျက် အေးအေးဆေးဆေးမေးလိုက်သည်။
ယဲ့ရုန်ရှန်း၏ မျက်နှာသည် ရှေးခေတ်ရေတွင်းကဲ့သို့ တည်ငြိမ်နေသည်။
“ရှင်းပြနေစရာ မလိုဘူး”
သူစကားပြောပြီးသည့်အခိုက်တွင် သူ၏ရုပ်သည် ဖျတ်ခနဲ သူ၏မူလနေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
သူပြန်ပေါ်လာသောအခါတွင် သူသည် လင်းဇီချန်၏ လက်တစ်ကမ်းအကွာတွင်ရှိနေသည်။
‘အရမ်းမြန်တယ်’
လင်းဇီချန်၏ နှလုံးသားထဲမှ ထိတ်လန့်သွားသည်။ ခန္ဓာကိုယ်ကြီးသော ယဲ့ရုန်ရှန်းသည် ထိုသို့သောအရှိန်ဖြင့်ပြေးနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
အမြန်နှုန်းက မြန်လွန်းသဖြင့် အချိန်မီ မတုံ့ပြန်နိုင်တော့ပေ။
ဝှစ်
စူးရှသော လေသံထွက်ပေါ်လာသည်။ ယဲ့ရုန်ရှန်းသည် အဆုံးမဲ့သော သွေးစွမ်းအင်များဖြင့် သူ၏ကြီးမားသော လက်သီးဖြင့်ထိုးနှက်လိုက်ရာ လင်းဇီချန်၏ ခေါင်းကို ပြင်းပြင်းထန်ထန် ချိန်ရွယ်လိုက်သည်။ ဤကမ္ဘာမြေကြီးကို ဖြိုခွင်းနိုင်သော လက်သီးသည် ဒဏ္ဍာရီပဥ္စမအဆင့်တွင်သာရှိသေးသည်။ ရည်ရွယ်ချက်မှာ လင်းဇီချန်၏ ခွန်အားကို စမ်းသပ်ရန် ဖြစ်ကာ သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေခြင်းမရှိခဲ့ပေ။ အင်အားအပြည့်ဖြင့် ထိုးသတ်လိုက်ခြင်းကေကြာင့် လင်းဇီချန်ပင်လျှင် အခင်းနေရာ၌ သွေးအခိုးအငွေ့အဖြစ်ပြောင်းလဲကာ ချက်ချင်းသေဆုံးသွားမည်ကို စိုးရိမ်ခဲ့သည်။ ဤသည်က သူမြင်ချင်သောရလဒ်မဟုတ်ပေ။ သူလိုချင်သည်မှာ လင်းဇီချန်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင့်ရရန်သာဖြစ်သည်။
ထို့ကြောင့် လင်းဇီချန်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အတတ်နိုင်ဆုံးသေချာစေရန် လုပ်ဆောင်ရပေမည်ဖြစ်သည်။
လင်းဇီချန်၏ အကောင်းဆုံးဆန္ဒကို ဖျက်ဆီးရန် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့ခန္ဓာကိုယ်ကို ထိခိုက်စေမည်မဟုတ်ပေ။ သို့သော် ယင်းမတိုင်မီတွင် သူပိုင်ဆိုင်ရတော့မည့် ရှေးဘိုးဘေးအဆင့်ဂုဏ်ရည်များနှင့်အတူ ခန္ဓာကိုယ်ကို ပဏာမနားလည်မှုရရန် လင်းဇီချန်၏ ခန္ဓာကိုယ်အား ခွန်အားကို စမ်းသပ်ရန် လိုအပ်သည်။
ဝှစ်
လက်သီးချက်များ နီးကပ်လာသည်နှင့်အမျှ လေသံများက ပိုကျယ်လောင်လာသည်။
လင်းဇီချန်သည် အစပိုင်းတွင် ရှောင်တိမ်းချင်သော်လည်း ယဲ့ရုန်ရှန်း၏ လက်သီးချက်စွမ်းအားကို ခံစားလိုက်ရသဖြင့် သူထင်ထားသလောက် ကြောက်မက်ဖွယ်မကောင်းကြောင်း သိလိုက်ရသည်။
ထို့ကြောင့် ရှောင်ရန်မဆုံးဖြတ်ဘဲ ၎င်း၏ကြီးမားလှသော သွေးစွမ်းအင်အပြည့်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဘမ်း
ပေါက်ကွဲသံသည် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ သွေးစွမ်းအင်ဖြင့် ဖုံးလွှမ်းနေသည့် လက်သီးနှစ်ဖက်လုံး ထိပ်တိုက် ထိမှန်သွားကာ ပြင်းထန်သော စွမ်းအင်ကို သယ်ဆောင်လာကြသည်။ တစ်ခဏချင်း၌ပင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးက ၎င်းတို့ နှစ်ဦးကြားမှ ပြင်းထန်စွာ ပျံ့နှံ့သွားသည်။ လှိုင်းလုံးကြီးပေါက်ကွဲထွက်လာကာ လေထုသည် ပင့်ကူအိမ်ကြီးအဖြစ်သို့ အက်ကွဲသွားသည်။ ၎င်း၏ စွမ်းအားက အလွန်ကြီးမားလွန်းလှသည်။ အနီးနားရှိ မြို့ခေါင်းဆောင်များကိုပင် မီတာပေါင်းများစွာ လွင့်ထွက်သွားစေခဲ့သည်။
အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးနှင့် အခြားသူနှင့် ရန်ဖြစ်ရာမှ ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးဖြင့် ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူများကို စေလွှတ်လိုက်ခြင်းသည် လုံးဝအရှက်ရစေသည်။ ထို့နောက် စက္ကန့်အနည်းငယ်မျှကြာပြီးမှသာ ကြောက်မက်ဖွယ်လှိုင်းလုံးကြီးက ပျောက်ကွယ်သွားခဲ့သည်။
ထိုလှိုင်းလုံးကြီးပျောက်ကွယ်သွားသောအခိုက်၌ ဧရာမလူရိပ်ကြီးတစ်ခုက အရှိန်ပြင်းပြင်းဖြင့် လွင့်ထွက်သွားသည်။ မီးပွားများက ကောင်းကင်ယံ၌ ပျံဝဲကာ ပျက်ပြယ်နေသော အကွဲအပြဲများစွာကို ဖြိုခွဲပစ်လိုက်သည်။
မြို့ခေါင်းဆောင်များက လွင့်ထွက်လာသော ပုံသဏ္ဍာန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
နောက်ဆုံး၌ ၎င်းတို့ သတိထားမိလိုက်သောအခိုက်အတန့်တွင် အားလုံး၏ မျက်နှာများ၌ တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြစ်ပေါ်လာသည်။
လွင့်ထွက်သွားသူမှာ သစ္စဖောက် ယဲ့ရုန်ရှန်းပင်ဖြစ်သည်။
ဘာတွေဖြစ်နေတာလဲ။
လင်းဇီချန်က ဒါကို ဘယ်လိုလုပ်နိုင်တာလဲ။
ယဲ့ရုန်ရှန်း ခုဏက ထိုးလိုက်တဲ့လက်သီးက အဆင့်နိမ့် ဒဏ္ဍာရီအဆင့်ထက် အများကြီး မြင့်တယ်လေ။
နေရာ၌ ရှိနေသူ အများစုက ထိုလက်သီးကို ခံနိုင်ကြမည်မဟုတ်ပေ။ သို့သော် လင်းဇီချန်သည် ယင်းကို တောင့်ခံနိုင်ခဲ့ရုံမျှမက ယဲ့ရုန်ရှန်းကိုလည်း လွင့်ထွက်သွားစေနိုင်ခဲ့သည်။ အဆင့်မြင့်ကျွမ်းကျင်သူများကို စိန်ခေါ်လိုက်သည့် ပြင်းထန်သော စိန်ခေါ်ချက်ကြောင့် မြို့တော်ခေါင်းဆောင်များသည် လုံးလုံး အံ့အားသင့်သွားကာ ၎င်းတို့၏ စိတ်ထဲတွင် အံ့သြထိတ်လန့်မှုများနှင့် မယုံကြည်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။