← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 35 Ch. 514

နောက်ဆုံးတိုက်ပွဲ

Vol. 35 Ch. 514

လက်သီးချက်ကြောင့် လင်းဇီချန် လွင့်ထွက်သွားပြီးနောက် ယဲ့ရုန်ရှန်းသည် နောက်ဆုံးတွင် လင်းဇီချန်၏ကန့်သတ်ချက်ကို တိုင်းတာနိုင်ခဲ့သည်။

ဒဏ္ဍာရီ အဠမအဆင့် နှင့် ဒဏ္ဍာရီအဠမအဆင့် အထွတ်အထိပ်အကြား ခွန်အားကို အသုံးချနိုင်သော ဒဏ္ဍာရီဒုတိယအဆင့် သတ္တဝါ…။

ကွာခြားမှုအတိုင်းအတာမှာ အဆင့်ခြောက်ခုလုံးဖြစ်သည်။

ဒီခန္ဓာကိုယ်ကို မကြာခင် ငါပိုင်တော့မယ်။

အလွန်စိတ်လှုပ်ရှားနေသည့် ဤခံစားချက်ဖြင့် ယဲ့ရုန်ရှန်း သည် သူ၏သွေးစွမ်းအင် နှင့် ဝိဉာဉ်စွမ်းအင်ကို ပေါက်ကွဲစေကာ လွင့်ထွက်သွားသော လင်းဇီချန်ကို အမြန်ဆုံးအမြန်နှုန်းဖြင့် လိုက်ရှာခဲ့သည်။

လင်းဇီချန်၏ ခန္ဓာကိုယ်ကန့်သတ်ချက်ကို စမ်းသပ်ပြီးဖြစ်သည်။

ယခု၊ သူသည် လင်းဇီချန်၏ ဝိဉာဏ်ကို ဖျောက်ဖျက်ရန်နှင့် ၎င်းကို ၎င်း၏ကိုယ်ပိုင်ဖြင့် အစားထိုးရန် ဝိညာဉ်ရေးနည်းများကို အသုံးပြုရန် ရည်ရွယ်ခဲ့သည်။

ဝှစ်

ဝှစ်

ဝှစ်

တဟုန်ထိုး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ပခုံးကျော်သော ဆံပင်ရှိသည့် အမျိုးသမီးတစ်ဦး ဦးဆောင်သော လူအများအပြားသည် သူ၏လမ်းကြောင်းကိုတားရန် ယဲ့ရုန်ရှန်း ရှေ့သို့ ပြေးသွားကာ လင်းဇီချန်မောက်သို့ ဆက်မလိုက်နိုင်စေရန် တားဆီးခဲ့သည်။

ဤသည်ကိုမြင်သောအခါ ယဲ့ရုန်ရှန်း၏ မျက်နှာပေါ်တွင် အထင်အမြင်သေးမှုများ ပေါ်လာသည်။

" ပုရွက်ဆိတ်တစ်စု မင်းတို့အားလုံး ထွက်သွားစမ်း"

စကားများထွက်ပေါ်လာသ်ညနှင့် သူ၏ ဧရာမ အတောင်ပံများသည် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

နောက်တစက္ကန့်တွင် ကြီးမားသော လေလှိုင်းကြီးတစ်ခုက

သူ့ရှေ့မှ ထွက်ပေါ်လာကာ ကမ္ဘာဖျက်စွမ်းအားဖြင့် လမ်းပိတ်ဆို့နေသော လူများဆီသို့ ဦးတည်သွားသည်။

ဤပြင်းထန်သောတိုက်ခိုက်မှုကိုရင်ဆိုင်ရသောအခါ၊ တစ်ဖွဲ့လုံးက ရှောင်တိမ်းရန် ရည်ရွယ်ချက်အနည်းငယ်မျှမပြဘဲ ပြတ်သားသောမျက်လုံးများဖြင့် မတ်တပ်ရပ်နေခဲ့သည်။ သူမသည် ယဲ့ရုန်ရှန်းက အနီးဆုံးနေရာထိ တက်လာသည်အထိ စောင့်နေသည်။

ထို့နောက် အမျိုးသမီးသည် သူ့နောက်မှ လူများကို အော်ပြောလိုက်၏။

"အခု ဖျက်ဆီးတော့”

ဤအခိုက်အတန့်တွင် သူမ၏ အသံထွက်ပေါ်လာသည်။

အမျိုးသမီး၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားဖောင်းကားလာကာ သူမ၏ အရေပြားသည် မရေမတွက်နိုင်သော ကြောက်မက်ဖွယ် အက်ကွဲကြောင်းများဖြင့် ပွင့်ထွက်လျက် ကြီးမား၍ အစွမ်းထက်သော သွေးစွမ်းအားများ ပေါက်ကွဲသွားသည်။

ထို့နောက် နောက်တစ်စက္ကန့်တွင် "ဘမ်း"ဟူသော အသံသာ ကြားလိုက်ရသည်။

အမျိုးသမီး၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပျံ့နှံ့သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲကာ ပေါက်ကွဲမှု အချင်းဝက်အတွင်းရှိ အရာအားလုံးကို အပိုင်းပိုင်းဖြစ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီး၏ နောက်ကွယ်မှ လူအနည်းငယ်သည် ၎င်းတို့၏ နှလုံးသားများကို ဖိကာ မိမိကိုယ်ကို ဖောက်ခွဲခဲ့ကြသည်။

ဘမ်း

ဘမ်း

ဘမ်း

နျူကလီးယားပေါက်ကွဲသံများနှင့်တူသော အသံများ ဆက်တိုက်ထွက်ပေါ်လာရာ တောင်ပိုင်းနယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ဤအတောအတွင်း အက်ကွဲကြောင်းများပြည့်နေသော ကောင်းကင်ကြီးနှင့်အတူ ကြီးမားသောပေါက်ကွဲမှုကြီးသည် ကမ္ဘာ၏အဆုံးသို့ရောက်ရှိလာသကဲ့သို့ တောင်ပိုင်းနယ်မြေ အတွင်းရှိ ကျွမ်းကျင်သူများအားလုံး ထိတ်လန့်တကြားဖြစ်သွားကြသည်။

တစ်ဖက်တွင်

ယဲ့ရုန်ရှန်း၏ လက်သီးချက်ဖြင့် မီတာထောင်ပေါင်းများစွာ လွင့်ထွက်သွားသော လင်းဇီချန်သည် နောက်ဆုံးတွင် သူ့ကိုယ်သူ ခက်ခက်ခဲခဲ ရပ်တန့်နိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် သူသည် ဒွါရခုနှစ်ပေါက်မှ သွေးထွက်နေကာ သူ၏ဝိညာဉ်သည်လည်း ကမောက်ကမဖြစ်လျက် အလွန်ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ အကယ်၍ ၎င်းသည် ပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရကာ ပြင်ပအကူအညီမရှိသော သာမန်ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူဖြစ်ပါက ပြန်လည်ကောင်းမွန်ရန် နှစ်ပေါင်းများစွာ ကြာမည်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အလွန်ထူးခြားသဖြင့် မိမိကိုယ်ကို ကုစားနိုင်သော သွေးမျိုးဆက်စွမ်းအား အမျိုးမျိုးရှိသည်။

ခဏလေးတာအတွင်း၌ပင် သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက လုံးဝပျောက်ကင်း၍ ပြီးပြည့်စုံသည့် အခြေအနေကို ပြန်လည်ရောက်ရှိသွားကာ ဒဏ်ရာရသည့် အရိပ်အယောင်ပင် မမြင်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ် အနေအထား အနည်းငယ် တည်ငြိမ်သွားပြီးနောက်

"ကောင်းကင်မျက်လုံး" နှင့် "အန္တရာယ်သတိပေးချက်" တို့၏ အကူအညီဖြင့် လင်းဇီချန်သည် မီတာထောင်ပေါင်းများစွာအကွာမှ ယဲ့ရုန်ရှန်း ရှိရာ ဦးတည်ရာကို စိုက်ကြည့်နေသည်။

ချက်ချင်းဆိုသကဲ့သို့ သူမြင်လိုက်ရသည်မှာ ကြေကွဲဖွယ် မြင်ကွင်းတစ်ခုဖြစ်သည်။ လေက ပေါက်ကွဲလျက် နေရာအနှံ့တွင် ဖုန်မှုန့်များ ရှိနေသည်။ အတွင်းစွမ်းအင်သည် ဖရိုဖရဲဖြစ်လျက် အလွန်မတည်မငြိမ်ဖြစ်နေသည်။

အချိန်မရွေး ပြင်းထန်သော စွမ်းအင်အတက်အကျများကို ထုတ်ပေးနိုင်သည့် မိုးကြိုးတိမ်ကဲ့သို့ ခံစားရသည်။

ဤသည်မှာ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူများစွာ၏ တပြိုင်နက်တည်း မိမိကိုယ်မိမိဖျက်ဆီးခြင်းမှ ကြွင်းကျန်ရစ်သော စွမ်းအားများဖြစ်ကာ ကြောက်မက်ဖွယ် စွမ်းအင်များ ပါ၀င်နေသေးသဖြင့် မီတာထောင်ပေါင်းများစွာ အကွာမှ လင်းဇီချန်ကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

"ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူတွေ တပြိုင်နက်တည်း ဖောက်ခွဲလိုက်တာက တကယ်ကို ကြောက်စရာကောင်းတယ်။ အဲဒီသစ္စာဖောက် ယဲ့ရုန်ရှန်းကို ဘယ်လောက်ထိ ထိခိုက်နစ်နာစေခဲ့မလဲမသိဘူး..."

လင်းဇီချန်က ယဲ့ရုန်ရှန်း၏ အခြေအနေကို သေသေချာချာကြည့်ရင်း ရေရွတ်လိုက်သည်။

သို့သော် ထိုနေရာရှိ စွမ်းအင်အတက်အကျသည် ယခုအခါ အလွန်မြင့်မားနေပြီဖြစ်သည်။

"ကောင်းကင်မျက်လုံး" နှင့် "အန္တရာယ်ကြိုတင်သိနိုင်စွမ်း" တို့၏အကူအညီဖြင့်ပင် သူသည် မည်သည့်အရာကိုမျှ မမြင်နိုင်၊ ရိပ်မိနိုင်ခြင်းမရှိပေ။ လုံခြုံရေးအတွက် လင်းဇီချန်သည် ချက်ချင်းချဉ်းကပ်ရန် မရွေးချယ်ခဲ့ပေ။

သူ၏သွေးစွမ်းအင် နှင့် ဝိဉာဉ်စွမ်းအင်များကို တစ်ပြိုင်နက်တည်း ထုတ်သုံးကာ မြို့၏ကျန်ရှိနေသည့် ခေါင်းဆောင်များ၏ ဦးတည်ရာဆီသို့ ပျံသန်းသွားခဲ့သည်။

မကြာသေးမီက မိမိကိုယ်မိမိ ဖျက်ဆီးမှုသည် မြို့၏ခေါင်းဆောင် ထက်ဝက်ကျော်ကို စတေးခဲ့သည်။

ယခု မြို့ထဲတွင် အသက်ရှင်ကျန်ရစ်သော ခေါင်းဆောင် လေးယောက်သာရှိတော့သည်။

၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားအဆင့်များသည် အမြင့်ဆုံး ဒဏ္ဍာရီတတိယအဆင့်၊ ဒဏ္ဍာရီဒုတိယအဆင့်၊ မှ အနိမ့်ဆုံးအနေဖြင့် ဒဏ္ဍာရီပထမအဆင့်တို့ဖြစ်သည်။

ဤမြို့ခေါင်းဆောင်လေးဦးသည် ၎င်းတို့၏ဘဝကို ပို၍တန်ဖိုးထားကြသဖြင့် မိမိကိုယ်ကို ဖျက်ဆီးခြင်းတွင် မပါဝင်ခဲ့ကြပေ။ လင်းဇီချန်သည် ထိုဆုံးဖြတ်ချက်ကို နားလည်နိုင်သည်။

သူသာဆိုလျှင်လည်း သူ့ကိုယ်သူ ဖျက်စီးပစ်မည််ဟုတ်ပေ။

သူ့မိသားစုကို ကာကွယ်ရန် သူ့အသက်ကို စောင့်ရှောက်ရန် သူ့ကိုယ်သူ ပထမဦးစားပေးအဖြစ် ထိန်းသိမ်းရန် သူရွေးချယ်ခဲ့သည်။

"မိတ်ဆွေလင်း မင်းဒဏ်ရာက ပြင်းလား”

လင်းဇီချန်သည် ထိုမြို့ခေါင်းဆောင်လေးဦးအနားသို့ ရောက်သွားသည့်အခိုက်၌ တစ်ယောက်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ လူတစ်ယောက်က စကားပြောသောအခါ ကျန်သုံးယောက်က လင်းဇီချန်ကို လှည့်ကြည့်လိုက်သည်။ လင်းဇီချန်သည် ယဲ့ရုန်ရှန်းကို တိုက်ခိုက်ရန် နောက်ဆက်တွဲ စစ်ဆင်ရေး၏ လမ်းကြောင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

လင်ဇီချန်သည် ပြင်းထန်စွာ ဒဏ်ရာရရှိ၍ အခြေအနေ အလွန်ဆိုးရွားပါက ၎င်းတို့လေးဦးသည် အသက်ရှင်၍ သေခြင်းတရားကို ရင်ဆိုင်ရန် အကြောင်းမရှိပေ။

ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူများစွာထံမှ မိမိကိုယ်ကို ဖျက်ဆီး၍ တိုက်ခိုက်ခြင်းခံရသော ယဲ့ရုန်ရှန်းသည် လင်ဇီချန်ထက် ပိုမိုပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။

လူတိုင်း၏စိုးရိမ်ပူပန်မှုကိုရင်ဆိုင်ရသည့် လင်းဇီချန်က "ကျွန်တော် အပြည့်အဝ ကုသပြီးပြီ" ဟု အေးဆေးတည်ငြိမ်စွာ ပြောခဲ့သည်။

"ကိုယ့်ကိုယ်ကို အပြည့်အဝ ကုပြီးပြီဟုတ်လား”

စိုးရိမ်စွာမေးခဲ့သည့် မြို့ခေါင်းဆောင်သည် လင်းဇီချန်ကို မယုံကြည်နိုင်စွာကြည့်နေသည်။ သူသည် ယဲ့ရုန်ရှန်း၏ ထိုးချက်အား သူ့မျက်လုံးများဖြင့် မြင်ခဲ့ကာ ၎င်း၏ ကြီးမားသော စွမ်းအားကို ခံစားခဲ့ရသည်။

ချဲ့ကားခြင်းမဟုတ်ဘဲ ထိုလက်ချက်သည် ဒဏ္ဍာရီအလယ်အလတ်အဆင့် သို့မဟုတ် သတ္တမအဆင့် ကျွမ်းကျင်ပညာရှင်ကို သွေးအမှုန်အမွှားအဖြစ်သို့ ပြောင်းလဲပစ်ရန် လုံလောက်သော အစွမ်းသတ္တိရှိသည်။

သို့သော် ထိုကဲ့သို့ ပြင်းထန်သော လက်သီးကို လင်းဇီချန်က ခံနိုင်ရည်ရှိကာ မထိမခိုက်ဘဲ ထွက်လာခဲ့သည်။

၎င်းသည် အနည်းဆုံး ဒဏ္ဍာရီသတ္တမအဆင့်ရှိရန် လိုအပ်မည်ဖြစ်သည်။ ဤအတွေးဖြင့် ခေါင်းဆောင်၏ နှလုံးသားသည် တုန်လှုပ်ချောက်ချားသွားကာ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားမှု အရှိန်အဟုန်ကို ခံစားလိုက်ရသည်။

လင်းဇီချန်တွင် ထိုခွန်အားရှိကာ ယဲ့ရုန်ရှန်းက ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူများစွာ၏ မိမိကိုယ်ကို ဖျက်ဆီးမှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသောကြောင့် ထိခိုက်မိနေပြီဟု ယူဆပါက၊ အောင်ပွဲရရန် အလားအလာ သိသိသာသာ တိုးလာသည်။

ယဲ့ရုန်ရှန်း ကိုသတ်ခြင်းသည် ဖြစ်နိုင်ခြေနည်းသောဖြစ်ရပ်တစ်ခု မဟုတ်တော့ပေ။

ယဲ့ရုန်ရှန်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါက ၎င်းတို့သည် အန္တရာယ်မရှိဘဲ သတ်ပစ်နိုင်ကြသည်။

လင်းဇီချန်သည် သူ့ဘေးနားရှိ မြို့ခေါင်းဆောင်လေးဦး၏ မျက်နှာပေါ်ရှိ အမူအရာများ သိသိသာသာ ပြေလျော့သွားသည်ကို သတိပြုမိပြီး ၎င်းတို့ တွေးနေပုံကို သူ ခန့်မှန်းမိသည်။

သို့သော်၊ သူ့အာရုံအားလုံးသည် ရှေ့ရှိ စွမ်းအင်အတက်အကျများသည့် နယ်ပယ်ကို အာရုံစိုက်ထားဆဲပင်ဖြစ်၏။

ဆယ်စက္ကန့်မျှကြာသွားသည်။ ထိုဒေသရှိ စွမ်းအင်များက တဖြည်းဖြည်း တည်ငြိမ်လာသည်။

တစ်ချိန်တည်းမှာပင် "ကောင်းကင်၏မျက်လုံး" နှင့် "အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်း”တို့၏ မြှင့်တင်မှုအောက်တွင် လင်းဇီချန်သည် ထိုဧရိယာနှင့်ပတ်သက်သည့် တိကျသောအသေးစိတ်အချက်အလက်များကို စတင်သိရှိလာသည်။

ဧရိယာ၏အလယ်ဗဟိုတွင် ချီစွမ်းအင်များ အဆက်မပြတ် စီးကျနေသော လူတစ်ယောက်ကို သူမြင်လိုက်ရသည်။ အနီးကပ်စစ်ဆေးပြီးနောက် ၎င်းမှာ ယဲ့ရုန်ရှန်း ဖြစ်သည်ကိုသိလိုက်သည်။ ထိုအချိန်တွင် ယဲ့ရုန်ရှန်းသည်

တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေကာ သူ့ရောင်ဝါကလည်း သိသိသာသာ အားနည်းသွားသည်။

ဤသည်ကိုမြင်သောအခါ လင်းဇီချန်က သွေးမျိုးဆက်စွမ်းအား "အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်း"၏ အကျိုးသက်ရောက်မှုကို မြှင့်တင်ရန်အတွက် ဝိညာဉ်စွမ်းအားကို ချက်ချင်းအသုံးပြုကာ ယဲ့ရုန်ရှန်း၏ လက်ရှိသွေးမျိုးဆက်စွမ်းအားအဆင့်ကို စူးစမ်းကြည့်ခဲ့သည်။

နောက်အခိုက်အတန့်တွင် ယဲ့ရုန်ရှန်း၏ သွေးမျိုးဆက်စွမ်းအားဆိုင်ရာ အသေးစိတ်အချက်အလက်များက လေဟာနယ်ထဲ၌ပေါ်လာသည်။

သွေးစွမ်းအား… ဒဏ္ဍာရီ အဋ္ဌမ အျင့်

ဝိဉာဉ်စွမ်းအား… ဒဏ္ဍာရီ အဋ္ဌမ

ဂြိုလ်သား မျိုးဗီဇ… အသက်သွင်းမှုအဆင့် 100%။

အခြားသော သွေးမျိုးဆက်စွမ်းအားများ….

…

လင်းဇီချန်သည် လေဟာနယ်ထဲမှ သွေးမျိုးဆက်စွမ်းအား အဆင့်များကို လျင်မြန်စွာ ဖတ်ကာ ယဲ့ရုန်ရှန်း၏ သွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအား နှစ်ခုစလုံးသည် ဒဏ္ဍာရီ အဋ္ဌမ အဆင့်သို့ ကျဆင်းသွားသည်ကို တွေ့သောအခါတွင် စိတ်အားထက်သန်လာသည်။

ဒဏ္ဍာရီ အဋ္ဌမအတင့်။

ဒီသစ္စာဖောက်၏ သွေးမျိုးဆက်စွမ်းအားအဆင့်က ဒဏ္ဍာရီအဋ္ဌမအဆင့်ကိုရောက်သွားပြီ။

သူ့ကို သတ်ဖို့ အခွင့်အရေး ရှိတယ်။

All Chapters