ယဲ့ရုန်ရှန်း၏ နိဂုံး
Vol. 35 Ch. 518
တစ်စုံတစ်ခု အက်ကွဲနေသည့်အသံကိုသာ ကြားနိုင်ကြသည်။ ယဲ့ရုန်ရှန်း၏ လက်ထဲမှ အနက်ရောင်ပုတီးစေ့က အမှုန့်အဖြစ် ချက်ချင်းပြောင်းလဲသွားကာ သူ၏ လက်သည်းကြားမှ ချော်ထွက်လျက် လေနှင့်အတူ လွင့်ပါသွားသည်။ ပုတီးစေ့ ကွဲအက်သွားသဖြင့် စိတ်ဆန္ဒလည်း မျောပါသွားသည်။ သို့သော် ယဲ့ရုန်ရှန်းကို စိတ်ပျက်စေသည့်အရာမှာ သူ၏ လက်ရှိအခြေအနေက တိုးတက်မှုအနည်းငယ်မျှ မပြဘဲ သူ၏ ခန္ဓာကိုယ်ကို ပြင်ပမှ ထိန်းချုပ်ထားသည်ဟု ခံစားနေရခြင်းပင်ဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ”
"ငါ့ကို ဘယ်သူက သိမ်းပိုက်ဖို့ ကြိုးစားနေတာလဲ”
ယဲ့ရုန်ရှန်း ၏ မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေကာ စိတ်ပျက်လျက်ရှိသည်။ မကြာသေးမီကပင် သူသည် လင်းဇီချန်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းခဲ့ကာ မျက်စိတစ်မှိတ်အတွင်း၌ပင်
အခြေအနေက ပြောင်းပြန်လှန်သွားသည်။
"မင်းလို ကမ္ဘာမြေက သစ္စာဖောက်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာဖို့ ငါ မမျှော်လင့်ထားဘူး..."
ရုတ်တရက် ယဲ့ရုန်ရှန်း၏ စိတ်ထဲတွင် ဆိုးရွားသောအသံတစ်ခု ပဲ့တင်ထပ်လာသည်။ ထိုအသံကို သူကြားလိုက်ရသည်နှင့် ယဲ့ရုန်ရှန်း၏ မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။
ဒါက… ညဘုရင်ရဲ့အသံပဲ
ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ ညဘုရင်ပဲ
ဘာကြောင့်လဲ
ညဘုရင်သည် အလွန်လေးစားဖွယ်ကောင်းသော ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူဖြစ်ရာ ကမ္ဘာမြေကို အထင်သေးသူလည်းဖြစ်သည်။
အဲ့လိုလူက ဘာလို့ ငါ့ခန္ဓာကိုယ်ကို လိုချင်တာလဲ
နေပါဦး
အလယ်ပိုင်းနယ်မြေမှာ ကျဆုံးသွားတဲ့ ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူက ညဘုရင်များလား။
ထိုအချိန်မှသာ ယဲ့ရုန်ရှန်းက အရာအားလုံးကို သဘောပေါက်နားလည်သွားသည်။ ညဘုရင်သည် အလယ်ပိုင်းဒေသရှိ ရှေးဘိုးဘေးအဆင့်တိုက်ပွဲတွင် ကျဆုံးခဲ့ရာ မကြာသေးမီက သူသည် ညဘုရင်၏ အနှစ်သာရသွေးတစ်စက်နှင့် ပေါင်းစပ်ပြီးနောက် ညဘုရင်၏ ပြန်လည်ရှင်သန်မှုအတွက် အမှတ်မထင် ဆောင်ရွက်ပေးခဲ့သည့်အလားဖြစ်သွားသည်။
“ကြီးမြတ်တဲ့ အရှင် ညဘုရင်”
"ကျွန်တော်မျိုးက အဆင့်နိမ့်တဲ့ ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူလေးပါပဲ”
“ဒီခန္ဓာကိုယ်က ယုတ်မာတဲ့လူသားတွေတဲ့ ညစ်ညမ်းတဲ့အသွေးအသားနဲ့ပြုလုပ်ထားတာပါ”
“ကျွန်တော့် ခန္ဓာကိုယ်က အရှင့်တာဝန်ထမ်းဆောင်ဖို့ တကယ်မထိုက်တန်ပါဘူး၊ ဒါဟာ အရှင့်ရဲ့ မြင့်မြတ်တဲ့အဆင့်အတန်းကို ဂုဏ်လျော့စေလိမ့်မယ်”
“လင်းဇီချန်က အခုတင် ဒီမှာရှိနေတာ။ သူအဝေးကြီးမရောက်သေးဘူး။ အရှင်သိတဲ့အတိုင်းပဲ။ သူ့ခန္ဓာကိုယ်က အရမ်းထူးခြားတယ်။ အရှင့်အတွက် သူ့ခန္ဓာကိုယ် ပိုသင့်တော်ပါတယ်”
ယဲ့ရုန်ရှန်း၏ အသံသည် အသက်ရှင်လိုသော ဆန္ဒဖြင့် ပြည့်နေသည်။
သူ့ဘဝကို ဤကဲ့သို့ အဆုံးမသတ်သွားစေချင်ပေ။ သူသည် ရှေးဘိုးဘေးအဆင့်အထိ ပြောင်းလဲတိုးတက်လာချင်သည်။
အဆုံးမဲ့သော သက်တမ်းကို ရရှိရန်
ဤကမ္ဘာကြီးတွင် ထာဝရ တည်ရှိနိုင်ရန်..
ကျန်သောအရာအားလုံးထက် မြင့်မြတ်ရန်
ယဲ့ရုန်ရှန်း၏ အသနားခံမှုကို တုံ့ပြန်သည့်အနေဖြင့် သူ့အတွင်းပိုင်းရှိ ညဘုရင်သည် မည်သည့်ခံစားချက်ကိုမျှ အချိန်အတန်ကြာသည်အထိ မပြဘဲ အချိန်အတော်ကြာပြီးနောက်မှသာာ ညဘုရင်သည်
နောက်ဆုံးတွင် ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“မှန်ပါတယ်၊ မင်းရဲ့ခန္ဓာကိုယ်က ငါ့ဝိဉာဥ်ဝင်နေဖို့ မထိုက်တန်ဘူး”
ထိုစကားကိုကြားသောအခါ ယဲ့ရုန်ရှန်းက အလွန်ဝမ်းသာသွားပြီးနောက် မျက်နှာပေါ်မှ စိတ်ပျက်လက်ပျက်အကြည့်များ ချက်ချင်းပျောက်ကွယ်သွားသည်။ သို့သော် သူ့စိတ်သက်သာရာရမှုတို့ အဆုံးမသတ်ခင်တွင် ညဘုရင်၏ အေးစက်သောအသံက ဆက်လက်ထွက်ပေါ်လာသည်။
“ဒါပေမယ့် လင်းဇီချန်ရဲ့ ခန္ဓာကိုယ်ကို မသိမ်းပိုက်ခင်မှာ… မင်းရဲ့ ရွံ့ဖို့ကောင်းတဲ့အသားကို ငါသုံးဖို့လိုလိမ့်မယ်”
ထိုစကားများပြောပြီးသည့်အခိုက်တွင် ပြန်လည်နိုးထလာသော ညဘုရင်ဆီမှ ဝိညာဉ်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။ ယဲ့ရုန်ရှန်းက တုံ့ပြန်ခြင်းမပြုမီတွင် သူ၏ဆန္ဒသည် ချက်ခြင်းပင် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ကာ ညဘုရင်သည် သူ့ခန္ဓာကိုယ်ကို လုံးလုံးလျားလျား သိမ်းပိုက်သွားခဲ့သည်။
"ဒီလို ရွံဖို့ကောင်းတဲ့ခန္ဓာကိုယ်…”
ညဘုရင်သည် ယဲ့ရုန်ရှန်း၏ခန္ဓာကိုယ်ကို လုံးလုံးပိုင်ဆိုင်သွားပြီးနောက်တွင် မူလက ရှေးဘိုးဘေးပထမအဆင့်မှ ဒဏ္ဍာရီအဆင့်သို့ကျဆင်းသွားသည်ကိုကြည့်ကာ အထင်အမြင်သေးစွာဖြင့် ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်သည်။
ခန္ဓာကိုယ်အသစ်ကို ခေတ္တမျှ ချိန်ညှိပြီးနောက် ညဘုရင်က လျင်မြန်စွာပင် ဝိညာဉ်စွမ်းအားလှိုင်းများကို လွှတ်တင်လိုက်သည်။ ယင်းက ကြီးမားကျယ်ပြောလှသဖြင့် တောင်ပိုင်းနယ်မြေတစ်ခုလုံးနီးပါးကို လွှမ်းခြုံထားသည်။ ဤသည်မှာ ဒဏ္ဍာရီအဆင့်၏ စွမ်အားဖြစ်သည်။
"မင်း တော်တော်လေးပြေးနိုင်တာပဲ”
“ခဏလေးအတွင်း မိုင် ရာချီ ပျံသွားနိုင်တယ်ပေါ့…”
“ဒါပေမယ့် ငါ့အတွက်တော့ အရမ်းနှေးနေသေးတယ်”
ညဘုရင်က လင်းဇီချန်ကိုကြည့်ကာ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလား ပြောလိုက်သည်။
ယဲ့ရုန်ရှန်း ကဲ့သို့ပင် သူသည် ရှေးဘိုးဘေးအဆင့်အောက်ရှိ ကျွမ်းကျင်သူအားလုံးကို အရေးမပါဟု ယူဆခဲ့သည်။
"တောက်ပလွန်းတယ်..."
"ပိုမှောင်ရင်ကောင်းမယ်..."
ညဘုရင် သည် တောက်ပသော ကောင်းကင်ကို မော့ကြည့်ပြီးနောက် ပြတ်သားသော အသံဖြင့် သူ့လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်။ လျှပ်တပြက်ပဲ့တင်သံကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကြည်လင်နေသော ကောင်းကင်ကြီးက အုံ့မှိုင်းသွားသည်။ တောင်ပိုင်းနယ်မြေ၏ ကြီးမားသော နေရာများသည် တိတ်ဆိတ်သောအမှောင်ထဲသို့ကျရောက်သွားသည်။
ဤသည်မှာ ညဘုရင်၏ထူးခြားသောစွမ်းရည်ဖြစ်သည်။
...
မိုင်ရာချီဝေးသော ကောင်းကင်တွင် လင်းဇီချန်သည် သူ၏ သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်တို့ကို အရှိန်အဟုန်အပြည့်ဖြင့် ဖြန့်ကျက်ကာ မြို့တော်အမှတ် ၁ ဆီသို့ အပြေးအလွှားသွား၍ မြို့မှ ရှန်ချင်းဟန်နှင့်အတူ ဤအန္တရာယ်များသော နေရာမှ လွတ်မြောက်ခဲ့သည်။
သူ၏ရန်သူသည် ဒဏ္ဍာရီအဆင့်တွင်ရှိသော ယခင်က ယဲ့ရုန်ရှန်း မဟုတ်တော့ဘဲ တောင်ပိုင်းနယ်မြေမှ ရှေးဘိုးဘေးအဆင့် ညဘုရင်ပင်ဖြစ်သည်။ လင်းဇီချန်သည် သူ့အဆင့်များကို ကျော်ဖြတ်ရာတွင် မည်မျှကျွမ်းကျင်သည်ဖြစ်စေ ထိုကဲ့သို့သော ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်းကို အပြည့်အဝနားလည်ထားသည်။
```
ထို့ကြောင့် တခဏမျှ မတုံ့ဆိုင်းဘဲ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
“ဟမ်”
“ဘာဖြစ်တာလဲ”
“ဘာလို့မှောင်လာတာလဲ”
လင်းဇီချန်သည် အရှိန်ပြင်းပြင်းဖြင့်ပျံသန်းရင်းဖြင့် ရုတ်တရက် ကောင်းကင်တစ်ခုလုံးမှောင်လာသည်ကို သတိထားမိသွားသည်။ သူ၏ အာရုံများလည်း အလွန်အမင်း ဖိနှိပ်ခံထားရ၏။
ကျစ်….
ရုတ်တရက်ပင် ပြင်းထန်လှသော အက်ကွဲကြောင်းကြီးတစ်ခု မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။ ထိုအသံကိုကြားသောအခါ လင်းဇီချန်က ၎င်း၏ ရင်းမြစ်ဆီသို့ ချက်ချင်းလှမ်းကြည့်လိုက်သည်။ သူ့အမြင်တွင် အက်ကွဲကြောင်းကြီးထဲမှ လျှပ်စစ်စွမ်းအင်များ ဖြတ်သန်းဝင်ရောက်နေသည်ကို မြင်လိုက်ရသည်။ အက်ကြောင်းကိုမြင်လိုက်သည်နှင့် အမူအရာကတင်းမာလာကာ မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်တွင် ရုတ်တရက် အက်ကွဲကြောင်းကြီး ထွက်ပေါ်လာခြင်း၏ အဓိပ္ပါယ်ကို သူကောင်းစွာသိသည်။ ဆိုလိုသည်မှာ အင်အားကြီးသော သတ္တဝါတစ်ကောင်ကောင်က ကောင်းကင်ကို ဖြတ်ကျော်သွားခြင်းကြောင့်ဖြစ်နိုင်သည်။
လက်ရှိ အခြေအနေနှင့်တည်နေရာအရ ယဲ့ရုန်ရှန်းကို သိမ်းပိုက်လိုက်သော ညဘုရင်မှတပါး လေဟာနယ်ကို ဖြတ်ကျော်နိုင်သော အခြားသူတစ်ဦးမရှိနိုင်မည်မှာ သေချာသည်။ ထို့ကြောင့်
ဤအခိုက်အတန့်တွင် ဖောက်ထွင်းဝင်ရောက်လာသူမှာ ညဘုရင်ဖြစ်မည်မှာသေချာလှသည်။ ဤသည်ကိုတွေး၍ လင်းဇီချန်က တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ပင်လယ်အောက်ခြေသို့ လျင်မြန်စွာ ခုန်ဆင်းလိုက်သည်။ ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူ အထူးသဖြင့် ညဘုရင်ကဲ့သို့ လူတစ်ဦးနှင့်ရင်ဆိုင်ရသောအခါ လေ သို့မဟုတ် မြေမှ သွားလာခြင်းက သေခြင်းတရားကို ဆိုလိုသည်။
လွတ်မြောက်နိုင်သည့် တစ်ခုတည်းသောလမ်းကြောင်းမှာ ရေအောက်လမ်းကြောင်းဖြစ်သည်။
ဘမ်း
နားစည်ကွဲလုသည့် ကျယ်လောင်သောအသံနှင့်အတူ လင်းဇီချန်သည် အနီရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ အနီရောင်မီးတောက်ကြီးများနှင့်အတူ ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည်။ သူပင်လယ်ထဲသို့ ဝင်လိုက်သည်နှင့် လင်းဇီချန်သည် သူ၏ သွေးမျိုးဆက်စွမ်းအား “ရေ၏ ကောင်းချီး”ကို အသုံးပြုကာ ပင်လယ်ရေနှင့် လုံးဝပေါင်းစပ်၍ အောက်ခြေထိ အမြင့်ဆုံးအရှိန်ဖြင့် ဆင်းသွားခဲ့သည်။ ရေကို ကျွမ်းကျင်သော်လည်း
ရေကျွမ်းကျင်သော်လည်း ညဘုရင်ထက် ပိုကူးနိုင်မည်ဟု ယုံကြည်ချက်မရှိပေ။ ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားအဆင့်ကြားကွာခြားချက်မှာ “ကျွမ်းကျင်မှု” သက်သက်ဖြင့် ဖြည့်တွက်၍ ရနိုင်ရန်
ကြီးမားလွန်းလှသည်။
ပင်လယ်ရေမျက်နှာပြင်အထက်တွင် ညဘုရင်သည် အက်ကွဲကြောင်းများကြားမှ ထွက်ပေါ်လာ၍ သူ၏ အမူအရာသည်လည်း တည်ငြိမ်ကာ အရှိန်မပြင်းလှပေ။
“သူက ပင်လယ်အောက်ကို မြန်မြန် ဘယ်သို့ဆင်းရမလဲဆိုတာတောင်သိတယ်…”
"တော်တော် ဉာဏ်ကောင်းတယ်လို့ ပြောရမယ်..."
"သနားဖို့ကောင်းလိုက်တာ၊ အင်အားကွာဟမှုက ကြီးမားလွန်းတယ်၊ ဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ၊ အားလုံးဟာ အချည်းနှီးပါပဲ..."
ညဘုရင်သည် ရေလှိုင်းများ ဆက်လက်ပျံ့နှံ့နေသည့် ပင်လယ်မျက်နှာပြင်ကို ကြည့်ကာ ရယ်မောလိုက်ပြီးနောက် သူ့လက်ကိုဝှေ့ယမ်းကာ ဘေးနားရှိ အက်ကွဲကြောင်းကြီးကို ဆုတ်ဖြဲပစ်လိုက်သည်။
ထို့နောက် တည်ငြိမ်သော မျက်နှာထားဖြင့် အကွဲအပြဲ၏ နက်နဲရာသို့ လျှောက်သွားသည်။