← Chapters

ရေနတ်ဘုရားပြန်ရှင်လာတာလား

Vol. 35 Ch. 519

ရေနတ်ဘုရားပြန်ရှင်လာတာလား

Vol. 35 Ch. 519

ညဘုရင်က အက်ကွဲကြောင်းများမှ ထွက်လာသည်နှင့် သူထုတ်လွှတ်လိုက်သည့် ပြင်းထန်သော သွေးမျိုးဆက်စွမ်းအားသည် ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများကို

ဖယ်ထုတ်၍ လေဟာနယ်ဇုန်ကို ဖန်တီးပေးသည်။

လင်းဇီချန်သည် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီးနောက် ညဘုရင်က မထွက်လာမီ တစ်စက္ကန့်အတွင်း အနက်ရှိုင်းဆုံး ပင်လယ်ကြမ်းပြင်သို့ ခုန်ဆင်းသွားခဲ့သည်။ ညဘုရင်က အက်ကွဲကြောင်းကြားမှ ထွက်လာချိန်တွင် လင်းဇီချန်သည် မီတာထောင်ပေါင်းများစွာ အကွာအဝေးသို့ရောက်သွားပြီဖြစ်သည်။

"အချည်းအနှီးပဲ ကြိုးစားနေတုန်းပေါ့..."

ညဘုရင်သည် ပိုမိုနက်ရှိုင်းသောနေရာအထိ ရေငုပ်နေသော လင်းဇီချန်ကို ငုံ့ကြည့်ကာ ကြွက်ကိုလိုက်ဖမ်းနေသည့်ကြောင်ကဲ့သို့ ပြုံးလိုက်သည်။

ထို့နောက် သူ့ဘေးနားရှိ အာကာသအတွင်း နောက်ထပ် အကွဲအပြဲကြီးကို ဆုတ်ဖြဲလိုက်သည်။ အေးအေးဆေးဆေး လျှောက်လာကာ အလျင်စလို ထွက်သွားသည်။ ညဘုရင်က အက်ကွဲရာထဲမှ ပြန်ပေါ်လာသည့်အခိုက်တွင် လင်းဇီချန်၏ လမ်းကြောင်းကို အတိအကျ ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။

ညဘုရင်ပြန်ပေါ်လာသည်ကို မြင်သောအခါ လင်းဇီချန်၏ နှလုံးသားတစ်ခုလုံးနစ်မြုပ်သွားသည်။

မလွတ်နိုင်တော့ဘူး....

ပြေးမလွတ်ဘူး...

ဟင်းလင်းပြင်များကို ဆုတ်ဖြဲ၍ သွားလာခြင်းသည် မည်သည့်နေရာသို့မဆိုသွားသော တံခါးရှိခြင်းနှင့် ဆင်တူသည်။ အကွာအဝေးကို တွေးရုံဖြင့် လုံလောက်သည်။

သူ့ပစ်မှတ်မှ လွတ်ရန် မဖြစ်နိုင်တော့ပေ။ လင်းဇီချန်အကြောင်းကို ပိုတွေးလေလေ၊ သူစိတ်ပျက်လေလေဖြစ်သည်။

သူ့မျက်နှာချင်းဆိုင်တွင် ညဘုရင်သည် လင်းဇီချန်ကို အလွန်စိတ်ဝင်တစားကြည့်၍ ဤကမ္ဘာမြေကြီး၏ ထူးခြားသောဂုဏ်ရည်များကို ပိုင်ဆိုင်ထားသော နေ-လ အထွတ်အမြတ်မြေမှ အဆက်မပြတ်ရှာဖွေနေသည့် သူ၏ကိုယ်ခန္ဓာကို စစ်ဆေးကြည့်ရှုသည်။

ထိုအချိန်တွင် လင်းဇီချန်သည် လှုပ်ရှားရန်ကြိုးစားသော်လည်း ညဘုရင်၏ဝိညာဉ်ရေးစွမ်းအားကြောင့် လုံးလုံးလျားလျား ချုပ်နှောင်ခံထားရကာ ရှောင်မပြေးနိုင်ပေ။

သူသည် ညဘုရင်က သူ၏ သွေးမျိုးဆက်စွမ်းအားဆိုင်ရာ အချက်အလက်များကို စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို မတားဆီးနိုင်ပေ။

"မင်းရဲ့ ခန္ဓာကိုယ်က အတိအကျက ဘာလဲ။"

"အသက် ၂၀ အရွယ်မှာ ဒဏ္ဍာရီအဆင့်ထိ မင်းဘယ်လို ဆင့်ကဲပြောင်းလဲနိုင်မှာလဲ"

"မယုံနိုင်စရာကောင်းလွန်းတယ်။"

"နေ-လ အထွတ်အမြတ်မြေက မင်းကိုဖမ်းဖို့ အမြဲကြံစည်နေတာ အံ့သဩစရာမဟုတ်ဘူးပဲ”

"မင်းအထဲမှာ မသိသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိရမယ်”

လင်းဇီချန်၏ ခန္ဓာကိုယ်ကို စူးစမ်းကြည့်ကာ ညဘုရင်က တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။

သူ့စိတ်ခံစားချက်များကို အနည်းငယ် တည်ငြိမ်အောင် ထိန်းပြီးနောက် ညဘုရင်၏ အသံက ပိုငြိမ်သက်လာသည်။

"မင်းကို လွတ်မြောက်ဖို့ အခွင့်အရေးပေးမယ်။ မင်း အစွမ်းကုန် ကြိုးစားပြီး လွတ်မြောက်အောင် တတ်နိုင်သမျှ ရုန်းကန်ပါ၊ ငါ့လက်ကနေ လွတ်မြောက်နိုင်မလား"

စကားပြောပြီးနောက် သူသည် လင်းဇီချန်အပေါ် ဝိညာဉ်ရေးချုပ်ချယ်မှုကို လွတ်မြောက်စေကာ သူ့ကို ထွက်ပြေးခွင့်ပြုခဲ့သည်။

ဝိညာဉ်ရေးချုပ်နှောင်မှုကို ရုတ်သိမ်းလိုက်သည်နှင့် တပြိုင်နက် လင်းဇီချန်သည် တခဏမျှ တုံ့ဆိုင်းမနေဘဲ ပင်လယ်ကြမ်းပြင်သို့ အရှိန်အဟုန်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပြေးရန် သွေးစွမ်းအင် နှင့် ဝိညာဉ်များ အပြည့်ဖြင့် ချက်ချင်း လှုပ်ရှားလိုက်သည်။

ဤအတောအတွင်း၊ သူသည်”ရေ၏ ကောင်းချီး" နှင့် "သဘာဝ အသွင်ပြောင်းခြင်း" ကဲ့သို့သော သူ၏ သွေးမျိုးဆက်စွမ်းအားများ၏ အကျိုးသက်ရောက်မှုများကို အမြင့်ဆုံးဖြစ်စေခဲ့သည်။

ညဘုရင်က သူ့ကို ခိုင်မာသော အကြောင်းပြချက်တစ်ခုကြောင့် ပြေးခိုင်းခြင်းဖြစ်ကြောင်း သူသိသည်။ သူသည်လည်း ယဲ့ရုန်ရှန်းကဲ့သို့ပင် သူ့ကိုယ်ခန္ဓာ၏ ကန့်သတ်ချက်များကို စမ်းကြည့်ချင်နေခြင်းဖြစ်ရာ ယင်းနှင့်ပတ်သက်သည့် ထားခြားမှုကို သိနိုင်သည်။

ဗွမ်း ဗွမ်း ဗွမ်း

လင်းဇီချန်၏ ရေငုပ်ခြင်းအမြန်နှုန်းသည် အလွန်လျင်မြန်၍ ရေထဲတွင် ရွေ့လျားသွားသောအခါတွင် အသံများစွာ ထွက်ပေါ်လာစေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မီတာထောင်ပေါင်းများစွာနက်သော ရေနက်ထဲသို့ ခုန်ဆင်းကာ ညဘုရင်နှင့် လုံးဝဝေးကွာသွားခဲ့သည်။

သို့သော် သူသည် ညဘုရင်၏ရု ပ်ခန္ဓာနှင့်သာ ဝေးကွာခဲ့ခြင်းဖြစ်၏ ညဘုရင်၏ ဝိညာဉ်စွမ်းအင် ချုပ်နှောင်မှုကို မတားဆီးနိုင်ခဲ့ပေ။

ရှေးဘိုးဘေးအဆင့် ဝိညာဉ်စွမ်းအားသည် ပြင်းထန်လွန်းလှ၍ ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူက လှုပ်နိုင်မည်မဟုတ်ပေ။ လင်းဇီချန်က မည်မျှနက်ရှိုင်းစွာ ရေငုပ်နေစေကာမူ အပေါ်က ညဘုရင် နှင့် မည်မျှဝေးကွာနေစေကာမူ ညဘုရင် အလိုရှိတိုင်း ဆန္ဒရှိသည့်အခါတိုင်း လင်းဇီချန်၏ ရှေ့တွင် ပေါ်လာနိုင်မည်ဖြစ်သည်။

သို့တိုင် လင်းဇီချန်သည် ထွက်ပြေးရန် ရွေးချယ်ခဲ့သေးသည်။

မီတာတစ်သောင်း။

မီတာနှစ်သောင်း။

မီတာသုံးသောင်း။

မီတာလေးသောင်း။

မီတာငါးသောင်း...

လင်းဇီချန်သည် နက်ရှိုင်းသော ရေပြင်အောက်ခြေအထိ ဆက်သွားခဲ့သည်။ ဆယ်စက္ကန့်ကျော်အတွင်း၌ပင် မီတာငါးသောင်းအနက်ကို ရောက်သွားသည်။

သို့တိုင် ပင်လယ်ကြမ်းပြင်ကို မည်သည့်နေရာတွင်မျှ မမြင်ရသေးပေ။

အောက်ရှိ မြင်ကွင်းများသည် အလွန်နက်ရှိုင်း လေးနက်သော အမှောင်ထုအဖြစ်တည်ရှိနေသည်။

တစ်ခုတည်းသော ခြားနားချက်မှာ ညဘုရင်၏ ဝိညာဉ်စွမ်းအား အားနည်းသွားခြင်းကို သိသိသာသာ ခံစားရခြင်း ဖြစ်သည်။

သမုဒ္ဒရာ၏ မီတာ ငါးသောင်း အနက်တွင် သူသည် ညဘုရင် ၏ အာရုံခံ အကွာအဝေး၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားပုံရသည်။ဤသဘောပေါက်လာသောအခါတွင်လင်းဇီချန်သည် ဤတစ်နည်းတစ်ဖုံ စိတ်ပျက်ဖွယ်အခြေအနေမှ လွတ်မြောက်ရန် တဖျပ်ဖျပ်ဖျပ်လတ်နေသော မျှော်လင့်ချက်ကို ခံစားခဲ့ရသည်။

မီတာခြောက်သောင်း။

မီတာခုနစ်သောင်း။

မီတာ ရှစ်သောင်း။

မီတာကိုးသောင်း။

မီတာတစ်သိန်း...

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ဆယ်စက္ကန့်မျှ ကုန်လွန်သွားသည်။ လင်းဇီချန်သည် နောက်ထပ် မီတာငါးသောင်းအထိ ဆင်းသက်လာခဲ့သည်။

ဤရေအနက်တွင် လင်းဇီချန်သည် ညဘုရင် ၏ဝိညာဉ်ရေးချုပ်နှောင်မှုကို ခံစားနိုင်စွမ်းမရှိတော့ပေ။

သို့သော် သူသည် သတိလက်လွတ်မနေသေးဘဲ အထက်မှ ညဘုရင်ထံမှ လွတ်မြောက်သွားကြောင်း အရူးအမူး ဆက်လက် ကူးခတ်ခဲ့သည်။

မီတာ တစ်သိန်းတစ်သောင်း

မီတာ တစ်သိန်းနှစ်သောင်း

မီတာတစ်သိန်းသုံးသောင်း...

လင်းဇီချန်သည် တစ်ခဏမျှ မရပ်ဘဲ ဆက်လက် ဆင်းသက်ကာ တစ်စက္ကန့်မျှပင် အနားယူရန် မဝံ့ရဲခဲ့ပေ။

အနက် ၁၃၁၄၃၂ မီတာသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်ခဲ့သည်။ သူသည် ပင်လယ်ကြမ်းပြင်သို့ ရောက်သဖြင့် နောက်ထပ် ရေငုပ်မရသောကြောင့် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်၊ ရုတ်တရက် ကြီးမားကျယ်ပြန့်သော နန်းတော်တစ်ခု သူ့ရှေ့တွင် ထွက်ပေါ်လာသောကြောင့်ပင်ဖြစ်သည်။

၎င်းသည်ကား သူရင်းနှီးနေသည့် ရေနတ်ဘုရားနန်းတော်ပင်ဖြစ်သည်။

လင်းဇီချန်အံ့အားသင့်သွားသည်။

ရေနတ်ဘုရားနန်းတော်သည် ရှန်ချင်းဟန်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိသည်ဟု ယူဆရသည်၊ ထို့ကြောင့် ဤနေရာတွင် ရုတ်တရက် မည်သို့ပေါ်လာနိုင်မည်နည်း။

အထူးဆန်းဆုံးအပိုင်းမှာ ရေနတ်ဘုရားနန်းတော်သည် သူ့ရှေ့တွင်ရှိနေသော်လည်း ၎င်း၏တည်ရှိမှုကို အာရုံမခံစားနိုင်ဘဲ မျက်လုံးဖြင့်သာ မြင်နိုင်ခြင်းဖြစ်သည်။

မြင်နိုင်သော်လည်း မထိနိုင်သော အရာဖြစ်သည်။ တစ်နည်းအားဖြင့် ပုံရိပ်ယောင်မျှသာဖြစ်၏။

...

အထက်တွင် ညဘုရင်သည် လင်းဇီချန်၏ ရေငုပ်မှုအတိမ်အနက်ကို သမုဒ္ဒရာအတွင်းရှိ သူ၏အာရုံခံနိုင်သော် အတိုင်းအတာထက် တဖြည်းဖြည်းကျော်လွန်နေသော်လည်း အနည်းငယ်မျှ စိတ်မလှုပ်ရှားဘဲ စောင့်ကြည့်နေသည်။

လင်းဇီချန်ကို ရေငုပ်ထွက်ပြေးရန် ခွင့်မပြုမီတွင် ညဘုရင်သည် လင်းဇီချန်၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်ရေးဆိုင်ရာ စည်းချိပ်ပိတ်ထားခဲ့ပြီးဖြစ်သည်။

All Chapters