နတ်ဘုရားများကို ချေမှုန်းခြင်း
Vol. 35 Ch. 521
ရှန်ချင်းဟန်၏ အတွေးပြောင်းသွားသည်နှင့် တပြိုင်နက် သူမ၏ အသိစိတ်ပင်လယ်ရှိ ရေနတ်ဘုရားနန်းတော်သည် လင်းဇီချန်ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ချက်ချင်း ရောက်ရှိလာသည်။
ရှန်ချင်းဟန်၏ အသိစိတ်ပင်လယ်ထဲတွင် လျင်မြန်စွာ ကူးခတ်လာသော လင်းဇီချန်သည် ရေနတ်ဘုရားနန်းတော်ကို မြင်လိုက်ရသည့်အခိုက်တွင် ရပ်သွားကာ ၎င်းရှေ့တွင် ငြိမ်သက်စွာ မလှုပ်မယှက် ရေထဲလွင့်မျောနေသည်။
ရှန်ချင်းဟန်သည် သူမ၏ အသိစိတ်ပင်လယ်တွင် ဤမြင်ကွင်းကို ကြည့်လျက် အလွန်မှော်ဆန်သည်ဟုထင်လိုက်မိသည်။
ဒါက မယုံနိုင်စရာကြီး။ ငါ့ အသိစိတ်ပင်လယ်ထဲမှာ ဇီချန်ဘာလို့ရောက်နေတာလဲ။
ဒါက တကယ်ပဲ ဇီချန်လား။
ဒါမှမဟုတ် ငါ့စိတ်ကူးထဲက ပုံရိပ်တစ်ခုပဲလား။
ဟုတ်တယ် နေ့ခင်းက အတွေးတွေက ညမှာ အိပ်မက်တွေ ဖြစ်လာသလို စိတ်ထဲက ပုံရိပ်ပဲနေမှာ။
အသိစိတ်ပင်လယ်ထဲမှာ ဇီချန်နဲ့ ဆက်သွယ်ကြည့်ရအောင်...
ဤသည်ကိုတွေး၍ ရှန်ချင်းဟန်က ရေနတ်ဘုရားနန်းတော်ကို ဆက်လက်ထိန်းချုပ်ကာ အသိစိတ်ပင်လယ်ထဲရှိ လင်းဇီချန်ထံချဉ်းကပ်ကာ နန်းတော်မှတစ်ဆင့် သူနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။
သို့သော် သူမ တုံ့ပြန်ခြင်းမပြုမီတွင် ရှန်ချင်းဟန်၏ အသိစိတ်ပင်လယ်ထဲတွင် ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာသည်။
၎င်းသည် ယဲ့ရုန်ရှန်း၏ လုံးဝပြောင်းလဲသွားသော ရုပ်သွင်ဖြစ်သည်။
သို့သော် စိတ်ဝိဉာဉ်က ညဘုရင်နှင့် သက်ဆိုင်သည်။
လင်းဇီချန်မှတပါး သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ဒုတိယတစ်ယောက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ရှန်ချင်းဟန်သည် တခဏမျှ ထိတ်လန့်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
လင်းဇီချန်သည် သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာခြင်းက အိပ်မက်အဖြစ် ရှင်းပြနိုင်သည်။
သို့သော် သစ္စာဖောက် ယဲ့ရုန်ရှန်းတစ်ယောက် သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာခြင်းက သူမကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။
ဖြစ်နိုင်ပါ့မလား... အသိစိတ်ပင်လယ်ထဲက မြင်ကွင်းတွေက ထင်ယောင်ထင်မှားတွေချည်းပဲ မဟုတ်ဘူးလား။
သူတို့ တကယ် အစစ်အမှန်လား။
ဇီချန် ကြုံနေရတဲ့ အရာအားလုံးက ငါ့ အသိစိတ်ပင်လယ်ထဲကို ပေါ်လာနေတာလား။
အဲ့လိုတင်မဟုတ်ဘဲ ငါ့ အသိစိတ်ပင်လယ်က မူလမြေကနေရာတစ်ခုမို့ ဇီချန်နဲ့ သစ္စာဖောက် နှစ်ဦးစလုံးသည် ငါ့ အသိစိတ်ပင်လယ်ဖြစ်တဲ့ ဒီနေရာကို ရောက်လာကြတာလား။
မျက်စိတစ်မှိတ်အတွင်းတင် ရှန်ချင်းဟန်က အမြောက်အမြားကို စဉ်းစားကာ ဖြစ်နိုင်ခြေအမျိုးမျိုးကို ပေါင်းစပ်လိုက်ပြီးနောက် သူမ၏ အသိစိတ်ပင်လယ်ထဲတွင် လင်းဇီချန်နှင့် ညဘုရင်တို့ ရုတ်တရက်ပေါ်လာရသည့် အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာသည်။
သူမက ထိုအရာများကိုတွေးနေဆဲတွင် သူမ၏ အသိစိတ်ပင်လယ်ရှိ လင်းဇီချန်ကို ညဘုရင်က ရုတ်တရက် ခေါင်းပေါ်တစ်ချက် ဖိချလိုက်ပြီးနောက် လင်းဇီချန်၏ မျက်နှာသည် နာကျင်သောအမူအရာဖြင့် ရုတ်တရက် ပြည့်လာသည်ကိုမြင်လိုက်ရသည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ရှန်ချင်းဟန်သည် ချက်ချင်းပင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
ဒါ မကောင်းဘူး။
ဇီချန် အန္တရာယ်ရှိနေပြီ။
ရှန်ချင်းဟန်သည် သူမ၏ အသိစိတ်ပင်လယ်ရှိ မြင်ကွင်းက မည်သည့်အရာဖြစ်သည်ကို အတိအကျ မသိပေ။ အစစ်ဖြစ်စေ ပုံရိပ်ယောင်ဖြစ်စေ
အရေးမကြီးပေ။
အသိစိတ်ပင်လယ်ရှိ လင်းဇီချန်သည် အန္တရာယ်ရှိနေကြောင်း သူမသိလိုက်ရသဖြင့် သူမသည် သူ့ကို ကယ်တင်ရန် လိုအပ်သည်။
သူမသည် သူ့ကို မည်သို့ကယ်တင်ရမည်ကို မသိသေးသော်လည်း သူမ၏ ညဘုရင်ကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် အသိစိတ်ပင်လယ်ရှိ ရေနတ်ဘုရားနန်းတော်ကို ထိန်းချုပ်ခဲ့သည်။
လင်းဇီချန်ကိုထိခိုက်စေနိုင်သည်နှင့် ပတ်သက်၍မူ ရှောင်လွှဲ၍မရနိုင်ပေ။
...
ပင်လယ်ရေအောက် မီတာ ၁၃၀၀၀၀ နက်သည်။
ညဘုရင်၏ဝိ ညာဉ်ရေးစွမ်းအားက ဆက်လက်ကျူးကျော်လာသည်နှင့်အမျှ လင်းဇီချန်သည် သူ၏ဦးနှောက်များ ကွဲသွားတော့မည်ဟု ခံစားလိုက်ရသည်။ သူ့မှတ်ဉာဏ်များကို အဆက်မပြတ် ဆွဲငင်ခံနေရကာ ယင်းက သူ့ကို နာကျင်စေသည်။
ဆန့်ကျင်ဘက်အားဖြင့်၊ သူ့ကိုထိခိုက်စေသော ညဘုရင်သည် ယခုအခိုက်အတန့်တွင် တည်ငြိမ်၍ စိတ်ရှည်ဟန်ဖြင့် သူလိုချင်သောမှတ်ဉာဏ်ကို ရှာဖွေနေသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ညဘုရင်က သူရှာနေသော မှတ်ဉာဏ်ကို တွေ့သွားသည်။
"ရှန်ချင်းဟန်လား”
"ရေနတ်ဘုရားရဲ့ ရှင်သန်မှုအတွက် ဆက်သွယ်ချက်လား”
"ရေနတ်နန်းတော်က သူ့ အသိစိတ်ပင်လယ်ထဲမှာ ရှိတာလား”
"ရေနတ်ဘုရားနန်းတော်က အခု ငါ့ရှေ့မှာ မဟုတ်ဘူးလား"
"ဘာလို့ အသိစိတ်ပင်လယ်ထဲမှာရှိရမှာလဲ"
"စနစ်ဟုတ်လား”
“ချောက်နက်ရဲ့သားလား”
"ဒါတွေကဘာတွေလဲ..."
ညဘုရင်သည် လင်းဇီချန်၏ မှတ်ဉာဏ်များကို စူးစမ်းကြည့်ပြီးနောက် စိတ်ရှုပ်ထွေးသောပုံစံဖြင့် ညည်းညူလိုက်သည်။
လင်းဇီချန်၏မှတ်ဉာဏ်များမှ အကြောင်းအရာများသည် အလွန်တုန်လှုပ်ဖွယ်ကောင်းလှကာ ခေတ်ပေါင်းများစွာဖြတ်သန်းခဲ့ရသော သူပင်လျှင် နားမလည်နိုင်ဖြစ်ကာ လုံးလုံးရှုပ်ထွေးသွားခဲ့သည်။
"ဗွမ်း!"
ရုတ်တရက် အရေးတကြီး အသံတစ်ခု ထွက်ပေါ်လာသည်။ အသံနောက်ကို လှမ်းကြည့်လိုက်သောအခါ သူ့ရှေ့က ယခုတင်ရှိနေသော ရေနတ်ဘုရားနန်းတော်က ရုတ်တရက် သူ့ခေါင်းပေါ်သို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။
ထို့နောက် သူ၏ ထိတ်လန့်သော အကြည့်အောက်တွင် ရေနတ်ဘုရားနန်းတော် တစ်ခုလုံးက တောင်ကဲ့သို့ ပြိုကျလာသည်။
စူးစူးဝါးဝါးအော်သံနောက်တွင်
ရေနတ်ဘုရား၏ ကြီးမားသော နန်းတော်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင်ြ ပြိုကျလာကာ ညဘုရင် နှင့် လင်းဇီချန်နှစ်ဦးလုံးကို ချက်ချင်း ဖမ်းယူသွားခဲ့သည်။
ဤအတောအတွင်း ရင်တထိတ်ထိတ်ဖြင့် နာကျင်နေသော လင်းဇီချန်က မည်သို့ဖြစ်ပျက်နေသည်ကိုမသိပေ။
မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သောအခါ အပြာရောင်တောက်နေသော ထူးထူးခြားခြား ခန်းမတစ်ခုထဲရောက်နေကြောင်း တွေ့လိုက်ရသည်။ ခန်းမကြီးသည် ကျယ်ဝန်းကာ ကြီးမားသော ပင်လယ်ရေခရုခွံကြီးတစ်ခုသာ မြင်နေရသည်၊ ထိုအပြင် အခြားဘာမျှမရှိပေ။
ပင်လယ်ခွံသည် ပင်ပေါင်စားပွဲ အရွယ်အစားခန့်ရှိသည်။ ၎င်းက ခန်းမ၏အလယ်ဗဟိုတွင်တည်ရှိသည်။
၎င်း၏မျက်နှာပြင်ကို လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း စာလုံးများဖြင့် ဖုံးအုပ်ထားသည်။ ယင်းတို့မှ အပြာရောင် အလင်းတန်းများ ထွက်လာသည်။
ဒီနေရာက ဘာလဲ
ငါဘာလို့ဒီမှာရောက်လာတာလဲ
ညဘုရင် ဘယ်ရောက်သွားတာလဲ။
လင်းဇီချန်သည် ပတ်ဝန်းကျင်ကို သတိပြုမိလေလေ သူပို၍ အံ့ဩသွားလေလေဖြစ်နေသည်။
မကြာသေးမီကပင် သူသည် ညဘုရင်၏ အတင်းအကြပ်မှတ်ဉာဏ်ရှာဖွေခြင်းခံခဲ့ရကာ သူ၏ စိတ်ဓာတ်များ ပြိုလဲသွားလျက် ပြင်းထန်စွာ နာကျင်ခဲ့ရသည်။ မျက်စိတစ်မှိတ်အတွင်းတွင် အဘယ်ကြောင့် ဤ ထူးဆန်းသောနေရာ၌ ပေါ်လာရသနည်း။
သူအံ့ဩနေသောအခိုက်၌
"ဗွမ်း!"
ခန်းမဆောင်အလယ်ခေါင်ရှိ အခွံက ရုတ်တရက် ပေါက်ကွဲသွားသည်။
ပျံသန်းနေသော အခွံအပိုင်းအစများကြားတွင် ရင်းနှီးပြီးသား ဧရာမရုပ်သွင်ကြီးတစ်ခု ပေါ်လာသည်။
ယဲ့ရုန်ရှန်းကို သိမ်းပိုက်ခဲ့သော ညဘုရင် ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ ညဘုရင်သည် ပင်လယ်နက်ကြီးထဲတွင် ရှိခဲ့စဉ်က သူ့အမူအရာနှင့် မတူဘဲ သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။
“ရေနတ်ဘုရား ငါစော်ကားဖို့မရည်ရွယ်ပါဘူး၊ ငါ့ကို သက်ညှာပေးပါ”
ညဘုရင်သည် အခွံအပိုင်းအစများနှင့်အတူ ပျံဝဲနေကာ အခွံအပိုင်းအစများမှ ဖြစ်ပေါ်လာသော ရေဝဲကို ငုံ့ကြည့်လျက် သက်ညှာပေးရန် တောင်းဆိုနေသည်။ ။
အရှုံးပေးရန် စိတ်ရင်းမှန်ဖြင့် ရွေးချယ်ခဲ့သော်လည်း၊ရေဝဲမှ ထွက်လာသော တုံ့ပြန်မှုသည် စုပ်ယူနိုင်သော စွမ်းအားတစ်ခုဖြစ်ကာ စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်လှသည်။
ဤကြောက်စရာကောင်းသော စုပ်ယူစွမ်းအားသည် သူ့ကို ရေဝဲထဲသို့ ဆွဲသွင်းရန် ပြတ်သား တိကျသော ပစ်မှတ်တစ်ခုဖြင့် ပေါ်လာသည်။