← Chapters

နတ်ဘုရား သုတ်သင်သူ

Vol. 35 Ch. 522

နတ်ဘုရား သုတ်သင်သူ

Vol. 35 Ch. 522

“ရေနတ်ဘုရား ငါ့ကိုသက်ညှာပေးပါ”

"ငါ မင်းကို အသက်ပြန်ရှင်အောင် ကူညီပေးနိုင်တယ်”

“ရေနတ်ဘုရား အရှ..."

"အရှင်" ဟူသော နောက်ဆုံးစကားလုံးသည် ညဘုရင်ဆီမှ တစ်ဝက်တစ်ပျက် ထွက်လာခဲ့ပြီးနောက် လှုပ်ရှားမှု အရိပ်အယောင်ပင်မတွေ့ရဘဲ ရေဝဲထဲသို့ပျောက်ကွယ်သွားခဲ့သည်။

လင်းဇီချန်သည် ခန်းမအတွင်းရှိ ရေဝဲကို စိုက်ကြည့်ရင်း ကြောင်တက်တက်ဖြစ်နေသည်။

ဒဏ္ဍာရီအဆင့် ညဘုရင်က ဒီအတိုင်း တကယ်ပဲ သေသွားတာလား။

ဒါက ရေနတ်ဘုရားရဲ့နန်းတော်လား။

ရေနတ်ဘုရားက အဲ့ရေဝဲထဲ ရှိတာလား။

ဒါဆို ဟန်ဟန်ရဲ့ အသိစိတ်ပင်လယ်ထဲက ရေနတ်ဘုရားနန်းတော်ကော ဘယ်လိုလဲ။

ရေနတ်ဘုရား နန်းတော်နှစ်ခု ရှိနေတာလား။

ကြောင်အနေချိန်၌ လင်းဇီချန်၏ စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေကာ ဖြစ်ပျက်နေသမျှ အရာတိုင်းအတွက် လွန်စွာ ဆန်းကြယ်သည်ဟု ခံစားရသည်။သူသည် ညဘုရင်၏ သိမ်းပိုက်ခြင်းကို ခံရမည်ဟု သူထင်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ၊ ရေနတ်ဘုရားနန်းတော်သည် မည်သည့်နေရာမှမှန်းမသိ ပေါ်လာကာ ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူ ညဘုရင်ကို ရေဝဲထဲစုပ်ယူသွားခဲ့သည်။

"ညဘုရင်က တကယ် သေတာလား၊ အသက်ရှင်သလားဆိုတာ ဘယ်သူသိမှာလဲ..."

လင်းဇီချန်သည် ခန်းမအလယ်ခေါင်ရှိ ရေဝဲကိုကြည့်ရင်း ရေရွတ်လိုက်သည်။

သူ့စကားမဆုံးခင်တွင် အရပ်ရပ်သို့ စိမ့်ထွက်နေသော ရေများ ရုတ်တရက် ပြင်းထန်လာသည်။ နောက်တစက္ကန့်တွင် ကြီးမားသော သားရဲခြေသည်းတစ်ချောင်း ထွက်လာပြီး လက်သည်းသည် အကန့်အသတ်မရှိ ဆန့်ထွက်ကာ နန်းတော်၏ ကြမ်းပြင်သို့ ထိုးကျသွားသည်။

ထို့နောက် လင်းဇီချန်၏ အမြင်အာရုံထဲသို့ ရင်းနှီးနေသော ဧရာမရုပ်သဏ္ဍာန်တစ်ခု ထွက်ပေါ်လာသည်။

အဲ့တာ ညဘုရင်ပဲ ခုနက ရေဝဲထဲ စုပ်ခံထားရတာလေ

ညဘုရင်က တကယ် ရုန်းထွက်နိုင်ခဲ့တယ်

ဒါ မကောင်းဘူး။

ညဘုရင်၏ရုပ်ကို မြင်လိုက်ရသဖြင့် လင်းဇီချန်း၏နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ သို့သော်လည်း လင်းဇီချန်က တုံ့ဆိုင်းမနေဘဲ သူ၏ သွေးစွမ်းအင်နှင့် ဝိညာဉ်အားလုံးကို ချက်ချင်းထုတ်လွှတ်လိုက်ကည ညဘုရင်ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုက်ခိုက်ခဲ့သည်။

သို့တိုင်၊ ရှေးဘိုးဘေးအဆင့်ရှိသော ညဘုရင်ဆီ ရောက်သောအခါ သူ၏တိုက်ခိုက်မှုများသည် ရထားတစ်စီးကို ရပ်တန့်ရန် ကြိုးပမ်းနေသည့် ပိုးမွှားတစ်ကောင်ကဲ့သို့ အချည်းနှီးဖြစ်ခဲ့၍ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။

ထွက်ပြေး

ထွက်ပြေးခြင်းသည် မှန်ကန်သောရွေးချယ်မှုဖြစ်သည်။

လင်းဇီချန်က တခဏမျှ မတုံ့ဆိုင်းဘဲ ခန်းမထဲမှ ထွက်သွားရန် လမ်းကြောင်းကို ရှာဖွေကာ ပတ်ဝန်းကျင်ကို အလျင်အမြန် ကြည့်လိုက်သည်။ လှည့်ပတ်ကြည့်ပြီးနောက် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

ဤခန်းမသည် အံ့ဩဖွယ်ကောင်းစွာဖြင့်

ဝင်ပေါက်ထွက်ပေါက်မရှိဘဲ ဘက်ပေါင်းစုံတွင် ခိုင်ခံ့သောနံရံများရှိသည်

သူမည်သို့လွတ်မြောက်နိုင်မည်နည်း။

ပြေးစရာနေရာမရှိတော့ဘူး။

လင်းဇီချန်ရင်တွင်း၌ ထိတ်လန့်သွားသည့်အခိုက် စူးရှရှရှ အသံတစ်သံ သူ့နားထဲသို့ တိုးဝင်လာသည်။

ရေဝဲထဲတွင်ရှိနေသော ညဘုရင်က အပိုင်းပိုင်းကွဲသွားသည်။ ရှေးဘိုးဘေးအဆင့်ရှိ အသွေးအသားများသည် ရေဝဲ၏ ပြင်းထန်သော ဆွဲငင်မှုကြောင့် ချက်ချင်း ကွဲကြေသွားခဲ့သည်။ ရွှဲနစ်နေသော သွေးများသည် အပြာရောင်ရေထုကို နီရဲသွားစေသည်။

မကြာမီတွင် ရေဝဲအတွင်းရှိ သွေးများသည် ရုန်းကန်လျက် အသားကို ပြန်လည်စုစည်းရန် ကြိုးပမ်းရင်း အရူးအမူး ခုန်ပေါက်လာသည်။

ကံမကောင်းစွာဖြင့် ရေလှိုင်းအတွင်းမှ အားပြင်းသော ဆွဲငင်အားကြောင့် ထိုကဲ့သို့သော အခွင့်အရေးကို မရရှိခဲ့ပေ။

စက္ကန့်အနည်းငယ်အတွင်း၌ပင် သွေးများအားလုံးကို ရေဝဲက စုပ်ယူသွား၍ သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

မကြာမီတွင် ကြက်သွေးရောင်ပုတီးစေ့သည် ရေစုန်မှ ဖြည်းညှင်းစွာထလာပြီး မဝေးသော နေရာရှိ လင်းဇီချန်ဆီသို့ တိုက်ရိုက် လွင့်ပျံလာသည်။ လင်းဇီချန်သည် နီးကပ်လာသော ကြက်သွေးရောင်ပုတီးစေ့ကို ကြည့်ကာ ရင်းနှီးနေသော ရောင်ဝါကို ခံစားလိုက်မိသည်။ ၎င်းသည် ညဘုရင်၏ ထူးခြားသောတည်ရှိမှုဖြစ်သည်။

ရှေးဘိုးဘးအဆင့် ညဘုရင်က ပုတီးစေ့အဖြစ် သန့်စင်ထားတာလား။

ပုတီးစေ့က ဘာလို့ ငါ့ဆီ မျောလာတာလဲ။

ငါ့ကိုပေးတာလား။

ထိုသို့တွေးလျက် လင်းဇီချန်သည် အနည်းငယ် နစ်မွန်းသွားသလို ခံစားလိုက်ရသည်။ ရေပေါ်ရှိ ပုတီးစေ့ကို ဖမ်းပြီးနောက် ခန်းမအလယ်ဘက်သို့ ချက်ချင်းလှည့်ကာ ရိုသေစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ရေနတ်ဘုရား အရှင့်အကူအညီအတွက်ကျေးဇူးတင်ပါတယ်”

"ကျေးဇူးတင်ပါတယ် ရေနတ်ဘုရား လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”

“ရေနတ်ဘုရား ကျွန်တော်မျိုး အရှင့်က်ု အကျိုးပြုနိုင်တဲ့ နည်းလမ်းရှိရင် ကျေးဇူးပြုပြီး ပြောပါ၊ ကျွန်တော် အစွမ်းကုန် လုပ်ပါမယ်"

"..."

ခန်းမကြီးသည် တုန်လှုပ်ချောက်ချားဖွယ် တိတ်ဆိတ်သွားသည်။ လင်းဇီချန်၏ စကားကို မည်သူမျှ မတုံ့ပြန်ခဲ့ပေ။

လင်းဇီချန်သည် ခဏမျှ ငြိမ်သက်စွာ စောင့်ဆိုင်းခဲ့ပြီး တုံ့ပြန်မှု မရှိသေးသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဒီရေနတ်ဘုရားက နည်းနည်းတော့ သီးသန့်နေ ချင်ပုံရတယ်…

ဆက်သွယ်ဖို့ စိတ်မ၀င်စားဘူး...

လင်းဇီချန်က တွေးသည်။

ရုတ်တရက်ပင် ကြီးမားသော စုပ်ယူမှုတစ်ခုသည် ရေဝဲမှ ထွက်ပေါ်လာကာ ၎င်းထဲသို့ ချက်ချင်း စုပ်ယူသွားသည်။

1 စက္ကန့်။

၁ မိနစ်။

ဒါမှမဟုတ် 1 နာရီ...

အချိန်မည်မျှကြာသွားသည်မသိ၊ လင်းဇီချန်သည် မျက်လုံးများပွင့်လာသောအခါတွင်၊ ရေနတ်ဘုရားနန်းတော်အတွင်း၌မဟုတ်တော့ဘဲ မထင်မှတ်ဘဲ ပင်လယ်ပြင်အထက်တွင် ပျံဝဲနေသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။

သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သောအခါ သူ့လက်ထဲက သွေးပုတီးစေ့နှင့် ညဘုရင်၏ လုပ်ရပ်ကြောင့် ခေါင်းကိုက်နာကျင်မှုကြောင့်သာမဟုတ်ပါက သူ အခုတင် အိပ်မက်မက်နေခဲ့သည်ဟု ထင်မိပေမည်။

"ရေနတ်ဘုရားနန်းတော်က ဘာအကြောင်းလဲ"

"ငါ့ကို ဘာလို့ကယ်တာလဲ”

"ဟန်ဟန်လုပ်နေတာများလား"

လင်းဇီချန်သည် ရှန်ချင်းဟန်ကို ရုတ်တရက် တွေးလိုက်ကာ ပင်လယ်အောက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ရှန်ချင်းဟန်က နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု သံသယဖြစ်မိသည်။

ရှန်ချင်းဟန်သည် ရေနတ်ဘုရားနှင့် ခွဲမရသော ဆက်သွယ်မှုတစ်ခုရှိသည်။ ရှန်ချင်းဟန်သည် ရေနတ်ဘုရားနှင့် ဆက်သွယ်နိုင်လျှင် ရေနတ်ဘုရားကိုဆင့်ခေါ်၍ သူ့ကို ကယ်ဆယ်ရန်မှာ ခက်ခဲသော အလုပ်ဖြစ်မည် မဟုတ်ပေ။

ဒါမှမဟုတ် သူ... အမှန်တရားကို ရှာဖွေဖို့ ပင်လယ်နက်ထဲကို ပြန်ငုပ်သင့်သလား။

ထားတော့ ရှောင်လွှဲလို့ ရတဲ့ ပြဿနာကို မရှာတာ ပိုကောင်းပါတယ်။ ဒုက္ခလိုက်ရှာနေစရာ မလိုဘူး။

ဤသို့တွေး၍ လင်းဇီချန်၏ စိတ်သည် လှုပ်ရှားသွားကာ သူကိုင်ဆောင်ထားသော သွေးပုတီးစေ့ကို သူ၏ သိုလှောင်ခန်းတွင် ထားလိုက်သည်။ ထို့နောက် သူ၏ရုပ်သွင်သည် တဖျပ်ဖျပ်တောက်ကာ ကြက်သွေးရောင်အလင်းတန်းများအဖြစ် ပြောင်းလဲလျက် မြို့တော် နံပါတ် ၁ သို့ အရှိန်အဟုန်ဖြင့် ပြန်လာခဲ့သည်။

ရှန်ချင်းဟန်သည် မြို့ထဲတွင် ရှိနေဆဲဖြစ်သည်။ သူမ မည်သိုမည်ပုံရှိကြောင်းနှင့် အကူအညီလိုပါက မြန်မြန်ပြန်ကြည့်ရန်လိုသည်။

...

မြို့အမှတ် ၁

တစ်ချက်ကြည့်လိုက်သည့်နေရာတိုင်း မျက်လုံးချင်းဆုံမိသမျှ အလောင်းများ အပျက်အစီးများ၊ နံရံအကျိုးအပဲ့များ ရှိသည်။

တစ်ချိန်က ခမ်းနားထည်ဝါသော မြို့တော် အမှတ် ၁ သည် ယခု တိုက်ပွဲအပြီးတွင် အပျက်အစီးများ ပြိုလဲသွားခဲ့သည်။

စစ်မြေပြင်၏အလယ်ဗဟိုတွင် ရှန်ချင်းဟန်သည် ဒဏ်ရာရရှိသူများအား ၎င်းတို့၏သွေးများပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးရင်း၊ သူမ၏ကိုယ်တွင်းရှိ လင်းဇီချန်ကို လေးလေးနက်နက်ဂရုစိုက်ကာ အသိစိတ်ပင်လယ်ထဲမှ အနီးကပ်စောင့်ကြည့်နေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင်၊ အသိစိတ်ပင်လယ်တွင် လင်းဇီချန်ကို မမြင်ရတော့ပေ။

ရေနတ်ဘုရား၏ မူလစွမ်းအားဖြင့် ကြွယ်ဝသော နန်းတော်တစ်ခုသာရှိသည်။

"ဒါဟာ တကယ့်မဟုတ်တဲ့ ပုံရိပ်ယောင်တစ်ခုလား”

အသိစိတ်ပင်လယ်၏ တိတ်ဆိတ်မှုကို ခံစားရင်းဖြင့် ရှန်ချင်းဟန်သည် သူမ၏ အသိစိတ်ပင်လယ်ထဲတွင် လင်းဇီချန်ကို ကယ်တင်ခဲ့သည့် မကြာသေးမီက အဖြစ်အပျက်ကြောင့် အနည်းငယ် အံ့ဩသွားကာ ၎င်းသည် သူမ၏ နေ့ခင်းဘက် အတွေးများနှင့် ညအချိန် အိပ်မက်များမှ ဖြစ်ပေါ်လာသော သူမ၏ စိတ်ကူးစိတ်သန်း၏ ပုံသဏ္ဍန်တစ်ခု ဖြစ်နိုင်သည်ဟု ယူဆထားသည်။

All Chapters