ကယ်တင်သူ
Vol. 35 Ch. 523
အမှတ် ၁ မြို့၏ကောင်းကင်။
လင်းဇီချန်ပြန်ရောက်သောအခါ တိုက်ပွဲကြီးသည် ပြီးဆုံးသွားခဲ့သည်မှာကြာပြီဖြစ်ရာ ဖရိုဖရဲ မြင်ကွင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြိုကျပျက်စီးနေသော နံရံများ ပြန့်ကျဲနေသော အလောင်းများသာ ဖုံးလွှမ်းသွားသည်ကိုမြင်ရသည်။
မြို့တွင်းမှ ရင်းနှီးသော မျက်နှာများစွာသည် စစ်မြေပြင်တွင် ထာဝရကျန်ရစ်ခဲ့သည်။
အချို့က သဲလွန်စမကျန်ဘဲ ကံကြမ္မာဆိုးများနှင့် ကြုံကြရသည်။
"ဒါကစစ်ပွဲပဲ..."
လင်းဇီချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက စစ်မြေပြင်ကို အပေါ်စီးမှ စူးစမ်းကြည့်သည်။ လင်းဇီချန်သည် အရှိန်ပြင်းပြင်းဖြင့် လျှပ်တစ်ပြက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရှန်ချင်းဟန်ရှေ့သို့ အတိအကျ ဆင်းသက်လာသည်။
ရှန်ချင်းဟန်သည် ဒဏ်ရာရသူများကို သွေးစုဆောင်းရန် ကူညီပေးနေ၍ လင်းဇီချန် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူမ၏ နူးညံ့သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဇီချန် နောက်ဆုံးတော့ နင် ဘေးကင်းကင်း ပြန်ရောက်လာပြီ ငါ နင့်ကို အရမ်းစိတ်ပူနေတာ”
"မင်း စိတ်ပူစရာ မလိုတော့ဘူး၊ ပြဿနာတွေ အားလုံး ပြီးသွားပြီ"
လင်းဇီချန်က ရှန်ချင်းဟန်၏ မျက်နှာပေါ်က ဖုန်မှုန့်များကို သုတ်ပေးရန် လက်လှမ်းလိုက်သည်။
သူသည် ရှန်ချင်းဟန်၏မျက်နှာမှ ဖုန်မှုန့်များကို ဖယ်ပေးရန် သူ၏ သွေးစွမ်းအင် သို့မဟုတ် ဝိညာဉ်ရေးစွမ်းအားကို အလွယ်တကူ အသုံးပြုနိုင်သည်။
အဆင်ပြေသော်လည်း ယင်းက ရင်းနှီးမှု ကင်းမဲ့လှသည်။
သူက ရှန်ချင်းဟန်၏ နူးညံ့သော မျက်နှာလေးကို လက်ဖြငါ့ထိကာ သူမ အသားအရေ၏ နွေးထွေးမှုကို ခံစားရခြင်းကို ပိုသဘောကျသည်။
"အဲ့သစ္စာဖောက် ဒုမြို့တော်သခင် ဘာဖြစ်သွားလဲ”
"ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ"
"အခြားသူတွေရော"
ရှန်ချင်းဟန်သည် မေးခွန်းသုံးခုကို အဆက်မပြတ်မေးခဲ့ပြီး သူမ၏မျက်နှာတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
သူမသည် ငယ်စဉ်ကလေးဘဝကတည်းက ဤကဲ့သို့ဖြစ်ခဲ့ကာ သူမနားမလည်ခဲ့သမျှကို လင်းဇီချန်ထံမေးရန် စိတ်အားထက်သန်ကာ ဖုန်းရှိရှာဖွေရေးအင်ဂျင်ကဲ့သို့ သူ့ကိုအသုံးပြုခဲ့သည်။
ဤမေးခွန်းသုံးခုအတွက် လင်းဇီချန်က နူးညံ့သောလေသံဖြင့် စိတ်ရှည်စွာ ဖြေခဲ့သည်
"သစ္စာဖောက်သေပြီ"
"ဒါပေမယ့် သူ့ကိုသတ်ခဲ့တာ ကိုမဟုတ်ဘူး။ ညဘုရင်လို့ခေါ်တဲ့ ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားခဲ့တာ”
"သစ္စာဖောက်ကို ကိုင်တွယ်ဖို့ ကိုနဲ့အတူ လိုက်လာတဲ့ မြို့ခေါင်းဆောင်တွေက ကံမကောင်းစွာပဲ၊ သစ္စာဖောက် လက်ချက်နဲ့ အသေခံစတေးခဲ့ကြတယ်"
ဤမေးခွန်းများကို ဖြေကြားရာတွင် လင်းဇီချန်၏ အသံသည် တည်ငြိမ်အေးဆေးနေကာ ပါဝင်သူကဲ့သို့မဟုတ်ဘဲ ဘေးနားမှ စိတ်မဝင်စားသူဟု ထင်ရလောက်အောင် ငြိမ်သက်နေသည်။ သူသည် ရှန်ချင်းဟန်ကို မစိုးရိမ်စေချင်သဖြင်ြ ဤကိစ္စများကို အသေးအဖွဲမျှသာဟု ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သည်။
သို့သော်လည်း ရှန်ချင်းဟန်သည် နုံအသူမဟုတ်၍ လင်းဇီချန် မည်မျှ အန္တရာယ်များသော အခြေအနေတွင် ရှိနေခဲ့သည်ကို သူမ ကောင်းစွာ သဘောပေါက်ခဲ့သည်။
တကယ်တမ်းတွင် ယဲ့ရုန်ရှန်းနောက်သို့ လိုက်သွားခဲ့သော မြို့ခေါင်းဆောင်များက အနည်းဆုံး ဒဏ္ဍာရီအဆင့်တွင် ရှိသည်။
သို့သော် ထိုကဲ့သို့သော မြို့ခေါင်းဆောင်များ အားလုံးသည် ခြွင်းချက်မရှိ အသက်ကို စတေးခဲ့ကြသည်။
ဤအရာတစ်ခုတည်းမှပင်၊ လင်းဇီချန်၏ယခင်အတွေ့အကြုံများ မည်မျှအန္တရာယ်များကြောင်း စီရင်ဆုံးဖြတ်နိုင်သည်။
သစ္စာဖောက်ကို ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ဦးက သိမ်းပိုက်သွားသည့်အချက်က ပို၍ပင်လေးနက်သည်။
ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး ပေါ်လာခြင်းက မည်မျှဆိုးရွားသည့် အခြေအနေဖြစ်မည်ကို တွေးကြည့်ရုံဖြင့်
သိနိုင်သည်။ အခြေအနေကို သူမနားလည်သော်လည်း ရှန်ချင်းဟန်သည် အသေးစိတ်အချက်အလက်များကို သိရှိရန် မတောင်းဆိုခဲ့ပေ။ ယင်းအစား သူမသည် လင်းဇီချန်ကို မေးသည်။
"ဇီချန် စစ်မြေပြင်ကို ရှင်းပြီးရင် ငါတို့ ဘာလုပ်ဖို့ စီစဉ်ထားလဲ။"
မူလမြေပြင်ရှိ နေရာတိုင်းတွင် စစ်ပွဲများ ဖြစ်ပွားနေသဖြင့်၊ မည်သည့်နေရာမှ မလုံခြုံတော့ပေ။ လင်းဇီချန်သည် အလျင်စလို မဖြေဘဲ ပတ်ဝန်းကျင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်ပြီးနောက်၊ သူက ရှန်ချင်းဟန်ကို ပြောလိုက်၏။
"ဂြိုလ်သားမျိုးနွယ်တွေကို ရှင်းထုတ်ဖို့ တခြားမြို့တွေကို သွားရအောင်"
အမှတ် ၁ မြို့ရှိ ဂြိုလ်သာမျိုးနွယ်ဝင် လုံးလုံးနီးပါး ပျောက်ကွယ်သွားပြီဖြစ်၍ စားသုံးရန် အရင်းအမြစ်များစွာ မကျန်တော့ပေ။ အကယ်၍ သူသည် အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်နေလိုပါက၊ စစ်မြေပြင်များကို ပြောင်းလဲရန် အချိန်တန်ပြီဖြစ်သည်။
လင်းဇီချန်၏ အခြားမြို့များသို့ သွားကာ ဂြိုလ်သားမျိုးနွယ်ဝင်များကို ရှင်းထုတ်ရန် အစီအစဉ်ကို ကြားသောအခါ အနီးနားရှိ လူအများအပြားက သူ့ကို လေးလေးစားစား ကြည့်၍ လေးစားမှု ပြသခဲ့ကြသည်။ လင်းဇိချန်၏ အဓိကအကြောင်းရင်းမှာ အခြားမြို့များမှ ကျူးကျော်သူများကို ရှင်းထုတ်ရန် ကူညီပေးရခြင်းမှာ ထိုဂြိုလ်မျိုးနွယ်များ၏ အသက်နှင့် မူလအရင်းအမြစ်ကို ရချင်သောကြောင့်ဖြစ်ကြောင်း ထိုလူများက မသိခဲ့ကြပေ။
လင်းဇီချန်က သူ့လူများ ဒုက္ခရောက်နေသည်ကိုမြင်၍ သူ့အလင်းရောင်နှင့် နွေးထွေးမှုကို ပေးချင်သည်ဟုထင်ကြသည်။
ရည်ရွယ်ချက် သို့မဟုတ် မည်သို့ အကြံအစည်ရှိပါစေ၊ လုပ်ရပ်များသည် လူတို့ကို အကျိုးပြုသရွေ့ သူ့လူမျိုး၏ ကယ်တင်ရှင်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ ရှန်ချင်းဟန်က လင်းဇီချန်သည် ဂြိုလ်သားမျိုးနွယ်ဝင်များကို စားသုံး၍ တိုးတက်ပြောင်းလဲလာချင်ခြင်းဖြစ်ကြောင်း နားလည်သည်။
"ကောင်းပြီ၊ ပြီးပြီ။ ငါ သန့်ရှင်းရေးကို အရှိန်မြှင့်လိုက်မယ်၊ ဒါဆို ဂြိုလ်သားတွေကို တတ်နိုင်သမျှ ရှင်းပစ်ဖို့ တခြားမြို့တွေကိုသွားမယ်"
စကားပြောပြီးနောက် ဒဏ်ရာရရှိသူများအား သွေးများပြန်လည်ရရှိရန် အမြန်သွားရောက်ကူညီခဲ့သည်။လင်းဇီချန်သည် ဒဏ်ရာရသူများကို ကုသရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကာ စစ်မြေပြင်တစ်ခုလုံးသို့ သူ၏ဝိညာဉ်ရေးစွမ်းအားကို ဖြန့်ကျက်ကာ အပျက်အစီးများကြားတွင် မတွေ့ရှိနိုင်သော ဒဏ်ရာရသူများကို ရှာဖွေခဲ့သည်။
သူနှင့် ရှန်ချင်းဟန်၏ အကူအညီဖြင့် စစ်မြေပြင်တွင် ဒဏ်ရာရသူများကို အခြေခံအကျဆုံး ကုသမှုကို လျင်မြန်စွာ ဆောင်ရွက်ပေးခဲ့သည်။
ထိုအရာများအားလုံးပြီးသောအခါ ရှန်ချင်းဟန်က တစ်ခုခုကို သတိရ၍ လင်းဇီချန်ဆီသို့ လျှောက်သွားကာ လက်ကိုဝှေ့ယမ်း၍ သွေးစွမ်းအင်မှတစ်ဆင့် စကားပြောလိုက်သည်။
"စကားမစပ် ဇီချန် သိပ်မကြာသေးခင်က မှော်ဆန်တဲ့ အရာတစ်ခုကို ငါတွေ့ခဲ့တယ်"
"ဘာလဲ”
လင်းဇီချန်က သွေးစွမ်းအင်ကို အသုံးပြု၍ စူးစမ်းလိုစိတ်ဖြင့် ပြန်မေးသည်။
“ခုဏကလေ ငါနင့်ကို ငါ့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ငါတွေ့ခဲ့တယ်၊ နင် အဲ့ထဲကို ပိုပိုပြီး နက်တဲ့နေရာထိ ကူးလာတာ တွေ့လိုက်ရတယ်၊ ပြီးတော့ သစ္စာဖောက်လိုက်ဖမ်းတာ ခံနေရတာလေ"
ဤသည်ကိုကြားသောအခါ လင်းဇီချန်၏ မျက်စံများက ကျဉ်းမြောင်းလာ၍ မျက်လုံးများ ပြူးကျယ်လာကာ အံ့အားသင့်စွာကြည့်လိုက်သည်။
ဘာကိုဆိုလိုတာလဲ
စောစောက ငါဆင်းသွားတဲ့ပင်လယ်က တကယ်တော့ ဟန်ဟန်ရဲ့ အသိစိတ်ပင်လယ်လား။
ဒါ့ကြောင့် ရေနတ်ဘုရားနန်းတော်ကို အဲ့မှာတွေ့ရတာပေါ့။
အဆုံးမရှိ သမုဒ္ဒရာတစ်ခုလုံးက ဟန်ဟန်ရဲ့ အသိစိတ်ပင်လယ်ကြီးပေါ့။
ငါ အိပ်မက်မက်နေတာလား။
လင်းဇီချန်သည် ဤအရာက ချဲ့ကားလွန်းသည်ဟု ခံစားလိုက်ရကာ သူ၏ အံ့အားသင့်မှုက တဖြည်းဖြည်း မယုံကြည်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ့အနားတွင် ရှန်ချင်းဟန်သည် လင်းဇီချန်၏အမူအရာပြောင်းလဲမှုအားလုံးကိုမြင်၍ သူမကိုယ်သူမ အံ့အားသင့်လာသည်။