ဂြိုလ်သားမျိုးနွယ်ဝင်များကို ရှင်းလင်းခြင်း အလယ်ပိုင်းနယ်မြေ
Vol. 35 Ch. 525
ရှေးဘိုးဘေးအဆင့် တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော်လည်း ၎င်း၏ပြင်းထန်မှုမှာ တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။
တိုက်ပွဲကြောင့် နယ်မြေ၏ သုံးပုံတစ်ပုံနီးပါး ထိခိုက်ခဲ့သည်။ တစ်ချက်ကြည့်လိုက်လျှင် ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားကာ အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေသည်။
တိုက်ပွဲ၏အကွာအဝေးအတွင်းမှ သက်ရှိတစ်ကောင်မျှ မရှင်နိုင်ခဲ့ပေ။ အားလုံးက မြေကြီးပေါ်မှ အမှိုက်များ ဖြစ်သွားကြသည်။
အလယ်ပိုင်းနယ်မြေသည် မြောက်မြားစွာသော အမွေအနှစ်များ၏ မူလအစဖြစ်ကာ အလွန်အစွမ်းထက်သော သက်ရှိများသာ ရှင်သန်နိုင်သည့် တွင်းနက်ကြီးနှင့် ယှဉ်နိုင်သော အသက်ကို တားမြစ်ထားသည့် နယ်မြေဖြစ်သည်။
သို့တိုင်၊ဤကဲ့သို့သော တန်ခိုးကြီးသော သတ္တဝါများသည် ဤရှေးဘိုးဘေးအဆင့် ပဋိပက္ခတွင် လွတ်မြောက်ရန် အချိန်မရှိခဲ့ဘဲ နေရာတွင်ပင် လဲကျသွားကြသည်။
"ဒါကို ငါတို့ ဆက်မထိန်းနိုင်ဘူး မဟုတ်ရင် ငါတို့အားလုံး အလယ်ပိုင်းဒေသမှာ ကျဆုံးလိမ့်မယ်"
အစိမ်းရောင် ရှေးဟောင်းတောင်တန်း၏ အရှင်သခင် စုမေ့ရှောင်းက လေထဲတွင် ရပ်နေလျက် အသက်ရှူမဝသကဲ့သို့ သူမ၏ ရင်ဘတ်များ အဆက်မပြတ် တုန်ခါနေသည်။ သူမ၏ သွေးစွမ်းအင်၊ ဝိဉာဉ်စွမ်းအင်နှင့် မူလစွမ်းအားတို့သည် ကုန်ဆုံးလုနီးပါးဖြစ်ကာ သူမ၏ တိုက်ခိုက်ရေးစွမ်းအားကို အလွန်လျော့ကျစေသည်။
ပင်လယ်နတ်ဘုရား၊ အကြီးအကဲလီ၊ စစ်မာရွှမ်နှင့် ရွှမ်ယွမ်ဝမ်ယွီတို့အတွက် အခြေအနေသည် အလားတူဆိုးရွားလှသည်။ တစ်ဦးစီသည် ပင်ပန်းနွမ်းနယ်နေပုံရကာ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် ၎င်းတို့၏ အထွတ်အထိပ်၏ သုံးပုံနှစ်ပုံထက်နည်းလာသည်။
တာအိုဝတ်လုံကို ၀တ်ဆင်ထားသည့် ချီချင်းမော့သာလျှင် တိုက်ခိုက်ရေးအင်အား လျော့နည်းခြင်းမရှိဘဲ သွေးစွမ်းအင်များ ကြွယ်ဝနေဆဲဖြစ်သည်။
မျက်နှာချင်းဆိုင်မှ တိတ်ဆိတ်ခြင်း၏သခင်၊ သစ်ပင်အကြီးအကဲနှင့် ပန်းပွင့်နတ်ဘုရား တို့သည် သစ်သားနတ်ဘုရား၏ အဆုံးမဲ့အသက်စွမ်းအားပေးဆောင်မှုဖြင့် စဉ်ဆက်မပြတ်ပြန်လည်ရှင်သန်လာကာ ၎င်းတို့၏အထွတ်အထိပ်အခြေအနေတွင် အမြဲရှိနေခဲ့သည်။ ခြောက်ယောက်ကို တိုက်ခိုက်နေသော်လည်း၊ သူတို့သည် ချီချင်းမေ့နှင့် အခြားသူများကို အဆက်မပြတ် နှိမ်နင်းခဲ့သည်။
သစ်သားနတ်ဘုရားသည် ထာဝရအသက်ကို ကိုယ်စားပြုကာ အတောမသတ်နိုင်သော အသက်စွမ်းအင်ကို ပေးစွမ်းနိုင်၍ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို စိုးရိမ်စရာမလိုဘဲ စွမ်းရည်အပြည့်ဖြင့် လည်ပတ်နိုင်စေခဲ့သည်။
သို့သော်၊ သစ်သားနတ်ဘုရား ၏ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအားသည် မူလမြေမှအခြား ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူများထက် များစွာမမြင့်မားဘဲ၊ အဓိကအားဖြင့် သူ၏မဟာမိတ်များကို ပြန်လည်ရှင်သန်လာရန် ပံ့ပိုးပေးသည့်အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။
" ထွက်သွားဖို့ အခွင့်အလမ်းရှာပါ၊ ဒီမှာနေဖို့ မလိုဘဋး"
သူမ၏ မျက်နှာ အနည်းငယ် ဖြူဖျော့ပြီး စုမေ့ရှောင်းကဲ့သို့ ပြင်းထန်စွာ အသက်ရှုနေရသော ရွှမ်ယွမ်ဝမ်ယွီသည် အားပျော့သော အသံဖြင့် ပြောလိုက်သည်။
လက်ရှိ ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူများအားလုံးတွင်၊ သူမ၏ ဆုတ်ယုတ်မှုသည် အကြီးကျယ်ဆုံးဖြစ်ကာ ဆက်လက်တိုက်ပွဲမဆင်နွှဲနိုင်တော့ပေ။
သူမ၏ စကားကိုကြားသောအခါ တခြားသူများက ဆုတ်သွားရန် ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း သဘောတူခဲ့ကြသည်။
သစ်သားနတ်ဘုရားသည် အသက်၏ဘုရားဖြစ်သည်။ သူရှိနေသရွေ့ သူ့ဘက်ကတော့ ဘယ်သောအခါမှ ပျက်ဆီးမည်မဟုတ်ပေ။
၎င်း၏ အသက်စွမ်းအင်ကို ဖြည့်ဆည်းပေးခြင်းဖြင့်၊ ၎င်း၏ ဝိညာဉ်ကို ချေမှုန်းလိုက်လျှင်ပင် သတ်ပစ်ရန် မဖြစ်နိုင်ပေ။ ခေါင်းဆောင်ကို ဦးစွာပစ်မှတ်ထားကာ သစ်သားနတ်ဘုရားကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိလျှင် မဖြစ်နိုင်ပေ။
သို့သော် သစ်သားနတ်ဘုရား၏ အသက်စွမ်းအင်သည် ရှေးဘိုးဘေးအဆင့်က ကိုင်တွယ်နိုင်သောအရာမဟုတ်ပေ။
ရှေးဘိုးဘေး အဆင့်ထက် မြင့်သောသူကသာ သစ်သားနတ်ဘုရား၏ ရှင်သန်မှုကို လုံး၀ ငြိမ်းသတ်နိုင်မည်ဖြစ်သည်။
သို့သော် ရှေးဘိုးဘေးအဆင့်အထက်ရှိသော ထိုကဲ့သို့သောသတ္တဝါရှိကြောင်း မည်သည့်အခါမျှအတည်ပြုနိုင်ခြင်းမရှိပေ။
ချီချင်းမော့တို့အဖွဲ့က စစ်မြေပြင်မှ ဆုတ်ခွာရန် အခွင့်အလမ်းရှာရန် ပြင်ဆင်နေချိန်၌ ရုတ်တရက် တောင်ပိုင်းနယ်မြေတွင် ကြီးမားသော သဘာဝလွန်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။
မြင့်မားသောအဆင့်မြင့် ရေနေသတ္တဝါ အများအပြားသည် တောင်ပိုင်းနယ်မြေ ကောင်းကင်တွင် ခိုင်မာသောရေပုံစံဖြင့် ပေါ်လာသည်။
ယင်းနောက်တွင်၊ စွမ်းအားကြီးသော သတ္တဝါများအားလုံးသည် တစ်နေရာတည်းတွင် ဒူးထောက်ကာ ပင်လယ်ခွံပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦးကို ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသော မျက်နှာများဖြင့် ဦးညွတ်ကြသည်။
အလယ်ပိုင်းနယ်မြေ။
ရှေးဘိုးဘေးအဆင့်ရှိ ကျွမ်းကျင်သူများအားလုံးသည် တောင်ပိုင်းနယ်မြေ အထက်ရှိ သဘာဝလွန်ဖြစ်စဉ်ကို ချက်ချင်းသတိပြုမိကြသည်။
တခဏတာအတွင်း အားလုံး အံ့အားသင့်သွားကြသည်။
ဒဏ္ဍာရီလာ အဆင့်ရှိသူများအဖြစ် ဆင့်ကဲပြောင်းလဲလာကာ ဤကမ္ဘာတွင် အချိန်အတော်ကြာ တည်ရှိခဲ့သော သတ္တဝါများအနေနှင့် ၎င်းတို့သည် ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသော သဘာဝလွန် ဖြစ်စဉ်အမျိုးမျိုးကို တွေ့မြင်ခဲ့ကြရသည်။
သို့သော်၊ ယခု တောင်ပိုင်းနယ်မြေ အထက်ကောင်းကင်တွင် ပေါ်လာသည့် ဤကြီးမားသော ဖြစ်စဉ်သည် ၎င်းတို့ ယခင်က မကြုံစဖူးသော အရာတစ်ခုဖြစ်သည်။
"တောင်ပိုင်းနယ်မြေ မှာ ဘာတွေဖြစ်နေတာလဲ။ ဘာကြောင့် ဒီလို ချဲ့ကားတဲ့ ဖြစ်စဉ်တစ်ခု ရုတ်တရက် ပေါ်လာတာလဲ။ ရှေးဘိုးဘေးအဆင့်ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက် မွေးဖွားလာခဲ့တာလား။"
"မဖြစ်သင့်ဘူး အဲ့မှာ ရှေးဘိုးဘေးအဆင့်ရှိတဲ့ သတ္တဝါတွေကို ငါ အာရုံမခံနိုင်ဘူး”
"ငါ အခုပဲ စစ်ကြည့်လိုက်တော့၊ ဒါက ဒဏ္ဍာရီ အဆင့်ကိုတက်တာလို့ ထင်ရတယ်။ ဒါက ဒီသဘာဝလွန်ဖြစ်စဉ်ကို ဖြစ်ပေါ်စေတာပဲ”
"ဒီလို ကြီးမားတဲ့ ဖြစ်စဉ်တစ်ခု…. ဒဏ္ဍရီအဆင့်ထိ တက်လာတာကြောင့်လား"
"ဘယ်လိုဖြစ်နိုင်မှာလဲ”
စုမေ့ရှောင်း၊ အကြီးအကဲလီ၊ စစ်မာရွှမ်နှင့် ရွှမ်ယွမ်ဝမ်ယွီတို့သည် တောင်ပိုင်းနယ်မြေ အထက်ရှိ ဖြစ်စဉ်ကို ကြည့်ရှုကာ စဉ်ဆက်မပြတ် အတွေးအမြင်ဖလှယ်ကြပြီး ၎င်းတို့၏ မျက်နှာများသည် ရှုပ်ထွေးမှုများနှင့် မယုံကြည်မှုများ ပြည့်နှက်နေသည်။
ချီချင်းမော့က တိတ်ဆိတ်နေလျက် သူမ၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားကာ တောင်ပိုင်းနယ်မြေ ရှိ ဖြစ်စဉ်ကို စေ့စေ့ကြည့်နေသည်။ သူမသည် ထိုဖြစ်စဉ်အတွင်း အလွန်ရင်းနှီးသော အရိပ်အယောင်ကို ခံစားလိုက်ရသည်။
ရှန်ချင်းဟန်၏ အငွေ့အသက်ဖြစ်သည်။
"နူးညံ့သိမ်မွေ့ပြီး ပျော့ညံ့တဲ့မိန်းကလေးက ဒဏ္ဍာရီအဆင့်ရှိတဲ့ သတ္တဝါအဖြစ် ပြောင်းလဲသွားတာလား" ချီချင်းမော့ကပြောသည်။
"ဒဏ္ဍာရီအဆင့်ထိပဲတက်လာတာကို ဘာလို့ ဒီလောက်ကြီးကျယ်တဲ့ သဘာဝဖြစ်စဉ်ကို ဖြစ်လာစေတာလဲ”
ချီချင်းမော့က ဤသည်ကို စဉ်းစားရင်းနေချိန်
အနီးနားတွင် ပင်လယ်နတ်ဘုရား၏ မျက်နှာတစ်ခုလုံးမှာ ကြောက်ရွံ့မှုများနှင့် ပြည့်နေသည်။
ဘာတွေဖြစ်နေတာလဲ!
ရေနတ်ဘုရားက ဘာလို့ပေါ်လာနိုင်သေးတာလဲ။
ဒါက မဖြစ်နိုင်ဘူး!
ပင်လယ်နတ်ဘုရားက ကြောက်ရွံ့ခြင်းအပြည့်ဖြင့် တုန်လှုပ်နေချိန်၌
မြင့်မားသော ကောင်းကင်ယံအထိ သစ်ပင်တစ်ပင်အဖြစ် ရုပ်လုံးပေါ်လာပြီး အပြည့်အဝ ပြန်လည်မရှင်သန်နိုင်သေးသော သစ်သားနတ်ဘုရားသည် ရေနတ်ဘုရား၏ ရောင်ဝါကို အာရုံခံမိသည်။
“ရေနတ်ဘုရား... ရှင်ပြန်ထမြောက်နေပြီ..."
ထို့နောက် သူ၏ကြီးမားသော ခန္ဓာကိုယ်သည် စိမ်းလန်းစိုပြေသော အလင်းရောင်ကို ထုတ်လွှတ်ကာ အလယ်ပိုင်းဒေသတစ်ခုလုံးကို လင်းထိန်စေသည်။
ထို့နောက် အသက်ကင်းမဲ့ဇုန် ဟုခေါ်သော အလယ်ပိုင်းဒေသ၏ မြေပြင်တွင် မရေမတွက်နိုင်သော စိမ်းလန်းသော အညွန့်များ ရုတ်တရက် ပေါက်လာသည်။
ဤအပင်ပေါက်များ ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း သိသိသာသာ ကြီးထွားလာသည်။ တခဏလေးအတွင်း၌ပင် မူလ မြုံနေသော အလယ်ပိုင်းဒေသသည် တက်ကြွမှုအပြည့်ဖြင့် စိမ်းလန်းစိုပြေသော သစ်တောကြီးအဖြစ်သို့ ပြောင်းလဲသွားကာ သစ်သားဘုရား၏ နယ်မြေဖြစ်လာခဲ့သည်။