← Chapters

သူမအပေါ်ဝေဖန်တိုက်ခိုက်ခြင်း

Vol. 41 Ch. 781

သူမအပေါ်ဝေဖန်တိုက်ခိုက်ခြင်း

Vol. 41 Ch. 781

မင်းကြီးကသာ သူ့ရဲ့သမီးက အထက်စီးဆန်မောက်မာပြီး ဘယ်သူ့ကိုမှ လေးစားသမှုမရှိဘူးဟုသာ ထောက်ပြခဲ့လျှင် သူမအနေနဲ့ နောင်အနာဂတ်မှာ လက်ထပ်ဖို့အရေးကို လုံးဝ မေ့ပစ်လိုက်ရမှာပင်။ ကြိုးတစ်ချောင်းနှင့် ကြိုးဆွဲချသေလိုက်ရုံကလွဲပြီး တခြားဘာမှလုပ်လို့ရမည်မဟုတ်။

ကံကြမ္မာသည် ကောင်းလွန်းနေသဖြင့် တော်ဝင်မိသားစုကသာ ကိုင်တွယ်နိုင်သည်။ သာမန်မိသားစုတစ်ခုကနေ သူမက ဖြေရှင်းနိုင်လောက်ပါတယ်ဆိုပြီး ပြောရဲကြမှာမဟုတ်ချေ။

“ အဖေ! သမီးရဲ့ ဂုဏ်သတင်းက မပျက်ဆီးဘဲနေမလား! ဒီ မင်္ဂလာပွဲ စီစဉ်ထားတဲ့ဟာက အခုလိုကြီး ပျက်သွားရတဲ့ဟာ။ အိမ်ရှေ့စံမင်းသားက ဘာလိုတွေတောင် ပြောလိုက်လို့ မင်းကြီးက မျက်စိစုံမှိတ်

ပြီး ယုံပစ်လိုက်ရတာလဲ။ သူ တခြားသူကိုရော စဉ်းတောင်စဉ်းစားရဲ့လား။ အဖေ ဘာလို့ ငြိမ်ခံလာတာလဲ.. ဟုတ်သားပဲ အဖေ မုန့်သခင်ကြီးနဲ့ ဆွေးနွေးကြည့်ပါလား.. ဒီမင်္ဂလာပွဲမရှိတော့ဘူးဆိုရင် သမီးက ဘယ်လိုလုပ်ရတော့မှာလဲလို့?”

လူတွေအများကြီးက သူမကို ဝိုင်းပြီး လှောင်ကြတော့မှာ၊!

လာမယ့်ရက်ပိုင်းအတွင်း ဖြေရမယ့် စာမေးပွဲကြီးမှာ လုံးဝ တောက်ပနိုင်ဖို့ကို ပြင်ဆင်ထားရတာ! စတုတ္ထမင်းသားကို ဂုဏ်ကျက်သရေအပြည့်နဲ့ လက်ထပ်ချင်ခဲ့တာလေ!

သူမက ကံကောင်းခြင်းမရှိတဲ့သူ ဆိုတဲ့စကားလေးအတွက်နဲ့ ဘာလို့ အရာအားလုံးကို ဆုံးရှုံးလိုက်ရတာလဲ?

သူမ မျက်လုံးနီကြီးများဖြင့် မေးခွန်းများစွာကို တရစပ်မေးခဲ့၏။ သုန့်သခင်ကြီးမှာသူမရဲ့ စကားတွေကြောင့် မျက်နာပူလာမိကာ သူရဲ့မျက်နှာ အေးစပ်သွားတော့သည်။

“ အရင်တစ်ခေါက်ကလည်း မင်း ကြင်ရာတော်မင်းသမီးကို ပြစ်မှတ်ထားနေခဲ့တာ။ အခု ကြင်ရာတော်မင်းသမီး မကျေမနပ်ဖြစ်ပြီး စိတ်ခုသွားဝောာ့မှ ငါ့ကို ဘာတွေ လုပ်ပေး‌စေချင်နေတာလဲ။ မင်းကြီးက ဆုံးချက်ချပြီးနေပြီးကို ငါက ပြောင်းလဲနိုင်မှာမလို့လား?”

သုန့်ရှီးယွင် လက်သီး ဆုပ်ထားမိသည်။

အိမ်ရှေ့စံမင်းသား! ဒါတွေအကုန် အိမ်ရှေ့စံမင်းသားကြောင့်!

စတုတ္ထမင်းသားကလည်း မင်းကြီးရဲ့သားတော်

တစ်ပါးပဲကို, ဘာလို့ အဲ့လောက်တောင် မျက်နှာလိုက်ရတာလဲ?!

သုန့်ရှီးယွင်မှာ အမှန်တကယ်ကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

သူမဟာ ငယ်ငယ်လေးကတည်း အမြဲတမ်းထူးချွန်လာခဲ့တဲ့သူတစ်ယောက်၊ သာမန်လူတစ်ယောက်နဲ့ လက်ထပ်ဖို့ကို စိတ်ကူးထဲတောင် တစ်ခါမှ မထည့်ခဲ့ဖူး၊ သူမရဲ့ ပန်းတိုင်က တော်ဝင်မိသားစုသာ! အခု သူမနဲ့ စတုတ္ထမင်းသားရဲ့ လက်ထပ်ပွဲက ပျက်သွားပြီဆိုမှတော့ သူမ ဘယ်သူ့ကိုများ လက်ထပ်လို့ရဦးမှာလဲ?! အဲ့လူတွေက စတုတ္ထမင်းသားရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ ယှဉ်လို့ရမှာတဲ့လား?!

သူမ ဘယ်ခြေလှမ်းကစပြီး မှားသွားခဲ့လဲဆိုတာ ပြန်မှတ်မိနိုင်ဖို့ သုန့်ရှီးယွင် ကြိုးစားခဲ့သည်။

အိမ်ရှေ့စံမင်းသား ရှဲ့ချောင်ကို သုန့်အိမ်တော်ဆီခေါ်လာခဲ့တဲ့အချိန်ကို စဉ်းစားမိသွားခဲ့၏။

ဒါတွေအကုန် ရှဲ့ချောင်ကြောင့်! သူမ အားနည်းချင်ယောင်ဆောင်ခဲ့လို့ အိမ်ရှေ့စံမင်းသားက သူမကိုယ်စားလုပ်ပေးခဲ့တာ!

ဒါ ရှဲ့ချောင်ရဲ့ အမှား!

သူမညီမရဲ့ အမှားလည်း ကင်းမနေဘူး!

သူတို့ကြောင့်သာ မဟုတ်ရင် ဒီလိုဟာမျိုးကို လုပ်ဖို့ သူမ စွန့်စားနေရမှာ မဟုတ်ဘူး၊ အောင်အောင်မြင်မြင်နဲ့ လက်ထပ်လို့ရမယ့်ဟာကို!

သုန့်ရှီးယွင် မကျေမနပ်ချက်များနှင့် ပြည့်နေခဲ့သည်။ သူမ ရုတ်တရက် စတုတ္ထမင်းသားကို သတိရမိသွား၏။

အိမ်ရှေ့စံမင်းသားက ရှဲ့ချောင်ကို ကူညီပေးဖို့ ဆန္ဒရှိခဲ့တာဆိုရင် စတုတ္ထမင်းသားက…

ထိုအတွေးကြောင့် သုန့်ရှီးယွင် သူမ အဖေကို လစ်လျူရှုပြီး အလောတကြီး ပြေးထွက်သွားခဲ့၏။ စတုတ္ထမင်းသားသည် နန်းတော်ကနေထွက်လာပြီး အပြင်သီးသန့်အိမ်တော်မှာ နေလေ့မရှိပေမဲ့ ကျောင်းတော်မှာ မကြာခဏ နေနေတတ်သည်။ အထူးသဖြင့် ဒီတလော သူ ဆရာချိုးနဲ့အတူ ကမ္ဘာမြေပုံကို အတူတူ ကူးဆွဲနေရတာကြောင့်ပင်။

ဒါကြောင့် သူ ကျောင်းတော်ထဲမှာ ရှိလောက်ဦးမှာ!

သုန့်ရှီးယွင် ကျောင်းတော်သို့ မြင်းလှည်းဖြင့် အမြန်ရောက်သွားခဲ့၏။

ထိုအချိန်က၊ အမျိုးသမီးကျောင်းတော်မှာ ဘယ်သူမှ မရှိသလောက်နီးပါးဖြစ်နေ၏။ သူ အိမ်တော်ထိန်းကို ပြောပြီး စတုတ္ထမင်းသားဆီတန်းသွားခဲ့သည်။

“ အရှင့်သား!” သုန့်ရှီးယွင်ရဲ့ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်‌နေပြီး မတရားခံလာရသည့်ပုံဖြင့်။

စတုတ္ထမင်းသားမှာ.. အနည်းငယ် ရှက်သွားခဲ့၏။ သူ ဆရာများကို တစ်ချက်ကြည့်လိုက်၍ အသံတိုးတိုးနှင့် ပြောလိုက်သည်။ “ ကျွန်တော် ခဏလောက် အပြင်ထွက်ချင်လို့”

ဆရာက ခေါင်းညိတ်ပြ၍ “ခဏနေ ပြန်လာခဲ့ပါ၊ အရှင့်သား”

ဆရာကြီးလီသည် မကြာခင် ပြန်ရောက်လာ‌တော့မည်ဖြစ်၏။ သူ ပြန်ရောက်မလာခင် ပြီးပြည့်စုံတဲ့ မြေပုံ ပုံတူတစ်ခုကို သူတို့ အပြီးသတ်ထားကြရမည်ပေ။

စတုတ္ထမင်းသားက သိမ်းဆည်းစရာရှိတာ သိမ်းဆည်းပြိး သုန့်ရှီးယွင်နောက်ကနေ လိုက်ကာ ခြံဝန်းဆီ သွားခဲ့၏။

“ သုန့်သခင်မလေး မင်း ငါ့ဆီကနေ ဘာလိုချင်လို့လဲ”

စတုတ္ထမင်းသားရဲ့ပုံမှာ အင်မတန် တည်ငြိမ်နေလျက်။

“ အရှင့်သား.. ကျွန်မ… မင်းကြီးက ကျွန်မနဲ့အရှင့်သားရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းပစ်လိုက်တာ အရှင့်သား သိပြီးသွားပြီလား”

“ အင်း” စတုတ္ထမင်းသား ခေါင်းညိတ်လိုက်သည်။

သူ ဒီထက်တောင် ပိုပြီးသိထားသေးသည်။

ဒီမတိုင်ခင်က အိမ်ရှေ့စံမင်းသားသည် သူ့ကို ခေါ်ပြီး နှစ်ယောက်သား စကားပြောဖြစ်ခဲ့ကြသည်။ အကြောင်းရာကတော့ သုန့်ရှီးယွင်က သူ့အတွက် ကြင်ဖော်ကောင်းမဟုတ်၍ သူ့ရဲ့ ဇနီးနေရာကို ပြန်အစားထိုးရမည်။

သူသာ ဒီသခင်မလေးကို အဆင်ပြေတယ်လို့ထင်ရင်၊ သူမကို အစားထိုးပစ်မှာ မဟုတ်ဘူးလို့လည်း သူ့အစ်ကိုတော်က ပြောခဲ့သေးသည်။

သို့သော် သူ့အစ်ကိုတော်က ဒီလိုပြောလာပြီဆိုမှတော့ သုန့်ရှီးယွင်နဲ့ ပတ်သက်ပြီး မကောင်းတာတစ်ခုခုရှိလောက်သည်ဟု သူထင်မိ၏။ ဒါကြောင့် သိက္ခာအပြည့်ရှိလှတဲ့ အိမ်ရှေ့စံမင်းသားက သူ့ရဲ့

ကြင်ရာတော်လောင်းနဲ့ ပတ်သက်ပြီး ဒီလောက်ထိ ပူပန်ပေးနေတာပင်။ သုန့်သခင်မလေးက သူ့အပေါ် စိတ်ဝင်စားမှုရှိသည့်ပုံမျိုးလည်း ပေါ်မနေတာကြောင့် ဒီ မင်္ဂလာပွဲ ဖျက်သိမ်းလိုက်လျှင်တောင် ကိစ္စမရှိပေ။

•••••

All Chapters