← Chapters

ချန်ရှန်းဟုန်ကို ထိုးနှက်ခြင်း

Vol. 82 Ch. 1220

ချန်ရှန်းဟုန်ကို ထိုးနှက်ခြင်း

Vol. 82 Ch. 1220

ချန်ရှန်းဟုန်သည် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေ၍ အရိုးများ ကျိုးကြေလုပါးခံစားနေရသည်။ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ အသက်ရှုမှားလုနီးပါးဖြစ်နေလေ၏။ ဤအခိုက်အတန့်တွင် သူ၏လက်အောက်ငယ်သားများက အဘယ်ကြောင့် ဤမျှအားနည်းနေရသည်ကို သူ နားလည်သွားသည်။

ဤအမျိုးကောင်းသားများ၏ နောက်ကွယ်ရှိ မြင့်မြတ်သော မိသားစုများကို ချည်နှောင်ရန် ကြံရွယ်ထားသော်လည်း သူသည် လူတိုင်းကို လက်မခံခဲ့ပေ။ ၎င်းတို့သည် အနည်းဆုံးလျှင် နတ်အဆင့် သို့မဟုတ် ၎င်းအထက်တွင် ရှိနေရပေလိမ့်မည်။ ပုံမှန်အားဖြင့် မိမိသည်လည်း ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူသည် ရွှီဖုန်းကဲ့သို့၊ ကျုံးရှင်မြို့ဝန်၏ လူငယ်မျိုးဆက်သစ်တစ်ခုလုံးကို သုတ်သင်နိုင်ခဲ့သည်။

သို့သော် ဤလူများသည် ချူးယွင်ဖန်းကိုရင်ဆိုင်ရသောအခါ သူ၏သစ်သားတုတ်ကိုပင် မတားဆီးနိုင်ခဲ့ပေ။ ချန်ရှန်းဟုန်သည် ဘေးက ကြည့်နေချိန် မယုံကြည်နိုင်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။ ယခုအခါ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ သဘောပေါက်သွားသည်။

ဤသည်မှာ ရိုးရှင်းသော ရိုက်ချက်တစ်ခုသာဖြစ်သော်လည်း သူသည် ကြီးမားသော အရာဝတ္ထုတစ်ခုဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ချပ်ဝတ်တန်ဆာများပင် ကွဲအက်သွားခဲ့သည်။ သူ့တွင် အတွင်းဝတ်ချပ်ဝတ်တန်ဆာ မရှိပါက လေထုထဲတွင် ပေါက်ကွဲသွားပေလိမ့်မည်။ ချန်ရှန်းဟုန်သည် ရုန်းကန်၍ မတ်တပ်ရပ်နေချိန်တွင် ချူးယွင်ဖန်းက ကောင်းကင်ယံတွင် ရပ်တန့်ကာ နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်စွာ ငုံ့ကြည့်နေကြောင်း မြင်တွေ့လိုက်ရသည်။ ချူးယွင်ဖန်း၏ မျက်နှာပေါ်ရှိ အထက်စီးဆန်သောအကြည့်သည် သူ့ကို အနည်းငယ်မျှ ဂရုမစိုက်ကြောင်း ပြသနေသည်။ ချူးယွင်ဖန်း၏ အကြည့်များသည် သူ့ကို အလွန်ဒေါသထွက်စေသည်။

"ချူးယွင်ဖန်း၊ ခင်ဗျားကိုယ်ခင်ဗျား သေချာပေါက် နိုင်သွားပြီလို့ မထင်လိုက်နဲ့ ကျုပ် ခင်ဗျားကို သေတဲ့အထိ တိုက်ခိုက်ပြမယ်" ချန်ရှန်းဟုန်က ချူးယွင်ဖန်းကို မော့ကြည့်၍ ပြောလိုက်သည်။

ချန်ရှန်းဟုန် ဟိန်းဟောက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ သွေးနီရောင် စွမ်းအင်များ ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအင်များ ဆူပွက်လာစေရန် လျှို့ဝှက်နည်းတစ်ခုကို အသုံးပြုလိုက်ဟန်ရှိသည်။ သူ၏ ကျင့်ကြံမှုသည်လည်း သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အရူးအမူး မြင့်တက်သွားလေသည်။ ချက်ချင်းဆိုသလိုပင် ဆဋ္ဌမမြောက် နတ်အဆင့်ကို ချိုးဖျက်ကာ သတ္တမမြောက် နတ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ချန်ရှန်းဟုန်၏ ခွန်အားသည် နောက်တစ်ဆင့်သို့ တိုးမြင့်လာကြောင်း မြင်လိုက်ရသောအခါ မြို့ဝန်အိမ်တော်ရှိ လူများ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ချန်ရှန်းဟုန်သည် ဤအတိုင်းအတာအထိ တွန်းအားပေးခံလိုက်ရသည်။ သူသည် ဆဋ္ဌမမြောက် နတ်အဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း အခြားရွေးချယ်စရာမရှိသောကြောင့် လျှို့ဝှက်နည်းပညာကို အသုံးပြုရသည်အထိ တွန်းအားပေးခံလိုက်ရသည်။ ထိုလျှို့ဝှက်နည်းပညာသည် သူ့အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများဖြစ်ပေါ်သွားနိုင်သည်။

ဤသို့ဆိုလျှင်ပင် ချန်ရှန်းဟုန်သည် မဆိုင်းမတွ အသုံးပြုလိုက်ဆဲဖြစ်သည်။ ချန်ရှန်းဟုန်က မည်မျှ ဒေါသထွက်နေသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ ဤမြင်ကွင်းကိုမြင်သောအခါ ကျုံးရှင်မြို့ဝန်၏မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားလေသည်။ မြို့ဝန်သည် အနည်းငယ် စိတ်ပူလာသည်။ အခြေအနေသည် ဤအဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သည့်အချိန်ကမျှ မမျှော်လင့်ထားပေ။

အားလုံးက စိုးရိမ်ပူပန်နေကြလျှင် ချူးရှို့ကျဲသည် အလွန်ကြောက်ရွံ့နေမိသည်။ ချူးယွင်ဖန်းသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ မတွေးခဲ့မိပေ။ သူ၏မျက်လုံးထဲတွင် ပြိုင်ဘက်ကင်းနေသည် သူ၏အကိုဝမ်းကွဲ ချန်ရှန်းဟုန်သည် ချူးယွင်ဖန်းကို ရင်ဆိုင်သောအခါ ထိုသို့သော အခြေအနေသို့ တွန်းပို့ခံလိုက်ရသည်။ ထိုနေရာတွင် သူသာဖြစ်ခဲ့လျှင် အမှန်တကယ် သေဆုံးရပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းကို ရန်ဆွမိခြင်းအတွက် နောင်တရနေမိသော်လည်း သူ့တွင် အတွေးတစ်ခုပေါ်ပေါက်လာသည်၊ ဤသည်မှာ ချူးယွင်ဖန်းကို ဤတိုက်ပွဲတွင် သတ်ပစ်ရန်ဖြစ်သည်။ သို့မှသာ ချန်ရှန်းဟုန်၏ ဒေါသများ ငြိမ်သက်သွားမည်ဖြစ်သည်။ ချူးယွင်ဖန်းကို မသတ်ဖြတ်နိုင်ဘဲ သရေပွဲကျခဲ့လျှင်ပင် ဤသည်မှာ ချူးရှို့ကျဲအတွက် ကပ်ဘေးဆိုးတစ်ခုဖြစ်သွားနိုင်သည်။ ထိုအချိန်တွင် သူ၏နှုတ်ခမ်းတွင် စကားတစ်ခွန်းသာ ကျန်ရစ်တော့သည်။

"သူ့ကိုသတ်ပစ်။ အဲ့ဒီ့မျိုးမစစ်ကောင်ကို သတ်ပစ်လိုက်"

“သွားသေလိုက်၊ အမှိုက်လိုကောင်” ရုတ်တရက်ဆိုသလိုပင် ချန်ရှန်းဟုန်က လှုပ်ရှားလိုက်သည်။

သူ့လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပေတစ်ရာကျော်ရှည်လျားသော အံ့ဩဖွယ် ဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ဓားအလင်းရောင်သည် ကောင်းကင်ကို ဖြတ်သန်းပြီးနောက် ချူးယွင်ဖန်းကို ဖြတ်တောက်သွားလေသည်။ သူသည် ချူးယွင်ဖန်းကို အနည်းငယ်မျှ လွတ်မြောက်ရန် အခွင့်အရေးမပေးခဲ့ဘဲ သူ၏ ကြောက်မက်ဖွယ်ကောင်းသည်အထိ ပြင်းထန်သော နတ်အာရုံဖြင့် ချူးယွင်ဖန်းကို ထိန်းချုပ်ထားခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် ထိုထိန်းချုပ်မှုမှ ထွက်ပြေးရန် မရည်ရွယ်ထားပေ။ သူသည် ချန်ရှန်းဟုန်ကို လှောင်ရယ်ပြီးနောက် လက်ထဲက သစ်သားချောင်းကို ဝှေ့ယမ်းလိုက်ပြန်သည်။

ဘန်း

သစ်သားချောင်းသည် ဓားသွား၏ အလင်းရောင်ကို တွန်းတိုက်လိုက်လေသည်။ လူတိုင်း၏ မျက်စိအောက်တွင် မှော်ဆန်သော မြင်ကွင်းတစ်ခုဖြစ်ပေါ်လာသည်။ ချူးယွင်ဖန်း၏သစ်သားချောင်းသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းရောင်ကို တစ်စ တစ်စဖြိုခွင်းပစ်လိုက်သည်။ ၎င်းတို့သည် ဟင်းလင်းပြင်ထဲ၌ ကောင်းကင်တွင်ပြည့်နှက်နေသော အလင်းရောင်အပိုင်းအစများအဖြစ် ပြောင်းလဲပြီးနောက် လွင့်စဥ်ပျက်ပြယ်သွားလေ၏။ ချူးယွင်ဖန်းအတွက်မူ ချန်ရှန်းဟုန်က လျှို့ဝှက်နည်းပညာ သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ အရာအားလုံးတူညီသော အခြေအနေတွင် တည်ရှိနေ၍ သူ့ကို လုံးလုံးလျားလျား မထိခိုက်စေနိုင်ပေ။

"မဖြစ်နိုင်ဘူး"

ချန်ရှန်းဟုန်၏ မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်ကြောင့် နီရဲနေသည်။ သူသည် သူ၏ မျက်လုံးများကို မယုံကြည်နိုင်ဖြစ်နေသည်။ ချူးယွင်ဖန်းသည် သူ၏ ခွန်အားအပြည့်ပါရှိသော တိုက်ခိုက်မှုကို အလွယ်တကူ ဖြိုခွဲလိုက်သည်။ သူသည် ထိုဖြစ်စဥ်ကို လက်မခံနိုင်ဖြစ်နေသည်။ ချူးယွင်ဖန်းသည် ၎င်းတိုက်ခိုက်ခိုက်မှုကို တားဆီးရန် ရှိသမျှခွန်အားကို အသုံးပြု၍ အစွမ်းကုန်ကြိုးစားခဲ့ပါက၊ ကောင်းပေလိမ့်မည်ဖြစ်သော်လည်း သူ၏အမူအရာကို ကြည့်ခြင်းအားဖြင့် လုံးလုံးလျားလျား သက်တောင့်သက်သာရှိနေဆဲဖြစ်ကြောင်း သိသာထင်ရှားသည်။

ချန်ရှန်းဟုန် ပြင်းထန်စွာ ပေါက်ကွဲသွားသည်နှင့် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအင်များ စုစည်းလာသည်။ ချန်ရှန်းဟုန်က နောက်တစ်ကြိမ် တိုက်ခိုက်ရန်ဟန်ပြင်လိုက်ချိန်၌ ချူးယွင်ဖန်း၏သစ်သားချောင်းသည် ကောင်းကင်ကို ဖြတ်သန်း၍ သူ့ဆီ ရောက်ရှိလာကြောင်း မြင်တွေ့လိုက်ရသည်။

ဘန်း

ချန်ရှန်းဟုန်သည် ထိပ်တိုက် ရိုက်နှက်ခံလိုက်ရသည်။ သူ ဖန်တီးထားသော စွမ်းအင်အတားအဆီး အလွှာသည် ချက်ချင်းပင် ပြိုကျသွားလေသည်။ သူသည် ထိုးနှက်ချက်ကို မခုခံနိုင်ခဲ့ပေ။ သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းထားသော နတ်စွမ်းအင်များသည် ချူးယွင်ဖန်း၏သစ်သားချောင်းကြောင့် ပြန့်ကျဲသွားခဲ့ရာ၊ ၎င်းမှ ဖြစ်ပေါ်လာသည့် ပြင်းထန်သောနာကျင်မှုသည် သူ၏အာရုံကြောများကို လှုံ့ဆော်လာသည့်အတွက် အော်ဟစ်လုနီးပါးပင် ခံစားနေရသည်။ သို့သော် ချူးယွင်ဖန်းသည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိဘဲ သစ်သားချောင်းကို ထပ်မံဝှေ့ယမ်းလိုက်ပြန်သည်။

ဘန်း

သစ်သားချောင်းသည် ချန်ရှန်းဟုန်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။ သူ၏ခန္ဓာကိုယ်တွင် စုစည်းထားသော နတ်စွမ်းအင်များ တစ်ဖန် ပြန့်ကျဲထွက်သွား၏။ သူသည် စူးရှသော အော်ဟစ်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သို့သော် ချူးယွင်ဖန်းက စိတ်မကျေနပ်သေးသောကြောင့် သူ့ကို ဤသို့ လွှတ်ပေးလိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ချန်ရှန်းဟုန်ကို ထပ်ခါထပ်ခါ ရိုက်နှက်လိုက်သည်။ ချန်ရှန်းဟုန်ကို သစ်သားချောင်းဖြင့် ထိခတ်လိုက်တိုင်း ကျယ်လောင်သော ရိုက်နှက်သံကို ကြားနေရသည်။

ချန်ရှန်းဟုန်သည် မြေပြင်ပေါ်သို့ ပစ်လဲသွားခဲ့သည်။ သူသည် မတ်တပ်ရပ်ရန် ကြိုးစားခဲ့သော်လည်း ချူးယွင်ဖန်းက သူ၏ ဒူးထောက်ကို ရိုက်နှက်ကာ ဒူးထောက်ခိုင်းခဲ့သည်။ ခဏအကြာတွင် ချန်ရှန်းဟုန်၏ ခန္ဓာကိုယ်သည် သွေးများဖြင့် လွှမ်းခြုံသွားလေသည်။

လူအများအပြားသည် ချန်ရှန်းဟုန် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့ရာ၊ သူသည် ခုခံနိုင်စွမ်းမရှိသည်အထိ ဆိုးရွားစွာ ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ချန်ရှန်းဟုန်ကို သင်ခန်းစာပေးနေကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ သူသည် သင့်တင့်သော ခွန်အားပမာဏကို အသုံးပြုထားသောကြောင့် ချန်ရှန်းဟုန်ကို မသေစေနိုင်ဘဲ နာကျင်မှုမျိုးစုံ ခံစားရအောင် ပြုလုပ်နေသည်။

ချန်ရှန်းဟုန်၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးကြေနေသော်လည်း ထိုဒဏ်ရာများဖြင့် မသေနိုင်ပေ။ ၎င်းတို့သည် ချူးယွင်ဖန်းကို ပြန်ကြည့်မိသောအခါ ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် ဤအခိုက်အတန့်တွင် အလွန် အေးစက်နေပုံပေါ်သည်။

နောက်ဆုံးတွင် ချူးယွင်ဖန်းသည် လက်ထဲရှိ သစ်သားချောင်းကို ရပ်တန့်၍ ပြောလိုက်သည်။

"ဒီနေ့ ကျုပ် ခင်ဗျားကို သင်ခန်းစာပေးလိုက်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက ခင်ဗျားရဲ့အမေမဟုတ်သလို ခင်ဗျားကို အမြဲတမ်းအလျှော့ပေးရမယ့်တာဝန်လည်း မရှိဘူး။ ခင်ဗျားရဲ့အစွမ်းနဲ့ ကမ္ဘာကြီးကို စိုးမိုးနိုင်မယ်လို့ ထင်နေတာလား။ ခင်ဗျားက ရေတွင်းအောက်ခြေက ဖားတစ်ကောင်သာသာပဲရှိတာပါ။ ဒီနေ့ ကျုပ် ခင်ဗျားကို သတိပေးလိုက်ပြီ။ ချူးမိသားစုရဲ့ကိစ္စတွေကို နောက်တစ်ခါ ထပ်ပြီးစွက်ဖက်ရဲရင် တွေ့ရင် တွေ့တဲ့အချိန်တိုင်း ခင်ဗျားရဲ့ပါးကို ရိုက်ပစ်မယ်။ ပြီးတော့ ခင်ဗျား ပြောတာသိပ်မှန်တယ်၊ ကျုပ်က ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တဲ့လူပဲ"

All Chapters