မြေခွေးမ
Vol. 41 Ch. 783
သုန့်ရှီးယွင် အထဲကို ဝင်သွားခဲ့သည်။
သူမ နာက်ဆုံးတစ်ခေါက် ဒီနေရာကို လာခဲ့တဲ့အချိန်က သူမဟာ အထက်စီးဆန်ဆန်နှင့် ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့သူတစ်ယောက်ဖြစ်ပြီး စုန်းမမော့က ကြင်ရာတော်မင်းသမီးတစ်ပါး ဖြစ်လာလိမ့်မယ်လို့ တထစ်ချ ယုံကြည်ထားခဲ့သည်။
အဓိပ္ပာယ်မရှိတာလိုက်တာ!
“ရှင်တို့ သူဌေး ဘယ်မှာလဲ၊ ကျွန်မ သူနဲ့ တွေ့ချင်တယ်”
သုန့်ရှီးယွင်၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေလျက်။
ဆိုင်ရှင်ချန်မှာ ထိတ်လန့်သွားရသည်။
သူဌေးသည် ဆိုင်မှာ ရှိနေတတ်တယ်ဆိုပေမဲ့ လူတိုင်း သူမကို တွေ့နိုင်တာမျိုး မဟုတ်။
“ကျွန်မ သူ့နဲ့တွေ့ချင်တယ်လို့! ရှင်တို့ သူဌေးက အနာဂတ်ဟောပေးတဲ့နေရာမှာ တော်တယ်ဆို? ကျွန်မအတွက်လည်း ဟောခိုင်းစေချင်တယ်!”
သုန့်ရှီးယွင် သူမရဲ့ လက်ကောက်ကို ချွတ်ပေးလိုက်သည်။
သူမရဲ့ လက်ကောက်သည် အရည်အသွေးကောင်းသည့် လက်ကောက်တစ်ကွင်းဖြစ်၏။
သို့သော် ဆိုင်ရှင်ချန်မှာ အလောတကြီး လက်မခံရဲတာကြောင့် “ ကျွန်တော် သူဌေးကို အရင်မေးကြည့်လိုက်ပါဦးမယ်”
ထိုသို့ပြောပြီးနောင် ဆိုင်ရှင်ချန်သည် အပေါ်ထပ်ကို တက်သွားခဲ့သည်။ ခါတိုင်းလိုပင်.. သူဌေးသည် တစ်ယောက်တည်း ထိုင်နေပြီး တတွတ်တွတ်နဲ့ပြောနေ၏။ သူမ လက်ထဲက တစ်စုံတစ်ခုနှင့် အသံသွင်းနေပုံရကာ တစ်ယောက်ယောက်ကို စကားပြောနေသလိုမျိုး။
“ သူဌေး၊ သခင်မလေးတစ်ယောက်က သူဌေးနဲ့ တွေ့ချင်လို့ပါတဲ့”
“ ငါ သိတယ်၊ ငါ သိတယ်၊ သူမဆီမှာ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ကပ်ပါလာတယ်၊ အဲ့မကောင်းဆိုးဝါးဝိဉာဉ် ဖမ်းစားတာ ခံရမှာကြောက်လို့ သူမနားတောင် မသွားရဲဘူး” အခုမှရောက်လာခါစ ပိန်လှီအားနည်းတဲ့ ဝိဉာဉ်တစ်ကောင်က ပြောလိုက်၏။
ထိုစကားကြောင့်၊ ရှဲ့ချောင် သူမရဲ့ စုတ်တံကို အောက်ချထားလိုက်သည်။
“ ဒါဆိုလည်း သူမနဲ့သွားတွေ့ကြတာပေါ့” ရှဲ့ချောင် သူမရဲ့ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပြီး အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
လှေကားကနေ ဆင်းသွားလိုက်သည်နှင့် ရှဲ့ချောင် ခံစစားမိလိုက်သည်က သုန့်ရှီးယွင်ရဲ့ ပူဆွေးသောက ရောက်နေတဲ့ မျက်လုံးများနှင့် … သူမနောက်မှာ ရှိနေတဲ့ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခု။
ရှဲ့ချောင် သူမကို သီးသန့်အခန်းထဲ ခေါ်လိုက်၏။
ထိုင်လိုက်ကြပြီးသည်နှင့် သုန့်ရှီးယွင်က “ ရှင် ကျွန်မညီမရဲ့ ကံကြမ္မာကိုဖတ်ပေးခဲ့တာဆိုတော့ ကောင်းတာတွေ တော်တော်လေး ပြောလိုက်တယ်မ
လား၊ အခု ညီမလေးက သေသွားပြီဆိုတော့ ကြည့်ရသလောက် ရှင်ကသာမန်ပါပဲ”
ရှဲ့ချောင် သူမကို တည်တည်ငြိမ်ငြိမ်နှင့်သာ ကြည့်လိုက်သည်။
သူမရဲ့ မျက်လုံးများက ကြည်လင်နေ၏။
“ ဒါဆို မင်းက ပြဿနာရှာဖို့ရောက်လာတာပေါ့” ရှဲ့ချောင်က စိတ်ရှုပ်ခံပြီး သူမကို ရှင်းပြမနေခဲ့။
သုန့်ယိယွင်ရဲ့ ဝိဉာဉ်က အနက်ရောင်တိမ်စိုင်တိမ်ခဲများလိုဖြစ်နေ၏။ သူမမှာ အသိစိတ်တစ်စက်လေးတောင် ရှိနေသည့် ပုံမပေါ်တော့။ သုန့်ရှီးယွင်ရဲ့ လည်ပင်းကိုသာ ညှစ်ထားပြီး ဘေးလူများကို အာရုံရှိမနေခဲ့ပေ။
“ မဟုတ်ပါဘူး၊ ကျွန်မမှာ အချိန်မရှိဘူး” သုန့်ရှီးယွင်ရဲ့ စကားပြောပုံက ပိုပြီးတဲ့တိုးဆန်လာရာ ရှဲ့ချောင် အတွက် နားထောင်ရတာ ပိုပြီး အဆင်ပြေနေခဲ့သည်။
သုန့်ရှီးယွင်က သူမကို စုံချည်ဆန်ချည်ကြည့်ရင်း အကဲခတ်နေ၏။
“ ရှင်နဲ့ အိမ်ရှေ့စံမင်းသားကြားမှာ … ဆက်ဆံရေးတစ်ခုရှိတယ်မလား? ရှင်က အသက်ကြီးနေပြီဆိုပေမဲ့ ကြည့်ရတော့မဆိုးပါဘူး။ အိမ်ရှေ့စံမင်းသားက ရှင်ကိုသဘောကျနေတာဆိုရင် ရှင်ဘာလို့ မတိုက်ခိုက်တာလဲ။ ရှဲ့ချောင်သာ ကြင်ရာတော်မင်းသမီးဖြစ်လာရင် အိမ်ရှေ့စံမင်းသားက ရှင့်ကို ဂရုစိုက်ပါဦးမလား။ အဲ့ရှဲ့ချောင်က မြေခွေးမ၊ အိမ်ရှေ့စံမင်းသားကို သူ့ဆီပါလာအောင် သေချာပေါက် ဆွဲဆောင်မှာ!”
ရှဲ့ချောင် ထိတ်လန့်သွားရသည်။
သူမက မြေခွေးမတဲ့လား?!
တကယ်ကြီး?!
ရှဲ့ချောင်ရဲ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။ “ မင်းရဲ့ ချီးကျူးမှုအတွက် ငါ့ဆရာတူ တူမလေးရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်”
“ ဆရာတူ တူမ” သုန့်ရှီးယွင် ခဏတာ ကြက်သေသေသွားခဲ့ကာ နောက်တော့ ဒေါသထွက်သွားခဲ့သည်။
ဆိုတော့ ဒီလိုပေါ့။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် သိနေကြပြီးသား။ ရှဲ့ချောင် ရုတ်တရက်ကြီး ကြင်ရာတော်မင်းသမီးဖြစ်လာတာ မထူးဆန်းတော့ဘူး။ စုန်းမမော့က သူမကို ထောက်ခံပေးလိုက်တာပေါ့။ အိမ်ရှေ့စံမင်းသားကို သူတို့အပိုင်ဖြစ်
အောင်လုပ်ပြီး သူတို့ ပြောသမျှစကားတိုင်းကို နာခံလာအောင် လုပ်နေကြတာ!
“ ကြည့်ရတာ ကျွန်မ ဒီကိုလာတာ အလကားဖြစ်သွားပြီထင်ပါရဲ့” သုန့်ရှီးယွင်ကထေ့ငေါ့ပြီး ပြုံးလိုက်၏။
ဆရာမမော့ကို ဖျားယောင်းပြီး ရှဲ့ချောင်နဲ့ ယှဉ်ပြိုင်လာအောင် လုပ်ချင်ခဲ့တာပင်။
ဒါပေမဲ့ အခုက..
“ လက်ခံပြီးသား ရတနာတွေကို ပြန်ပေးမှာ မဟုတ်ဘူးနော်” ရှဲ့ချောင်က လေးနက်စွာနှင့် ပြောလိုက်၏။
သုန့်ရှီးယွင်သည် လက်ကောက်ကို ဂရုစိုက်မနေ။
“ ဒါဖြင့် ကျွန်မ ဒီဘဝမှာ ကြင်ရာတော်မင်းသမီး
ဖြစ်လာနိုင်ချေ ရှိလား မရှိဘူးလားဆိုတာ တွက်ပေး”
ရှဲ့ချောင် ပြုံးလျက် “ ကြင်ရာတော်မင်းသမီးဖြစ်လာနိုင်လား မဖြစ်နိုင်ဘူးလားဆိုတာက သခင်မလေးရဲ့ စိတ်ထဲမှာ သိနေပြီးသား မဟုတ်လား”
သုန့်ရှီးယွင် ရှက်သွားပုံရသည်။ “ ကျွန်မရဲ့ ကံကြမ္မာကို ဟောပေးဖို့ ရှင့်ကို ပြောနေတာလေ! ပိုက်ဆံပေးထားပြီးသား”
“ အို့၊ ဒါဆိုလည်း ပြောရတာပေါ့၊ သခင်မလေးက ဒီတစ်သက် ကြင်ရာတော်မင်းသမီး ဖြစ်မလာနိုင်ရုံတင်မဟုတ်ဘူး၊ လက်တောင်ထပ်ရမှာ မဟုတ်ဘူး” ရှဲ့ချောင်က မတ်မတ်ထိုင်နေကာ
“ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတဲ့ အသက်ရှုသံ၊ စိတ်အားထက်သန်မှုမရှိ၊ ထူထဲတဲ့မျက်ခုံး၊ မှိန်နေတဲ့ မျက်လုံး၊ ခေါင်းပေါ်မှာက တိမ်စိုင်တွေ၊ အားနည်းတဲ့ အရိုး၊ ဖြူဖျော့နေတဲ့ နှုတ်ခမ်း၊ ကမောက်ကမဖြစ်နေတဲ့ ဒြပ်စင်ငါးခု။ သခင်မလေးရဲ့ ဝိဉာဉ်ကို ငရဲ
က ပိုင်နေပြီးသား၊ ပြီးတော့ တောင်တန်းတွေကလည်း အနားမှာ ဝန်းရံနေတယ်..”
•••••