← Chapters

ကျွမ်းကျင်သူများ၏ သံသယ

Vol. 82 Ch. 1223

ကျွမ်းကျင်သူများ၏ သံသယ

Vol. 82 Ch. 1223

စစ်ဝံပုလွေဂိုဏ်းတွင် မည်သည့်အကြောင်းကိစ္စမျိုး ဖြစ်ပွားခဲ့ခြင်းဖြစ်သနည်း။ ချူးယွင်ဖန်းသည် ဤကြောင်းအရာကို မမျှော်လင့်ထားခဲ့သောကြောင့် အနည်းငယ်ထူးဆန်းသည်ဟု ခံစားနေမိသည်။ သူသည် ချက်ချင်းပင် စစ်ဝံပုလွေဂိုဏ်း၏အဖွဲ့ဝင်အနောက်သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ဤတစ်ကြိမ်တွင် ၎င်းတို့သည် စစ်ဝံပုလွေဂိုဏ်း၏ ခုန်းလုံမြို့ရှိ ဌာနချုပ်သို့ မဟုတ်ဘဲ မြို့ပြင်ရှိ အခြေစိုက်စခန်းသို့ သွားရောက်ခဲ့ကြသည်။ အခြေစိုက်စခန်းတစ်ခုဟုဆိုသော်လည်း ၎င်းသည် အမှန်တွင် စစ်ဝံပုလွေဂိုဏ်း၏ဌာနချုပ်အစစ်ဖြစ်သည်။ ၎င်းကို မြို့ငယ်တစ်ခုကဲ့သို့ တင်းကြပ်စွာ စောင့်ကြပ်ထားကြသည်။ စစ်ဝံပုလွေဂိုဏ်းသည် ခုန်းလုံမြို့တစ်ခုလုံးတွင် နံပါတ်တစ်ဂိုဏ်းတစ်ခုပင်ဖြစ်လာနိုင်သောကြောင့် ၎င်းတို့၏အင်အားကို သဘာဝအားဖြင့် လျှော့တွက်၍မရနိုင်ပေ။ ၎င်းတို့နှစ်ဦးသည် မြို့အပြင်ဘက်ရှိ စစ်ဝံပုလွေဂိုဏ်း၏ ဌာနချုပ်သို့ ရောက်ရှိရန် အချိန်မကြာမြင့်ခဲ့ပေ။ ချူးယွင်ဖန်း ထိုနေရာသို့ ရောက်လာသောအခါ စိုးရိမ်တကြီး စောင့်ဆိုင်းနေသည့် လျောင်သာ့ယီကို တွေ့လိုက်ရသည်။

သူသည် ချူးယွင်ဖန်းကိုတွေ့သောအခါ အရှေ့သို့ ချက်ချင်းထွက်လာကာ ပြောလိုက်သည်။

“ဆေးဆရာချူး၊ ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီ"

"ဘာဖြစ်လို့လဲ၊ ခင်ဗျားတို့ခေါင်းဆောင်ရဲ့ရောဂါ ပြန်ဖောက်လာလို့လား" ချူးယွင်ဖန်းက ပြောလိုက်သည်။

"အဲဒီလိုမဟုတ်ဘူး၊ ကျုပ်တို့ဂိုဏ်းထဲမှာ ပြဿနာတစ်ခုရှိနေလို့ပါ" လျောင်သာ့ယီက ပြောလိုက်သည်။

"ဘာဖြစ်တာလဲ" ချူးယွင်ဖန်းက မေးမြန်းလိုက်သည်။

လျောင်သာ့ယီသည် ချူးယွင်ဖန်းကိုကြည့်၍ ပြောလိုက်သည်။

"သခင်လေးချူး၊ လူတစ်ယောက်ကြောင့် ကျုပ်တို့ဂိုဏ်းခေါင်းဆောင် ဒဏ်ရာရသွားတာကို ခင်ဗျား သိတယ်မဟုတ်လား၊ နောက်ဆုံးတော့ ကျုပ်တို့ခေါင်းဆောင်ကို ကိုယ်တိုင်ကယ်တင်ခဲ့တဲ့လူက ခင်ဗျားလေ"

"ဟုတ်တယ်လေ။ ခင်ဗျား အခုပြောမယ်ကိစ္စက ခင်ဗျားတို့ခေါင်းဆောင်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့လူနဲ့ သက်ဆိုင်နေတာလား" ချူးယွင်ဖန်းက မေးလိုက်သည်။

လျောင်သာ့ယီက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်။ ခင်ဗျား ခန့်မှန်းတဲ့အတိုင်းပါပဲ၊ ဆေးဆရာချူး။ မကြာသေးမီကမှ အဲဒီလူက သာမန်လူမဟုတ်ဘူးဆိုတာကို ကျုပ်တို့ နောက်ဆုံးတော့ သိလိုက်ရတယ်။ သူက ကျုပ်တို့ ပထမဆုံး တိုက်ခိုက်ခဲ့တဲ့ရန်သူတွေထဲက တစ်ယောက်ပဲ။ ကျုပ်တို့စစ်ဝံပုလွေဂိုဏ်းက အစပိုင်းမှာ ခုန်းလုံမြို့မှာရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုပါ။ ကျုပ်တို့ရဲ့ လက်ရှိအနေအထားကို ရောက်လာဖို့အတွက် ကာလတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ရတာ။ ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးတော့ မချောမွေ့ခဲ့ဘူးပေါ့’’

“လုပ်ငန်းစဉ်တစ်လျှောက်လုံး လူတော်တော်များများကို ကျုပ်တို့ စော်ကားခဲ့မိတယ်။ အဲဒီထဲက တစ်ယောက်က လွတ်မြောက်သွားပြီး နောက်ပိုင်းမှာ သူက တခြားပညာရှင်တစ်ယောက်ရဲ့ တပည့်ဖြစ်လာတယ်။ သူ့ကို နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ဆိုပေမယ့် သူ့ရဲ့ကျင့်ကြံမှုတွေက တော်တော်လေး တိုးတက်လာတယ်။ ကျုပ်တို့ ခေါင်းဆောင် ကင်းလှည့်ဖို့ ထွက်သွားချိန် အဲဒီလူက သူ့ကို ခြုံခိုတိုက်ခိုက်ခဲ့တော့ ကျုပ်တို့ခေါင်းဆောင် အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတာ"

ချူးယွင်ဖန်းသည် ဆက်လက်နားထောင်နေသော်လည်း မအံ့ဩမိပေ။ စစ်ဝံပုလွေဂိုဏ်း၏ တိုးတက်ရာလမ်းတစ်လျှာက်တွင် အဆင်ပြေချောမွေ့ခြင်း မရှိခဲ့ပေ။ တချို့လူများ အကျိုးရှိကြမည်ဖြစ်သော်လည်း တချို့သည်လည်း နစ်နာရပေလိမ့်မည်။

"အဲ့တော့ သူ အခု ဒီကိုရောက်နေတာလား"

လျောင်သာ့ယီသည် ချူးယွင်ဖန်းကို ခါးသီးစွာ ပြံးပြလိုက်သည်။

"ဟုတ်ပါတယ်။ ကျုပ်တို့တွေ ခင်ဗျားဆီမှာ ဘာကိုမှ ဖုံးကွယ်လို့ မရပါလား ဆေးဆရာချူး။ သူ အခုဒီကို ရောက်နေတာပါ၊ ဒါတင်မကဘဲ သူက ခုန်းလုံမြို့အနီးနားက ဂိုဏ်းတော်တော်များများကိုပါ စုစည်းထားသေးတယ်။ အခု သူတို့တွေ ကျုပ်တို့နဲ့ မဝေးလောက်တော့ဘူး။ ဂိုဏ်းတစ်ခုတည်းသာဆိုရင် ကျုပ်တို့တွေ ဒီလောက်စိုးရိမ်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် သူက ကျုပ်တို့ဂိုဏ်းတိုးချဲ့နေတဲ့အချိန်မှာ ကျုပ်တို့နဲ့ စိတ်သဘောထားကွဲလွဲခဲ့တဲ့ ဂိုဏ်းတွေကို စုစည်းထားတာ။ ပုံမှန်ဆိုရင် အဲ့ဒီ့ဂိုဏ်းတွေက ကျုပ်တို့ကို မတိုက်ခိုက်ရဲကြပေမယ့် အခုတော့ အကုန်လုံး အုံကြွလာကြပြီ" လျောင်သာ့ယီက ဆိုသည်။

"ဒီတော့ ခင်ဗျားက ကျုပ်ကိုကူညီစေချင်တယ်ပေါ့" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဟုတ်ပါတယ် ဆေးဆရာချူး" လျောင်သာ့ယီက ခေါင်းညိတ်လိုက်သည်။

ချူးယွင်ဖန်းက ၎င်းအကြောင်းအရာနှင့်ပတ်သက်၍ မှတ်ချက်မပေးခဲ့ပေ။ သူသည် အခြားဂိုဏ်းများနှင့်ပတ်သက်၍ ခံစားချက်သိပ်မရှိသော်လည်း စစ်ဝံပုလွေဂိုဏ်းနှင့် သူ၏ဆက်ဆံရေးသည် အတော်လေးကောင်းမွန်လှသည်။

"ကျုပ် အရင်ကြည့်လိုက်ဦးမယ်"

"ကျေးဇူးတင်ပါတယ် ဆေးဆရာချူး"

ချူးယွင်ဖန်းက တိုက်ရိုက်မငြင်းဆိုကြောင်း တွေ့လိုက်ရသောအခါ လျောင်သာ့ယီက ဝမ်းသာသွားသည်။ ချူးယွင်ဖန်းသည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သဘောတူလိမ့်မည်ဟု သူ့ဘက်မှ သိပ်ယုံကြည်မှု မရှိပေ။ မည်သို့ပင်ဆိုစေကာမူ၊ ဤအရာအားလုံးသည် ရွှံ့ရေထဲ ဆင်းသက်ရခြင်းနှင့် ဆင်တူသည်။

သူသည် ချူးယွင်ဖန်း၏ ကြံ့ခိုင်မှုနှင့်ပတ်သက်၍လည်း သေချာမသိပေ။ သို့သော် ချူးယွင်ဖန်းသည် ချန်ခယ့်ကို ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သောကြောင့် သူ၏တိုက်ခိုက်ရေးစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းနေမည်မှာ သေချာသည်။ မည်သို့ပင်ဆိုပါစေ၊ ဤအရေးကြီးသော အခိုက်အတန့်တွင် ကြီးမားသော အကူအညီတစ်ခုဖြစ်လာနိုင်သည်။

လျောင်သာ့ယီ၏လမ်းညွှန်မှုအောက်တွင် ချူးယွင်ဖန်းသည် စစ်ဝံပုလွေဂိုဏ်း၏ဌာနချုပ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် စခန်းတစ်ခုလုံးသည် မုန်တိုင်းတစ်ခု သက်ရောက်လာတော့မည့်နှယ် လူအများဖြင့် ပြည့်ကျပ်နေလေသည်။ မကြာမီတွင် လျောင်သာ့ယီသည် ချူးယွင်ဖန်းကို ဧည့်သည်များဧည့်ခံရန် အသုံးပြုသည့် ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်၌ ဧည့်ခန်းထဲတွင် လူငါးဦး ရောက်ရှိနေပြီဖြစ်သည်။

၎င်းအနက် တစ်ဦးသည် အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသည့် အဘိုးအိုတစ်ဦးဖြစ်၍ သူသည် ထိုင်ခုံတွင် တစ်ယောက်တည်း ထိုင်နေကာ မောက်မာသော အမူအရာနှင့် အေးစက်သည့် အငွေ့အသက်များရှိနေလေသည်။ အခြားတစ်ဖက်တွင်မူ အနက်ရောင် ၀တ်စုံနှင့် ပိန်ပါးသော အမျိုးသားနှစ်ယောက်ရှိနေသည်။ ၎င်းတို့၏ ရုပ်ရည်အသွင်အပြင်များသည် တစ်ထပ်တည်းဆင်တူနေရာ၊ ၎င်းတို့သည် အမွှာများဖြစ်ကြသည်။

ထို့အပြင် အစိမ်းရောင်ဝတ်စုံ ၀တ်ဆင်ထားသည့် အသက်သုံးဆယ်ကျော် လူငယ်တစ်ဦးလည်း ရှိနေသေးရာ၊ သူသည် ဘေးဘက်တွင် ဝံ့ကြွားသော အမူအရာဖြင့် မတ်တပ်ရပ်နေ၏။ သာမန်လူတစ်ဦး၏ အရပ်အမောင်း တစ်ဝက်မျှသာ ရှည်လျားသော မိန်းကလေးတစ်ဦးလည်းရှိနေသည်။ သူမသည် လိမ္မော်ရောင်အဝတ်အစားများ ၀တ်ဆင်ထားကာ ရှေးကျသော အရောင်အဝါများဖြင့် ပြည့်နှက်နေသည်။

၎င်းတို့ငါးဦးသည် ချူးယွင်ဖန်း ရောက်ရှိလာသည်ကို မြင်သောအခါ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ ၎င်းတို့သည် သူ၏ အသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးသော အသက်အရွှယ်ကို သတိထားမိသွားသောကြောင့် အလွန်အံ့ဩသွားကြသည်။ ချူးယွင်ဖန်းသည် အသက်အရွှယ်ကြီးရင့်နေသော်လည်း ငယ်ရွယ်နုပျိုနေသည့် မွန်းစတားတစ်ကောင် မဟုတ်ကြောင်း ၎င်းတို့ တပ်အပ်ပြောနိုင်သည်။ သူသည် အမှန်တကယ် ငယ်ရွယ်သူဖြစ်၍ သူ၏သန်စွမ်းသော အသက်ဓာတ်များသည် အတုအယောင်များမဖြစ်နိုင်ပေ။

"အားလုံးကို မိတ်ဆက်ပေးပါရစေ။ ဒါက ချူးယွင်ဖန်းလို့ခေါ်တဲ့ ဆေးဆရာချူးပါ" လျောင်သာ့ယီသည် ထိုသို့ရှင်းပြပြီးနောက် အခြားလူများနှင့် မိတ်ဆက်ပေးလိုက်သည်။

"ဒါက ချန်းတောင်တန်းရဲ့ ထူးခြားဆန်းကြယ်တဲ့ အကြီးအကဲပါ။ ဒီနှစ်ယောက်ကတော့ ကျောက်စီရင်စုက ကျန်းမိသားစုရဲ့ အမွှာကြယ်စင်ပါ။ ဒါကအမွေခံဓားစံအိမ်ရဲ့ ပါရမီရှင် လူငယ် ဝမ်ဖေးဟုန်ဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကတော့ ယင်တောင်တန်းရဲ့လူငယ်အကြီးအကဲပါ"

ပြီးနောက် လျောင်သာ့ယီသည် ချူးယွင်ဖန်းကို စိတ်ခြင်းဆက်သွယ်လိုက်သည်

"ဆေးဆရာချူး၊ ဒီလူတွေက ကျုပ်တို့စစ်ဝံပုလွေဂိုဏ်းဘက်က ငွေကြေးအမြောက်အမြားပေးပြီး ဖိတ်ကြားထားတဲ့ ကျွမ်းကျင်သူတွေပါ"

ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ စစ်ဝံပုလွေဂိုဏ်းသည် ဤအကျပ်အတည်းကို မသိနားမလည်စွာ ပြုမူနေပုံမပေါ်ပေ။ ၎င်းတို့သည် ကျွမ်းကျင်သူများစွာကို ဖိတ်ခေါ်ထားကြသည်။ သူသည် ၎င်းတို့ထံ ဖြတ်သန်းကြည့်ရှုလိုက်သည်။ ဤလူများသည် သာမန်လူများ မဟုတ်ကြပေ။ ၎င်းတို့အနက် အသန်မာဆုံးမှာ ချန်းတောင်တန်း၏ ထူးခြားဆန်းကြယ်သော အကြီးအကဲဖြစ်သည့် အနက်ရောင်ဝတ်စုံနှင့် အဖိုးအိုဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် နတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကျောက်စီရင်စုရှိ ကျန်းမိသားစု၏ အမွှာကြယ်စင်နှင့် ယင်တောင်တန်း၏ လူငယ်အကြီးအကဲတို့သည် နဝမမြောက် နတ်အဆင့်တွင်ရှိနေကြသည်။ ၎င်းတို့အနက် အားအနည်းဆုံးသည် အဋ္ဌမမြောက်နတ်အဆင့်တွင်သာရှိနေသည့် အမွေခံဓားစံအိမ်၏ ပါရမီရှင်လူငယ်ဖြစ်သည်။

သို့ရာတွင် ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်ခုလုံးတွင်၊ ထိုကဲ့သို့သော တပ်ဖွဲ့အင်အားမျိုးသည် အလွန်အစွမ်းထက်သည်ဟု ယူဆနိုင်သည်။ ဤသို့ဆိုလျှင်ပင် လျောင်သာ့ယီက ချူးယွင်ဖန်းကို ကမန်းကတန်း လာရောက်ရှာဖွေဆဲဖြစ်သည်။ ရန်သူ၏ အင်အားထူးကဲမှုကို ဤအချက်ဖြင့် မြင်တွေ့နိုင်သည်။

"လျောင်သာ့ယီ၊ ရှင် ဒီလိုကောင်လေးတစ်ယောက်ကို ခေါ်လာတာက ဘာအဓိပ္ပါယ်လဲ"

ထိုအချိန်တွင် ဦးစွာစကားပြောလာသူသည် လူငယ်အကြီးအကဲဖြစ်သည်။ သူမသည် ငယ်ရွယ်သော မိန်းကလေးတစ်ဦးနှင့်ဆင်တူသော်လည်း သူမ၏အသံသည် အလွန်ရှေးကျနေသည်။

"ဆေးဆရာချူးက ငယ်တယ်ဆိုပေမယ့် သူက ဆေးပညာအဖွဲ့အစည်းရဲ့စီနီယာအဆင့် ဆေးပညာရှင်တစ်ယောက်ပါ၊ လူငယ်အကြီးအကဲ” လျောင်သာ့ယီက ရှင်းပြလိုက်သည်။

အားလုံး၏ ချူးယွင်ဖန်းအပေါ်အမြင်များ ရုတ်တရက် ကွဲပြားသွားကြသည်။ သို့သော်လည်း လျောင်သာ့ယီ၏ စကားများသည် ဝမ်ဖေးဟုန်ကို ဒေါသထွက်သွားစေသည်။ သူသည် ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်သည်။ သူ၏အကြည့်များသည် ရုတ်တရက်ဆိုသလိုပင် ဓားသွားနှစ်လက်အဖြစ်ပြောင်းလဲကာ ချူးယွင်ဖန်းကို တိုက်ရိုက်ထိုးဖောက်လိုက်သည်။

"မဖြစ်ဘူး ညီလေးဝမ်" လျောင်သာ့ယီက လျင်မြန်စွာ အော်ပြောလိုက်သည်။

All Chapters