← Chapters

ကိုယ့်ဆိုင်ကိုလာသည့် ဧည့်သည်အား အနိုင်ကျင့်ခြင်း

Vol. 41 Ch. 784

ကိုယ့်ဆိုင်ကိုလာသည့် ဧည့်သည်အား အနိုင်ကျင့်ခြင်း

Vol. 41 Ch. 784

သုန့်ရှီးယွင် ထိုစကားများကို နားလည်သည်။

ဘယ်ဟာကမှ နားဝင်ချိုမနေ၊ အထူးသဖြင့်နောက်ဆုံးစကားစကားနှစ်ခွန်းဖြစ်တဲ့ ငရဲနှင့် တောင်းတန်းဆိုတဲ့ဟာ၊ သူမ သေရတော့မယ်လို့ ဒီ စုန်းမ ပြောချင်နေတာ ဟုတ်တယ်မလား?

သူမ သေရတော့မယ်လို့ ခန့်မှန်းမိတာလား၊ ဒါမှမဟုတ် သူမကို သေစေချင်နေတာလား?

သုန့်ရှီးယွင်သည် ရှဲ့ချောင် ပြောတာကို မယုံကြည်ရုံတင်မက သရော်ပါ သရော်လိုက်သေးသည်။

“ ဆရာမ၊ ကျွန်မနဲ့ ကျွန်မ ညီမကို လူများမှားနေတာ

လား။ သေသွားတဲ့လူက သူလေ၊ ကျွန်မက အလတ်ကြီးရှိ‌သေးတယ်။ ကျွန်မ အခု ကံဆိုးနေတာ မှန်ပေမဲ့ ဘယ်သူကများ တစ်ဘဝလုံး ကံဆိုးနေလို့လဲ။ အကုန် အဆင်ပြေသွားမှာ!” သုန့်ရှီးယွင်တစ်ယောက် စိတ်လွတ်နေလေပြီ။

သူမရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးအတွက် သာမန်လူတစ်ယောက်ကိုပဲ လက်ထပ်ရမယ်ဆိုတာကြီးက မဖြစ်နိုင်ဘူး!

သူမက သေချာပေါက် ကောင်းကောင်းမွန်မွန်‌နေရမှာ၊ တခြားသူတွေအားလုံးထက်ပိုပြီး တင့်တောင်းတင့်တယ်နဲ့!

တော်ဝင်ကြင်ရာတော် မဖြစ်ရုံပဲမလား? အခုနေ လူတစ်ယောက်ကတော်ဝင် ကြင်ရာတော်ဖြစ်နိုင်ရင်တောင် နောင်ကျရင် သူမက မင်းသမီးတစ်ပါးအဖြစ်ပဲရှိမှာ.. မြို့တော်ထဲမှာ မင်းသမီးတွေများ ပေါလို့ သူမလည်း မင်းသမီးတစ်ပါး ဖြစ်နိုင်နေတုန်းပဲ

လေ!

သူမကို လှောင်ရယ်တဲ့ သူပဲဖြစ်ဖြစ်၊ အထင်သေးတဲ့ သူပဲဖြစ်ဖြစ် အကုန်လုံးကို ပြန်ပေးဆပ်ရအောင် လုပ်မှာ!

သုန့်ရှီးယွင်ရဲ့ မျက်လုံးထဲ၌ မကျေမချမ်းမှုများဖြင့် ပြည့်လို့နေလျက်။ အရင်ကထက် ပိုပြီး ပြတ်သားနေသည့်ပုံပေါ်နေခဲ့သည်။

ရှဲ့ချောင် သူမရဲ့ မျက်နှာထားက မြင်ရသည့်အခါ ကြောက်စိတ်ပင် ဖြစ်မသွားခဲ့။

သုန့်ရှီးယွင်ရဲ့ မျက်နှာ အင်္ဂါရပ်များမှာ အစက ဒီလိုမျိုး မဟုတ်ခဲ့။ သူမသည် လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်တာကြောင့် ပြောင်းလဲမှုများစွာ ရှိသည်။ ယခင်ကတော့ ကြွယ်ဝချမ်းသာမည့် ပုံမျိုး ရှိခဲ့၏။

သို့သော် ယခု သူမရဲ့ မျက်လုံးထဲ၌ တောင်တန်းတွေဘေးက အုတ်ဂူတစ်ခုလိုပင်။

လွတ်မြောက်ဖို့ရာ လမ်းမရှိ။

ဒါက သူမရဲ့ စိတ်ဆိုး‌ဒေါသထွက်လွယ်တဲ့စိတ်ကြောင့် ဖြစ်နိုင်ပေမဲ့ သူမရဲ့ သွင်ပြင်လက္ခဏာတွေကိုက တကယ်ဆိုးရွာလှသည်။ သူမရဲ့ နှာတံက စိမ်းဖန့်ဖန့်ဖြစ်နေ၏။ မျက်လုံးထဲကလည်း တစ်စုံတစ်ရာ ကျိုးပဲ့နေသလိုမျိုး။

သူမရဲ့ နှာတံသာ ကျိုးသွားခဲ့မယ်ဆိုလျှင် ဒုက္ခရောက်လိမ့်မည်ဖြစ်ပြီး ထိုပြဿနာကို အနိုင်ရနိုင်မှာ မဟုတ်။

ရှဲ့ချောင် ပြုံးကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ သုန့်သခင်မလေး၊ မင်းက မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်လိုက်တာ ခံနေရတာ၊ မင်းရဲ့ မျက်ခုံးကြားမှာလည်း ကံဆိုးမှုတွေ ရှိနေတယ်၊ ကျော်လွှားနိုင်မယ့် နည်းလမ်းမရှိဘူး၊ တကယ်လို့ ငါပြောတာကို မယုံရင်..”

ရှဲ့ချောင် ပုလင်းအသေးလေးတစ်လုံးအား ထုတ်လိုက်၏။ “ မင်းရဲ့ မျက်လုံးကို ထိခိုင်းရဲလား”

“ အဲ့ဒါဘာလဲ” သုန့်ရှီးယွင်က ထေ့ငေါ့ ပြောလိုက်ကာ “ ဒါက ရှင်တို့လို လူလိမ်တွေ သုံးတတ်တဲ့ လှည့်ကွက်လား ကျွန်မ ယုံမယ်ထင်နေတာလား”

“ သုန့်သခင်မလေးက ချဲ့ကားပြီး ပြောနေတာပဲ၊ ဒီ ပစ္စည်း‌ကို သခင်မလေးရဲ့ မျက်လုံးပေါ်တင်လိုက်ရင် မင်းရဲ့ ကံဆိုးမှုတွေကို မြင်ရလိမ့်မယ်။ မင်း မစမ်းကြည့်ချင်လည်း ရတယ်၊ ကိစ္စမရှိဘူး” ရှဲ့ချောင်က ပုလင်းအား ပြန်သိမ်းဖို့ လုပ်လိုက်သည်

“ ရှေ့ကိုတိုးဖို့အတွက် နောက်ကို ဆုတ်တဲ့ ရှင့်ရဲ့ဗျူဟာလောက်နဲ့ ကျွန်မကို အရူးလုပ်လို့မရဘူး” သုန့်ရှီးယွင် ခနဲ့လိုက်သည်။

“ အမှန်ပဲ၊ မင်းက မင်းရဲ့ ညီမလေးထက်ပိုပြီး ထက်မြက်တယ်၊ မင်းရဲ့ညီမက သေရမယ့်လမ်းဆိုတာ သေချာသိနေရဲ့သားနဲ့ ပြေးဝင်သွာတာ၊ အခုတော့ ဝိဉာဉ်တစ်ကောင်ဖြစ်သွားပြီး မင်းရဲ့ ဘေးမှာပဲ မကျေမနပ်ချက်တွေနဲ့ နေနေရပြီ” ရှဲ့ချောင်က သုန့်ရှီးယွင်ရဲ့နောက်ကို လှမ်းကြည့်လိုက်၏။

သုန့်ရှီးယွင် သူမ(ဆရာမမော့)လုပ်နေတာကိုသူမ(သုန့်ရှီးယွင်)သိသည်။

သူမကို ခြောက်ဖို့ ကြိုးစားနေတာ

“ ဆရာမ ဘာတွေ ပြောနေလဲ ကျွန်မ မသိဘူး၊သေခြင်းတရားဆိုတာ ငြိမ်းသွားတဲ့ မီးအိမ်တစ်ခုလိုပဲ။ ညီမလေးရဲ့ ကံကိုက ဆိုးတာ ၊အခု သူလည်း သေ

သွားရပြီ၊ ဆရာမ၊ သူ့(မ)အကြောင်းကို မပြောတာပိုကောင်းလိမ့်မယ်”

သုန့်ရှီးယွင် ကတော့ တည်ငြိမ်နေဆဲ။

ထို့နောက် သုန့်ရှီးယွင် မတ်တပ်ထရပ်လိုက်သည်။

စုန်းမ မော့က အသုံးဝင်လောက်လိမ့်မယ်လို့ သူမ အစက ထင်ခဲ့ပေမယ့် အခု ကြည့်ရတာတော့ လျှာရိုးမရှိ လျှောက်ပြောနေတဲ့ လူလိမ်တစ်ယောက်လိုပင်။

ဘာအရည်အချင်းမှ မယ်မယ်ရရ မရှိ။

“ ဆိုင်ရှင် ချန်” ရှဲ့ချောင် လှမ်းခေါ်လိုက်သည်။

ဆိုင်ရှင်ချန်းက ချက်ချင်း သီးသန့်အခန်းရဲ့ တံခါးဝ

ကို ပိတ်ဆို့ပစ်လိုက်သည်။

“ ဆရာမမော့၊ရှင်က ကိုယ့်ဆိုင်လာတဲ့ ဧည့်သည်ကို အနိုင်ကျင့်နေတာလား၊ အတင့်ရဲလိုက်တာ” သုန့်ရှီးယွင် မျက်မှောင်ကြုတ်လိုက်၏။ ဆရာမမော့ ဒီလို ရိုင်းစိုင်းလိမ့်မယ်လို့ မထင်ထားခဲ့။

“ ကောင်းလိုက်တဲ့ ဖော်ပြချက်”

“ သခင်မလေးရဲ့ လက်ကောက် အရည်အသွေးက မဆိုးပါဘူး။ ကြမ္မာဥယျာဉ်ကိုလာတဲ့အခါ၊ ငါက သူတို့ရဲ တန်ဖိုးထက် ပိုတဲ့အရာတွေကို ပြန်ပေးတတ်တယ်။ မင်းကို နစ်နာစေလို့ ဘယ်ဖြစ်မလဲ” ရှဲ့ချောင်ကပြောရင်းဆိုရင်းနဲ့ သုန့်ရှီးယွင်ရဲ့ အရှေ့ကို လျှောက်သွားခဲ့သည်။

“တကယ်လို့ ငါက မင်းရဲ့ကံဆိုးမှုကို ကြည့်စေချင်တယ်လို့ ပြောနေရင် မင်း ကြည့်ကို ကြည့်ရမယ်” ရှဲ့

ချောင်က မျက်နှာထားတင်းတင်းနဲ့ ပြော၍ ဆိုင်ရှင်ချန်ဘက်လှည့်ကာ “ ဘာကို စောင့်နေတာလဲ၊ သူ့ရဲ့ လက်မောင်းကိုဖမ်းဆွဲထား၊ မလှုပ်စေနဲ့၊ အစက်တစ်စက်လေးတောင် အလဟဿဖြစ်သွားလို့ မဖြစ်ဘူး”

ဆိုင်ရှင်ချန်ခမျာ အနည်းငယ် ပျာယာခတ်သွားရသည်။

တစ်ဖက်လူက သခင်မလေးတစ်ယောက်လေ၊

သူ အင်အား သုံးလို့ မဖြစ်ဘူးမလား?

သို့သော် သူဌေးက သူ့ဆီ ဓားနဲ့လှမ်းပစ်လိုက်တာကြောင့် နာနာခံခံနဲ့ပဲ သူဌေးအမိန့်အတိုင်း လုပ်လိုက်ရသည်။

•••••

All Chapters