ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်လောက်ပဲရှိတာပါ၊ ဘာလို့ဒီလောက် ကြောက်နေရတာလဲ
Vol. 82 Ch. 1225
ဤအရာအားလုံးသည် လျှပ်တစ်ပြက်အတွင်းမှာပင် ဖြစ်ပျက်သွားခြင်းဖြစ်သည်။ မည်သူမျှ မတုံ့ပြန်နိုင်မီ အရာအားလုံး ပြီးဆုံးသွားခဲ့သည်။ အားလုံး အာရုံပြန်ကပ်လာသောအခါ ဝမ်ဖေးဟုန်သည် ဒူးထောက်ခိုင်းခံနေရကာ သူ၏ခန္ဓာကိုယ်သည်လည်း စည်းတံဆိပ်မန္တန်တစ်ခုဖြင့် ဖိနှိပ်ခံထားရသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ ထိုသို့သော စွမ်းအင်များပါရှိနေသော မန္တန်သည် မည်သို့သော မန္တန်မျိုးဖြစ်သနည်း။ ဝမ်ဖေးဟုန်သည် ၎င်းကို ရုန်းကန်၍ ထိန်းချုပ်နေရသည့်အတွက် လက်များပင် တုန်ရင်နေကြောင်း ၎င်းတို့ မြင်တွေ့နိုင်သည်။ ချူးယွင်ဖန်း ပေါက်ကွဲသောအခါ အရာအားလုံးသည် အလွန် ရိုးရှင်းလှသည်။ သူသည် ဝမ်ဖေးဟုန်ကို အနိုင်ယူရန်အတွက် မည်သည့် လှုပ်ရှားမှုမျှပင် မပြုလုပ်ခဲ့ပေ။ ချူးယွင်ဖန်းကို တဖန်ပြန်လှည့်ကြည့်လိုက်သောအခါ လူတိုင်း တုန်လှုပ်နေမိသည်၊ ဤသည်မှာ စီနီယာအဆင့် ဆေးပညာရှင်တစ်ဦးဖြစ်သည်ဟုသော လျောင်သာ့ယီ၏ စကားကြောင့် မဟုတ်ဘဲ သူ၏တိုက်ခိုက်ရေးစွမ်းအင်ကြောင်းဖြစ်သည်။
ဝမ်ဖေးဟုန်၏အဖေသည် အမွေခံဓားစံအိမ်၏ ပိုင်ရှင်ဖြစ်နေခြင်းအပြင်၊ သူ၏ ကိုယ်ပိုင်စွမ်းအားသည်လည်း လျှော့တွက်ရန်မသင့်ပေ။ ၎င်းတို့အနက် အသန်မာဆုံးဖြစ်သည့် ထူးခြားဆန်းကြယ်သော အကြီးအကဲလျှင်ပင် ဝမ်ဖေးဟုန်ကို အချိန်တိုအတွင်း အနိုင်ယူနိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ဝမ်ဖေးဟုန်ကို တစ်ချက်တည်း အနိုင်ယူခဲ့သည်။ ဤသည်မှာ အလွန်ဖိနှိပ်နိုင်စွမ်းကြီးမားသော စွမ်းဆောင်ရည်ဖြစ်သည်။ ဤဖြစ်စဥ်သည် ၎င်းတို့ကို အလွန်တုန်လှုပ်သွားစေသည်။
ဝမ်ဖေးဟုန်သည် ဓားလမ်းစဉ်ကို ကျင့်ကြံခဲ့သူဖြစ်သည်။ ဓားလမ်းစဥ်ကျင့်ကြံသော လူများသည် ခုခံခြင်းအစား တိုက်ခိုက်ခြင်းကို အလေးပေးလေ့ရှိသည်။ တိုက်ခိုက်မှုစွမ်းအားနှင့် ပတ်သက်လျှင် ၎င်းတို့သည် တုန်လှုပ်ဖွယ်အကောင်းဆုံးဖြစ်သည်။ ၎င်းတို့ထက် သန်မာသော ကျွမ်းကျင်သူများပင် ဤသို့ဓားလမ်းစဥ်ကျင့်ကြံထားသော သိုင်းပညာရှင်များနှင့် ရင်မဆိုင်ချင်ကြပေ။ သို့သော် ဤဓားကျွမ်းကျင်သူ၏ အစွမ်းကုန်ကြိုးစားခဲ့သော လှုပ်ရှားမှုများသည် ချူးယွင်ဖန်းအပေါ် လုံးလုံးလျားလျား သက်ရောက်မှုမရှိခဲ့ဘဲ တိုက်ရိုက်ပင် ပြန်လည်ဖိနှိပ်ခံလိုက်ရသည်။
၎င်းတို့သည် ယခုအချိန်တွင် ချူးယွင်ဖန်းကို လျှော့မတွက်ရဲတော့ပေ။ သူသည် အငယ်ဆုံးဖြစ်သော်လည်း သူ၏နည်းလမ်းသည် နက်ရှိုင်းလွန်းလှသည်။ ဤအခိုက်အတန့်တွင် လူတိုင်းသည် ၎င်းတို့၏မှတ်ဉာဏ်များတွင် ရှာဖွေနေကြသည်။ ယုတ္တိရှိရှိပြောရလျှင် ဤအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးသည် ဂုဏ်သတင်း မကျော်ဇောရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် မည်သို့ကြောင့် သူနှင့်ပတ်သက်၍ လုံးလုံးလျားလျား မသိထားရသနည်း။ ဤအချက်သည် အလွန် ထူးဆန်းလှသည်။ တစ်ဖက်တွင် လျောင်သာ့ယီသည် ခါးသီးစွာ ပြုံးလိုက်သည်။ သူသည် ဤသို့သော အခြေအနေမျိုးဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ၎င်းတို့သည် ပြင်ပရန်သူများကို မတိုက်ခိုက်မီ အချင်းချင်း စတင်တိုက်ခိုက်နေကြလေသည်။
"ဆေးဆရာချူး၊ ဒီတစ်ခါတော့ ခင်ဗျားဒုက္ခအကြီးအကျယ်ရောက်တော့မှာကို ကျုပ် တကယ်စိုးရိမ်မိတယ်၊ အမွေခံဓားစံအိမ်ရဲ့ပိုင်ရှင်က သူ့လူတွေကို အလွန်အကျွံကာကွယ်ပေးတတ်တဲ့နေရာမှာ နာမည်ကြီးတယ်။ သူ ဒီကိစ္စကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး။ ကျုပ်တို့ စစ်ဝံပုလွေဂိုဏ်းတောင် အပြစ်မလွတ်မှာကို စိုးရိမ်မိတယ်" လျောင်သာ့ယီက ခါးသီးစွာ ပြုံးလိုက်သည်။
သူသည် အမွေခံဓားစံအိမ်ပိုင်ရှင်၏ ခိုင်မာသော စိတ်သဘောထားနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိထားပေသည်။ ထိုသို့မှ မဟုတ်ပါက၊ သူသည် ဝမ်ဖေးဟုန်ကို အထူးတလည် ဖိတ်ကြားခဲ့မည် မဟုတ်ပေ။ ဝမ်ဖေးဟုန်ကို ဤနေရာရှိ အခြေအနေများကို တာဝန်ယူရန် မျှော်လင့်နေခြင်းဟုဆိုမည့်အစား အမွေခံဓားစံအိမ်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် ဤအခွင့်အရေးကို အသုံးချချင်နေခြင်းဖြစ်သည်ဟု ဆိုခြင်းက ပို၍သင့်တော်ပေလိမ့်မည်။ အမွေခံဓားစံအိမ်နှင့် ၎င်းတို့ကြားရှိ ဆက်ဆံရေးကို အသုံးပြု၍ ရန်သူများကို ခြောက်လန့်ချင်ခြင်းဖြစ်ပေသည်။ သို့သော် ယခုအခါ မဖြစ်နိုင်တော့ပေ။ ယခုအချိန်တွင် ဝမ်ဖေးဟုန်သည် ဒူးထောက်ခိုင်းခံနေရသဖြင့် အမွေခံဓားစံအိမ်သည် ဤကိစ္စကို မည်သို့မျှ လက်လွှတ်ပေးမည်နည်း။
"စိတ်မပူပါနဲ့။ ခင်ဗျားတို့ကို မထိခိုက်စေရပါဘူး။ အမွေခံဓားစံအိမ်က လူတွေရောက်လာရင် ကျုပ်ကို လာရှာခိုင်းလို့ရတယ်။ ရွှေအမတေအဆင့်တစ်ဝက်လောက်ပဲရှိတာကို ခင်ဗျားတို့တွေက ဘယ်လို့ဒီလောက်ကြောက်နေတာလဲ" ချူးယွင်ဖန်းသည် ဝမ်ဖေးဟုန်ကိုပင် မလှည့်ကြည့်ဘဲ ထိုင်ခုံတွင် ထိုင်ချလိုက်သည်။
"ခင်ဗျားကြောင့်မို့လို့ ကျုပ်သူ့ကို ပြစ်ဒဏ်နည်းနည်းပဲပေးလိုက်မယ်"
ဤတစ်ကြိမ်တွင် ထူးခြားဆန်းကြယ်သော အကြီးအကဲ၏အမူအရာပင် ပြောင်းလဲသွားသည်။ တစ်စုံတစ်ယောက်ကို ဒူးထောက်ခိုင်းခြင်းအား သေးငယ်သော ပြစ်ဒဏ်တစ်ခုဟု ဆိုခဲ့သည်။ ချူးယွင်ဖန်းသာ အမှန်တကယ် တိုက်ခိုက်မည်ဆိုပါက၊ တစ်ဖက်လူကို သတ်ဖြတ်မိသွားမည် မဟုတ်လေသလော။ သို့သော် ချူးယွင်ဖန်းသည် နောက်ပြောင်ခြင်းမဟုတ်ကြောင်း ၎င်းတို့ပြောနိုင်သည်။
၎င်းတို့သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်တွင် အလောင်းပုံများနှင့် သွေးပင်လယ်များကို မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့အားလုံး တုန်လှုပ်သွားကြသည်။ ဤသည်မှာထင်ယောင်ထင်မှားဖြစ်နေခြင်း မဟုတ်ကြောင်း သိသာထင်ရှားသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ဤကဲ့သို့ ခံစားရစေခြင်းအရ လူပေါင်းများစွာကို ယင်ကောင်များကဲ့သို့ သတ်ဖြတ်ခဲ့သူဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် နတ်အဆင့်များ၏ အာရုံများသည် စူးရှသောကြောင့်ဖြစ်သည်။ သတ်ဖြတ်လိုစိတ်နှင့် ပတ်သက်သော ၎င်းတို့၏အာရုံသည် ထက်မြက်လွန်းသဖြင့် သူ၏အရောင်အဝါများကို ခံစားနိုင်ကြသည်။
၎င်းတို့အနက် အသက်အကြီးဆုံးဖြစ်သည့် ထူးခြားဆန်းကြယ်သော အကြီးအကဲလျှင် အရှံးပေးရပေလိမ့်မည်။ ဤလူငယ်သည် အသက်နှစ်ဆယ်ကျော်သာရှိသေးသော်လည်း လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ရှားပါးသော မှတ်တမ်းတစ်ခုရှိပုံပေါ်သည်။ ၎င်းတို့၏ အံ့အားသင့်မှုအရ၊ ချူးယွင်ဖန်းသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်လည်း အနည်းငယ်မျှ သက်ရောက်မှုရှိခဲ့ပုံမပေါ်ပေ။ ယေဘူယျအားဖြင့် ပြောရလျှင် လူအများသည် အကြိမ်များစွာ သတ်ဖြတ်ပြီးနောက် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းများ ဆုံးရှုံးသွားကြသည်။ မည်မျှပင် ဖုံးကွယ်ထားပါစေ၊ ၎င်းတို့အပေါ် သက်ရောက်မှုရှိနေဆဲဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက ကွဲပြားခြားနားသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ဝမ်ဖေးဟုန်သာ သူ့ကို ဦးစွာရန်မဆွခဲ့ပါက၊ ချူးယွင်ဖန်းသည် စတင်တိုက်ခိုက်လိမ့်မည်မဟုတ်ကြောင်း ၎င်းတို့ ခံစားနေရသည်။
ချူးယွင်ဖန်းသည် ဤမျှထိတ်လန့်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မည်သည့်နေရာတွင် ပြုလုပ်ခဲ့သည်ကို ၎င်းတို့အားလုံး သိချင်နေကြသည်။ တစ်စုံတစ်ယောက်သာ ထိုသို့အပြုအမူမျိုး ပြုလုပ်ခဲ့မည်ဆိုလျှင် ၎င်းတို့အားလုံး မည်သူမျှ သတိမထားမိရန် မဖြစ်နိုင်ပေ။ သို့သော် ခွန်းလွန်နယ်မြေတွင် ချူးယွင်ဖန်း ဦးဆောင်နေခဲ့သော ပြည်ထောင်စုသည် သန်းနှင့်ချီသော အသေအပျောက်များနှင့် ကြုံတွေ့ခဲ့ကြောင်း ၎င်းတို့ မသိခဲ့ကြပေ။ အဖြစ်ဆိုး၏အတိုင်းအတာပမာဏသည် ကြီးမြတ်သော ဝေ့တိုင်းပြည်ရှိ ကျွမ်းကျင်သူများ၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်နေသည်။
ရွှေအမတေအဆင့် ကျွမ်းကျင်သူတစ်ဦးသည် လူသန်းတစ်ရာခန့်ကို သတ်ဖြတ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားမည်ဆိုလျှင်ပင် ၎င်းတို့အားလုံးကို သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ သို့သော် နျူကလီယားဗုံးတစ်ခုသည် လူသားများစွာကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။ ပြည်ထောင်စု၏ သတ်ဖြတ်နိုင်စွမ်းနှင့် နှိုင်းယှဉ်ပါက၊ ဝိညာဉ်နယ်မြေ၏ သတ်ဖြတ်နိုင်စွမ်းသည် ကလေးကစားသကဲ့သို့ပင်ဖြစ်နေသည်။
ချူးယွင်ဖန်း၏ လေသံအရ၊ သူသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်များကို ဂရုစိုက်ပုံမပေါ်ပေ။ သူ၏နောက်ကွယ်တွင် အင်အားကြီးမားသော ကျွမ်းကျင်သူတစ်ဦး တည်ရှိနေခြင်းဖြစ်လေသလော။ သို့သော် ထိုသို့တွေးကြည့်သောအခါ ၎င်းသည် အဓိပ္ပါယ်ရှိလှသည်။ သူ့တွင် အစွမ်းထက်သော သင်ဆရာကြားဆရာမရှိပါက၊ အသက်နှစ်ဆယ်အရွယ်တွင် ဤသို့ထိတ်လန့်ဖွယ်အဆင့်အထိ မည်သို့မျှ ကျင့်ကြံနိုင်မည်နည်း။ မည်သို့ပင် အရည်အချင်းရှိနေပါစေ၊ ဖြစ်နိုင်မည်မဟုတ်ပေ။ အရည်အချင်း၊ အရင်းအမြစ်များအပြင် အမွေအနှစ်များသည်လည်း မရှိမဖြစ်လိုအပ်ပေသည်။
ထိုလူများသည် မည်သည့်ဂိုဏ်းတွင် ဤမျှထိတ်လန့်ဖွယ်ကောင်းသော ပါရမီရှင်မျိုးရှိနေသည်ကို သိချင်သည့်အတွက် ၎င်းတို့စိတ်ထဲတွင် အင်အားကြီးမားသော အမွေခံဂိုဏ်းကြီးများကို တစ်ခုပြီး တစ်ခု နှိုင်းယှဉ်ကြည့်နေကြသည်။ များမကြာမီတွင် စစ်ဝံပုလွေဂိုဏ်း၏ခေါင်းဆောင်သည် နောက်ဆုံးတွင် ရောက်ရှိလာသည်။ သူသည် လမ်းလျှောက်နိုင်သော်လည်း သူ၏စွမ်းအင်များ ကျဆင်းနေဆဲကြောင်း လူတိုင်း မြင်တွေ့နိုင်ကြသည်။ သူသည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ဝေးကွာနေသေးသည်။
"ဘာတွေဖြစ်နေတာလဲ" ခေါင်းဆောင်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသော ဝမ်ဖေးဟုန်ကို မြင်တွေ့ပြီးနောက် ကြောက်ရွံ့မှုဖြင့် ချက်ချင်းပင် ဖြူဖျော့သွားလေသည်။
လျောင်သာ့ယီသည် ခါးသီးစွာပြုံး၍ ခေါင်းဆောင်ကို ရှင်းပြလိုက်သည်။ ခေါင်းဆောင်သည် ထိုအချိန်တွင် ခါးသီးစွာပြုံးပြီးနောက် ချူယွင်ဖန်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် စီနီယာအဆင့် ဆေးပညာရှင်တစ်ဦးဖြစ်ကြောင်း သူ သိထားသည်။ သူ၏အသက်အရွယ်တွင် ဆေးပညာနယ်ပယ်၌ ထိုသို့အောင်မြင်မှုမျိုးရရှိခြင်းသည် အလွန်အံ့ဩဖွယ်ကောင်းနေပြီဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ခေါင်းဆောင်ဘက်မှ အတောက်ပဆုံးဟု ထင်မှတ်ရသော ဆေးပညာရလဒ်များသည် ချူးယွင်ဖန်း၏ မသိသာဆုံးသော အပိုင်းမျှသာဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူ၏ အကြောက်ရဆုံးသော အချက်သည် သူ လျှို့ဝှက်ထားသည့် ခွန်အားများဖြစ်လေသည်။ ယခုအချိန်၌ပင်၊ လျောင်သာ့ယီသည် ချူးယွင်ဖန်း မည်မျှသန်မာသည်ကို မဆုံးဖြတ်နိုင်သေးပေ။ သို့သော်လည်း သူ၏လက်ရှိအခြေအနေဖြင့် ဤကိစ္စကို မကိုင်တွယ်နိုင်ကြောင်း သူ သိနေသည်။ မည်သို့ပင်ဆိုစေကာမူ၊ ချူးယွင်ဖန်းသည် အမွေခံဓားစံအိမ်ကို ကိုင်တွယ်မည်ဖြစ်၍ ၎င်းတို့ကိုလည်း ထိခိုက်စေမည် မဟုတ်ကြောင်း ဆိုခဲ့သည်။
ဂိုဏ်းခေါင်းဆောင်က သက်ပြင်းတစ်ချက်ချ၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
"အားလုံးက ဒီနေ့ ကျုပ်ကို ကူညီဖို့ စိတ်အားထက်သန်ကြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီနေ့ ကျုပ်တို့တွေ မကြုံစဖူး ပြင်းထန်တဲ့ ရန်သူမျိုးနဲ့ ရင်ဆိုင်ရမှာပါ။ သူတို့ကို ကျုပ် ထောင်ချောက်တစ်ခုတော့ ထောင်ထားပြီးပါပြီ။ အားလုံးက ကျုပ်နဲ့အတူ ပူးပေါင်းတိုက်ခိုက်ပေးကြဖို့ မျှော်လင့်ပါတယ်"