← Chapters

ဘာကွာနေလဲ

Vol. 41 Ch. 785

ဘာကွာနေလဲ

Vol. 41 Ch. 785

သူဌေးသည် တခြားသူများအပေါ် အမြဲတမ်းယဉ်ယဉ်ကျေးကျေးသာ ဆက်ဆံခဲ့၏။ ရန်လိုတတ်တဲ့ ဧည့်သည်များနဲ့တွေ့တဲ့အချိန်မှာတောင် သူမရဲ့ ကိုယ်နှုတ်အမူအရာကို စောင့်ထိန်းခဲ့ပြီး ဘယ်တုန်းကမှ ခက်ထန်စွာမပြုမူခဲ့။

ဒီ သခင်မလေးက သူဌေးကို တော်တော်လေး ဆိုးဆိုးရွားရွား ဆန့်ကျင်မိလို့လား?

ကြည့်ပါလား, ဒီလို ခန့်မှန်းရခက်တဲ့ဆရာတစ်ယောက်ကိုတောင် ဒေါသထွက်အောင် လုပ်နိုင်တာ!

သူ ထိုသခင်မလေးအား ချက်ချင်း ဖမ်းဆွဲ၍ တစ်ဖက်ကို ဆွဲလှည့်ကာ လက်နှစ်ဖက်အားနောက်ပြန်ချုပ်ထားပြီး သုန့်ရှီးယွင်အား လုံးဝ လှုပ်ရှားလို့မရအောင် လုပ်ထားခဲ့သည်။

သုန့်ရှီးယွင် စိတ်တိုသွားသည်။ “ ရှင် ဘာလုပ်တာလဲ?! ကျွန်မ အရာရှိတွေကို သွားတိုင်လိုက်မှာ မကြောက်ဘူးလား။ ကျွန်မက နန်းတွင်းရုံးတော်က အရာရှိတစ်ယောက်ရဲ့ သမီးနော်! နေ့ခင်းကြောင်တောင်ကြီးမှာ ကျွန်မကို ရိုင်းရိုင်းပျပျ ဆက်ဆံရဲတယ်ပေါ့”

သူမ ပြောနေသည့်ပုံမှာ သူမက နန်းတွင်းရုံးတော်က အရာရှိရဲ့ တစ်ဦးသော သမီးတစ်ယောက်အတိုင်း။

ရှဲ့ချောင်က နှုတ်ခမ်းတို့ကို စုဝိုင်းကာ ပြောလိုက်၏။

“ ငြိမ်ငြိမ်နေ၊ မလှုပ်နဲ့၊ ခဏ‌ပဲ ကြာမှာ”

နွားမျက်ရည်များကို သုတ်ထားသည့် ရှဲ့ချောင်ရဲ့ လက်တို့က သုန့်ရှီးယွင်ရဲ့ မျက်ခွံပေါ်ဖိကပ်

ပစ်လိုက်၏။

သူမရဲ့ အဖိုးတန် နွားမျက်ရည်က ကုန်လုနီးပါးဖြစ်နေပြီ။ တစ်သက်လုံး ကြိုးစားပမ်းစား လုပ်ပြီး ငိုချင်နေတဲ့ နွားအိုကြီးကို သူမ ဘယ်နေရာမှာများ သွားရှာရပါ့မလဲ?

“ ရှင် ဘာလုပ်နေတာလဲ၊ ကျွန်မကို အဆိပ်ခတ်လို့ကတော့ ခွင့်မလွှတ်ဘူးနော်!” စုန်းမမော့က ဒီလောက်ထိ သောင်းကျန်းတတ်လိမ့်မယ်လို့ သုန့်ရှီးယွင် ထင်မ‌ထားခဲ့ချေ။

ဒီနေ့ သူမ အပြင်ထွက်လာတဲ့အချိန်က အစေခံမလေးကို အတူခေါ်မလာမိခဲ့။ အခုတော့ စုန်းမမော့ စိတ်တိုင်းကျ လုပ်တာခံနေရပြီး ပြန်ခုခံလို့လည်း မရတော့ပေ။

သူမ ဒီနေ့ ဒီနေရာမှာတင် သေသွားရတော့မှာလား?!

သုန့်ရှီးယွင်မှာ မျှော်လင့်ချက်များ ပျက်သုန်းသွားသည့် ပုံဖြင့်။ သူမရဲ့ မျက်ခွံများက အေးစက်နေသည်။ တိုတောင်းလှသည့် အခိုက်အတန့်က သူမအတွက်တော့ အလွန် ရှည်ကြာနေခဲ့၏။

“ ဒါက မင်းရဲ့ ယုတ်မာမှုအတွက် ဒဏ်ခတ်ခံရတာပဲ။ ငါ မင်းကို အံ့ဩစရာကောင်းတဲ့ မြင်ကွင်းကြီးကို ပြပေးမယ်။ မင်းရဲ့ညီမလေးက အရမ်းသနားစရာကောင်းနေတာ၊ ငါ တစ်ယောက်တည်း ဘယ်ကြည့်ရက်မလဲ။ မင်းက ငါရဲ့ မျက်လုံးကို ညစ်ညမ်းသွားအောင်လုပ်ပြီး ငါရဲ့ အားနည်းတဲ့ နှလုံးကို လန့်အောင် လုပ်ခဲ့တာ၊ ငါ့ကို အဖော်ပြုပေးရမယ်” ရှဲ့ချောင်က သိမ်မွေ့စွာ ပြုံးလိုက်၍ “ ဆိုင်ရှင်ချန်၊ ဒီသခင်မလေးကို လှည်းထဲ ပြန်ပို့လိုက်”

ဆိုင်ရှင်ချန်မှာ သဘောမပေါက်နိုင်ခဲ့။

ဘာဖြစ်သွားတာလဲ?

သူဌေးက ဒီသခင်မလေးကို ရိုက်တော့မယ်လို့ထင်နေတာလေ၊ ဒီအတိုင်း မျက်ခွံလေးကို ထိပြီး အဆောင်ရေတွေ ဖြန်းလိုက်ရုံနဲ့ ပြီးသွားတာလား?

သူဌေးက တကယ်ကို ဆရာတစ်ဆူပဲ၊ ဒေါသထွက်နေတဲ့ အချိန်မှာတောင် အန္တာရာယ်မပေးတတ်ဘူး။

ဆိုင်ရှင်ချန်က အမြန် ခေါင်းညိတ်ပြ၍ သူမအား အပြင်ဘက်က မြင်းလှည်းဆီ တွန်းထုတ်ပစ်ခဲ့၏။

ရှဲ့ချောင် တံခါးဝတွင် ရပ်လျက် မြင်းလှည်းရှိရာဆီ လက်ယမ်းပြလိုက်၏။

“ ကံကောင်းပါစေ”

“ အရူးမ!” သုန့်ရှီးယွင်သည် သူမရဲ့မျက်လုံးများအား ပွတ်ပစ်နေ၏။ “ မြင်းလှည်းသမား၊ ဆေးခန်းကို သွားစမ်း! မြန်မြန်”

ဒီနေ့ တကယ်ကို ကံခေနေတာပဲ!

သုန့်ရှီးယွင်သည် လူကုံထံမိသားစုက ဣ‌န္ဒြေသိက္ခာရှိသည့် သိမ်မွေ့တဲ့ သခင်မလေးတစ်ယောက် မဟုတ်တော့။ စိတ်ရှည်သည်းခံခြင်းမရှိတဲ့ ဖြေရှင်းရခက်သည့် လူတစ်ယောက်လိုမျိုး ဖြစ်နေလေသည်။ ရှဲ့ချောင်ကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး တုန်လှုပ်သွားခြင်း အလျင်းမရှိခဲ့။

ဒုတိယသခင်မလေး သုန့်ရဲ့ဝိဉာဉ်ကို လွှတ်ပေးရမှာဆိုပေမဲ့ သူမကို စိတ်ကျေနပ်စေဖို့လည်း လိုသေးသည်။

သုန့်သခင်မလေးရဲ့ နာကြည်းချက်တွေနဲ့ဆိုရင် သူမနဲ့အတူ အသာတကြည်သွားမယ့် ပုံမပေါ်ဘူး .. မကျေ

မနပ်ချက်တွေ အရမ်းများနေရင် အောက်ဘုံမှာ တော်တော်လေး ဒုက္ခခံစားရမှာ.. ပြန်ဝင်စားဖို့ တန်းစီးနေတဲ့သူတွေထဲတောင် မပါနိုင်ရင်.. သနားစရာမကောင်းသွားဘူးလား?

ဒါကြောင့် သူ့ရဲ့ ဒေါသတွေကို ပထမသခင်မလေးဆီ ပုံချခဲ့သည်။

“ သူဌေး၊ ခုနက သူ့ရဲ့ မျက်ခွံပေါ် ဘာနဲ့တို့လိုက်တာလဲ” ဆိုင်ရှင်ချန်တစ်ယောက် အလွန် သိချင်နေခဲ့သည်။

“ နွားမျက်ရည်၊ သူ့ကိုလည်း ကြည့်ခိုင်းရမယ်လေ”

“နွားမျက်ရည်? ၊ ကျွန်တော် ကြားတော့ ကြားဖူးတယ်၊ အဲ့ဟာကို သုံးရင် မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်ရတယ်ဆို၊ အဲ့လောက်တောင်မှ စွမ်းတယ်ဆိုရင် ဒီအညတရလည်း စမ်းကြည့်ချင်ပါတယ်”

ဆိုင်ရှင်ချန်က မနေနိုင်ဘဲ ပြောလိုက်၏။

ရှဲ့ချောင်ရဲ့ ခြေလှမ်းတို့ ရပ်တန့်သွားသည်။ “ဆုတောင်းလေ၊ ဒီလောက်ရှားတဲ့ဟာကို”

ဆိုင်ရှင်ချန်မှာ ကူကယ်ရာမဲ့သွားသည့် ပုံဖြင့်။ “သူဌေး၊ အဲ့ဟာက တကယ် အသုံးဝင်တာလား”

“ ရှင် မယုံဘူးပေါ့” ရှဲ့ချောင် မျက်မှောင်ကြုတ်သွားသည်။

“ ရှင်လည်း ကြမ္မာဥယျာဉ်မှာ ရှိလာတာ ကြာနေပြီ.. ဒါတောင်.. တစ်ခုခုမတူတာမျိုး … မခံစားရဘူးလား”

သူမက နေ့တိုငိး အပေါ်ထပ်မှာပဲ ပျင်းပျင်းရိရိနဲ့ အချိန်ဖြုန်းနေတယ်လို့များ ထင်နေတာလား?

“ ပုံမှန်မဟုတ်တာမျိုး ဘာမှ မရှိဘူးလားလို့” ဆိုင်ရှငိချန်သည် သူ့သူဌေးဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို သဘောမပေါက်ခဲ့။

သူဌေးက ဖုန်းရွှေအကြောင်းသိတယ်၊ အဆောင်ရေးဆွဲတဲ့နေရာမှာလည်းတော်တယ်. ဒါပေမဲ့ အဲ့ဒါက ဘာကောင်းနေလဲဆိုတာ သူတကယ်မသိ။ တာအိုဘုရားကျောင်းတွေမှာ ရောင်းနေတဲ့ ဟာတွေထက် ပိုပြီး နာမည်ကြီးနေရုံပဲလေ.. အဲ့ထက်ပိုပြီး.. ဘာမှမှမရှိတာ..

သူဌေးက ဘာလို့ အဲ့လိုမေးရတာလဲ?

•••••

All Chapters