← Chapters

ဘာလို့ ငါ‌နောက်ကိုလိုက်နေတာလဲ

Vol. 41 Ch. 787

ဘာလို့ ငါ‌နောက်ကိုလိုက်နေတာလဲ

Vol. 41 Ch. 787

ရှဲ့ဖင်းဟွိုက် တွေးကြည့်လိုက်ပြီး သူ့အစ်မရဲ့ အုတ်ဂူဆီကိုယ်တိုင်သွားကာ ထိုအရာအား မီးရှို့ဖို့ ဆုံးဖြတ်လိုက်သည်။

“ခင်ဗျားပဲ ကျွန်ဝောာ့်ကို ဒုတိယသခင်လေးရှဲ့ဆို၊ ကျွန်တော့်တို့ မိသားစုထဲမှာ လူတစ်ယောက်ပျောက်နေတာ ဘာလို့မသိရတာလဲ” ရှဲ့ဖင်းဟွိုက်သည် ဆိုင်ရှင်ချန်အား မကျေမနပ်ဖြစ်နေသည့် ပုံဖြင့် ကြည့်လိုက်၏။ ထို့နောက် ငွေစက္ကူအား ဆိုင်ရှင်ချန်ရဲ့လက်ထဲ ထည့်ပေး၍ ဆိုင်ရှင်ချန်ထုတ်ပိုးပေးထားသည့် ပစ္စည်းနှင့်အတူ ထွက်သွားတော့သည်။

ဒီလူတွေက အဖြေသိပြီးသားမေးခွန်းကြီးကိုပဲ မေးနေတာ!

သူ စိတ်အခြေနေ ကောင်းမနေတာကို သိရက်နဲ့

တောင် ဘာဖြစ်နေတာလဲဆိုပြီး ကျောင်းတော်က လူတွေက မေးနေကြတယ်!

သူ ဘာလုပ်လို့ရမှာလဲ?!

သူ့အစ်မတစ်ယောက်လုံး မရှိတော့တဲ့ဟာကို သူက ပျော်ပျော်ကြီးနဲ့ ပြုံးဖြီးနေရမှာလား။ အဲ့လူတွေက သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ မသိရုံတင်မဟုတ်ဘူး၊ သူ့နှလုံးသားကိုပါ ဓားနဲ့ လာထိုးနေကြတာ!

ရှဲ့ဖင်းဟွိုက် ဒေါသတကြီးထွက်သွား၏။ ပြန်ထွက်မသွားခင် ဆိုင်ရှင်ချန်အား မျက်လုံးပင် လှိမ့်ပြသွားလိုက်သေးသည်။

ဆိုင်ရှင်ချန်ကတော့ အပြစ်ကင်းသည့် လူတစ်ယောက်ပမာ။

သူ တစ်ခုခု မှားပြောလိုက်မိတာလား? ဒုတိယသခင်လေးကို စိတ်ဆိုးအောင် လုပ်လိုက်မိတာလား?

ထူးဆန်းလိုက်တာ.. ရှဲ့မိသားစုမှာ ဘာဖြစ်လို့လဲဆိုတာလေးပဲ မေးရုံကို… ဒုတိယသခင်လေးက ဘာကို ပြောချင်နေတာလဲ?

ဆိုင်ရှင်ချန်မှာ ဇဝေဇဝါဖြစ်နေသည့်တိုင် သူနားမလည်တာကြောင့် ခေါင်းရှုပ်ခံပြီး စဉ်းစားမနေတော့။ အပြင်ဘက်ကခေါင်းလောင်းကိုသာ ဆက်ပြီး စူးစမ်းနေခဲ့သည်။ ထိုခေါင်းလောင်းရဲ့ မြည်သံက အလွန်ထူးဆန်း၏။ တိတ်ဆိတ်နေတဲ့အခါမျိုး၌ အချိန်အကြာကြီး ဘာအသံမှ မမြည်တတ်ပေမဲ့ အသံစမြည်လိုက်ပြီဆိုတာနှင့် ရူးသွားတော့မယ့်အတိုင်း။

ပိုပိုပြီး ထူးဆန်းလာ၏။

ထိုအချိန် သုန့်ရှီးယွင်ဆီမှာ ပိုပြီး ထူးဆန်းတာ တစ်ခု ဖြစ်လာခဲ့သည်။

သုန့်ရှီးယွင်မှာ ကြမ္မာဥယျာဉ်ထဲကနေ ထွက်လာကတည်းက ကံဆိုးနေသလို ခံစားနေရ၏။သူမရဲ့ မျက်လုံးကိုသာ လက်ကိုင်ပုဝါဖြင့် တောက်လျှောက်ပွတ်နေခဲ့ပြီး ဆေးခန်းဆီ အပြေးသွားခဲ့၏။

သို့သော် ၊သူမ ဆေးခန်းကိုတောင်မရောက်သေး၊ မျက်လုံးကို ပွတ်ပြီး ဖွင့်ကြည့်လိုက်သည့် အချိန်၌ ထိတ်လန့်သွားခဲ့ရသည်။

သူမ ရှေ့မှာ အရိပ်တစ်ခုရှိနေတယ်!

“အား!” သုန့်ရှီးယွင် လန့်ဖျပ်ပြီး မြင်းလှည်း၏ ထောင့်မှာ ချက်ချင်း ဝင်ပုန်းလိုက်သည်။

သို့သော်အရိပ်က သူမနောက်ကို လိုက်လာခဲ့သည်။ ဒါတင်မက သူမရဲ့ ခန္ဓာကိုယ်ကိုပါ တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားပြီးလည်ပင်းကို အားပါပါနဲ့ညှစ်ထားခဲ့သည်။

သူမ ထိုမကောင်းဆိုးဝါး ဝိဉာဉ်ကို မမြင်ခင်က သူမရဲ့လည်ပင်းမှာ တစ်ချက်တစ်ချက် ကြက်သီးထလာတာကိုသာ ခံစားခဲ့ရသည်။ ညဘက်အိပ်တဲ့အခါလည်း အနည်းငယ် အသက်ရှုကျပ်သလို ခံစားရပေမဲ့ ပုံမှန်ဆိုလျှင် တခြားဘာကိုမှ မခံစားရ။

သို့သော် အခုကတော့ မတူတော့ပေ!

“ ထွက်သွားစမ်း! နင် ဘယ်သူလဲ၊ ငါနား ကပ်မလာခဲ့နဲ့!” သုန့်ရှီးယွင်တစ်ယောက် ရှိရှိသမျှ အင်အားသုံးပြီး လက်ရောခြေထောက်ရောနှင့် ရုန်းကန်နေခဲ့သည်။

ထိုလက်တစ်စုံက သူမပေါ် ကုပ်ဆွဲနေခဲ့ကာ ၎င်းသာ အားထည့်လိုက်တာနှင့် သူမခန္ဓာကိုယ်ပေါ်က အရာတွေကို ဆွဲယူသွားနိုင်တော့မည့်အတိုင်း။

သုန့်ယိယွင်ရဲ့ မကောင်းဆိုးဝါးဝိဉာဉ်သည်လည်း တုန်လှုပ်သွားသည်။

သူမ လိုက်ပြီးကပ်တွယ်နေတဲ့သူက တစ်နေ့မှာ သူမကို မြင်လာနိုင်လိမ့်မယ်လို့မထင်ထားခဲ့။

မူလကဆင်ခြင်တုံတရားမဲ့နေသော မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ ခေါင်းမှာ ရုတ်တရက် အနည်းငယ် ကြည်လင်သွားခဲ့သည် !

ရုတ်တရက် သူမ ပါးစပ်ကိုဟပြီး သုန့်ရှီးယွင်ရဲ့လည်ပင်းကိုကိုက်ချလိုက်သည်။ သုန့်ရှီးယွင်လည်း တကျွတ်ကျွတ်ဝါးနေတဲ့ အသံကိုကြားနေရသည့် ပုံပင်။ သူမတစ်ကိုယ်လုံး ကြက်သီးထလာပြီး တ

ဆက်ဆက် တုန်ယင်နေလေသည်။

“ သခင်မလေး၊ ဘာများဖြစ်လို့လဲ” မြင်းလှည်းမောင်းသမားသည်မြင်းလှည်းထဲမှ ဝက်တစ်ကောင်လိုငိုနေသံကြောင့် အတော်လေး ကြောက်လန့်နေ၏။

သုန့်ရှီးယွင် သူမေးတာကို လုံးဝ ပြန်မဖြေနိုင်ခဲ့။

မြင်းလှည်းမောင်းသမားသည် သခင်မလေးတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာကြောင့် မတတ်သာတော့ဘဲ မြင်းလှည်းကိုရပ်ကာ အထဲကို လိုက်ကာစ ဖွင့်ပြီး ကြည့်လိုက်ရသည်။

သို့သော် မြင်းလှည်းရပ်သွားပြီး လိုက်ကာစပွင့်လာသည်နှင့် သုန့်ရှီးယွင်တစ်ယောက် မြင်းလှည်းထဲကနေ ခုန်ထွက်လာသည်မှာ အလင်းရောင်ကို မြင်လိုက်ရတဲ့အတိုင်း။

“ မလာနဲ့! ငါ့နောက် လိုက်မလာနဲ့!” သုန့်ရှီးယွင်မှာ ထိတ်ထိတ်ပျာပျာနှင့် အော်ဟစ်နေခဲ့၏။

သခင်မလေး စိတ်ဖိစီးတာများသွာပြီး စိတ်ဖောက်ပြန်သွားတာများလား?

“ ရှင် မြင်လား၊ အဲ့မှာ မကောင်းဆိုးဝါးဝိဉာဉ်ကောင်…” သူမရဲ့ စကားမဆုံးခင် မကောင်းဆိုးဝါးဝိဉာဉ်သည် ခေါင်း‌ပေါ်ကနေ ဇောက်ထိုးကြီးဆင်းလာပြီး သူမ မျက်စိရှေ့ပေါ်လာလေသည်။

အဲဒီ သွေးနီရောင် မျက်လုံး၊ နှင်းလို ဖြူစွတ်နေတဲ့ အသားရေ နဲ့ ရင်းနှီးနေတဲ့ မျက်နှာ!

အဲဒါ သူ့ညီမ!

“ နင်-နင် မဖြစ်နိုင်တာ! ဘာလို့ ငါ့နောက်ကို လိုက်လာရတာလဲ! အားး… ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲလို့! ငါ တမင်တကာ လုပ်ခဲ့တာ မဟုတ်ဘူး! တမင်တကာ လုပ်ခဲ့တာ မဟုတ်ဘူး!"

•••••

All Chapters