သွားပြီ
Vol. 41 Ch. 788
သုန့်ရှီးယွင်သည် ကြောက်လန့်နေတာမှန်ပေမဲ့ သူမဆီမှာ ဘာတွေဖြစ်နေလဲဆိုတာကို သဘောမပေါက်ခဲ့။
စုန်းမမော့ ပြောလိုက်တာတွေကြောင့် ကြောက်နေမိတာများလား?
အဲ့ဒါကြောင့် ဒီလို ပုံရိပ်ယောင်တွေကို မြင်နေရတာ!
“သခင်မလေး၊ ဘာတွေပြောနေတာပါလဲ၊ ဘယ်သူက နောက်ကနေ လိုက်နေလို့လဲ။ သ-သခင်မလေး လှည်းပေါ်ပြန်တက်ပါလား”
မြင်းလှည်းသမားမှာ စိတ်လှုပ်ရှားနေခဲ့သည်။
လူတွေအများကြီး ဝိုင်းကြည့်နေကြတယ်လို့!
“ နင်-နင်သူ့ဆီသွားပါလား၊ သူ့အရေပြားက ကြမ်းပြီးတော့ အသားလည်း ထူတယ်။ နင်လည်း ငါ့အကြောင်းသိရက်နဲ့။ ငါ- ငါက ကြောက်တတ်တယ်လေဟာ၊ ထွက်သွား၊ နင်သွားပေးလို့ရမလား! ငါ တောင်းပန်ပါတယ်!”
သုန့်ရှီးယွင် တောင်းပန်နေ၏။
သို့သော် လက်ရှိ သုန့်ယိယွင်သည် အသက်ရှိစဉ်တုန်းက သုန့်ယိယွင်လိုမျိုး မဟုတ်တော့။
လူတစ်ယောက်တည်းဆိုပေမဲ့၊ မကျေမနပ်ချက်တွေပြည့်နေတဲ့သူ။ အရင်ကလိုမျိုး နုံအနေတဲ့သူ မဟုတ်တော့။
သူမ မုန်းနေတဲ့ လူရဲ့မျက်နှာထက်က အကြောက်
တရားနဲ့ စိုးထိတ်မှုတို့ကို မြင်နေရတဲ့အခါ အနည်းငယ် စိတ်လှုပ်ရှားနေမိခဲ့သည်။
သူမရဲ့ သွယ်လျတဲ့ လက်ချောင်းတို့ဖြင့် သုန့်ယိယွင် မျက်နှာကို ထိလိုက်၏။
သုန့်ယိယွင်က ဝိဉာဉ်တစ်ကောင်ဖြစ်နေတာကြောင့်
သူမရဲ့လက်ချောင်းတို့က ထိုးဖောက်ဝင်ရောက်သွားရာ သူမရဲ့ အော်ရယ်သံကြီး ထွက်လာလေသည်။
မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ရဲ့ ရယ်သံက သက်ရှိလူသားတစ်ယောက်ရဲ့ အသံနဲ့ အနည်းငယ်ကွာခြားနေခဲ့သည်။
သူတို့၌ ရုပ်ခန္ဓာမရှိသဖြင့် အသံက အစစ်အမှန်မဟုတ်သလို ဖြစ်လို့နေ၏
အစကတော့ သုန့်ရှီးယွင်ထိုရယ်သံကို မကြားခဲ့ရပေမဲ့ ရှဲ့ချောင်ရဲ့ အဆောင်ရေကြောင့် သူ့ညီမရဲ့ငိုသံတို့ကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
နေဝင်ချိန်ဖြစ်၍ ဈေးထဲမှ လူများလည်း ပြန်ဖို့ ပြင်ဆင်နေကြလေပြီ။
လမ်းမထက်၌ လူပေါင်းများစွာ ရှိနေဆဲ။
သူမဘေးကနေ လျှောက်သွားပြီး လက်ညှိုးတထိုးထိုး လုပ်သွားကြ၏။
“ အမယ်လေး၊ ဒီ သခင်မလေးက ဘာဖြစ်တာလဲ မသိဘူး။ သူ့ကိုကြည့်ရတာအဆင်ပြေနေတဲ့ပုံနဲ့ ဘာလို့များ ရူးနေတာပါလိမ့်…” အမျိုးသမီးတစ်ဦးက သူမအား လက်ညှိုးထိုး၍ စုတ်ချက်သက်လိုက်ကာ ရှုပ်ထွေးနေတဲ့ မျကိနှာထားဖြင့်။
အသံက နားထဲကို ထိုးဖောက်ဝင်ရောက်လာတာကြောင့် သုန့်ရှီးယွင် ကြည့်ကြည့်လိုက်မိ၏။
သို့သော် သုန့်ရှီးယွင် ဘေးကို ကြည့်မိလိုက်သည့်အခိုက်အတန့်၊ သူမ အကြောက်လွန်ပြီး ခြေထောက်များပင် တုန်ယင်သွားရသည်။ သူမ ဘောင်းဘီရဲ့ အောက်ခြေကနေ တစ်ခုခုဝင်လာတာကိုသာ ခံစားမိလိုက်၏။
စိုစွတ်စွတ်နဲ့…
သွားပြီ..
သူမ အရာများစွာကိုမြင်နေရတာကြောင့် ယခုအချိန်မှာ ဘာကိုမှ မတွေးနိုင်ခဲ့ချေ။ တချို့က လေထဲတွင်
လွင့်မျောနေလျက်၊ တချို့က လူတွေရဲ့ ခန္ဓာကိုယ်ကနေ ဖြတ်သွားသည်။ ထိုမကောင်းဆိုးဝါးဝိဉာဉ်များမှာ ပုံစံမျိုးစုံဖြစ်နေကြသည်။
အထူးသဖြင့် သူမရဲ့ မလှမ်းမကမ်း၌ မြေကြီးပေါ်မှာ လေးဖက်ထောက်သွားနေသည့် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ရှိ၏။
သူရဲ့ အူကလီစာအားလုံးက မြေကြီးပေါ်ကျနေလျက်။ သူ တွားသွားလိုက်တိုင်းမှာ သွေးသံတရဲရဲနှင့် အနာကြီးက တရွတ်တိုက်ပါလာသည်။
ထိုဝိဉာဉ်က လေးဖက်ထောက်ပြီး သွားနေတဲ့ အချိန် သူ့ဘေးနားက ဝိဉာဉ်ရဲ့ ခေါင်းက ပြုတ်ထွက်ပြီး လိမ့်သွားရာ သုန့်ရှီးယွင်ရဲ့ ခြေထောက်နား ရောက်လာလေသည်။
ခေါင်းမပါသည့် ခန္ဓာကိုယ်ကြီးက ရစ်သီရစ်သီလုပ်
နေကာ သုန့်ရှီးယွင်ရဲ့ ရှေ့မှာ မတ်တပ်ရပ်နေ၏။ သူ့ခေါင်းကို ပြန်ကောက်လိုက်ပြီးနောက် သူ့မျက်နှာက ရှုံ့မဲ့သွားသည်။
“မင်း… ငါ့ခေါင်းကို မြင်ရတယ်”
“ မင်း ငါတို့ကို မြင်ရတယ်..”
“ သူ ကြမ္မာဥယျာဉ်ထဲကနေ ထွက်လာတာမလား၊ သူ့ဆီမှာ ကြမ္မာဥယျာဉ်က အနံ့ရနေတယ်။ သူက ဆရာမ ကျိန်စာတိုက်တာ ခံလိုက်ရတဲ့သူပဲ!”
ပြောကြသည်က ကြမ္မာဥယျဉ်ကဆရာတစ်ယောက်သည် လူတစ်ယောက်အား ခြောက်လန့်ဖူး၏။။ သူ့နောက်ကို မကောင်းဆိုးဝါးဝိဉာဉ်ပေါင်းများစွာ လိုက်အောက်လုပ်လိုက်ရာ ထိုလူရူးသွားသည့် အထိပင်။
နောက်ထပ်လင်မယားနှစ်ယောက်ရဲ့ မျက်လုံးကိုလည်း နွားမျက်ရည်နဲ့ သုတ်လိုက်ပေမဲ့ ဆရာက သူတို့ကိုတော့ အကာအကွယ်ရအောင် အဆောင်စာရွက်များ ပေးခဲ့သည်!
သူတို့ရှေ့မှာ ရှိနေတဲ့လူက..
သူ့ကိုယ်ပေါ်မှာ အဆောင်စာရွက် တစ်ရွက်မှ ရှိမနေဘူး.. ဒါဆို ဆရာမရဲ့ဧည့်သည် မဖြစ်နိုင်ဘူး!
သူတို့ သူမကို ကျီစယ်လို့ရတယ်!
သေပြီးသား လူများသည် အသက်ရှင်နေတဲ့သူများထက် ပိုပြီးပျင်းနေကြ၏။ အခုလို သူတို့ကို မြင်နိုင်ပြီးပြန်မခုခံနိုင်တဲ့သူတစ်ယောက် ရုတ်တရက် ပေါ်လာ၍ စိတ်လှုပ်ရှားနေကြလေသည်။
ချက်ချင်းဆိုသလို လမ်းမထက်က မကောင်းဆိုးဝါးဝိဉာဉ်အားလုံး စုပြုံလာကြသည်။
သုန့်ရှီးယွင်ခမျာ လန့်ဖျပ်ပြီး တုန်ယင်လို့နေလျက်။
သူမ စိတ်လွတ်ကိုယ်လွတ်နဲ့ ပါးစပ်အနည်းငယ် ဟ လိုက်မိပေမဲ့ မျက်လုံတစ်လုံးက သူမ ပါးစပ်ထဲ တိုးဝင်လာခဲ့သည်။
သူမ ဆက်တိုက် ပျို့အန်နေမိပြီး မျက်ရည်များလည်း ကျနေမိသည်။
သူမ ခြေထောက်အောက်က မြေကြီးက စိုစွတ်နေသဖြင့် အာရုံစိုက်ခံရချင်စရာ။
မြင်းလှည်းသမားလည်း မတတ်နိုင်တဲ့အဆုံး သခင်မ
လေးအား မြင်းလှည်းထဲကို တရွတ်တိုက် ဆွဲခေါ်သွားရတော့သည်။
သခင်မလေးရဲ့ သိက္ခာက ကုန်းကောက်စရာတောင်မရှိတော့ဘူး! အိမ်ကို မြန်မြန် ပြန်ခေါ်သွားမှ ရမယ်!
•••••