← Chapters

အရူးမ

Vol. 41 Ch. 789

အရူးမ

Vol. 41 Ch. 789

သုန့်ရှီးယွင်သည်လည်း ထွက်သွားချင်နေပြီဖြစ်လို့ မြင်းလှည်းမောင်းသမား ဆွဲခေါ်သွားတာကို ပြန်ပြီး မခုခံပေ။

သို့သော်လည်း သူမမှာ အင်အားတစ်စက်ကလေးမှ ကျန်ရှိမနေတော့။ ကြောက်ရွံမှုနှင့် မနှစ်မြို့မှုတို့က သူမရဲ့ ခြေထောက်တွေကို ထုံထိုင်းသွားစေပြီး သူမရဲ့ အသိစိတ်ကို ထိန်းချုပ်မှုလွတ်သွားစေခဲ့၏။တစ်စုံတစ်ယောက်က သူမရဲ့အပ်စိုက်နေရာတို့ကို ရိုက်လိုက်သဖြင့် ခြေတစ်လှမ်းတောင် ရွေ့လို့မရတော့သလိုမျိုး။

မြင်းလှည်းမောင်းသမားခမျာ ရွေးချယ်စရာမရှိတော့။ အံကိုသာကြိတ်၍ သူမအား သယ်လိုက်ပြီး လှည်းထဲကိုထည့်ကာ အရှိန်တင်ပြီး မောင်းနှင်သွားတော့သည်။

လူများအားလုံး မှင်တက်နေကြ၏။

“ဒီမိန်းကလေးက ရူးများသွားသလား, သူ့ကြည့်ရတာတော့ မျိုးရိုးမြင့်တဲ့မိသားစုတစ်ခုကထင်တယ်”

“ ကျွတ်၊ ကျွတ်၊ ကျွတ်၊ ဆီးတောင် ထွက်ကျရတယ်လို့။ ငါ့မိသားစုမှာသာ သူ့လိုသမီးတစ်ယောက်ရှိလို့ကတော့၊ သူ့ကို အိမ်ထဲက အိမ်ပြင် ထွက်ခိုင်းရဲမှာ မဟုတ်တော့ဘူး။ သူ အနာဂတ်မှာ ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်တော့မှာလဲ။ အိမ်မှာနေပြီး သီလရှင် ဝတ်ရုံပဲရှိတော့တယ်”

“...”

“ မုန့်သခင်‌လေး၊ ခုနက မိန်းကလေးက … သုန့်သခင်မလေးမလား” မလှမ်းမကမ်း၌ လူငယ်တစ်စု

ရပ်နေကြ၏။

သူတို့ စားသောက်ဆိုင်တစ်ဆိုင်မှာစားနေကြစဉ် အပြင်ဘက်က ဆူညံသံတွေကို ကြားလိုက်ရ၏။ မိန်းကလေးတစ်ယောက်ရူးသွားပြီဟု ပြောနေသံများကို ကြားရ၍ အပြင်ကို ထွက်ကြည့်ကြတာပင်။

မြို့ဝောာ်ရဲ့ နံပါတ်တစ်အရည်အချင်းပိုင်ရှင်မိန်းကလေး၊ စတုတ္ထမင်းသားရဲ့ ကြင်ရာတော်လောင်းအဖြစ် လျာထားဖူးခြင်းခံခဲ့ရသူ သုန့်ရှီးယွင်ကို တွေ့လိုက်ရလိမ့်မယ်ဟု သူတို့ မမျှော်လင့်ထားခဲ့။

မုန့်ကျိဖန်မှာ အံ့ဩလွန်း၍ ပြောစရာစကားပင်မရှိတော့။ သူ ဒီလို မြင်ကွင်းမျိုးကို တွေ့ရလိမ့်မယ်ဟု မထင်ထားခဲ့တာ အသိသာကြီးပင်။

သုန့်ရှီးယွင်ကို မတွေ့ရခင်က သူတို့အုပ်စု စတုတ္ထ

မင်းသားရဲ့ မင်္ဂလာပွဲပျက်သွားတဲ့အကြောင်းအား စကားဖောင်ဖွဲ့ ဆွေးနွေးနေခဲ့ကြသေးသည်။

သူတို့ ခုနက ဘာတွေပြောခဲ့တာလဲ?

သုန့်သခင်မလေးသည် တွေ့ရခဲတဲ့ မွန်မြတ်တဲ့သခင်မလေးတစ်ယောက်ဟု ဘေးမှာရှိနေသည့် ညီအစ်ကိုတစ်ယောက်က ဆိုခဲ့၏။ အခုလို စေ့စပ်ပွဲပျက်သွားလျှင်တောင် သူမ အနေနဲ့လက်ထပ်ဖို့အရေးအား တွေးပူနေစရာလိုလိမ့်မည်မဟုတ်။ သူတို့က ထိုမိန်းကလေးရဲ့ အရည်အချင်းတွေနဲ့ မထိုက်တန်းမှန်း သိနေကြလို့သာ မဟုတ်ခဲ့လျှင် အောင်သွယ်တော်ကိုပြောပြီး စီစဉ်ခိုင်းပြီးနေလောက်လေပြီ။

ထိုအချိန်က သူတောင် ထိုမှတ်ချက်ပြုမှုများကြောင့် စိတ်လှုပ်ရှားသွားရသေးသည်။

သူလည်း လက်ထပ်ဖို့ အရွယ်ရောက်နေပြီ၊ သူ ဘယ်သူနဲ့လက်ထပ်လဲဆိုတာက အရေးမကြီးဘူးမလား?

သူ မိန်းမတစ်ယောက်ယူရမယ်ဆိုမှတော့ အရည်အချင်းရှိ၊ ကျော်ကြားပြီး ကြည့်ကောင်းတဲ့မိန်းကလေးကိုပဲ ရှာမယ်‌ဆိုတာ ပြောနေစရာတောင်မလို။

ဥပမာ ရှဲ့ချောင်လိုလူမျိုး။ သို့သော် ရှဲ့ချောင်သည် နောင်တစ်ချိန်မှာ ကြင်ရာတော်မင်းသမီးတစ်ပါး ဖြစ်လာတော့မှာဖြစ်၍ သူမကိုစဉ်းစားလို့မဖြစ်။ သုန့်ရှီးယွင်လည်း သိပ်တော့မဆိုးလှ။ သူမရဲ့ ပင်ကိုယ်စရိုက်က အလွန်ရှေးဆန်းလွန်းနေ၍သာ။ မင်္ဂလာပွဲသာ တကယ် အထမြောက်သွားခဲ့ပါက သူ အိမ်ထဲကနေ ထွက်လို့‌ရလိမ့်မည်မဟုတ်ချေ…

ဘာပဲဖြစ်ဖြစ် ဒါဟာ စိတ်ကူးယဉ်ခြင်းသာဖြစ်၏။ အခုလို ချက်ချင်းကြီး သူမကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့…

သူ့ အမြင်အာရုံချို့ယွင်းသွားသလို့ပင် မုန့်ကျိဖန် ခံစားလိုက်ရသည်။

“ သူ ဦးနှောက်များ ပျက်နေတာလား! တော်တော်ဆိုးဆိုးပဲ!” လူငယ်လေးရဲ့ စိတ်အခြေနေမှာ ထိုမြင်ကွင်းကြောင့် ထိခိုက်သွား၏၊ သူ ပျာယာလည်းခတ်သွားသလို စိတ်လည်းတိုနေသည်။ သူမအား စက်ဆုပ်ရွံရှာသွားခဲ့သည်။

“ မုန့်သခင်လေး.. အဲ့သခင်မလေးရဲ့ မင်္ဂလာပွဲက အတင်းအဓမ္မ ဖျက်သိမ်းခံလိုက်ရတယ်လို့မထင်ဘူးလား.. သူက အဲဒါကို လက်မခံနိုင်‌တော့ ..ဒီလိုမျိုး အဆုံးသတ်သွားရတာ”

“ အဲ့လိုဆိုရင်တော့ ဒီသခင်မလေး အတွက် စိတ်မကောင်းစရာပဲ၊ အကြောင်းအရင်းမရှိဘဲနဲ့ မင်္ဂလာပွဲက ပျက်သွားရတာဆိုတော့..”

“ သူ့ကို သနားတယ်? ဒါဆို သူ့ကို ယူချင်လို့လား”

တခြားလူတစ်ယောက်က ကျီစယ်လိုက်သည်။

ထိုလူငယ်အုပ်စုသည် အသုံးအဖြုန်းကြီးပြီး ပေါ့တိပေါ့ပျက်‌နေတတ်တဲ့သူများဖြစ်၍ သူတို့ရဲ့နှလုံးသားထဲမှာ ဂရုဏာတရားဆိုတာမျိုး သိပ်ပြီး မခံစားရ။ သို့သော်လည်း အရည်အချင်းရှိသည့် သခင်မလေးတစ်ယောက် အခုလိုမျိုး ဖြစ်သွားရတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိကြသည်။ ဒါတင်မက သူတို့ဟာ ထိုအရည်အချင်းရှိတဲ့သခင်မလေးများရဲ့ ဂုဏ်သတင်းကို စိတ်ဝင်စားပေမဲ့ သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေကိုတော့ သဘောမကျခဲ့ကြချေ။

အရည်အချင်းရှိတဲ့သခင်မလေးအားလုံးက မောက်မာပြီး စိတ်ကြီးဝင်နေကြကာ သူတို့လို အသုံးအဖြုန်းကြီးတဲ့ လူငယ်မျိုးဆိုလျှင် ကြည့်တောင် မကြည့်ကြ။

“ ငါရူးနေတာမှ မဟုတ်ဘဲ၊ ခုနတုန်းက စကားအဖြစ်ပဲပြောတာ၊ သူ့လိုလူကိုသာ တကယ်လက်ထပ်လိုက်ရင် ငါ့သိက္ခာ ဘယ်နားသွားထားမလဲ”

သခင်လေးတစ်စုသည် သူတို့အချင်းချင်း ဆက်ပြီး ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

သူတို့ရဲ့ စကားများကြောင့် သူတို့ဘေးနားမှာ ရပ်နေကြသည့်သူများသည် သူတို့ပြောနေကြတာတွေကို မတော်တဆ ကြားမိပြီး သဘောပေါက်သွားခဲ့ကြ၏။၊

ခုနတုန်းက မတော်တဆဖြစ်သွားသည့် သခင်မလေးသည် စတုတ္ထမင်းသားရဲ့ အရင်ကြင်ရာတော်လောင်းလျာဟောင်း။

သုန့်မိသားစုရဲ့ အကြီးဆုံးသမီး။

သုန့်ရှီးယွင်သည် ကျော်ကြားသူတစ်ယောက်ဖြစ်၏။ဒီ သတင်းဆိုးက မြို့တော်ရဲ့နံပါတ်တစ်အရည်အချင်းပိုင်ရှင် မိန်းကလေးဆိုတဲ့ ဂုဏ်သတင်းထက်ပင် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့သည်။ လမ်းမပေါ်မှာ ဆီးထွက်ကျတဲ့ အရူးမတစ်ယောက်ရဲ့ နာမည်က ပိုလို့တောင် ပဲ့တင်သံထပ်သွားခဲ့၏။

မင်းမျိုးမင်းနွယ်များမှ သခင်မအများစုဆိုလျှင် စတုတ္ထမင်းသားရဲ့ မင်္ဂလာပွဲက ပျက်သွားပြီဖြစ်လို့ သူတို့သားတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တော့မယ်ဟုတောင် တွေးနေကြသေးသည်။ ဒါကြောင့် အောင်သွယ်တော်တွေ‌လာခိုင်းဖို့ကိုတောင်

စဉ်းစားထားကြသည်။ သူများရဲ့ အကျန်ဆိုပေမဲ့ ဒီလိူ ထူးချွန်ထက်မြက်တဲ့သခင်မလေးကို ယူနိုင်လိမ့်မယ်ဆိုတာ ဘယ်သူသိမှာလဲ..

ဒါပေမဲ့လည်း..

•••••

All Chapters