← Chapters

သမီးကိုကယ်ပါ

Vol. 41 Ch. 790

သမီးကိုကယ်ပါ

Vol. 41 Ch. 790

မင်းဆွေမင်းမျိုး မိသားစုမျာမှ သခင်မများအားလုံး အကြောက်တရားကို ခံစားလိုက်ကြရသည်။

ဒီသခင်မလေးက ရူးနေတာပဲ!

ဒီရောဂါက လက်ထပ်ပွဲပျက်သိမ်းသွားကြောင့် ဖြစ်လာတာလား ဒါမှမဟုတ် မွေးကတည်းကပါလာတဲ့အရာလားဆိုတာ ပြောဖို့ခက်သည်! မွေးကတည်းက ပါလာတဲ့ရောဂါဆိုပါက…မိသားစုရဲ့ နောက်မျိုးဆက်တွေမှာပါ… ပါလာကုန်လိမ့်မည်ပေ!

သုန့်ရှီးယွင်သည် အိမ်ပြန်လမ်းတစ်လျှောက်လည်း ရပ်တန့်သွားခြင်းမရှိခဲ့။

ထိုမကောင်းဆိုးဝါးဝိဉာဉ်များက သူမနောက်ကို

ဆက်လိုက်လာကြသည် ။

သူတို့က ပါးစပ်ကြီးတဖြဲဖြဲနဲ့ သူမလည်ပင်းနောက်ကနေ ဆွဲနေကြသည်။ ကြောက်စရာလည်း ကောင်းသလို ညှိနှိုင်းရလည်း ခက်သည့် အကောင်များပင်။ သူမ အိမ်ပြန်ရောက်သည်နှင့် သူမကြီးပြင်းလာခဲ့သည့် အဒေါ်တန့်၏ အခန်းထဲသို့ ပြေးသွားခဲ့သည်။ သူမ အော်ဟစ်ငိုကြွေးလျက် “ အဒေါ်တန့်၊ သမီးကို ကယ်ပါဦး! မကောင်းဆိုးဝါးဝိဉာဉ်တွေက သမီးနောက်ကို လိုက်နေကြတယ်! သူ–သူ ပြန်လာပြီ!”

အဒေါ်တန့်ရဲ့ မျက်နှာထား ပြောင်းလဲသွားခဲ့၏။ “ဘာတွေလျှောက်ပြောနေတာလဲ၊ ဘယ်မှာ မကောင်းဆိုးဝါးဝိဉာဉ်တွေ ရှိလို့လဲ၊ ကလေးရယ်၊ လှည်းထဲမှာ အိပ်ပျော်သွားတုန်း အိပ်မက်ဆိုး မက်လာတာလား?”

မြင်းလှည်းမောင်းသမားသည် သခင်မအား ဖြစ်ကြောင်းကုန်စဉ်ကို တင်ပြပြီးဖြစ်၏။

ဒီလို ပြဿနာကြီးကို သူတစ်ယောက်တည်းကျိတ်ပြီး မဖုံးကွယ်ထားရဲ။

သုန့်သခင်မသည် ထိုစကားများကို ကြားလိုက်ရသည်နှင့် သူမရဲ့မျက်နှာထားမှာ တင်းမာသွားတော့သည်။

သုန့်ရှီးယွင်ဟာ ငိုနေရင်းနှင့် ‘ညီမလေး’ ဟုလည်း ပြောသေးသည်ဟု မြင်းလှည်းမောင်းသမားက ပြောပြခဲ့၏။

ဒါဆို…

ဘယ်သူ့ကိုမှ အမှားမလုပ်ထားတဲ့သူက ညနက်ကြီး တံခါးလာခေါက်လည်း ကြောက်နေမှာ မဟုတ်ဘူး!

သူသာ တကယ်အပြစ်ကင်းတယ်ဆိုရင် သူ့ညီမ သူ့ကို လာရှာလည်း ဒီလောက်ထိ ကြောက်နေစရာမလိုဘူး!

ဒါဆို ယိအာက ဘယ်လိုသေသွားရတာလဲ?! ရှီးယွင်လုပ်ခဲ့တာလား?!

သုန့်သခင်မသည် သူမရဲ့ခင်ပွန်းကို ပြောပြဖို့ ချက်ချင်းသွားခဲ့လေသည်။

ထိုစဉ်၊ သုန့်ရှီးယွင်ကတော့ အဒေါ်သုန့်ရဲ့ အခန်းထဲမှာ ပတ်ပြေးလို့နေလျက်။

သုန့်ရှီးယွင်သည် အဒေါ်သုန့်ရဲ့လက်မောင်းထဲမှာ ငိုနေရာကနေ ထပြီး ကြောက်အားလန့်အားနှင့် အဒေါ်တန့်အား လက်ညှိုးထိုးလိုက်၏။

“ အ-အ‌ဒေါ်—က-ကလေးတစ်ယောက်က –အ-အဒေါ်ရဲ့ – ဒူးကို ကိုက်နေတယ်!!” ထိုသို့ပြောပြီသည်နှင့် သုန့်ရှီးယွင် သတိလစ်သွားတော့သည်။

သူမ သတိလစ်သွားတာတော်သေးသည်။ အခုမှပဲ လောကကြီးက တိတ်ဆိတ်သွားသလိုပင်။

သို့သော် အဒေါ်တန့်ကတော့ ကြောက်လန့်ပြီး ကျစ်ရစ်ခဲ့၏။

သူမ မသိစိတ်ကနေ ခြေထောက်ဘေးကို ငုံ့ကြည့်လိုက်မိ၏။ ကြက်သီးထလာပေမဲ့… ဘာမှရှိမနေခဲ့ချေ။

သူမ စိတ်ထဲမလုံမလဲဖြစ်နေခဲ့၏။

ဒီနှစ်တွေထဲ၌၊ သူမရဲ့ ခြေထောက်ဟာ သိပ်ပြီး

ကောင်းမနေခဲ့။ အထူးသဖြင့် ညလယ်ခေါင်ရောက်လာလျှင် သူမရဲ့ ဒူးခေါင်းကို ပုရွက်ဆိတ်တွေကိုက်နေသလိုမျိုး ခံစားရသည်။ သိသိသာသာကြီး နာကျင်တာမျိုး မဟုတ်ပေမဲ့ တစ်ခုခုရှိနေသလိုလို၊ မသက်မသာခံစားရစေ၏။ ထိုပြဿနာဟာ ကြာနေခဲ့ပြီဖြစ်ကာ သမားတော်တောင်မှ မကုသပေးနိုင်ခဲ့ချေ…

ရှီယွင် ပြောတာ ကြားလိုက်ရတော့…

သူမ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏။

သူမ ခြေထောက်မှာ.. ကလေးတစ်ယောက်.. တွဲလောင်းခိုနေတာ…မဟုတ်မှလွဲရော..

အဒေါ်တန့်မှာ သောကများနေသည့်တိုင် သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းထားဖို့ ကြိုးစားခဲ့သည်။ သုန့်ရှီးယွင်အား အိပ်ရာပေါ်တင်ခိုင်းလိုက်၏။

အပြင်ဘက်က မကောင်းဆိုးဝါးဝိဉာဉ်များမှာ အနှီသခင်မလေး သတိလစ်သွားတာကြောင့် ပျော်စရာမကောင်းတော့ဘူးဟု ထင်ကြပြီး စိတ်ပျက်လက်ပျက်နှင့် ထွက်သွားကြတော့သည်။

သုန့်သခင်ကြီးသည် သခင်မဆီကနေ သတင်းဆိုးကို ကြားလိုက်ရ၏။

သူ သခင်မကိုရော သမားတော်ရော ခေါ်ပြီး သုန့်ရှီးယွင်ဆီ အပြေးသွားခဲ့သည်။

“ သူ့ကိုနှိုးလိုက်၊ ငါ ဒီကိစ္စကို သေချာသိရမှဖြစ်မယ်” သုန့်သခင်ကြီးမှာ ရန်လိုနေခဲ့သည်။

သမားတော်သည် သူမပေါ်အပ်တစ်ချောင်း စိုက်လိုက်၍ ချက်ချင်း နှိုးလိုက်၏။ ထို့နောက် သုန့်သခင်ကြီးက လူတိုင်းကို ထွက်သွားစေခဲ့၏။

သုန့်ရှီးယွင်တစ်ယောက် ဇဝေဇဝါနှင့် မျက်လုံးဖွင့်လာ၏။ သူမ ပထမဆုံးမြင်လိုက်ရတဲ့လူက သုန့်သခင်ကြီးမဟုတ်ဘဲ သုန့်ယိယွင်ဖြစ်နေသည်။ သူ့အစ်မအားလည်ပင်းညှစ်သတ်ချင်နေပေမဲ့လည်း မလုပ်ဘဲနေနေသည်။

သုန့်ရှီးယွင်သည် မသိစိတ်ကနေ ကိုယ့်လည်ပင်းကိုယ် ပြန်‌ဆွဲညှစ်ရင်း ရုန်းကန်နေ၏။

“နင် ဘာတွေလုပ်နေတာလဲ။ ငါ မြင်းလှည်းမောင်းသမားဆီကနေ ကြာားပြီးသွားပြီ၊ ဒီနေ့ အပြင်မှာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်လာခဲ့တယ်ဆို၊ ရှီးယွင်၊ သမီး ကိုယ့်အနာဂတ်ကိုယ်ပြန်ပြီး ဖျက်ဆီးနေတယ်ဆိုတာရော သိရဲ့လား။ ကြင်ရာတော် မင်းသမီးမဖြစ်လာနိုင်တော့ရော ဘာဖြစ်လဲ။ သမီးရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် မြို့တော်ထဲက ယောကျာ်းကောင်းတစ်‌ယောက်လောက်တော့ အသာလေးကောက်ရွေးလို့ရနေတာပဲ မဟုတ်လား။ အခုတော့ ကောင်းရော၊

သိက္ခာတစ်စက်မှ မရှိတော့ဘူး!”

စိတ်ဖောက်ပြန်သွားတယ်? သူ မယုံဘူး!

သူ့သမီးက အမြဲတမ်း သန်မာပြီးတော့ ခေါင်းမာတဲ့သူတစ်ယောက်။ ဒီလောက်လေးနဲ့ စိတ်လွတ်သွားမှာတဲ့လား?!

သုန့်ရှီးယွင် သူမ အဖေရဲ့စကားများကို ကြားနေရသည်။ သူမ ပါးစပ်ဟပြီး သူမညီမ ဒီမှာရှိနေတယ်ဆိုတာ ပြောလိုက်ချင်နေပေမဲ့ စကားလုံးများက သူမလည်ပင်းမှာတစ်ဆို့နေခဲ့သည်။ သူမ အကျိုးသင့်အကြောင်းသင့် လုပ်သင့်တယ်ဟုတွေးပြီး ဖြူဖျော့နေတဲ့မျက်နှာနှင့်ပဲ ထိုစကားလုံးများကို စိတ်ထဲမျိုသိပ်လိုက်ရသည်။

“ အဖေ! သမီးကို ကယ်ပါဦး! အဲဒါ ကြ-ကြမ္မာဥယျာဉ်က စုန်းမမော့ကြောင့်”

သုန့်ရှီးယွင်သည် စိုးရိမ်စိတ်တွေများနေပြီး သူမ စုန်းမမော့အကြောင်း ပြောလိုက်သည့်အခါ သူမညီမရဲ့ဒေါသ ပိုပြီးတင်းမာသွားတာကို ခံစားလိုက်ရ၏။ သူမကို အသက်ရှင်လျက် ဝါးစားပစ်တော့မည့်အတိုင်း!

•••••

All Chapters