← Chapters

နင် ငါ့ကိုသတ်ခဲ့တာ!

Vol. 41 Ch. 791

နင် ငါ့ကိုသတ်ခဲ့တာ!

Vol. 41 Ch. 791

သုန့်ရှီးယွင်မှာ သူ့ညီမဝိဉာဉ်ရဲ့ ခြိမ်းခြောက်မှုကို ဘယ်လိုကိုင်တွယ်ရမှန်းမသိခဲ့။ သူမအဖေရဲ့ အင်္ကျီလက်ကိုသာ တင်းတင်းဆုပ်ကိုင်လိုက်၍ “စုန်းမမော့ သမီးကို အဆိပ်ခတ်လိုက်တာ!”

သုန့်သခင်ကြီး ထိတ်လန့်သွားသည်။ “သေချာလား”

“တကယ် သူလုပ်တာ! သမီး ဒီနေ့ အဲ့ဆိုင်ကနေ ဖြတ်သွားတော့ .. သူ- သူက သမီးကို ဖမ်းချုပ်ဖို့ ဆိုင်ရှင်ကိုပြောလိုက်ပြီး သမီးမျက်လုံးထဲ တစ်ခုခုလောင်းထည့်လိုက်တာ.. အ-အခု… သမီးမျက်လုံးထဲမှာ ..ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေမျိုးစုံကို မြင်နေရတယ်.. အဖေ.. သမီး အရမ်းကြောက်တယ်.. အဲ့လို ပုံရိပ်ယောင်မျိုးတွေ မမြင်ချင်ဘူး.. သမီးကို ကယ်ပါ, သမီးကို ကယ်ပါနော်!” သုန့်ရှီးယွင်သည် မျက်ရည်ရော နှာရည်များပါ စီးကျနေရာ သူမရဲ့မျက်နှာတစ်ခု

လုံး စေးကပ်ကပ်ဖြစ်လို့နေလျက်။

သုန့်သခင်ကြီး ကြားသည့်အခါ အဓိပ္ပာယ်မရှိလိုက်တာ ဟု တွေးမိ၏။

အဲ့ စုန်းမမော့က တကယ်ကို ရမ်းကားတာပဲ!

အံ့ဩစရာတော့မရှိ။ သူ သမီးကအမြဲတမ်း ဆင်ခြင်နိုင်စွမ်းနဲ့ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ခဲ့တာ၊ ဒီလိုကိုးရို့ကားရားနိုင်တဲ့အရာများကို လုပ်မှာတဲ့လား!

သို့သော် သုန့်သခင်မကတော့ ဇွဲကောင်းနေဆဲ။

“ သမီး ညီမရဲ့ ဝိဉာဉ်ကို မြင်လိုက်တာလား။ သူ ဘာပြောသေးလဲ။ သူ့ကို သေအောင် လုပ်ခဲ့တာ ဘယ်သူတဲ့လဲ!”

သုန့်ရှီးယွင် အံကြိတ်လိုက်သည်။

သူမညီမရဲ့ အရှိန်အဝါတွေကို သူမ ခံစားမိနေခဲ့သည်။ ထို အန္တရာယ်ပေးတော့မည့် မကျေမချမ်းမှုတို့ကိုလည်း ကြောက်နေမိ၏။

သို့သော် သူမ အမှန်တရားကို ပြောလိုက်လို့မဖြစ်ဘူးဆိုတာကို ကောင်းကောင်းကြီးသိနေသည်!

သူမသာ အမှန်တရားကို ပြောပြလိုက်လျှင် မျက်နှာပျက်ရရုံတင်မက.. အသက်ပါ ရှင်နိုင်တော့လိမ့်မည်မဟုတ်….

ခုနက မကောင်းဆိုးဝါးဝိဉာဉ်များစွာ ရှိနေခဲ့သဖြင့် သူမကိုယ်သူမ ထိန်းချုပ်လို့မရခဲ့။ သို့သော်.. အခုတော့… သူ့ညီမနှင့်.. ကလေးငယ်တစ်‌ယောက်သာ ကျန်တော့သည်။

သူ-သူမ လုပ်နိုင်တယ်, သူမ လုပ်နိုင်တယ်

သူမ အဖေသာ တာအိုဆရာတစ်ယောက်ကို ရှာပြီး သူမကိုကယ်နိုင်သ၍ သူမ လုပ်နိုင်တယ်!

“ညီ-ညီမလေးပြောတာ… အဲဒါ‌ အမေတဲ့.. အားး!”

သုန့်ရှီးယွင်သည် စကားဆုံးတာနှင့် သူမရဲ့လည်ပင်းနှင့် ဆံပင်တို့ကို ဆွဲကာ အော်ဟစ်တော့သည်။

“ အဖေ! သမီး အရမ်းနာနေတယ်! သမီးရဲ့ ခေါင်းကအရမ်းနာတယ်! အသက်ရှုလို့မရတော့ဘူး. သမီးကို ကယ်ပါ သမီးကို ကယ်ပါဦး”

သုန့်သခင်ကြီးသည် သူ့ဇနီးအားကြည့်၍ “မင်းဒီမှာ ဘာလုပ်နေ‌သေးတာလဲ၊ ငါ မင်းနဲ့ ဒီကိစ္စကို မဖြေရှင်းရသေးဘူး၊ မင်းရဲ့ ခြဲဝန်းထဲ ပြန်သွားလိုက်တော့!”

သုန့်သခင်မရဲ့ နှလုံးသားအေးစက်သွားခဲ့သည်။

“ ရှင်ကလေ ရှင့်လိုမဟုတ်တမ်းတရားတွေ လျှောက်ပြောတတ်တဲ့သမီးကိုပဲ ယုံနေလိုက်။ သူသာ အမှန်တရားကို ပြောနေတာဆိုရင်၊ အခုလို လူရုပ်သူရုပ်ပျောက်တဲ့အထိ နှိပ်စက်ခံရမှာတဲ့လား။ကောင်းပြီလေ၊ ကျွန်မ ထွက်သွားမယ်။ ဒီမိသားစုက ရှင့်သမီးကြောင့် အနှေးနဲ့အမြန် ဖျက်ဆီးခံရမှာ!”

သုန့်သခင်မ အလွန် ဒေါသထွက်နေခဲ့သည်။

သူမ စိတ်ပိုင်းဖြတ်ပြီးလေပြီ။ဒုတိယသမီးရဲ့ ဈာပနပွဲပြီးတာနဲ့ သူ့မရဲ့ သားနှစ်ယောက်ကိုခေါ်ကာ ရွာသို့ ပြန်တော့မည်။

ဒီ အကြီးဆုံးသမီး မရှိတော့မှပဲ သူမ ပြန်လာမယ်!

သူမရဲ့ ဒုတိယသမီးအတွက် စိတ်မကောင်းဖြစ်မိ၏။သူမကိုယ်တိုင်ညဝမ်းနဲ့လွယ်‌မွေးခဲ့ရတာ မဟုတ်ပေမဲ့ သူမ ပျိုးထောင်ပေးခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်သည်။ သူမဟာ ငယ်ငယ်လေးကတည်းက စဉ်းစဉ်းစားစားလုပ်တတ်တဲ့သူတစ်‌ယောက်ဖြစ်ခဲ့ကာ အခုတော့ ဒီလို နှလုံးသားမရှိတဲ့ လူတစ်ယောက်ဆီကနေ ဒုက္ခပေးခြင်း ခံခဲ့ရသည်။

သုန့်သခင်မ သူမအင်္ကျီလက်ကို ခါကာ ထွက်သွားတော့သည်။

သုန့်ရှီးယွင်သည် အိပ်ရာပေါ်တွင် လူးလှိမ့်နေလျက်။

အကြောင်းမှာ သုန့်ယိယွင်၏ နာကြည်းချက်တို့သည် ပိုပြီး အားကောင်းလာတဲ့အတွက် သုန့်ရှီးယွင်အပေါ် သိသာတဲ့ သက်ရောက်မှု ရှိလာခြင်းပင်။

ဒီလိုသာ ဆက်ဖြစ်နေလျှင် သုန့်ရှီးယွင်ရဲ့ အသက်ကိုတောင် တန်းပြီး နှုတ်ယူသွားနိုင်လောက်သည်။

“ အစ်မ.. အစ်မ.. ငါ အဖြစ်‌ဆိုးနဲ့သေသွားရတာ.. နင် ငါ့ကို သတ်ခဲ့တာ၊ နင် သတ်ခဲ့တာ..” သူမ ခက်ခက်ခဲခဲနှင့် စကားပြောလာ၏။ သူမရဲ့ အက်ကွဲနေတဲ့ အသံမှာ နားထဲကို စူးခနဲ ဝင်ရောက်လာတာကြောင့် သုန့်ရှီးယွင် ဘယ်လိုမှ သည်းမခံနိုင်ခဲ့။

“ မြို့ပြင်က ယွီရွှီဘုရားကျောင်းကိုသွားပြီး ဆရာတစ်ယောက် မြန်မြန်ပင့်လာခဲ့ကြ” သုန့်သခင်ကြီးသည် လူတစ်ယောက်ကို ခေါ်ကာ စေခိုင်းလိုက်သည်။

အစေခံများသည်လည်း အမိန့်အတိုင်း ချင်ချင်းဆောင်ရွက်ခဲ့ကြသည်။

ထိုနေ့ညက သုန့်အိမ်တော်၌ ဘယ်သူမှ မအိပ်နိုင်ခဲ့ကြချေ။

သုန့်သခင်ကြီ၏ ကိုယ်လုပ်တော်များတောင်မှ သုန့်ရှီးယွင်၏ စူးစူးဝါးဝါး အသံများကြောင့် ကြက်သီးမွေးညင်းများ ထကြရသည်။

တကယ်…အရမ်း‌ကြောက်စရာ ကောင်းတာပဲ!

“ ဝဋ်လည်ဝာာ! ဒါတွေ အကုန် သူပြန်ပြီး ဒဏ်ခတ်ခံရတာ! သူ့ကို သေသွား‌အောင်သာ လုပ်ပစ်လိုက်!” သုန့်သခင်မသည် အဒေါ်တန့်၏ ခြံတန်းရှိရာဘက်သို့ ကျိန်း‌မောင်း ပြောဆိုနေခဲ့သည်။

ယွီရွှီဘုရားကျောင်း၏ ဂုဏ်သတင်းမှာ ရှဲ့ချောင်ရဲ့ ကြမ္မာဥယျာဉ်ထက်ပိုပြီး ကျော်ကြား၏။

၎င်းသည် မြို့တော်၏ အစွန်အဖျား၌ နှစ်ပေါင်းရာကျော် တည်ရှိခဲ့တဲ့ဘုရားကျောင်းတစ်ခုဖြစ်နေရာ လူတွေရဲ့ နှလုံးသားက တည်ရှိမှုက အင်မတန်ထူးခြား

နေခဲ့သည်။

ဒါတင်မက တာ‌အိုဆရာများသည်လည်း အစွမ်းထက်ကြသူများပင်။

•••••

All Chapters